-လူထုကျန်းမာရေး( ဆားစားသုံးမှု လျှော့ ချလျှင် အစာအိမ်ကင်ဆာရောဂါဖြစ်ပွားမှု နည်းပါးနိုင်)-
**Public Health**
လူတို့အနေဖြင့် ဆားကိုနေ့စဉ်စားသုံးမှု လျှော့ချပါက အစာအိမ် ကင်ဆာ ဖြစ်ပွားမှုနည်းပါးစေကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် ကမ္ဘာ့ကင်ဆာ သုတေသနအဖွဲ့၏ သုတေသနပြုချက်တွင် ဖော်ပြထားသည်။ နေ့စဉ်စားသုံးသော နံနက်အစောစာ၊ နံနက်စာနှင့် ညစာတို့တွင် သာမက အခြားအချိန်များတွင် စားသုံးသော အစားအစာများ၌ ဆားကို လျှော့စားပါက အစာအိမ်နံရံ ပျက်စီးမှုကို ကာကွယ်နိုင်ကြောင်း၊ အစာအိမ် နံရံများ ပျက်စီးမှုမှ အစာအိမ်ကင်ဆာဖြစ်ပွားမှုကို လျော့ကျစေနိုင်ကြောင်း ၄င်းတို့၏ သုတေသနပြုချက်၌ ဖော်ပြထားသည်။
ဗြိတိန်နိုင်ငံတွင် ကင်ဆာရောဂါဖြစ်ပွားမှု၏ ၁၄ ရာခိုင် နှုန်းသည် အစာအိမ်ကင်ဆာများဖြစ်ကြောင်း၊ ယင်းအစာအိမ် ကင်ဆာဖြစ်ပွားမှု၏ ခုနစ်ဦးလျှင် တစ်ဦးမှာ နေ့စဉ် ဆား ၆ ဂရမ်ခန့်
စားသုံးလေ့ရှိသူများဖြစ်
နေသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။ ဗြိတိန်နိုင်ငံတွင် ပြည်သူ ၄၃ ရာခိုင်နှုန်းသည် တစ်နေ့လျှင် ဆား ၈ ဒသမ ၆ ဂရမ်ခန့်စားသုံးလေ့ရှိသူများဖြစ်ကြကြောင်း၊ ထို့ကြောင့် အစာအိမ်ကင်ဆာဖြစ်ပွားသူ ဦးရေများပြားခြင်းဖြစ်ကြောင်း ၄င်းတို့က ပြောကြားသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မောင်ချစ်ကြည်

No comments:
Post a Comment