ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, September 3, 2012

> -ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
 **ယူအီးအက်ဖ်အေ၏ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု အန်ဒရီအင်နီယေစတာ ဆွတ်ခူး**

(မက်ဒရစ် သြဂုတ် ၃၁) ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)ကနှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဥရောပဆုပေးပွဲကို သြဂုတ် ၃ဝ ရက်ကကျင်းပခဲ့ရာ ၂ဝ၁၁-၂ဝ၁၂ ဘောလုံးရာသီ၏ အကောင်းဆုံးကစားသမားဆုကို စပိန်ကလပ် ဘာစီလိုနာအသင်းမှ ကွင်းလယ်ကစားသမား အန်ဒရီအင်နီယေစတာက ဆွတ်ခူးရရှိခဲ့ကြောင်း သြဂုတ် ၃၁ ရက်တွင် သတင်းဖော်ပြသည်။ကွင်းလယ်ကစားသမား အင်နီယေစတာသည် တစ်ဦးလျှင် ဆန္ဒမဲ ၁၇ မဲသာရရှိခဲ့သော ဆုရရှိရန်ရေပန်းစားနေခဲ့သည့် အာဂျင်တီးနားကစားသမား လီယွန် နယ်မက်ဆီနှင့် ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနိုရိုနယ်လ်ဒိုတို့၏ရှေ့တွင် ဆန္ဒမဲ ၁၉ မဲဖြင့် ဦးဆောင် ခဲ့ပြီး ယူအီးအက်ဖ်အေ၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။စပိန်ကွင်းလယ်ကစားသမား အင်နီယေစတာသည် နိုင်ငံအသင်း၏ ဥရောပချန်ပီယံသရဖူကို ထိန်းထားရန်အတွက်အရေးပါသော ကွင်းလယ်ကစားသမားအဖြစ် ယူအီးအက်ဖ်အေ ဆုပေးပွဲတွင်တင်စားခံခဲ့ရပြီး ၂ဝ၁ဝ ခုနှစ် ကမ္ဘာ့ဖလားတွင် စပိန်အသင်းက ဟော်လန်အသင်းကိုအင်နီယေစတာ၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ခဲ့သည်ကိုလည်း မမေ့သင့်ကြောင်းပါ ပြောကြားခဲ့သည်။အခြားသော စပိန်ကစားသမားများဖြစ်သည့် ဇာဗီဟာနန်ဒက်ဇ်ကာစီးယက်စ်၊ဖယ်လ်ကာအိုနှင့် အိုဇေးလ်တို့သည်လည်းယူအီးအက်ဖ်အေ၏ တစ်နှစ်တာ အကောင်းဆုံးဆုအတွက် အမည်စာရင်းဖော်ပြခံရသည့် ထိပ်ဆုံးကစားသမား၁ဝ ဦးစာရင်းတွင် ပါဝင်ခဲ့သော်လည်းအန်ဒရီအင်နီယေစတာကသာ ယူအီးအက်ဖ်အေက အကောင်းဆုံးကစားသမားဆုရရှိခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

 **ရုပ်ရှင်ကားသစ် ပရိုမိုးရှင်းပြုလုပ်နေတဲ့ ဟောင်ကောင်မင်းသား ဂျက်ကီချန်း**
**ရုပ်ရှင်ကားသစ်နဲ့ တေးအယ်လ်ဘမ်သစ် ထွက်ရှိဦးမယ့်ဟောလိဝုဒ် ဆယ်ကျော်သက်ရုပ်ရှင်မင်းသမီး အဲလိဇဘတ်ဂီလိစ်**
(လော့စ်အိန်ဂျလိစ် စက်တင်ဘာ ၁) ဟောလိဝုဒ် ဆယ်ကျော်သက်အမျိုးသမီးသရုပ်ဆောင် အဲလိဇဘတ်ဂီလိစ်(elizabeth gillies) ဟာ ၂ဝ၁၃ ခုနှစ်ဆန်းမှာ ရုပ်ရှင်ကားသစ်တစ်ကား ရိုက်ကူးပြသနိုင်ဖို့အတွက် ကြိုးစားနေပါတယ်။ အဲဒီဇာတ်ကားဟာ အက်ရှင်ရုပ်ရှင်ကား ဖြစ်တာမို့ သူမရဲ့ ထူးခြားတဲ့သရုပ်ဆောင်မှုတွေကို ပရိသတ်တွေမြင်တွေ့ကြရဦးမှာ ဖြစ်ပါတယ်။ အဲလိဇဘတ်ဂီလိစ်ဟာ အသက် ၁၉ နှစ်သာ ရှိပေမယ့် ၂ဝ၁၂ ခုနှစ်အတွင်းမှာ ရုပ်ရှင်ကားနှစ်ကား ရုံတင်ပြသနိုင်ခဲ့တဲ့ ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်ပါတယ်။ ရုပ်ရှင်မင်းသမီး အဲလိဇဘတ်ဂီလိစ် ပါဝင်သရုပ်ဆောင်ပြီးမကြာမီက အမေရိကန်နိုင်ငံ တစ်ဝန်းမှာ ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ကားကတော့ Figure It Out ဇာတ်ကားပဲ ဖြစ်ပါတယ်။၂ဝ၁၂ ခုနှစ် မတ်လမှာ ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကတော့White Collar အမည်ရှိတဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားမှာ ချာလိုဝုဒ်အမည်ရှိတဲ့ အမျိုးသမီးလေးတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ကားနှစ်ကားစလုံးဟာပရိသတ်နှစ်ခြိုက်အားပေးခဲ့ကြတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ အဆိုတော်တစ်ဦးလည်းဖြစ်တဲ့ အဲလိဇဘတ်ဂီလိစ်ဟာ သူမရဲ့ တေးအယ်လ်ဘမ်သစ်တစ်ခုကိုလည်း ဆက်လက်ထုတ်လုပ်ဖို့စီစဉ်နေပါတယ်။ မကြာမီက ထွက်ရှိခဲ့တဲ့ Okay အမည်ရှိတဲ့ တေးအယ်လ်ဘမ်ကတော့ စံချိန်တင် မရောင်းချခဲ့ရပေမယ့်အထိုက်အလျောက်အောင်မြင်မှုတော့ ရရှိခဲ့ပါတယ်။အခုအသစ်ထွက်ရှိမယ့်  တေးအယ်လ်ဘမ်ကတော့ သူမရဲ့ ၁၂ ခုမြောက် တေးအယ်လ်ဘမ်ဖြစ်လာမှာ ဖြစ်ပါတယ်။ အဲဒီတေးအယ်လ်ဘမ်အမည်ကတော့ Victorious ဖြစ်ပြီး တည်းဖြတ်ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ ထုတ်လုပ်ဖြန့်ချိဒါ့အပြင် ရုပ်ရှင်မင်းသမီး အဲလိဇဘတ်ဂီလိစ်ဟာတေးဂီတဗီဒီယိုတွေလည်း ရိုက်ကူးထုတ်လုပ်နေတာ ခြောက်ခုရှိပြီဖြစ်ပါတယ်။ ၂ဝ၁၂ ခုနှစ်အတွင်းမှ တေးဂီတ ဗီဒီယိုနှစ်ခုထုတ်လုပ်ဖြန့်ချိခဲ့ပါတယ်။ အဲဒီတေးဂီတဗီဒီယိုတွေကတော့ရုပ်ရှင်မင်းသမီးနဲ့ အဆိုတော်ဖြစ်တဲ့ ဗစ်တိုးရီးယားဂျက်စတစ်နဲ့အတူ တွဲဖက်ပါဝင်သီဆို သရုပ်ဆောင်ထားတဲ့ MakeIt In America နဲ့ သူမတစ်ဦးတည်း သီဆိုသရုပ်ဆောင် ထားတဲ့ We are Believix တို့ပဲ ဖြစ်ပါတယ်။ဒါကြောင့် သူမရဲ့ ရုပ်ရှင်ကားသစ်နဲ့ တေးအယ်လ်ဘမ် သစ်တွေကို ပရိသတ်တွေဘယ်လောက်အထိ အားပေးမယ်ဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ (အင်တာနက်)

** ဇူးရစ်ဒိုင်းမွန်းလိဂ် ပြေးခုန်ပစ်ပြိုင်ပွဲအမျိုးသားမီတာ ၁ဝဝ ၌ ယိုဟန်ဘလိတ်ဗိုလ်စွဲ**
 (ဂျီနီဗာ စက်တင်ဘာ ၁) ဆွစ်ဇာလန်နိုင်ငံဇူးရစ်မြို့တွင် သြဂုတ်၃၁ ရက်က ကျင်းပသည့်ဇူးရစ် ဒိုင်းမွန်းလိဂ်ပြေးခုန်ပစ် ပြိုင်ပွဲ၏အမျိုးသားမီတာ ၁ဝဝ အပြေးပြိုင်ပွဲတွင် ဂျမေကာအပြေးသမား ယိုဟန်ဘလိတ်က ၉ ဒသမ၇၆ စက္ကန့်ဖြင့် ဗိုလ်စွဲခဲ့သည်။ ယင်းပြိုင်ပွဲတွင် ပြိုင်ဘက်ဂျမေကာအပြေးသမား နက်စတာကာတာက ၉ ဒသမ ၉၅စက္ကန့်ဖြင့် ဒုတိယရရှိခဲ့ပြီး အမေရိကန် အပြေးသမား ဘိုင်လေက ၉ဒသမ ၉၇ စက္ကန့်ဖြင့်တတိယရရှိခဲ့သည်။ ဆက်လက်ပြီး အမျိုးသားမီတာ ၂ဝဝ အပြေးပြိုင်ပွဲတွင် ဂျမေကာအပြေးသမား အူစိန်ဘို့က ၁၉ ဒသမ ၆၆ စက္ကန့်ဖြင့် ပထမရရှိခဲ့ သည်။ဆက်လက်ပြီး ပြိုင်ဘက် ဂျမေကာအပြေးသမား အက်ရှ်မီရာဒီက ၁၉ ဒသမ ၈၅စက္ကန့်ဖြင့် ဒုတိယရရှိခဲ့ပြီး နောက်ထပ်ဂျမေကာအပြေးသမား ဂျက်ဆင်ယောင်က၂ဝ ဒသမ ဝ၈ စက္ကန့်ဖြင့် တတိယရရှိခဲ့သည်။ တစ်ဖန် အမျိုးသားမီတာ ၈ဝဝ အပြေးပြိုင်ပွဲတွင် အီသီယိုးပီးယားမှ မိုဟာမက်အေမင်က ၁ မိနစ် ၄၂ ဒသမ ၅၃စက္ကန့်ဖြင့် ပထမရရှိခဲ့သည်။ ကင်ညာအပြေးသမား ဒေးဗစ်ရုဒီရှားက ၁ မိနစ် ၄၂ဒသမ ၈၁ စက္ကန့်ဖြင့် ဒုတိယရရှိခဲ့ပြီး နောက်ထပ် ကင်ညာအပြေးသမား ကိုဆင်ချာက၁ မိနစ် ၄၄ ဒသမ ၂၉ စက္ကန့်ဖြင့် တတိယရရှိခဲ့သည်။ အမျိုးသားမီတာ ၅ဝဝဝအပြေးပြိုင်ပွဲတွင် ကင်ညာမှ ကော့ခ်ျက ၁၂ မိနစ် ၅၈ ဒသမ ၉၈ စက္ကန့်ဖြင့် ပထမ၊ကင်ညာမှ လန်ဂိုစီဝါက ၁၂ မိနစ် ၅၉ ဒသမ ၂၄ စက္ကန့်ဖြင့် ဒုတိယရရှိပြီးအမေရိကန်မှ လာဂတ်က ၁၂ မိနစ် ၅၉ ဒသမ ၉၂ စက္ကန့်ဖြင့် တတိယရရှိခဲ့သည်။ (အင်တာနက်) ** ပရီမီယာလိဂ်ပွဲစဉ်(၃)စနေနေ့ည ရလဒ်များ** (၁-၉-၂ဝ၁၂) ဝက်စ်ဟမ်း ၃ - ဝ ဖူလ်ဟမ် ဆွမ်ဆီး ၂ - ၂ ဆန်းဒါးလန်း စပါး ၁ - ၁ နော့ဝှစ်ခ်ျ ဝက်စ်ဘရွန်း ၂ - ဝ အဲဗာတန် ဝီဂန် ၂ - ၂ စတုတ်စီးတီး မန်စီးတီး ၃ - ၁ ကျူပီအာ (အင်တာနက်)

**ဘန်ဖီကာမှ ဂျာဗီဂါစီယာပေါင် ၁၆ သန်းဖြင့် မန်စီးတီးနှင့် စာချုပ်**
(မန်ချက်စတာ စက်တင်ဘာ ၁) ဘန်ဖီကာအသင်းမှ စပိန်ကြယ်ပွင့် ကွင်းလယ်ကစားသမား ဂျာဗီဂါစီယာသည် နည်းပြရောဘတ်တို မန်စီနီ၏ မန်စီးတီးအသင်းနှင့် ပြောင်းရွှေ့ကြေးပေါင်၁၆ သန်းဖြင့် အပြီးသတ်စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ် သည်။မန်စီးတီးနည်းပြ မန်စီနီသည် ရိုးမားကွင်းလယ်ကစားသမား ဒီရော့စီကို ကမ်းလှမ်းခဲ့ရာ ဒီရော့စီက ရိုးမား၌သာ ဆက်နေမည်ဟုဆိုပြီး မန်စီးတီးအသင်း၏အားထားရသည့် ကွင်းလယ်ကစားသမား နီဂျယ်ဒီ ဂျောင်သည်လည်း အေစီမီလန်အသင်းသို့ ပြောင်းရွှေ့သွားခဲ့ခြင်းကြောင့် မန်စီနီက ဂျာဗီဂါစီယာအား ပစ်မှတ်ထားကာ စာချုပ်ချုပ်ဆိုခေါ်ယူခဲ့ခြင်းဖြစ်သည်။ အသက်(၂၅)နှစ်အရွယ်ရှိ ဂျာဗီဂါစီယာသည် ၁၉၉၆ ခုနှစ်မှ၂ဝဝ၄ ခုနှစ်အထိ ရီးယဲလ်မက်ဒရစ် လူငယ်အသင်းတွင် ကစားခဲ့ပြီး ၂ဝဝ၄ ခုနှစ်မှ ၂ဝဝ၇ခုနှစ်အထိ ရီးယဲလ်မက်ဒရစ်ပထမ အသင်းတွင် ပါဝင်ကစားခဲ့သည်။၂ဝဝ၇-၂ဝဝ၈ တွင် အိုဆာဆူနာအသင်းသို့ ရောက်ရှိခဲ့ပြီး ၂ဝဝ၉ ခုနှစ်မှ၂ဝ၁၂ ခုနှစ်အထိ ဘန်ဖီကာအသင်းတွင် ခြေစွမ်းပြကစားခဲ့ပြီး လက်ရှိ တွင်မန်စီးတီးအသင်းနှင့် စာချုပ်ချုပ်ဆို ထားခဲ့ပြီဖြစ်သည်။မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များကို စက်တင် ဘာ ၁၈ ရက်မှ စတင်ကာ ယှဉ်ပြိုင်ရတော့မည်ဖြစ်၍ ဘန်ဖီကာ ကွင်းလယ်ကစားသမား ဂျာဗီဂါစီယာကို ခေါ်ယူ ခဲ့ပြီးသော်လည်း ချန်ပီယံလိဂ် အတွေ့အကြုံရှိ ကစားသမားအချို့ကို ခေါ်ယူရန်လည်း ဆန္ဒရှိနေကြောင်း နည်းပြ မန်စီနီက ဆိုသည်။ (အင်တာနက်)

**ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ်များ မဲခွဲဆုံးဖြတ်မန်စီးတီး၏ အဖွင့် ပွဲစဉ် ရီးယဲလ်မက်ဒရစ်နှင့် တွေ့မည်**
(မန်ချက်စတာ၊ သြဂုတ် ၃၁) ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်များကို မဲခွဲဆုံးဖြတ်ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲအဖွင့်ပွဲစဉ်တွင် ပရီမီယာလိဂ်ချန်ပီယံမန်စီးတီးအသင်းနှင့် ဥရောပချန်ပီယံ ကိုးကြိမ်ဆွတ်ခူးထားသည့် စပိန်အင်အားကြီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းသို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ချန်ပီယံလိဂ်လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းကမူ အီတလီစီးရီးအေ ချန်ပီယံဂျူဗင်တပ်အသင်းနှင့် စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မန်ယူအသင်းမှာမူ တူရကီ အင်အားကြီးကလပ် ဂလက်တာစာရေးအသင်းနှင့် စတင်ယှဉ်ပြိုင်မည်ဖြစ်သည်။ဘာစီလိုနာအသင်းသည်လည်း ဆဲလ်တစ်၊ ဘန်ဖီကာ စသည့်အသင်းများနှင့်အုပ်စုအဆင့်တွင် ယှဉ်ပြိုင်ရမည်ဖြစ် ပြီး အာဆင်ဝင်းဂါး၏ အာဆင်နယ်အသင်းမှာမူ အိုလံပီယာကို့စ်အသင်းနှင့် စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်များကို စက်တင်ဘာ ၁၈ရက်၊ ၁၉ ရက်မှ စတင်ကာဒီဇင်ဘာ ၄ ရက်၊ ၅ ရက်အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ အုပ်စု(A) အုပ်စု(B) အုပ်စု(C) အုပ်စု(D) ပေါ်တို အာဆင်နယ် အေစီမီလန် ရီးရဲမက်ဒရစ် ဒိုင်နမိုကိဗ် ရှော်ကေး ဇင်းနစ် မန်စီးတီး ပီအက်စ်ဂျီ အိုလံပီယာကို့စ် အန်ဒါလက်ခ်ျ အိုင်းယက်စ် ဒိုင်နမိုဇာရက် မောင့်ပယ်လီယာ မာလာဂါ ဒေါ့မွန် အုပ်စု(E) အုပ်စု(F) အုပ်စု(G) အုပ်စု(H) ချယ်လ်ဆီး ဘိုင်ယန်မြူးနစ် ဘာစီလိုနာ မန်ယူ ရှက်တာဒိုးနက်စ်ခ် ဗလန်စီယာ ဘန်ဖီကာ ဘရာဂါ ဂျူဗင်တပ်စ် လိုင်လီ စပါးတပ်မော်စကို ဂလက်တာစာရေး နော့ဒ်ဂျယ်လန် ဘိုရီဆော့ဗ် ဆဲလ်တစ် CFR Clug (အင်တာနက်)

စုစည်းဘာသာပြန် - အာကာဟိန်း၊ နိုင်လင်းကြည်

-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)