ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, September 5, 2012

> -ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**မျိုးဗီဇပြောင်းရေမွှေးပန်းပင်များ၏ ဝတ်မှုန်မဲ့ အပွင့် များ သာမန်ထက်ပွင့် ချိန်ကြာ**

(မဒရစ် စက်တင်ဘာ ၃) အပင်သက်တမ်းပိုမိုရှည်ကြာ၍ ဝတ်မှုန်မဲ့ ပန်းများပွင့်ဖူးလာစေရန် မျိုးဗီဇအင်ဂျင်နီယာနည်းပညာဖြင့် ပြုပြင်ဖန်တီးထားသောရေမွှေးပန်းပင်အမျိုးအစားသစ်ကြောင့်အသက်
ရှူလမ်းကြောင်း ဓာတ်မတည့်မှုဝေဒနာခံစားနေရသူများလည်ပန်းများကို နမ်းရှိုက်ခွင့်ရလာတော့မည်ဖြစ်သည်။ လူခုခံအားစနစ် ဟန်ချက်ပျက်ယွင်းစေမည့် ပဋိပစ္စည်းများပျံ့နှံ့ စေနိုင်စွမ်းမရှိသကဲ့သို့ အပင်ရိုင်းများနှင့်လည်း မျိုးပွားနိုင်ခြင်းမရှိသော အပင်မျိုးအဖြစ်ရေမွှေးပန်းပင်များ (gerani-Ums) ကို ပြောင်းလဲပစ်ရန် စပိန် သိပံ္ပပညာရှင်များသည် မျိုးဗီဇပြုပြင်ဖန်တီးထားသည့် ဗက်တီးရီးယားတစ်မျိုးကို အသုံးချခဲ့ကြောင်း သြဂုတ် ၃၁ ရက်သတင်းများတွင် ဖော်ပြသည်။အပင်ဆဲလ်များ၏ အိုမင်းမှုသဘာဝကို ဟန့်တားနိုင် သည့်ဟော်မုန်းဓာတ် ထွက်ပေါ်မှု အားကောင်းစေမည့် မျိုးဗီဇနှင့်ဝတ်မှုန်နှင့် ဝတ်မှုန်အိတ်ထုတ်လုပ်မှုကို တားဆီးနိုင်သောဖန်တီးမျိုးဗီဇများ သယ်ဆောင်ထားသည့် ဗက်တီးရီးယားကိုအပင်ဆဲလ်များအတွင်း ထည့်သွင်းကာ ရေမွှေးပန်းပင်၏သက်တမ်းပိုမိုကြာရှည်ရန်နှင့် ဝတ်မှုန်မဲ့ပန်းများ ပွင့်လာစေရန်စပိန်သိပံ္ပပညာရှင်များက ပြုပြင်ပေး နိုင်ခဲ့သည်။အကျိုးဆက်မှာသာမန်ထက်ပိုမိုကြာရှည်
ခံသောအပွင့်များပွင့်ဖူးနိုင်ပြီးပိုမိုသန်မာသည့်ရေမွှေးပန်းပင် များကို စပိန်သုတေသနပညာရှင်များက မွေးထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ဝတ်မှုန်သင်းသတ်မှုပြုလုပ်ထားခြင်းကြောင့် မျိုးဗီဇပြောင်းရေမွှေးပန်းပင်များမှ ပွင့်ဖူးလာမည့်ပန်းများကို အသက်ရှူလမ်းကြောင်း ဓာတ်မတည့်မှုရောဂါ((hay fever)ခံစားရသူများလည်း နမ်းရှိုက်နိုင်မည်ဖြစ်ကြောင်း စပိန်သုတေသနပညာရှင်များကပြောကြားခဲ့သည်။အဆိုပါ ဇီဝနည်းပညာဆိုင်ရာတီထွင်ဖန်တီးမှုများကိုအလှစိုက်ရုက္ခမျိုးစိတ်များအတွက်သာမကကောက်ပဲသီးနှံမျိုး
စိတ်များအတွက်လည်းအသုံးချနိုင်ကြောင်းသိရသည်။ထုတ်လုပ်သူနှင့်စားသုံးသူနှစ်ဦးနှစ်ဖက်စီးပွားရေးအရ
အကျိုး အမြတ်ရှိလာနိုင်
မည့်သက်တမ်းရှည်အပင်များဖန်တီးပေးနိုင်ရေးနှင့်အပင်များ၏အိုမင်းမှုသဘာဝတို့ အား တားဆီးနိုင်ရေးသည် မိမိတို့သုတေသနလုပ်ငန်း၏ အဓိကရည်ရွယ်ချက်ဖြစ်ကြောင်း စပိန်သိပံ္ပပညာရှင်များက ပြောကြားခဲ့သည်။ (အင်တာနက်)

 ** ပြည်တွင်းစစ်အတွင်း ဓာတုလက်နက်မသုံးရန် ဆီးရီးယားကို ပြင်သစ်သတိပေး* *
 (ပါရီ စက်တင်ဘာ ၃) ပြည်တွင်းစစ်ဖြစ်ပွားနေစဉ်အတွင်း ဆီးရီးယားအစိုးရက ဓာတုလက်နက်သို့မဟုတ် ဇီဝလက်နက်များ အသုံးပြုလာမည် ဆိုလျှင် မာမာတင်းတင်း တုံ့ပြန်နိုင်ရေးအတွက် အနောက်အုပ်စု အင်အားကြီးနိုင်ငံများက ပြင်ဆင်နေကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ယနေ့ပြောကြားသည်။ဆီးရီးယားပြည်တွင်းစစ်အတွင်း ပြည်ပနိုင်ငံများက စစ်ရေးအရ ပါဝင်စွက်ဖက်လာမည်ဆိုပါက ဓာတုလက် နက်သို့မဟုတ်ဇီဝလက်နက်များ အသုံးချရဖွယ်ရှိကြောင်း ဆီးရီးယားအစိုးရက ပြောကြားခဲ့ပြီးဖြစ်သည်။ဓာတုလက်နက်သို့မဟုတ် ဇီဝလက်နက်များနှင့် ယင်းတို့အား သယ်ဆောင်ပစ်ခတ်နိုင်သည့် စကဒ်ဒုံးကျည်များကို ဆီးရီးယားနိုင်ငံက ပိုင်ဆိုင်ထားကြောင်း ယုံကြည်ရသည်။ဆီးရီးယားအစိုးရက ဓာတုလက်နက်နှင့် ဇီဝလက်နက်များ အသုံးပြုလာပါက မိမိတို့၏ တုံ့ပြန်မှုမှာလည်း ပြင်းထန်လိမ့်မည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
ရုရှားနှင့်တရုတ်နိုင်ငံတို့သည်လည်း မိမိတို့နှင့်ရပ်တည်မှုချင်းတူညီကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး က ပြောကြားခဲ့သော်လည်း အသေးစိတ်ကို ထုတ်ဖော်ခဲ့ခြင်းမရှိပေ။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်နှင့်ပတ်သက်၍ သဘောထားမှတ်ချက်ပေးရန် ရုရှားနှင့် တရုတ်နိုင်ငံတို့က ငြင်းပယ်ခဲ့ကြသည်။ (အေပီ) 

  ** စစ်ဘက်ဆိုင်ရာအပြန်အလှန်ဖလှယ်ရေးအစီအစဉ် တောင်ကိုရီးယားနှင့် ဂျပန်ဆိုင်းငံ့ထား**

 (ဆိုးလ် စက်တင်ဘာ ၃) တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့ သည် စစ်ဘက်ဆိုင်ရာ အပြန်အလှန် ဖလှယ်ရေး အစီအစဉ်တစ်ရပ်ကို ယာယီဆိုင်းငံ့ထားလိုက်ကြောင်း တောင်ကိုရီးယားတာဝန်ရှိသူများက စက်တင်ဘာ ၃ ရက်တွင် ပြောကြားကြသည်။တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့ သည် ကျွန်းများပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်းပွားမှုများပေါ်ထွက်နေချိန်အတွင်း နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ အပြန်အလှန်ဖလှယ်ရေးအစီအစဉ်ကို ရပ်ဆိုင်းထား လိုက်ခြင်းဖြစ်သည်။ဂျပန်ရေတပ်နှင့်လေတပ် တပ်မှူးများသည် တောင်ကိုရီးယားနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်များကို ဆိုင်းငံ့ထား ခဲ့ကြကြောင်း၊ အပြန်အလှန်ဖလှယ်ရေး အစီအစဉ်အရ ကနဦးအနေ ဖြင့် ၄င်းတို့၏ ခရီးစဉ်ကို စက်တင်ဘာ ၃ ရက်တွင် စတင်ရန်ဖြစ်သော်လည်း အစီအစဉ် အကောင် အထည်ဖော်မှုကို ဆိုင်းငံ့ထား ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာက ပြောကြား သည်။တောင်ကိုရီးယားနိုင်ငံမှ စစ်ဘက်ဆိုင်ရာတပ်မှူးများ ဂျပန်သို့သွားရောက်မည့် အစီအစဉ် ကိုလည်း ဆိုင်းငံ့ထား ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ တောင်ကိုရီးယားသမ္မတ လီမြောင် ဘက်သည် ပိုင်နက်နယ်မြေအငြင်းပွားမှု နှင့် သက်ဆိုင်နေသော ကျွန်းတစ်ကျွန်းသို့ သြဂုတ် ၁ဝ ရက်က သွားရောက်ခဲ့ပြီးချိန် နောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး ဆိုးရွားလာခဲ့သည်။ (အင်တာနက်)

 **တရုတ် ဆေးကုမ္ပဏီအချို့ မြောင်းဆီသုံးကြသည်ဟုဆို**
 (ပေကျင်း၊ စက်တင်ဘာ ၃) ဈေးကြီးသော ပဲပိစပ်ဆီများထက် ဈေးချိုသာသောမြောင်းဆီများကို ပဋိဇီဝဆေးဝါးထုတ်လုပ်မှု၌ အသုံးပြုသည်ဟု သတင်းများရရှိသည့် ကုမ္ပဏီများကို စုံစမ်းစစ်ဆေးလျက်ရှိသည်။မြောင်းဆီသည် စားသောက်ဆိုင် မီးဖိုချောင်များက မြောင်းများအတွင်း စွန့်ပစ်လိုက်သော သန့်ရှင်းမှုမရှိသည့်တိရစ္ဆာန်အဆီ၊ အသားများကိုဆယ်ယူ၍ ပြန်လည်သန့်စင် ချက်ယူထားသော ဆီဖြစ်သည်။တရုတ်နိုင်ငံတွင် မကြာသေးမီက ဆက်ကာဆက်ကာဖြစ်ပွားခဲ့သော စားသောက် ကုန်အန္တရာယ် ကင်းစင်ရေးနှင့်စပ်လျဉ်းသည့် အရှုပ်တော်ပုံများအနက်မှ တစ်ခုဖြစ်သည်။ စစ်ဆေးတွေ့ရှိချက်များကို တရုတ်အစိုးရက မကြာမီကာလအတွင်း ထုတ်ပြန်ကြေညာမည်ဖြစ်သည်။ သို့သော် အသေးစိတ်အချက်များကို ပြောကြားခြင်းမပြုပေ။မြောင်းဆီဖြင့် ထုတ်လုပ်သော ပဋိဇီဝဆေးများသည် လူတို့၏ ကျန်းမာရေးကိုထိခိုက်မည်၊ မထိခိုက်မည်ကို ရှင်းရှင်းလင်းလင်း မရှိပေ။ သို့သော် ထိုဖြစ်ရပ်သည် အချို့သော ကုမ္ပဏီများက အမြတ်ရရှိရေးတစ်ခု တည်းသာကြည့်၍ ဖြတ်လမ်းလိုက်လျက်ရှိကြကြောင်း မီးမောင်းထိုးပြခြင်းဖြစ်သည်ဟု ပေကျင်းမှဘီဘီစီသတင်းထောက်က ပြောသည်။မကြာသေးမီကဖြစ်ခဲ့သည့် မြောင်းဆီ အမှုအများဆုံးဖြစ်သော စားသောက်ကုန် မသန့်ရှင်းသည့် အရှုပ်တော်ပုံများကြောင့် တရုတ်ပြည်သူများအတွင်း လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ရသည်။ပုပ်သိုးဆွေးမြည့်နေသော တိရစ္ဆာန်အဆီများနှင့်ခန္ဓာကိုယ်အစိတ်အပိုင်းများကို အသုံးပြု၍ မြောင်းဆီထုတ်လုပ်သည့်တရားမဝင် အလုပ်ရုံများကို တာဝန်ရှိသူများကဧပြီလအတွင်း နှိမ်နင်းခဲ့ပုံများကို နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ယမန်နှစ် စက်တင်ဘာလအတွင်း မြောင်းဆီများအား စားသုံးဆီအဖြစ် ရောင်းချခြင်းများကို တားဆီးနှိမ်နင်းသည့်စစ်ဆင်ရေးတွင် ရဲတပ်ဖွဲ့က လူ ၃၂ ဦး ထိန်းသိမ်းခဲ့သည်။ ပြည်နယ် ၁၄ ခုအတွင်း ဝင်ရောက်စီးနင်းရာတွင်တရားမဝင် အလုပ်ရုံခြောက်ရုံမှ ထုတ်လုပ်ထားသည့် မြောင်းဆီ တန် ၁ဝဝ ကျော်ကို ဖမ်းဆီးနိုင်ခဲ့သည်။ (အင်တာနက်)

**အီတလီ၌ ရေခဲမြစ် အရည်ပျော်ကျရာမှပထမကမ္ဘာစစ်လက်ကျန်ခဲယမ်းမီးကျောက်များတွေ့ **

 (ရောမ စက်တင်ဘာ ၃) နှစ်ပေါင်း ၁ဝဝ ခန့် ရေခဲမြစ်အတွင်းပိတ်မိနေသောပထမကမ္ဘာစစ်လက်ကျန် ခဲယမ်းမီးကျောက်အစိတ်အပိုင်း ၂ဝဝ ကျော်ကို အီတလီနိုင်ငံမြောက်ပိုင်း အရည်ပျော်ကျနေသောရေခဲမြစ်တစ်စင်းမှရှာဖွေတွေ့ရှိကြောင်း ဒေသဆိုင်ရာ သတင်း ဌာနများက စက်တင်ဘာ ၃ ရက်တွင် သတင်းထုတ်ပြန်သည်။ထရင်တီနိုမြို့ အဂိုဒီနာဒစ်တောင်ပေါ်ရှိ ရေခဲမြစ်အရည် ပျော်ကျရာမှ ပထမ ကမ္ဘာစစ်လက်ကျန် ခဲယမ်းမီးကျောက်များကိုရှာဖွေတွေ့ရှိခဲ့သည်။ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃၂ဝဝ အထက်တွင်တွေ့ရှိရသော ခဲယမ်းမီးကျောက်များတွင် အမြောက်ကျည်များပါဝင်သည်။ (အင်တာနက်) 

** တူရကီနစ်မြုပ်ကုန်တင်သင်္ဘောမှ ရေနံများယိုစိမ့်တောင်အာဖရိကကမ်းခြေအထိရေနံ
များမျောပါ** 

(ကိတ်တောင်း စက်တင်ဘာ ၃) တူရကီနိုင်ငံမှ ကုန်တင်သင်္ဘောတစ်စင်း ရာသီဥတုဆိုးရွားမှုကြောင့် နစ်မြုပ်ခဲ့ရာမှ ယိုစိမ့် ထွက်ရှိလာသောရေနံများ ပင်လယ်ပြင်တွင် ပျံ့နှံ့မျောပါလျက်ရှိကြောင်း၊ရေနံများမှာ တောင်အာဖရိကနိုင်ငံ ကိတ်တောင်းမြို့ ကမ်းလွန်ရေပြင်သို့ရောက်ရှိနေလျက်ရှိရာ ဖယ်ရှားရှင်းလင်းမှုများ ပြုလုပ်နေရကြောင်း စက်တင်ဘာ ၃ ရက်၌ တောင်အာဖရိကအရာရှိများက သတင်းထုတ်ပြန်သည်။ ရေနံတန် ၆ဝဝ ခန့်နှင့်ကျောက်မီးသွေးတန်ချိန် ၃ဝဝဝဝ ခန့်တင်ဆောင်လာသော အဆိုပါ ကုန်တင်သင်္ဘောသည် ပင်လယ်ပြင်၌ မုန်တိုင်းမိကာ နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။ ၄င်းသင်္ဘောမှ ရေနံများ စက်တင်ဘာ ၁ ရက်က စတင်ထွက်ရှိကာ ပင်လယ်ရေပြင်ပေါ်၌ ပျံ့နှံ့နေခြင်းဖြစ်သည်။ တောင်အာဖရိက အာဏာပိုင်များက ကမ်းခြေသို့ ပျံ့နှံ့လာသည့် ရေနံများကိုအကူအညီပေးရေး ဝန်ထမ်းများနှင့် တာဝန် ရှိအဖွဲ့အစည်းများ အကူအညီဖြင့်ဖယ်ရှားရှင်းလင်းလျက်ရှိသည်။ ၄င်းရေနံများသည် တောင်အာဖရိကနိုင်ငံ ဒေါ်လ်ဖင် ကမ်းခြေနှင့် အခြားနေရာသို့ ဦးတည်မျောပါလာလျက်ရှိသည်။ညစ်ညမ်းမှုဖြစ်စေအဆိုပါ ရေနံများသည် ပင်လယ်ရေပြင်၌ မို င် ၅ဝဝ ခန့်အကျယ် အနေအထားဖြင့် ပျံ့နှံ့မျောပါနေခြင်းဖြစ်သည်။ ရေနံများပျံ့နှံ့နေမှု အနေအထားကိုသိရှိရန် တောင်အာဖရိကအာဏာပိုင်များက လေယာဉ်ဖြင့် လိုက်လံမှတ်တမ်းတင် လေ့လာလျက်ရှိသည်။ ရေနံများပျံ့နှံ့မျောပါနေမှုကြောင့် ပင်လယ်ပျော်သတ္တဝါတို့၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိပြီး သဘာဝပတ် ဝန်းကျင်ကို ညစ်ညမ်းမှုဖြစ်စေကြောင်း တောင်အာဖရိကအရာရှိများက ပြောကြားသည်။ (ဆင်ဟွာ) 

 **လော့ စ်အိန်ဂျလိစ်မြို့အနီး၌ သစ်တောမီးလောင်မီးသတ်သမား ၂ဝဝ ခန့် ဖြင့်  မီးငြှိမ်းသတ်ခဲ့  ရ**

  (စက်တင်ဘာ ၂ ရက်)
အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့အနီးတွင် စက်တင်ဘာ ၂ ရက်က
  သဘာဝတောရိုင်းပင်များ ပေါက်ရောက်သည့် သစ်တောတစ်ခု ဧက ၁ဝဝဝ ကျော်မီးလောင်မှုဖြစ်ပွားခဲ့ရာ (အောက်ပုံ) မီးသတ်သမား ၂ဝဝ ကျော်ဖြင့် မီးငြှိမ်းသတ်ခဲ့ရကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားသည်။ဆောင်ရွက်ပေး အဆိုပါ မီးလောင်မှုသည် လော့စ်အိန်ဂျလိစ်မြို့ အရှေ့ဘက် ၃၇ ကီလိုမီတာအကွာ ဂလန်ဒိုရာဒေသအနီး စန်ဂါဘရီအယ်တောင်တန်းများပေါ်ရှိ အိန်ဂျလိစ်အမျိုးသားသစ်တောတွင် ယင်းနေ့ မွန်းလွဲပိုင်းက စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ထိုသို့ မီးလောင်မှုကြောင့် ယင်းဒေသရှိ ပြန်လည်ထူထောင်ရေးဌာနတစ်ခုနှင့် တဲအိမ် များကို ကယ်ဆယ်ရေးများ ဆောင်ရွက်ပေးခဲ့ရသည်ဟုဆိုသည်။ဒေသအာဏာပိုင်များက မီးသတ်သမားများနှင့်အတူ မီးသတ်ကားကိုးစီးဖြင့်ပျံ့နှံ့လောင်ကျွမ်းနေသောမီးကို ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရသည်ဟု ဆိုသည်။ အဆိုပါ ဒေသရှိ အဆောက်အအုံအားလုံး မီးဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့သည်ဟု သိရသည်။ (အင်တာနက်)

 **တရု တ်အနောက်တောင်ပို င်း၌မိုးသက်မုန်တိုင်းကျရောက်မှုကြောင့်ဒေသခံ ပြည် သူ ၆၅၆၆ဝဝ ကျော်နေရာရွှေ့ပြောင်း ပေးခဲ့ ရ**

တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် မိုးသက်မုန်တိုင်းများကျရောက်ပြီး မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ဒေသခံပြည်သူ ပေါင်း ၆၅၆၆ဝဝ ကျော် ရေဘေးဒုက္ခကြုံတွေ့ခဲ့ရကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက စက်တင်ဘာ ၂ ရက်တွင် ပြောကြားသည်။ ပြောင်းပေးခဲ့ရစီချွမ်ပြည်နယ်တွင် အဆိုပါ မိုးသက်မုန်တိုင်းများကျပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပေါ် လာနိုင်သည့် မြေပြိုမှုဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်တားဆီးနိုင်ရန် ဒေသခံပြည်သူအများအပြားကို စက်တင်ဘာ ၁ ရက် ညနေက နေရာရွှေ့ပြောင်းပေးခဲ့ရကြောင်း ပြည်နယ်ရေဘေးအန္တရာယ်ထိန်းချုပ်ရေး ဌာနများ၏ ပြောကြားချက်အရ သိရသည်။၎င်းမိုးသက်မုန်တိုင်းများသည် သြဂုတ် ၃၁ ရက်ကတည်းက စီချွမ်ပြည်နယ်ရှိ စီရင်စုများနှင့် မြို့ပေါင်း၂၃ ခုကို ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ လယ်ယာမြေပေါင်း ၂၈၉၆ဝ ဟက်တာရေလွှမ်းခဲ့ပြီး နေအိမ်ပေါင်း ၈၅ဝဝ ခန့် ပြိုကျပျက်စီးခဲ့ကြောင်း အဆိုပါဌာန၏ ပြောကြားချက်အရ သိရသည်။ (ဆင်ဟွာ) 

စုစည်းဘာသာပြန် - တင်မောင်လွင်

-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)