ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, September 19, 2012

>
-နဖူးစာ ဆိုတာ ဘာလဲ-
သိဝိ မင်းကြီးဟာ ဥမ္မာဒန္ဒီကို.. မြင်တော့ ဣနြေ္ဒမဆယ်နိုင်ပဲ.. ဆင်ပေါ်က ပြုတ်ကျသတဲ့....။ အင်းလေ..... သူမရှိတော့တာပဲ ကောင်းပါတယ်..။ သူရှိနေပြီး... ကျွန်တော်ချစ်သူကို မြင်ရင်... သူ... ဆင်ပေါ်က ထပ်ပြုတ်ကျဦးမှာပါပဲ....။ ။ ဟိုးရှေးရှေးတုန်းက..... အိန္ဒိယနိုင်ငံက ရှေးလူကြီးတွေဟာ သူတို့ သားသမီးတွေ မွေးလာတာနဲ့ သူတို့သိကျွမ်းရင်နှီးတဲ့ မိတ်ဆွေတွေထဲက သားသမီးတွေနဲ့ အိမ်ထောင်ချပေးဖို့ သဘောတူတတ်ကြသတဲ့..။ ဒီတော့ သူတို့တွေဟာ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရခဲ့ပြီဆိုရင် သူတို့သားသမီးတွေရဲ့ နဖူးပေါ်မှာ သူတို့ သဘောတူထားတဲ့ သူတို့ မိတ်ဆွေရဲ့ သားသမီး အမည်ကို ဆေးမှင်နဲ့ ရေးထားလိုက်ကြသတဲ့...။ ( ဥပမာ- သက်မွန်မြင့် နဖူးမှာ ကိုဇော် လို့ ရေးပြီး...၊ ကျွန်တော့်နဖူးမှာ သက်မွန်မြင့် လို့ ရေးသလိုပေါ့လေ..။ ဟဲဟဲ..ဥပမာ ပြောတာပါ...) ဒီလိုနဲ့ ဒီကောင်လေး ကောင်မလေးတွေဟာ ကြီးလာတော့ သူတို့နဖူးမှာရေးထားတဲ့ သူနဲ့ အိမ်ထောင်ပြုကြရသတဲ့..။ ဒါပေမဲ့ နောင်အခါ ခေတ်ကာလအရ နေရာဒေသတွေ ရွေ့ပြောင်းကြရတော့ နေရပ်ဒေသတွေဟာ တစ်နေရာထဲမှာ နေကြတာ မဟုတ်တော့ နဖူးမှာ နာမည်ရေးထားတဲ့ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို တွေ့ကြရဖို့ ကောင်လေး ၊ ကောင်မလေးတွေဟာ နေရာအနှံရှာဖွေ လက်ထပ်ကြရသတဲ့..။ ဒါကို နဖူးစာ ရွာလည်တယ်လို့ခေါ်တယ်လေ..။ နဖူးစာ ရွာလည်ပြီး နဖူးမှာ ကိုယ့်နာမည်ပါတဲ့ ချစ်သူကို တွေ့ကြရလို့ သူတို့ အိမ်ထောင်ပြုကြတဲ့ အခါမှာ ကိုယ့်နာမည်ပါတဲ့ နဖူးလေးကို အမှတ်တရ နမ်းတတ်ကြသတဲ့..။ ငါ့ချစ်သူကို ငါရှာတွေ့ပြီ ဆိုတဲ့ သဘောနဲ့ လက်ထပ်တဲ့အခါမှာ ကိုယ့်နာမည်ပါတဲ့ နဖူးလေးကို နမ်းတာဟာ ဒီနေ့ အထိ အမှတ်တရ ဖြစ်နေဆဲပါ...။ ဒီအချိန်မှာ ကိုယ့်သားသမီးကို ဘယ်မိတ်ဆွေ သားသမီးနဲ့မှ လက်ထပ်ဖို့ သဘောတူညီမှု မရတဲ့သူတွေဟာ သူတို့ရဲ့သားသမီးတွေရဲ့ နဖူးမှာ ဘာနာမည်မှ ရေးမပေးနိုင်ကြဘူးတဲ့..။ ဒီလိုပဲ သူတို့တွေဟာ အပျိုကြီး ၊ လူပျိုကြီးတွေ ဖြစ်လာကြတယ်..။ တချို့ကျတော့ နဖူးမှာ နာမည်တွေ အများကြီးပါတတ်ကြတယ်..။ သူတို့တွေက အိမ်ထောင်ဆက်တွေ များကြပြန်ရော..။ သူတို့ကျတော့ ခြွင်းချက်ဆိုပါတော့လေ..။ ဟော..... ကျွန်တော် ဒီလိုပြောနေလို့ ငါ့နဖူးမှာ ဘာနာမည်ပါလဲ ဆိုပြီး အခုထပြီး မှန်ထဲမှာ ပြူးပြဲကြည့်ချင်နေပါသလား သူငယ်ချင်း..။ ကြည့်သင့်ပါတယ်လေ..။ ပြီးတော့ နာမည်တစ်ခုကိုလည်း တွေ့အောင်ရှာကြည့်ပါဦး..။ ဒီနာမည်ဟာ သူငယ်ချင်း ချစ်သူပါပဲ..။ သူ့နဖူးလေးမှာလည်း ရှာကြည့်ပါ..။ သူငယ်ချင်းနာမည်ကို တွေ့ရမှာပါ...။ ပြီးရင် ကိုယ့်နာမည်ပါတဲ့ နဖူးလေးကို နမ်းဖို့ကိုလဲ မမေ့ပါနဲ့ဦး....။
အင်း..... ဒီလောက်ပြူးပြဲရှာနေတာတောင်မှ သူငယ်ချင်း နဖူးမှာ ဘာနာမည်မှ မတွေ့ဘူးဆိုရင်တော့ ကျွန်တော် စိတ်မကောင်းပါဘူး...။ သူငယ်ချင်းဟာ အပျိုကြီး ၊ လူပျိုကြီး ဖြစ်တော့မယ်..။ ဒါတော့ ကျွန်တော်လည်း မတတ်နိုင်ပါ..။ အဲ....... သူများကိုသာ ပြောနေတာ သတိရလို့ ကျွန်တော် ကိုယ့်ဖာသာကိုယ် နဖူးကို မှန်ထဲ ပြန်ကြည့်လိုက်တော့... နာမည်လေးတစ်ခုကျွန်တော့် နဖူးမှာ တွေ့ရတယ်ဗျာ...။ သေချာဖတ်ကြည့်လိုက်တော့................ “ ----------------------” တဲ့...။ (သက်မွန်ုမြင့်တော့ မဟုတ်ပါဘူး...ဒါက ဥပမာပါဗျာ...။)

(မှတ်ချက်။ ။ ဟိန္ဒူကျမ်းမှ အချက်အလက်တချို့ကို ဆင့်ပွားရေးထားတာပါ..။)

 **ကိုဇော်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)