-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
** မက္ကဆီကို၌ ဓာတ်ငွေ့စက် ရုံပေါက်ကွဲမီးလောင်… ၂၆ ဦးသေဆုံး**
(မက္ကဆီကိုစီးတီး စက်တင်ဘာ ၁၉)
မက္ကဆီကိုနိုင်ငံအရှေ့မြောက်ပိုင်း တာမူလီပတ်စ်ပြည်နယ် ရေဒိုဆာမြို့မှ ၁၆ ကီလိုမီတာခန့်အကွာ ကွမ်ကာဒီဘာဂေါ့စ်ဒေသတွင် ကြီးမားသောမက္ကဆီကိုရေနံစွမ်းအင်
ကုမ္ပဏီဖြစ်သည့် ဏနာနထ ကုမ္ပဏီပိုင် ဓာတ်ငွေ့စက်ရုံတစ်ရုံ စက်တင်ဘာ ၁၈ ရက်က ပေါက်ကွဲမီးလောင်မှုဖြစ်ပွားရာ ၂၆ ဦးသေဆုံးပြီး အချို့ဒဏ်ရာရရှိခဲ့ကြောင်း အင်တာနက်
သတင်းတစ်ရပ်တွင် ဖော်ပြပါရှိသည်။
အဆိုပါဓာတ်ငွေ့စက်ရုံသည် ယင်းနေ့ဒေသစံတော်ချိန် နံနက် ၁၁ နာရီခန့်က မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မီးသတ်သမားများ
ရောက်ရှိလာပြီး တစ်နာရီနှင့် မိနစ် ၄ဝ ကြာမျှ မီးကိုဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း ဏနာနထ ရေနံကုမ္ပဏီမှ ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားသည်။
ယင်းမီးလောင်မှုသည် အဆိုပါကုမ္ပဏီ၏ ဓာတ်ငွေ့စမ်းသပ်လေ့လာရေး၊ ဓာတ်ငွေ့ထုတ်လုပ်ဖြန့် ဖြူးရေးနှင့် ဓာတ်ငွေ့ရည်လက်ခံရယူရေးဌာန၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၄င်းစက်ရုံသည် နူဗိုလီယွန်ပြည်နယ်မြောက်ပိုင်း
မွန်တာရေးမြို့နှင့်ရေဒိုဆာမြို့နှစ်မြို့ကြား ဆက်သွယ်ထားသည့် အဝေးပြေးကား
လမ်းဘေးတွင် တည်ရှိသည်။
တာမူလီပတ်စ် မြို့ပြကာကွယ်ရေးဆိုင်ရာ ညှိနှိုင်းရေး
အဖွဲ့က အဆိုပါဓာတ်ငွေ့ စက်ရုံအနီးဝန်းကျင်တွင် နေထိုင်သည့်
ဒေသခံများအား ကယ်ဆယ်ရေးများဆောင်ရွက်ပေးခဲ့ရသည်။
ယင်းဓာတ်ငွေ့စက်ရုံတွင် အလုပ်သမား ၇ဝဝ ခန့် အလုပ်လုပ်
နေခဲ့ကြောင်း ဒဏ်ရာရသူတစ်ဦးက ဒေသဆိုင်ရာမီဒီယာသို့
ပြောကြားခဲ့သည်။ ကနဦးထုတ် ပြန်ချက်အရ မီးလောင်ခံရမှု
ကြောင့် လူ ၁ဝ ဦးသေဆုံးကာ ၄ဝ ကျော် ဒဏ်ရာရရှိခဲ့ပြီး
ယင်းနေ့နောက်ပိုင်းမှသာ သေဆုံးသူ ၂၆ ဦးအထိ မြင့်တက်
လာခဲ့ခြင်းဖြစ်သည်ဟုဆို သည်။ ဏနာနထ ရေနံကုမ္ပဏီ၏
ဓာတ်ငွေ့စမ်းသပ်ရေးနှင့် ဓာတ်ငွေ့ထုတ်လုပ်ဖြန့်ဖြူးရေးဌာနမှ
နည်းပညာကျွမ်းကျင်သူများက မီးလောင်မှုဖြစ်ပွားရသည့်
အကြောင်းအရင်းကို ရှာဖွေလျက်ရှိသည်ဟုဆိုသည်။ (ဆင်ဟွာ)
** ဂြိုဟ်တုနှစ်လုံး တရုတ်လွှတ်တင်**
(ပေကျင်း စက်တင်ဘာ ၁၉)
တရုတ်နိုင်ငံက ကမ္ဘာမြေလေ့လာရေးဂြိုဟ်တုနှစ်လုံးကို စက်တင်ဘာ
၁၉ ရက်က အာကာသအတွင်းသို့ အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း အင်တာနက်
သတင်းတစ်ရပ်တွင် ဖော်ပြပါရှိသည်။
အဆိုပါဂြိုဟ်တုနှစ်လုံးကို တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်
နယ်ရှိ ကျိချန်းဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ လောင်းမတ်ခ်ျ-၃ ဘီ ဒုံးပျံယာဉ်ဖြင့်
ယင်းနေ့ဒေသစံတော်ချိန် နံနက် ၃ နာရီ ၁ဝ မိနစ်က လွှတ်တင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါလေ့လာရေးဂြိုဟ် တုနှစ်လုံးကို ပို့ဆောင်ရေးလုပ်ငန်း၊ မိုးလေ
ဝသကြိုတင်ခန့်မှန်းရေးလုပ်ငန်း၊ အဏ္ဏဝါဗေဒဆိုင်ရာငါးဖမ်းလုပ်ငန်း၊ သစ်တော
ဆိုင်ရာလုပ်ငန်းနှင့် ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများကို လေ့လာစောင့်ကြည့်ရာ
တွင် အသုံးပြုသွားမည်ဖြစ်ကြောင်း အဆိုပါဂြိုဟ်တုလွှတ်တင်ရေးဌာနမှ ဟြေရေး
ဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ (ဆင်ဟွာ)
** ဇွန်လအတွင်း စပိန်ဘဏ်ကြွေးမြီစံချိန်တင်မြင့်တက်**
(မက်ဒရစ် စက်တင်ဘာ ၁၉)
ဇူလိုင်လအတွင်း စပိန်ဘဏ်များ၏ ကြွေးမြီတန်ဖိုး
သည် ယူရို ၁၆၉ ဒသမ ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၂၁
ဘီလီယံ)အထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း စက်တင်ဘာ
၁၉ ရက်က စပိန်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော နောက်ဆုံး
စာရင်းဇယားများ၌ ဖော်ပြထားသည်။အဆိုပါ ကြွေးမြီသည် ဘဏ် များစုစုပေါင်းချေးငွေ
များ၏ ၉ ဒသမ ၉ ရာခိုင်နှုန်းရှိကြောင်း၊ ယင်းမှာ ပြီးခဲ့သော
လကရှိခဲ့သော ၉ ဒသမ ၄ ရာခိုင်နှုန်းထက် မြင့်တက်လာခဲ့
ကြောင်း စာရင်းဇယားများတွင် ဖော်ပြထားသည်။ စပိန်ဗဟို
ဘဏ်က ၁၉၆၂ ခုနှစ်မှစတင်ပြီး ဘဏ်စာရင်းဇယားများကို
ပြုစုခဲ့ပြီးနောက် အမြင့်မားဆုံးချေးငွေ အချိုးရှိခဲ့ကြောင်း စာရင်း
ဇယား၌ ဆက်လက်ဖော်ပြထားသည်။
စပိန်နိုင်ငံအနေဖြင့် အဆိုပါကြွေးမြီများ လျော့ပါးသက်
သာစေရေးအတွက် ဥရောပဗဟိုဘဏ်မှ အကူအညီများရရှိရန်
မျှော်လင့်ထားကြောင်း စပိန်ဒုတိယဝန်ကြီးချုပ်က ဟြေကြား
သည်။ (ရိုက်တာ)
** ပါရှ န်ပင်လယ်ကွေ့၌ အမေရိကန်နှင့်  မဟာမိတ်တို့ စစ်ရေးလေ့ ကျင့်  စဉ်
အီရန်က စူပါဟဲဗီးရေငုပ်သင်္ဘောရေချစမ်းသပ်မောင်းနှင်**
(တီဟီရန် စက်တင်ဘာ ၁၉)
အမေရိကန်က ၄င်း၏မဟာမိတ်များနှင့်အတူ ပါရှန်ပင်လယ်ကွေ့၌ တတိယမြောက်နေ့အဖြစ် စစ်ရေးလေ့ကျင့်မှုပြုလုပ်နေစဉ် အီရန်ရေတပ်က ပြုပြင်မွမ်းမံထားသော စူပါဟဲဗီးရေငုပ်သင်္ဘောကို စက်တင်ဘာ ၁၈ ရက်က ရေချစမ်းသပ်ခဲ့ကြောင်းစက်တင်ဘာ ၁၉ ရက်တွင် ဆင်ဟွာသတင်းတစ်ရပ်၌ ရေးသားဖော်ပြသည်။စူပါဟဲဗီး တာရက် ၉ဝ၁ ရေငုပ်သင်္ဘော ကို အီရန်ရေငုပ်သင်္ဘောပညာရှင်များက ပြန်လည်ပြုပြင်မွမ်းမံခဲ့ပြီးအီရန်တောင်ပိုင်း ဘာဒါအဘတ်စ်ဆိပ်ကမ်း၌ အောင်မြင်စွာ ရေချနိုင်ခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။အီရန်နိုင်ငံအနေဖြင့် ပါရှန်ပင်လယ်ကွေ့အတွင်း လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးရုံးပြောရေးဆိုခွင့်ရှိသူ ရာမင်မက်မန်ပါရက်က စက်တင်ဘာ ၁၈ ရက်တွင် ဟြေကြားသည်။အမေရိကန်တို့က ၄င်းတို့၏မဟာမိတ်များနှင့်အတူ စစ်ရေးလေ့ကျင့်မှုကို ရည်ညွှန်းပြီး မက်မန်ပါရက်က အပတ်စဉ်သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ အထက်ပါအတိုင်း ဟြေဆိုလိုက်ခြင်းဖြစ်သည်။ ပါရှန်ပင်လယ်ကွေ့လုံခြုံရေးနှင့် တည်ငြိမ်အေး
ချမ်းရေးသည် အီရန်နိုင်ငံ၏ အဓိကဦးစားပေးဖြစ်ကြောင်းလည်း ၄င်းက ပြောကြားသည်။ အီရန်နိုင်ငံအနေဖြင့် ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်လာမည့် မည်သည့်အစီအမံကိုမဆို ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။
အမေရိကန်သည် ၄င်း၏မဟာမိတ် ၂၅ နိုင်ငံတို့နှင့်အတူ စက်တင်ဘာ ၁၆ ရက်မှ စတင်ကာ ပါရှန်ပင်လယ်ကွေ့အတွင်းစစ်ရေးလေ့ကျင့်မှုပြုလုပ်လျက်ရှိသည်။ (ဆင်ဟွာ) စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:
Post a Comment