ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, September 21, 2012

>
-မြန်မာ မိန်းကလေးတွေ မလာသင့်သောနေရာ-
ကျွန်မ အလည်ရောက်လာခဲ့ပါတယ် ။ အမှန်တော့ ၁ လအလည်လာပြီး မြန်မာပြည်ကို ကျွန်မပြန်ဖို့ပါပဲ ။ မလေးရှားကို ရောက်တဲ့အခါမှာတော့ မြင်ရ ၊ ကြားရတဲ့ နိုင်ငံခြားရောက် လူတွေရဲ့ ဖောက်ပြန်ခြင်းတွေ ရှုတ်ထွေးပွေလီနေတဲ့ လူမှုဖောက်ပြန်မှုတွေကို လက်တွေ့မြင်လိုက် ၊ ကြားလိုက်ရတဲ့ အခါမှာတော့ ကျွန်မအတွက် အသက်ရှူဖို့တောင် တော်တော်ကျပ်စေခဲ့ပါတယ် ။ နိုင်ငံခြားကိုရောက်နေတဲ့ သူတိုင်းကို ကျွန်မ မဆိုလို့ပါ ။ နိုင်ငံခြားဆိုတာကို ရောက်လာသူတိုင်း ပိုက်ဆံရှာဖို့ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် အဓိက လာကြပေမယ့် အနေကြာလာတဲ့အခါမှာတော့ ဦးတည်ချက်တွေ ရွေ့လျား ပျက်ပြားကုန်တတ်ကြပါတယ် ။ အိမ်ထောင်ရှင်တွေ မိသားစုနဲ့ ကြာကြာခွဲနေရတဲ့အခါ လက်တွေ့သာယာမှုကို စိတ်အလိုလိုက်မိကြတယ် ။ ဒီနေရာ ပြောစရာရှိတာက ဖောက်ပြန်တယ်ဆိုတာ ခြံခုန်ခြင်းပေါ့နော် ။ခြံခုန်တယ်ဆိုတာ ခုန်တဲ့သူမှာ အပြစ်ရှိသလို အဲဒီခြုံကို လုံအောင်မခတ်တဲ့ သူမှာလည်း အပြစ်ရှိတယ်လို့ စာအုပ်တစ်အုပ်မှာ မှတ်သား ဖတ်ရှုခဲ့ဘူးပါတယ် ။ လက်ရှိမြန်မာ အနေထားမှာ အလုပ်ကိုင်တွေ မကောင်းသေးတာမို့ ကြင်သူသက်ထားဇနီးမယားတွေအနေနဲ့လည်းပြန်လာမယ်ဆို * မလာနဲ့အုံး ဒီမှာ အလုပ်တွေ မကောင်းသေးဘူး ဆက်နေပါအုံးရှင် * ဆိုတဲ့ စကားတွေကိုတာ တော်တော်များ ပြောတတ်ကြပါတယ် ။ သူတို့ဘက်က သူတို့ အတွေးနဲ့ မှန်သလို တစ်ဖက်က အမျိုးသားတွေ အနေနဲ့ကလည်း မိမိဇနိးမယားနဲ့ ကြာကြာခွဲနေရတဲ့အခါမှာ မိသားစုဆိုတာလေးကို တောင်းတမိတတ်ကြပါတယ် ။ တောင်းတမိတဲ့ ဆန္ဒတစ်ခုကို အစားထိုးခြင်းဆိုတာတွေနဲ့ ဖြည့်စီးလိုက်တဲ့ အခါမှာတော့ မလိုလားအပ်တဲ့ ပြသနာတွေ ပေါ်ပေါက်လာတော့တာပါပဲ ။ ဒီလို ပြသနာတွေကို ကျွန်မတို့ အိမ်ထောင်ရှင်တွေ ဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ ဆိုတဲ့ အချက်လေးက အရေးကြီး လိုအပ်နေပါပြီ။ ပြသနာတစ်ခု ဖြစ်လာပြီဆို တစ်ဦး နဲ့ တစ်ဦး ရန်လိုနေမယ့်အစား ပြသနာရဲ့ ဇစ်မြစ်ကို ရှာဖွေကာ ညှိနှိုင်းဆောင်ရွက်တတ်ဖို့ အဓိက ကြပါတယ် ။ ဒီလိုအဖြစ်ပျက်တွေဟာ စာရေးသူ လိုရာကို ဆွဲပြောနေခြင်းမဟုတ်ပါဘူး ။ အမှန်တကယ် သိကြား မြင်နေရတာတွေကို ဆွေးနွေးတင်ပြခြင်းတာ ဖြစ်ပါတယ် ။ တလောလေးက ကြားလိုက်မိပါတယ် ။ ဒီနေ့ မင်္ဂလာဆောင်တယ် နောက်နေ့မှာဘဲ တခြားအမျိုးသားတစ်ဦးနောက်ကို လိုက်သွားတယ်တဲ့ ။ နောက်ကျွန်မ အမျိုးသား အလုပ်လုပ်နေတဲ့ စက်ရုံနားက တခြားစက်၇ုံက ကောင်လေးတစ်ယောက်ဆို မြန်မာပြည်မှာ မိန်းမရှိနေတယ် ။ ဒီမှာ အမျိုးသမီးတစ်ယောက်နဲ့ ထပ်ဖြစ်တယ် ။ နောက်ပိုင်း မြန်မာပြည်က မိန်းမကို ဘဲ ဆက်ပေါင်းမှာမို့ မလေးက မိန်းမကို * ငါ့မှာ မိန်းမရှိတယ် အဆက်ဖြတ်ရအောင် *လို့ပြောပြတယ် ။ ဘယ်လိုမှ ဖြတ်မရဘူး ။ကောင်မလေးက တပတ်တခါ သူဆီကို လာနေတာမို့ မြန်မာပြည်က မိန်းမကို အကြောင်းစုံဖွင့်ပြောပြီး မလေးရှားကို ခေါ်လိုက်ရတယ် ။ မလေးက အမျိုးသမီးလာတဲ့ အခါ ထိတိုက်တွေ့ပြီး ဘာတွေ ဆင်ဖြစ်မယ်မသိပါဘူး ။ ဒါမျိုးတွေ တပုံတပင်ကို ကြားနေရ မြင်နေရတဲ့ အတွက် တကယ်ကို အသက်ရှူလို့မ၀အောင်ကို စိတ်ဆင်းရဲမိပါတယ် ။ ကိုယ်နဲ့မဆိုင်သော်ငြား ကိုယ်လူမျိုးတွေ ခုလို စာရိတ္တတွေ ပျက်ပြားနေကြတာတွေကို ရင်ထဲမချိအောင် ဖြစ်မိပါတယ် ။ အပျိုလေးတွေ မလေးရှားကို ရောက်လာကြတယ် ။ ရောက်ကာစတော့ ဘာမှမသိသေးတော့ အေးအေးဆေးဆေး နေကြပါတယ် ။ နောက်တဖြေးဖြေး ဆရာကျလာတော့ အတတ်ဆန်းတွေ သင် ကိုယ့်ကို ဆရာကြီးအထာတွေနဲ့ ကိုယ်ကိုကိုယ် ဘယ်ဘ၀ကို ရောက်လို့ရောက်နေမှန်းမသိဘဲ ဘ၀မြင့်နေသူတွေကို လည်း အများပြားတွေ့နေရပါတယ်။ ကလေးမလေးတစ်ယောက်ဆို သူလုပ်နေတဲ့ စက်ရုံမှာ အိုတီလည်း အမြဲရှိနေတယ် ။ လခလည်း တစ်ထောင်ကျာ်ရနေရဲ့သားနဲ့ သူ့ကောင်လေးနောက်ကို အို အဖြစ်ခံပြီးထွက်ပြေးလာပါတယ် ။
ကောင်လေးက ၀တ်ကောင်းစားလှလေးတွေနဲ့ သွားရောက် ပိုးပန်းတာကို အဟုတ်ထင်တာ လိုက်လာလိုက်တာ ကောင်လေးဆီရောက်တော့ ရတဲ့လခကလည်းနည်း အိုတီကမရှိ ။လိုက်လာတာ မှားပြီဆိုတာတွေလည်း ဒုနဲ့ဒေး ပါပဲ ။ မိဘတွေအနေနဲ့ ကိုယ်သားသမီး အပျိုလေးတွေကို ခုလို နေရာမျိုးတွေကို လွတ်တဲ့နေရာမှာ သေချာ စဉ်းစားပြီးမှ လွတ်စေချင်ပါတယ် ။ တကယ်အလုပ်အဆင်မပြေလို့လွတ်မယ်ဆိုရင်တောင် သေချာလေး တွက်ကြည့်ပါ ။ မလေးရှားမှာ ပျမ်းမျှ မိန်းကလေးတစ်ယောက်လခသည် 1ထောင်ဝန်းကျင်ပါပဲ ။ ပိုလှ 1သိန်းမနည်းပါ ။ မျက်စိကွယ်ရာ နားကွယ်ရာ မှာ စိတ်ချလက်ချလွတ်သင့်ပါသလား ။အိမ်ထောင်ရှင်တွေတောင် ဒီရောက်တာနဲ့ ( အို မလေးရှားမှာ ၊ နိုင်ငံခြားမှာ ဘယ်သူသိတာ မြင်တာမှတ်လို့။ မြန်မာပြည်ပြန်ရင် ဘယ်သူမှ မသိပါဘူးဆိုတဲ့ ပေါ့ပျက်တဲ့ အတွေးခေါ်တွေကို တော်တော်များများ တွေးတတ်နေကြပါတယ် (လူတိုင်းကို မဆိုလိုပါ ) ။ ကျွန်မရောက်တာ မကြာသေးဘူးဆိုပေမယ့် စာရေးခြင်းကို ၀ါသနာပါတဲ့ ကျွန်မ နေရာစုံအောင် လျှောက်သွားပါတယ် ။ လေ့လာပါတယ် ။ ကျွန်မကိုယ်တိုင် သေချာအမှန်တစ်ကယ် သိခဲ့ ၊ မြင်ခဲ့ ၊ ကြားခဲ့တာလေးတွေကို ပြန်လည် မျှဝေ ဆွေးနွေးခြင်းတာဖြစ်ပါတယ်။ နောက်ထပ် ဖြစ်ရပ်လေး တစ်ခု ရှိပါသေးတယ် ။ သိပ်ကို ရင်နာစရာကောင်းပါတယ် ။ နေရာတွေ နာမည်တွေ မထည့်ချင်တော့ပါဘူး ။ မြန်မာဆိုင်လေး ဖွင့်ထားတဲ့ မိသားစုလေးတစ်စုပေါ့ ။ သမီးလေးက ငယ်ငယ်ချောချောလေးပါ။ တစ်နေ့ သမီးလေး ဈေးသွားတုန်း မလေးမှာရှိတဲ့ အိန္ဒယ ကုလားတွေ ဖမ်းသွားပါတယ် ။ ကလေးမလေးကို မလေး ငွေ ၁သောင်းနဲ့ လာရွေးခိုင်းခဲ့တယ်။ဖခင်ဖြစ်သူလည်းသူတို့ဆက်သွယ်တာနဲ့ တန်းပြီးသွားရွေးခဲ့ပေမယ့် ကလေးမလေးက အကောင်းတိုင်း ပြန်လာခွင့်မရတော့ပါဘူး ။ ကလေးမလေးမှာ ကိုယ်ဝန်ပါ ပါလာခဲ့တာကြောင့် သူတို့ မြို့လေးရှိရာ မြန်မာပြည်ကို ချက်ချင်းပြန်ပို့စေခဲ့ရပါတယ် ။ဒါတွေဟာ တကယ်ဖြစ်ပျက်ခဲ့တာတွေပါပဲ။ မိဘနဲ့ တူတူနေတာတောင် စိတ်ချရမှု လုံခြုံမှု အင်မတန်နည်းတဲ့ မလေးရှား နိုင်ငံလိုနေရာမျိုးကို မြန်မာမိန်းကလေးတွေကို အတတ်နိုင်ဆုံးမလာစေချင်ပါဘူး ။ မိဘတွေအနေနဲ့လည်း ငွေမျက်နှာတစ်ခုထဲကို မကြည့်ကြဘဲ မိမိတို့ရင်နှစ်လွယ်ပြီး မွေးဖွားထားရတဲ့ သမီးရတနာလေးတွေကို မိဘရင်ခွင်မှာဘဲ အေးချမ်းစွာ ရှိနေပေးပါလို့ ဒီဆောင်းပါးလေးကနေ စေတနာ ရှေ့ထားကာ အနူးညွတ်တောင်းပန် အသိပေးလိုက်ပါရစေရှင် ။ 

**ခိုင်လေး ( ရွှေတောင်)** 

-- Posted By Bloggerလူဗိုလ်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)