-အင်တာနက်မှတွေ့ရှိခဲ့တဲ့သရဲအကြောင်းများစုစည်းထားမှု-
**သူခိုးဖမ်းပေးသည့် သရဲ**
ပြီးခဲ့တဲ့ အပတ်က မလေးရှားနိုင်ငံမှာ အိမ်ရှင်ကို ကူညီသည့် သူရဲ အကြောင်း ထူးဆန်းအံ့သြဖွယ် သိရပါတယ်။ ဖြစ်ပွါးပုံမှာ သူခိုး တယောက်ဟာ အိမ်ရှင်များ ခရီးထွက်သွားစဉ် ညဘက်မှာ အပိုင်ဝင်ရောက်ဖောက်ထွင်း ခိုးမှု လုပ်ပါ တော့တယ်။ အိမ်ရှင် ပြန်ရောက်တော့ အိမ်ထဲမှာ အစာရေစာပြတ်လပ်ပြီး အင်အားချိနဲ့ နေတဲ့ သူခိုးတစ်ယောက်ကို ခိုးထုပ်ခိုးထည် ခိုးရာပါပစ္စည်း အပြည့် အစုံနဲ့အတူ တွေ့ ရတာကြောင့် ရဲစခန်းကို အပ်လိုက်ပါတယ်။ ရဲက သူခိုးကိုစစ်ဆေးရာမှာ သူခိုးက သူ့ကို အဲဒီအိမ်မှာ ဖမ်းတာခံလိုက်ရေကြောင်း ရဲစခန်းမှာ ထူးဆန်းဖွယ် မယုံနိုင်ချင် စရာ ဖြောင့်ချက်ပေးပါတယ်။ သူခိုးကရဲကိုဖြောင့်ချက်ပေးအစစ်ခံပုံကတော့-- အိမ်ရှင်တွေ မရှိတာကိုအပိုင်တွက်ချက်ပြီး အ်မ်ကိုညဘက်ဝင်ရောက် ဖောက်ထွင်းပါသတဲ့။ ပစ္စည်းတွေ ထုပ်ပိုးပြီးတော့ အိမ်က ပြန်အထွက်မှာတော့ မမြင်ရတဲ့ ပုဂ္ဂိုလ်တစ်ယောက်က နောက်ကနေတွန်းလှဲပြီး အိမ်အပြင် မထွက်နိုင် အောင် တား ဆီးပါတော့တယ်။နောက်တော့ သူခိုးက သူ့ကိုဖမ်းတဲ့ သူကို ရှာတယ်။ အမှောင်ထဲမှာ ဘယ်လိုမှ မမြင်ရဘူး။ မနက် မိုးလင်း တော့ ပြတင်းပေါက်က ခုန်ချဖို့ လုပ်ပြန်တော့ နောက်ကနေ ဆွဲထားပြန်တယ်။ ဒါနဲ့ ဗိုက်ဆာလို့ မီးဖိုထဲက အစားအသောက်တွေ ယူစားမယ်လုပ်ပြန်တော့ ဘာမှ စားသောက်လို့မရနိုင်အောင် သူ့ပါးစပ် ဟလို့မရအောင် လုပ်ထားပြန်ပါသတဲ့။ သူခိုးက ပစ္စည်ေးတွ ယူပြီးပြေးဖို့ကြိုးစားပြန်တော့ အိမ်ကြမ်းပြင်ပေါ် တွန်း အလှဲခံရ။ အစားအသောက်ကြပြန်တော့လည်း ယူစားလို့ မရနဲ့  သူရဲက အမျိုမျိုးလုပ်ထားတာကြောင့် နောက်ဆုံး အားပြတ်ပြီး ၄ ရက် မြောက်မှာ အိမ်ရှငတွေ ရောက်လာပြီး အခုလို အဖမ်းခံလိုက်ရတာပါတဲ့။ ကဲ ယုံကြရဲ့ လား။ ဗွီအိုအေ သတင်း==(၁၆။၁၂။၀၈) မနက် ၆.၃၀
**စက်ဘီးဆွဲတဲ့….သရဲလှမြင့်..သေခြင်း**
မနက်ပိုင်းဝင်လာတဲ့ သတင်း….အဆန်လော်ကယ် ရထားကြိတ်သွားပြီ အကြိတ်ခံရတဲလူသေတယ် အခုကြိတ်တဲ့ရထားနဲပဲ အလောင်းကိုပြန်တင်လာတယ်။။ အလုပ်တော့ရှုပ်ပြီ ။။။။။။။ ကိုယ်ဂျူတီတော့မဟုတ် ဒါပေမယ့်မနေနိုင် ကျွန်တော်နေတဲ့နေရာနဲခြောက်မိုင်လောက်ဝေးတဲ ရှေ့ကဘူတာမှာဖြစ်သွားတာပါ ဘူတာမှာရထားစထွက်ထွက်ခြင်း တွဲကြားမှာစီးတဲ့လူက ရထားအထွက်တွဲဆက် စပရိန်တွေဆောင့်ဆွဲရုန်းကန်တဲ့အခါ အရက်မူးနေတော့ ပြုတ်ကျပြီး တက်ကြိတ်တာပါပဲလူတွေဝိုင်းအော်ကြလို့ ရထားရပ်ပြီး ဆွဲထုတ်တော့အသက်မရှိတော့ပါ။ ကျွန်တော်တို့ဆီကိုရောက်ဘို့ ရထားဟာ မိနစ်နှစ်ဆယ်ခန့်မောင်းရမှာပါ ကျွန်တော်အောက်က စီနီယာများကို။။ ဟေ့ကောင်တွေစာရွက်စာတမ်းတွေအသင်လုပ်ထား အလောင်းသယ်လာတဲရထားလာတာနဲ့ တစ်ခါတည်းတက်လိုက်သွား ဒီက ဘူတာရုံပိုင်ကြီးကိုလည်းတစ်ခါတည်းဆေးရုံပို့လိုက်ပြီပြောလိုက် တစ်ယောက်ကစက်ခေါင်းမောင်းနဲ ဂါတ်ဗိုလ်ကိုသွားပြော ငါတို့ထွက်ခိုင်းမှရထားထွက်လို့ သေတဲလူ ဘယ်သူဆိုတာသိအောင်အရင်စုံစမ်းသူ့ပစ္စည်းတွေကိုစစ်။။ကြားလား ရထားထွက်ရင် ငါနဲ့လူသုံးယောက် ရှေ့ဘူတာ ရထားကြိတ်တဲနေရာကိုသွားမယ် အသင့်ပြင်ထားကြ။ ရထားဝင်လာပါပြီ ဘယ်တွဲမှာလဲအလောင်းက ကြုံရာလူကိုမေးလိုက်တော့ ….ဟိုအလယ်တွဲမှာ…..အလောင်းကိုကြည်လိုက်တော့။။။။။။။။။ ဘယ်လက်မောင်းဂွကိုကြိတ်မိတော့ပြတ်လုပြတ်ခင်အနေအထား ခြေထောက်နှစ်ချောင်းလုံးကကြေမွနေပြီ
သေရတဲ့အကြောင်းကတော့လယ်လက်မောင်းရင်းကို တက်ကြိတ်တဲအတွက် ရင်ဘတ်ပိုင်းအတွင်းကလိစာတစ်ချိုပျက်စီးမှုကြောင့် ချက်ခြင်းသေရတာပါ။။အိတ်တွေရှာစမ်း ။။မှတ်ပုံတင်တွေ့တယ်အကို့ နာမည်က လှမြင့် တဲ့ သာရဝေါအနောက်ဘက်ကမ်းက ငှက်ပျောတောလိပ်စာနဲ့““အေးဒါဆို ပို့လိုက်တော့။။ရထားထွက်ခိုင်းလိုက်။။““ ။။။။။အသားစတွေ။။။။။ ရထားကြိတ်တဲနေရာသွားမယ်။။။။စက်ဘီးကိုယ်စီနဲ့ ရထားလမ်းကြီးအတိုင်း ရှိနေတဲ့ခြေသွားလမ်းအတိုင်း ရှေ့ဘူတာကိုထွက်လာခဲ့ကြပါတယ်ေ၇ှဘူတာကိုရောက်တော့လူအုပ်က မကွဲသေးပါတစ်ယောက်တစ်ပေါက်ပြောဆိုဝေဖန်နေကြတုန်းပါ ကြိတ်မိတဲနေရာက သွေးကွက်တွေကတော့အေးခဲနေပါပြီ ရထားလမ်းဘေးအိမ်က ရေတွေသယ်ပြီး သွေးတွေပျောက်အောင်ရေလောင်းခိုင်း လိုက်ရပါတယ်။။ ရထားသံလမ်း တစ်လျှောက်ကြည့်လိုက်တော့ လူသားအစတွေ ကပ်နေတာတွေလို့ ။။။ ဟေ့ကောင်တွေရေ မြင်လို့မကောင်းဘူဟ တစ်ခုခုရှာပြီးခြစ်ထုတ်ပစ် အဲဒီအသားစတွေခပ်ဝေးဝေးလွှင်ပစ်လိုက် ကျန်တဲလူတွေရပ်ကြည်နေမယ်အတူတူ ခင်ဗျာတို့ရွာထိပ်မှာဖြစ်တာ မြင်မကောင်းဘူးဝိုင်းကူကြဗျာ။။။ ၀က်ရဲအသားဖတ်တွေလိုဖြစ်နေတဲ့ အစတွေကို လူအများခြစ်ထုတ်လွင်ပစ် သဲတွေဖြူးနဲ့နေ့လည်ပိုင်လောက် အားလုံးနေသားတကျဖြစ်တယ်ဆိုရင်ပဲ ကဲပြန်မယ်ကွာ ဟိုရောက်မှလုပ်စရာရှိတာဆက်လုပ်တာပေါ့။။။ ။။။။။စက်ဘီးတွေဆွဲလှဲတယ်။။။။။ နောက်တနေ့ မနက်ပိုင်းဝင်လာတဲ့သတင်း….ရထားကြိတ်တဲနေရာမှာစက်ဘီးစီးလာတဲလူတွေကို အဲဒီနေ့ညနေပိုင်း တစ်ယောက်ယောက်ကဆွဲလှဲသလို အဲဒီနေရာမှာလဲကုန်ကြတယ်တဲ့ ဒူးကွဲတဲသူကွဲ နဖူးကွဲတဲသူကွဲနဲတဲ့ ညဘက်ရထားလမ်းဘေးက အရက်ဆိုင်မှာအရက်လာသောက်တဲ့လူတွေ ရပ်ထားတဲ့ စက်ဘီးတွေကိုလည်းနောက်ပြန်ဆွဲပြေးလို့ ညက အဲဒီနေရာဘယ်သူမှမဖြတ်ရဲ မသွားရဲ ရထားလမ်းဘေးကအိမ်တွေလဲစောစောအိပ် ဆိုင်တွေလည်းလဲစောစောပိတ် တစ်ရွာလုံးတိတ်နေရတယ်တဲ့။။။။ ။။။။ဟေ။။။ဟုတ်ရဲလားဟ ။။။အာ….ဟုတ်တာပေါ့ ကျွန်တော်အရက်ကြိုက်တဲ့သူတောင် ပုလင်းဆွဲပြီးအိမ်မှာပဲသောက်လိုက်ရတယ်ဒါတောင် စောစောအပြေးမြန်လို့ ။။။။အင်း ဒီလိုဆိုဒုက္ခ မနက်ပိုင်းရောကွ ။။။ဒီမနက်ကျွန်တော်လာတာတော့ ဘာမှမထူးဘူးဗျ ။။။။ရထားလမ်းဘေးမှာပဲဖြစ်တာမှတ်လား ။။။ဟာအကိုကလည်း ဒီလမ်းလေးနဲသွားလာနေရတာလေ ဒီညနေလည်းဘယ်သူမှဖြတ်သွားရဲမှာမဟုတ်ဘူး ။။။။ဒီညနေငါလာမယ်ကွာ မင်း ရွာမတံတားအကူးလေးကစောင့် ညနေငါးနာရီထိုးတာနဲ့ ရောက်လာမယ်
။။။အကိုကဘာလုပ်မလို့လဲ ။ဲ။။သရဲဖမ်းမလို့ ။။။ဗျာ ။။။။ဒီကောင် လှမြင့် ပဲဖြစ်မယ်ကွ မင်းကကြောက်လို့လား ။။။မကြောက်ပါဘူး နည်းနည်းတော့ဖြုံတယ်ဗျ ..ဟီး ။။။။လူကြမ်းရင်ဘယ်နတ်သရဲမှ မခံနိုင်ပါဘူးကွာငါလာခဲ့မယ်။ ။။။။။ညိမ်နေတဲ့သရဲ။။။။။ ။။။။ဟေ့ေ၇ာက်နေတာကြာပြီလား ။။။အကိုကလည်းဒီလမ်းကဖြတ်ပြီးလာစောင့်ရမှာဆိုတော့ လေးနာရီလောက်ထဲကရောက်နေတာနည်းနည်းနောက်ကျရင်မှောင်မှာစိုးလို့ ။။။။အေး သွားမယ် လှမြင့် ရထားကြိတ်တဲနေရာနဲ့ တည့်တည့်ကအရက်ဆိုင်လေးရှေရောက်ရင်ပဲ ကျွန်တော်နဲအတူပါသူ စက်ဘီးရယ်ကျွန်တော့စက်ဘီးကိုပါ ရထားလမ်းဘေးက မြေလမ်းလေးမှာပဲရပ်ထားခဲ့ပြီး အရက်ဆိုင်ထဲဝင်ထိုင်နေလိုက်ပါတယ် ဆိုင်ထဲမှာတော့ လူရှင်နေပြီး အရက်ေ၇ာင်းတဲ့ လင်မယားနှစ်ယောက်နဲသူ့တိုသားလေးတစ်ယောက်သာရှိပါတယ် ရထားကြိတ်သေတဲလှမြင့်သရဲညက သောင်းကျန်လို့ ဒီနေ့ညနေ လာသောက် မယ်သူမရှိဖြစ်နေကြောင်းရင်ဖွင့်ရှာပါတယ် ။ ။။။။ကျွန်တော်ဒီညဒီမှာစောင့်ဖမ်းမလို့ ။။။မလုပ်ပါနဲ့ ငါလူရာ ညကတစ်ကယ်စက်ဘီးတွေနောက်ပြန်ဆွဲပြေးတာ ငါမျက်စိနဲတပ်အပ်မြင်တာကွ လူသုံးလေယောက်စုပြီးလိုက်ကောက်ရတယ် အရက်သမားတွေလည်အကုန်လစ်ကြရောဟ ။။။။ရပါတယ်ဗျာ အခုကျွန်တော်တို့စက်ဘီးတွေရပ်ထားခဲ့တယ် ညမှောင်ရင်ဆွဲပြေးမလားစောင့်ကြည်မယ်ဗျာ ။။။အေးလုပ်ကွာငါလည်းစောင့်မယ် တစ်ဖြည်းဖြည်းနဲ့ ရွာတောအုပ် ရထားလမ်းလေးဟာမှောင်ရီသန်းလို့ လာပါပြီ ညနေလော်ကယ်ရထားအစုန် ဘူတာမှာရပ်ပြီးပြန်ထွက်သွားတဲ့နောက် ရုံပိုင်ကြီးမရှိပဲလက်မှတ်ရောင်းသာထားတဲ့ ဘူတာခွဲ ရွာမဘူတာလေးဟာ လူသူကင်းဆိတ်လို့နေပါတော့တယ်။။။ ။။။။မှောင်ပြီးဗျ ခြောက်နာရီခွဲနေပြီ ။။။မနေညကဒီအချိန်ဆိုဆွဲချနေပြီဗျ အခု ငါ့လူတို့စက်ဘီးကနေရာမရွေ့သေးဘူး ။။။။လာဗျာအပြင်အမှောင်ရိပ်ကျတဲသစ်ပင်အောက်က ထွက်စောင့်ကြမယ် သုံးဦးသား လက်နှိပ်ဓါတ်မီးကိုစီနဲ အမှောင်ရိပ်မှာခုံပုလေးတွေချလို့ စက်ဘီးကိုသရဲဆွဲမယ့်အချိန်ကိုစောင့်ကြည်နေကြပါတယ် အရက်ဆိုင်ရှင်ရဲ့ မိန်းမကတော ကြောက်ရွံစိတ်နဲ့ ခြင်ထောင်ထဲမှာနားစွင်နေတယ်ထင်ပါ့။။ ခုနှစ်နာရီထိုးပါပြီ စက်ဘီးနှစ်စီးဟာ ရထားလမ်းသစ်ပင်အုပ်ရဲအမှောင်ထုမှာ ထောင်ရက်သား မျက်တောင်မခတ်တမ်းစောင့်ကြည့်နေတဲ့ ကျွန်တော် တို့သုံးယောက် ခြင်တွေဝိုင်းအုံကိုက်တဲဒဏ်ကိုကြိတ်မှိတ်ခံရင်း ဇွဲနဘဲနဲစောင့်ကြည်နေဆဲပါ ရှစ်နာရီ မထူးခြားပါ စက်ဘီတွေကအမှောင်ထဲမှာ ဒီတိုင်း။။။ ။။။။ဒီကောင်ဒီမှာမရှိဘဲ သူအိမ်များပြန်သွားလားမသိဘူးဗျ ။။။ဖြစ်နိုင်တယ်အကိုသေတဲ့ညနေကတော့သူမသိလိုလျှောက်လုပ်နေတာနေမယ် အခုနေ့လည်အိမ်သတိရပြီးပြန်သွားလားမသိဘူး ဒီမှာရှိရင်တော့ဒီကောင်လုပ်မှာဗျ။ ။။။။အေးကွာရှစ်နာရီခွဲလို့မှမထူးခြားရင်ပြန်ကြမယ်…မင်းပြန်ရဲလား ။။။ရတယ် ကျွန်တော်ရွာထဲရောက်တဲ့ အထိလမ်းအတိုင်းဓါတ်မီးတော့ ထိုပြဗျာ ။။။။အေးပါကွာမင်းရွာထဲရောက်မှငါပြန်မယ်..ဆိုင်ရှင်အကိုရောအိပ်ရဲတယ်မှတ်လား ။။။ရတယ်ငါ့ညီ ရှစ်နာရီခွဲတဲ့အချိန်မှာတော့ ဓါတ်မီး ကိုယ်စီထိုးကာစက်ဘီးတွေပြန်ယူလိုက်ကြပါတယ် လိုက်စောင့်တဲ့အဖေါ် ကိုရွာထဲဝင်တဲ့အထိ ဓါတ်မီးနဲထိုးပြပြီး အရက်ဆိုင်ရှင်ဦးလေးကြီးကိုနှုတ်ဆက်ကာပြန်ခဲ့ပါတယ်။။အဲဒီည က သရဲမမိခဲ့ပါ။။တောက်နာတယ်ကွာ။။ နောက်ညများမှာတော့ သရဲဆွဲသံမကြားရဘဲ သုံးရက်မြောက်ညမှာအဲဒီအဖြစ်မျိုးထပ်ဖြစ်ခဲ့ပါတယ်။။။ နောက်တစ်ကြိမ်စောင့်ဖမ်းခြင်ပေမယ့် အလုပ်မအားတာကြောင့် သရဲဖမ်းအစီစဉ်ကို လက်လွတ်လိုက်ရပါတယ် နောက်ပိုင်းရွာမှလူကြီးများက သေသွား တဲ့နေရာမှာ ပရိတ်ရွတ်ခြင်း သံဃာမျာကို ပင်ဖိတ်ဆွမ်းကပ်ခြင်းများပြုလုပ်ခဲ့တာကြောင့် သရဲခြောက်တယ်လို့တော့အသံမကြားရတော့ပါ။။ ကိုတိုင်သရဲဖမ်းခဲတာပါ။ ဒါပေမယ်မတွေခဲ့ရပါဘူး ….သာရဝေါ ရွာကြီးရဲ့ မလှမ်းမကမ်းကရွာ လေးတစ်ခုမှာ တစ်ကယ်ကြုံခဲ့ရတဲ့ အဖြစ်ပါ။
မှတ်ချက်။ ။ http://mandalaygazette.com/52075/uncategorized-other/copypaste မှ ကူးယူဖော်ပြသည်။
**ဟောင်းလောင်း သရဲ **
တစ်နေ့သ၌ ရွာ၏ နေညိုချိန် ထန်းတဲတစ်ခုတွင် လူတစ်စု ထန်းရည် သောက်နေကြလေသည်။ ထိုသူတို့အနက် ကိုလူကြီး ဆိုသူမှာ အပါအဝင် ဖြစ်လေသည်။ ကိုလူကြီးမှာ လွန်စွာ လူကောင် ကြီးမားသူတစ်ဦး ဖြစ်သည့်အပြင် မည်သည်ကိုမျှ မကြောက်တတ်၊ မည်သူ့ကိုမျှ မကြောက်တတ်သူ တစ်ဦးလည်း ဖြစ်ပေသည်။ ၎င်းတို့၏ ထန်းရည်ဝိုင်း အရှိန်ရလာချိန်တွင် လူပုလေး ဆိုသူက ကိုလူကြီး အား ဤသို့ စကားစလေသည်။
“ဘိုလူ ရေ … မင်းကိုတော့ တစ်ခုလောက် သတိပေးရဦးမယ်ကွ”
“ဘာများလဲ … ဘယ်ကောင်က ငါ့ကို မကျေနပ်လို့လည်း ပြောစမ်းပါဦး”
“ဘယ်ကောင်ကမှ မင်းကို မကျေနပ်လို့ မဟုတ်ဘူး၊ မင်းကို သတိပေးချင်တယ်ဆိုတာက မင်းအမေ ဒေါ်စိန်ထွား ကို ပြောတာ”
“မင်းကလည်း အမေက အိပ်ယာထဲ လဲနေတာဖြင့် ကြာလှပြီ။ ဒီနေ့မဟုတ် နက်ဖြန် သေချင်သေမှာပါပဲကွာ …”
“ငါ ပြောချင်တာ အဲဒါ ပြောတာမဟုတ်ဘူးကွ၊ မင်းအမေ ပုံစံက မရိုးဘူးလို့ ကြားရလို့ မင်းကို သတိပေးချင်တာ”
“ဘာမရိုးတာလဲ၊ ရှင်းရှင်းလင်းလင်း ပြောစမ်းပါ ငပုရာ …”
“အေး … မင်းအမေ ဖုတ်ဝင်နေတာလို့ ကြားတယ်”
“ငါ့အမေ ဖုတ်ဝင်နေတယ် … ဟုတ်စ”
“အေး… ရွာထဲက လူတွေကတော့ အဲဒီအတိုင်း ပြောနေကြတာပဲ၊ မင်းကလည်း အိမ်ကပ်တဲ့အကောင် မဟုတ်တော့ ဘာမှသိတာမဟုတ်ဘူး မဟုတ်လား၊ မင်းအိမ်က ကလေးတွေတောင်မှ မင်းအိမ်မှာ မရှိရင် မင်းအမေနား မကပ်ဘူးတဲ့ကွ”
x x x x x x x x x x
ကိုလူကြီး၏ အမေဖြစ်သူ ဒေါ်စိန်ထွား တရှောင်ရှောင် ဖြစ်နေခဲ့သည်မှာ ခြောက်လခန့်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။ ယင်းသို့ ဒေါ်စိန်ထွား တစ်ယောက် တရှောင်ရှောင် (နေမကောင်းသည်ကို ဆိုလိုခြင်းဖြစ်ပါသည်။) ဖြစ်နေသော်လည်း အစား စားသည့်အခါတွင်မူ ကြောက်ခမန်းလိလိ စားသောက်တတ်ပါသည်။ နေမကောင်းသော အဘွားအို တစ်ယောက် စားသည့် အစာမှာ ကြောင်စာလောက်သာ ရှိသင့်သော်လည်း ယခုမူ ထိုသို့မဟုတ်ဘဲ ယောက်က်ျားကြီး နှစ်ယောက်စားလောက်ကိုပင် ကုန်အောင် စားသောက်နိုင်ခြင်းသည် စင်စင် မရိုးဟု ဆိုနိုင်သည် မဟုတ်ပါလော။
တစ်ခါက ကိုလူကြီးမှာ အမဲသား ချက်ရာတွင် အမဲသားဟင်းအိုးအား မီးဖိုပေါ်တင်၍ ခတ္တေခဏ အိမ်အောက် ဆင်းသွားခဲ့သည်။ ဟင်းအိုး နူးလောက်သည့် အချိန်တွင် ကိုလူကြီး အမဲသားဟင်းအိုး သွားကြည့်သောအခါ ဟင်းအိုးမှာ တက်တက် ပြောင်စင်နေပြီ ဖြစ်သည်။ ထိုစဉ်က ကိုလူကြီးမှာ ခွေးများ တက်၍ မွှေသွား၊ စားသွားသည်ဟု ထင်မှတ်ခဲ့လေသည်။ ကိုလူကြီးမှာ ၎င်း၏ အမေ အပေါ်တွင် အထင်မှားခြင်း မရှိခဲ့ပါချေ။
အထက်တွင် ကျွန်ုပ် ဖော်ပြခဲ့ပြီး သကဲ့သို့ ကိုလူကြီး၏ အပေါင်းအသင်းများနှင့် ပတ်ဝန်းကျင်က ပြောဖန်များလာသောအခါတွင် ကိုလူကြီးမှာ စတင် စမ်းသပ်ပါတော့သည်။ တစ်နေ့တွင် ကိုလူကြီးမှာ ထမင်းဇလုံ အကြီးကြီးဖြင့် ထမင်းအပြည့်ထည့်၍ ၎င်း၏ အမေအား ကိုယ်တိုင်ကိုယ်ကျ ကျွေးခဲ့လေသည်။ ထိုအခါ ဒေါ်စိန်ထွားမှာ အဘွားအို တစ်ယောက်နှင့်မျှ မလိုက်အောင် အဆိုပါ ထမင်းဇလုံအား ကုန်စင်အောင် စားသောက်သည့်အပြင် ဇလုံတွင် ကပ်နေသည့် ထမင်းကျန်၊ ဟင်းကျန်များကို လျှာဖြင့်ပင် လျှက်လိုက်သေး၏။ ဤသည်ကိုကြည့်၍ ကိုလူကြီးမှာ ၎င်း၏အမေ ဖုတ်ဝင်နေပြီဖြစ်ကြောင်း သိလိုက်လေသည်။ ထိုအချိန်မှစ၍ ၎င်း၏အမေအား ဝင်ပူး၍ စားသောက်နေသော ဖုတ်ကောင်အား ကိုလူကြီးမှာ ဓားကျိန်း ကျိန်းထားလေတော့သည်။
ကိုလူကြီး၏အိမ်တွင် ကိုလူကြီး၏ ဇနီး ဆုံးသွားပြီးကတည်းက လူကြီးဆို၍ ကိုလူကြီး တစ်ယောက်သာ ရှိလေသည်။ ကိုလူကြီး၏ ကလေး ၃ ယောက်မှာလည်း အသက် ၁၀ နှစ်ဝန်းကျင်ခန့်သာ ရှိလေသည်။ ဒေါ်စိန်ထွားအား ဝင်ပူးကပ်စားနေသူ ဖုတ်ကောင်သရဲမှာ အဆိုပါ ကလေး ၃ ယောက်အား ဒုက္ခ မပေး၍သာ တော်ရော့သည်ဟု ဆိုရတော့မည်။
ဒေါ်စိန်ထွားတွင် ပူးဝင်နေသော ဖုတ်ကောင်သရဲမှာ ကိုလူကြီး အိမ်တွင် ရှိခိုက်တွင် ကိုလူကြီးအား ကြောက်၍ ငြိမ်နေတတ်သော်လည်း ကိုလူကြီး အိမ်တွင် မရှိသည့် အချိန်တွင်မူ အိပ်ယာထက်မှ ထ၍ မွှေပါတော့သည်။ ဒေါ်စိန်ထွား အိပ်ယာထက်မှ ထသည်နှင့် အိမ်ရှိ ကလေးများမှာ အိမ်ပေါ်တွင် မနေတော့ဘဲ အိမ်အောက်သို့ ဆင်းကြပါတော့သည်။ ထိုအခါ ကလေးများအား ဒေါ်စိန်ထွားက “မြေးလေးတို့ရေ … ဘွားဘွားနား လာကြပါဦး” ဟူ၍ လှမ်းခေါ်တတ်၏။ ကလေးများက အိမ်အောက်မှနေ၍ ဒေါ်စိန်ထွားအား “ဘွားဘွားက ဘွားဘွားမှ မဟုတ်ဘဲနဲ့၊ မလာဘူး” ဟူ၍ ပြန်အော်ပြောတတ်လေသည်။ ယင်းသို့ ကလေးများက ပြန်အော်သည့်အခါ ဒေါ်စိန်ထွားက “မြေးလေးတို့ကလည်း ဟင်း … ဟင်း … ဟင်း” ဟူ၍ လှောင်ရီသံဖြင့် ပြန်ပြောတတ်လေ၏။
ကိုလူကြီးမှာ ၎င်း၏ အမေတွင် ဖုတ်ဝင်နေကြောင်း ကိုယ်တိုင် သိရှိပြီးသည့် နောက်ပိုင်းတွင် အဆိုပါ ဖုတ်ကောင်သရဲအား မောင်းထုတ်ရန် မည်သို့ ပြုလုပ်ရမည်ကို ကြံရပါတော့၏။ ကိုလူကြီး၏ အပေါင်းအသင်းများက ရွာဦးကျောင်း ဆရာတော်ထံ အကျိုးအကြောင်း သွားရောက် လျှောက်ထားရန် ကိုလူကြီးအား တိုက်တွန်းကြသည့် အားလျော်စွာ ကိုလူကြီးတစ်ယောက် ရွာဦးကျောင်း ဆရာတော်ထံသို့ ရောက်ရှိလာခဲ့ပါတော့သည်။
x x x x x x x x x x
“ဟဲ့ … ထူးထူးဆန်းဆန်း မောင်လူကြီးက ဘယ်ကနေ ကျောင်းထဲ လှည့်လာတာတုန်းကွယ့်”
“ဒီလိုပါ ဘုရား … တပည့်တော် အမေ ဖုတ်ဝင်နေလို့ အဲဒါ ဘယ်လိုလုပ်ရမလဲဆိုတာ ဆရာတော်ထံ လာရောက်လျှောက်ထားတာပါ ဘုရား”
“စိန်ထွားကို ဖုတ်ဝင်ပူးနေလို့ … ဟုတ်လား”
“မှန်ပါ … တစ်နေ့က တပည့်တော် အမေ့ကို ဇလုံထဲ ထမင်းတွေ အများကြီးထည့်ပြီး ကျွေးကြည့်တာ ကုန်တယ်ဘုရား၊ လျှာနဲ့တောင် လျှက်လိုက်သေးတယ် ဘုရား … ”
“အိမ်း … တော်တော်ငတ်ပြတ်နေတဲ့ ဖုတ်ကောင်ပါလား …။ မင်းအိမ်က အစားအသောက်တွေ များနေလို့သာ တော်ရော့တယ်။ နို့မဟုတ်ရင် မင်းကလေးတွေတောင် စားပစ်နိုင်လောက်တယ် မောင်လူကြီး”
“မှန်ပါ့ ဘုရား၊ တပည့်တော်ကလည်း အိမ်ကပ်တဲ့အကောင် မဟုတ်တော့ ကလေးတွေအတွက် စိုးရိမ်ရပါတယ် ဘုရား”
“အောင်မာ … မင်းက အခုမှ လာစိုးရိမ်နေရသလား … မောင်လူကြီးရဲ့ …”
“အရင်က သူများတွေပြောတာ တပည့်တော် မယုံခဲ့ပါဘူး ဘုရား၊ အခုမှ ကိုယ်တိုင် သိတော့မှ စိုးရိမ်မိတာပါ ဘုရား”
“အေးကွာ … ဘာပဲဖြစ်ဖြစ်ပါကွယ်၊ မနက်ဖြန် မနက်ကျရင် ငါ လာခဲ့မယ်၊ အိမ်ကစောင့်နေ ကြားလား မောင်လူကြီး”
“မှန်ပါ့ ဘုရား၊ တပည့်တော် ပြန်ပါဦးမယ် ဘုရား”
x x x x x x x x x x
နောက်တစ်နေ့ မိုးသောက် မနက်ခင်း ရောက်သောအခါတွင် ရွာဦးကျောင်း ဆရာတော်မှာ ဦးဇင်းတစ်ပါးနှင့်အတူ ကိုလူကြီး၏ အိမ်သို့ ကြွလာခဲ့ပါသည်။ ဆရာတော် အိမ်ပေါ်သို့ ရောက်သောအခါ ဒေါ်စိန်ထွားမှာ မျက်ထောင့်နီကြီးဖြင့် ဆရာတော်အား စူးစူးကြည့်၍ “ဟေ့ … ဘယ်က ကတုံးက ငါ့အိမ်ပေါ် ရောက်လာတာတုံး၊ သွား … အခုချက်ချင်း ဆင်းသွား” ဟူ၍ အော်ဟစ် ပြောဆိုပါတော့သည်။ ထိုအခါ ကိုလူကြီးမှာ အိမ်ထရံတွင် ထိုးထားသော ဓားအား ဆွဲယူလိုက်ပြီး “ခွေးမသား ဖုတ်ကောင် …၊ ဓားနဲ့ ပိုင်းလိုက်လို့ အမျိုးပါ ပြုတ်သွားမယ်၊ ငြိမ်ငြိမ်နေစမ်း” ဟူ၍ ပြောဆိုလိုက်လေသည်။
“နေပါစေ မောင်လူကြီးရယ် …။ အဲဒီကောင်ကို ဓားဆွဲစရာ မလိုပါဘူး၊ ထားလိုက်စမ်းပါ” ဟု ဆရာတော်က မိန့်ကြားလိုက်သည့် အခါတွင် ကိုလူကြီးမှာ ပြန်၍ ငြိမ်နေလိုက်ရသည်။ ကိုလူကြီး ငြိမ်သွားသည်နှင့် ဖုတ်ကောင် ဝင်ပူးနေသော ဒေါ်စိန်ထွားမှာ အိမ်ယာထက်က ဆင်းရုံတင်မက ဆရာတော် ရှေ့တွင်ပါ မတ်တပ်ရပ်ပြီး ခါးထောက်လျက် “ဒီကတုံးက ဘာမို့တုန်း၊ သေသွားချင်လို့လား … ဟင်း … ဟင်း .. ဟင်း၊ အခုချက်ချင်း ငါ့အိမ်ပေါ်က ဆင်း” ဟူ၍ ရွာဦးကျောင်း ဆရာတော်အား ရိုင်းရိုင်းစိုင်းစိုင်း မောင်းထုတ်ပါတော့သည်။ ထိုအခါ ဆရာတော်မှာ မိမိရှေ့တွင် ရောက်နေသော ဖုတ်ကောင် ဒေါ်စိန်ထွားအား အနီးတွင် ရှိသော ရေခွက်ဖြင့် ဖြန်းခနဲ ပက်လိုက်လေ၏။
“အမလေး … ပူတယ် … ပူတယ် … အား ” ဟု မည်တမ်းကာ ဖုတ်ကောင် ဒေါ်စိန်ထွား မှာ မတ်တပ်ရပ်နေရာမှ ကြမ်းပြင်ပေါ် လှိမ့်နေရပါတော့သည်။ ဆရာတော်က အနီးမှ ဦးဇင်းအား အသင့်ပါလာသော ပရိတ်ကြိုးဖြင့် ချည်ထားရန် စေခိုင်းလေသည်။ ပရိတ်ကြိုး ချည်ပြီးသောအခါ ဖုတ်ကောင်မှာ “ကြောက်ပါပြီ ၊ အမလေး … အမလေး .. ပူတယ် .. ပူတယ် .. ကြောက်ပါပြီ ဘုရား ” ဟူ၍ အော်ဟစ်နေပါတော့သည်။ ထိုအခါ ဆရာတော်မှ ဒေါ်စိန်ထွားတွင် ပူးဝင်နေသော ဖုတ်ကောင် သရဲအား …
“ ဟေ့ နင်က ကျူးကျူးကျော်ကျော် ရွာထဲလာပြီး ပူးကပ် စားသောက်နေတာပေါ့ ဟုတ်လား … ။ ”
“ ငတ်လွန်းလို့ ပူးကပ် စားမိတာပါ … ခွင့်လွတ်ပါ၊ ခွင့်လွတ်ပါ … ”
“အေး … ဒီတစ်ခါတော့ ခွင့်လွတ်လိုက်မယ် … နောက်တစ်ခါ ဆိုရင်တော့ ခွင့်လွတ်မှာ မဟုတ်ဘူး ကြားလား ..”
“ဟုတ်ပါပြီ … ဟုတ်ပါပြီ … လွတ်ပါတော့ … လွတ်ပါတော့ … နောက်တစ်ခါ မလုပ်တော့ပါဘူး ..”
“အေး … အေး … နင်တို့ ဘဝနဲ့ ငါတို့ ဘဝက ခြားနေတယ် … ကြားလား … နောက်တစ်ခါ အဲဒီလို မှီခိုမစားနဲ့ … ဦးဇင်းလေး ပရိတ်ကြိုး ဖြည်ပေးလိုက်ပါတော့ ..”
ပရိတ်ကြိုး ဖြည်လိုက်သည်နှင့် တစ်ပြိုင်နက် ဒေါ်စိန်ထွားမှာ လွန်စွာ ရွံရှာ၊ စပ်ဆုပ်ဖွယ် ကောင်းသော အလောင်းကောင် အဖြစ်သို့ ရုပ်ချည်း ပြောင်းလဲ သွားလေတော့သည်။ ဤနေရာတွင် ရွာဦးကျောင်း ဆရာတော်၏ အကြောင်းကို ကျွန်ုပ် ရေးသားခဲ့သော “သိမ်ဝင် သပိတ်ကွဲနှင့် အသက်ဝင်လာသော ဘီလူးအင်း” ပို့စ်တွင် အနည်းငယ် ဖော်ပြ ခဲ့ပြီး ဖြစ်ပါသည်။
ယင်းနေ့ ယင်းအချိန်တွင်ပင် ကိုလူကြီးမှာ ၎င်း၏မိခင် အလောင်းကို ရွာအပြင် သချိုင်းတွင် သွားရောက်မြှုပ်နှံခဲ့ပြီး နောက်တစ်နေ့ တွင်မူ ရွာဦးကျောင်း ဆရာတော်နှင့်တကွ သံဃာ (၅) ပါးအား ဆွမ်းကပ်ကာ မိခင် ဒေါ်စိန်ထွားအတွက် အမျှအတမ်း ပေးဝေခဲ့ပါတော့သတည်း …… ။
အထက်ပါ အဖြစ်အပျက်မှာ လွန်ခဲ့သော နှစ် (၂၀) ကျော်ခန့်က စာရေးသူ၏ ဇာတိရပ်ရွာတွင် ဖြစ်ပျက်ခဲ့သော တကယ့် အဖြစ်အပျက်တစ်ခုပင် ဖြစ်ပါကြောင်း ….. ။
**Knowledge **

No comments:
Post a Comment