ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, September 28, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း- 
** ရုပ်ရှ င်မင်းသမီး ဂျင်နီဖာလောရင့်  ရဲ့ အနုပညာပုံရိပ်လွှာ **

(လော့စ်အိန်ဂျလိစ် စက်တင်ဘာ ၂၆) ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး ဂျင်နီဖာလောရင့်ဟာ The Hunger Games ရုပ်ရှင်ကားနဲ့ ကမ္ဘာကျော် မင်းသမီးဖြစ်လာခဲ့ပြီးနောက် The Falling အမည်ရှိတဲ့ ရုပ်ရှင်ကားသစ်ကို ရိုက်ကူးနေပြီး ၂ဝ၁၃ ခုနှစ် အတွင်းမှာ ပြသနိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။ အသက် ၂၂ နှစ် အရွယ်ရှိတဲ့ ရုပ်ရှင်မင်းသမီး ဂျင်နီဖာလောရင့်ဟာ ၂ဝ၁၁ ခုနှစ်က ရိုက်ကူးခဲ့တဲ့ X-Men; First Class ဇာတ်ကားမှာလည်း သရုပ်ဆောင်မှုကောင်းမွန်တာမို့ အောင်မြင်မှုရရှိတဲ့ သူဖြစ်ပါတယ်။ The Hunger Gamesဇာတ်ကားနဲ့ အကောင်းဆုံးသရုပ်ဆောင်ဆုအတွက်အမည်စာရင်း ထည့်သွင်းရွေးချယ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ဒါ့အပြင် ၂ဝ၁၂ ခုနှစ်အတွင်းမှာ ဂျင်နီဖာလောရင့်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ကားတွေသုံးကားအထိ ရှိနေပြီဖြစ်ပါတယ်။ အဲဒီဇာတ်ကား တွေကတော့ Devil You Know? House atthe End of the Street နဲ့ The Silver Linings Playbook ရုပ်ရှင်ကားတွေပဲ ဖြစ်ပါတယ်။ မင်းသမီးဂျင်နီဖာလောရင့်ဟာ The Hunger Games ရုပ်ရှင်ကားရဲ့ နောက်ဆက်တွဲ ဇာတ်ကားအဖြစ် The Hunger Game; Catching Fire အမည် ရှိဇာတ်ကားကို ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက်မှာ ပြသနိုင်ဖို့အတွက်လည်း ကြိုးစားနေပါတယ်။ မင်းသမီးဂျင်နီဖာလောရင့် ဟာ ပန်းချီရေးဆွဲတာနဲ့ဂီတာတီးတာဝါသနာပါသူဖြစ်ပြီး အားလပ်ချိန်တွေမှာ အဲဒီအလုပ်တွေကို ပြုလုပ်လေ့ရှိပါတယ်။ သူမဟာသရုပ်ဆောင်မှုအနုပညာငွေကြေး အများဆုံးရရှိ သူတွေစာရင်းမှာ ပါဝင်သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ် ။ အရင်က နယူးယောက်မြို့မှာ နေထိုင်ပြီး အခုချိန်မှာတော့ ကယ်လီဖိုးနီးယားပြည်နယ်ဆန်တာမိုနီကာမြို့ကို ပြောင်းရွှေ့နေထိုင်တဲ့  ဂျင်နီဖာလောရင့်ဟာ ဗြိတိန်ရုပ်ရှင်မင်းသား နီကိုလပ်ဟုလ်တ်နဲ့ တွဲနေသူလည်း ဖြစ်ပါတယ်။ (အင်တာနက်)

** တောင်ကိုရီးယားရုပ်ရှ င်မင်းသမီး ဂျို ဂျွန်ယိုရဲ့ဇာတ်လမ်းတွဲသစ် ပရိသတ်
အကြိုက်တွေ့ နိုင်ပါ့မလား**
 (ဆိုးလ် စက်တင်ဘာ ၂၆) တောင်ကိုရီးယားရု ပ်ရှင်မင်းသမီး ဂျိုဂျွန် ယို ပါဝင် သရု ပ်ဆောင်ထားတဲ့ The Concubine ရုပ်မြင်သံကြား ဇာတ်လမ်းတွဲကို စက်တင်ဘာ ၂၃ ရက်က တောင်ကိုရီးယား နိုင်ငံတစ်ဝန်းမှာ ထုတ်လွှင့်ပြသနေပြီဖြစ်ပါတယ်။ဒီရုပ်မြင်သံကြားဇာတ်လမ်းတွဲကို တောင်ကိုရီးယား ဒါရိုက်တာ ကင်ဒေးဆန်က ရိုက်ကူးထားတာဖြစ်ပြီး ရုပ်ရှင်မင်းသမီး ဂျိုဂျွန်ယိုနဲ့အတူ ကင်ဒေါင်ဝပ်၊ ကင်မင်းဂျွန်၊ ဂျီယောင်ပက်၊ ဂျိုအမ်ဂျီနဲ့လီဂျောင်ယွန်စတဲ့ နာမည်ကြီးအနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲဟာ တောင်ကိုရီးယား ရိုးရာဓလေ့ ယဉ်ကျေးမှုနဲ့ ပေါင်းစပ်ရိုက်ကူးထားတဲ့ဒရာမာဇာတ်ကားဖြစ်ပြီး အချစ်၊ ရမ္မက်နဲ့ ရည်မှန်းချက်ပြင်းပြမှုတွေကို စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ရုပ်ရှင်မင်းသမီး ဂျိုဂျွန်ယိုဟာ အသက်၃၁ နှစ်အရွယ်ရှိပြီး မကြာမီကကေဘီအက်စ်ရုပ်မြင်သံကြားလိုင်းမှာ ထုတ်လွှင့် ပြသခဲ့တဲ့ Haeundae Lovers အမည်ရှိတဲ့ ရုပ်မြင်သံကြား ဒရာမာဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ် ဆောင်ခဲ့သူဖြစ်ပါတယ်။ တစ်နှစ်ကို ရုပ်မြင်သံကြားဇာတ်လမ်းတွဲတစ်ကား ရိုက်ကူးနေတဲ့ ဂျိုဂျွန်ယိုဟာ ၁၉၉၇ ခုနှစ်ကစတင်ပြီး ရုပ်မြင်သံကြားဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ရုပ်ရှင်မင်းသမီး ဂျိုဂျွန်ယိုဟာ ပုရိသပရိသတ်တွေကို ဆွဲဆောင်မှုဖြစ်စေတဲ့ အမူအရာတွေနဲ့အလှအပတွေကြောင့်လည်းအောင်မြင်ကျော်ကြားနေသူတစ်ဦးလည်းဖြစ်ပါတယ်။ ၂ဝ၁၁ ခုနှစ်ကပါဝင် သရုပ်ဆောင်ခဲ့တဲ့ I Need Romance အမည်ရှိ ရုပ်မြင်သံကြားဇာတ်လမ်းတွဲမှာ ပရိသတ်တွေ နှစ်သက်အားပေးခြင်းခံခဲ့ရလို့ သူမရဲ့ဇာတ်ကားသစ်တွေ ထပ်မံထွက်ရှိလာဦးမှာဖြစ်ပါတယ်။ သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ How Much Love? The Road Home စတဲ့ ရုပ်မြင် သံကြားဇာတ်လမ်းတွဲတွေဟာ အောင်မြင်မှုရရှိစေခဲ့တဲ့ ဇာတ်ကားတွေဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် War Of Money? Terms Of Endearment? South Of The Sun စတဲ့ဇာတ်လမ်းတွေမှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့သူဖြစ်လို့ ပရိသတ်အားပေးမှုဆက်တိုက်ရရှိခဲ့သူဖြစ်ပါတယ် ။ အခုစတင်ပြသနေတွဲှ့The Concubine ဇာတ်လမ်းတွဲကိုလည်း ပရိသတ်တွေ နှစ်သက်အား ပေးခြင်းခံရမယ့်ဇာတ်ကားအဖြစ် တောင်ကိုရီးယားရုပ်ရှင်အသိုင်းအဝိုင်းက သုံးသပ်နေကြပါ ကြောင်း။ ။ (အင်တာနက်)  

** ကမ္ဘာကျော်အဆိုတော် ခရစ္စတီးနား** 
(လော့ စ်အိန်ဂျလိစ် စက်တင်ဘာ ၂၅) အဆိုတော်ခရစ္စတီးနားမာရီယာအဂွီလီရာ ဟာကမ္ဘာမှာ ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်ပါ။သူမဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့သူစစ်စစ် ပါ။ သူမကို ၁၉၈ဝ ပြည့်နှစ် ဒီဇင်ဘာ ၁၈ ရက်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သူမဟာ နာမည်ကြီး အဆိုတော်တစ်ယောက်ဖြစ်သလို သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ခရစ္စတီးနားဟာ ၁၉၉ဝ ပြည့်နှစ်ကစလို့ The Star Search လို့ အမည်ရတဲ့ ရုပ်သံအစီအစဉ်မှာ ပါဝင်သရုပ်ဆောင်ရာက လူသိများလာခဲ့ပါတယ်။ ဒီနောက်မှာတော့ သူမဟာ ၁၉၉၃ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ ရိုက်ကူးတင်ဆက်ခဲ့တဲ့ The Mickey Mouse Club လို့အမည်ရတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။သူမဟာ ၁၉၉၉ ခုနှစ်မှာတော့ Christina Aguilera လို့အမည်ပေးထားတဲ့ တေးအယ်လ်ဘမ်နဲ့ ဂီတလောကကိုစတင်ခြေချခဲ့ပါတယ်။ ဒီတေးအယ်လ်ဘမ်ဟာ အမေရိကန်အရောင်းရဆုံးတေးအယ်လ်ဘမ် တစ်ခုဖြစ်ခဲ့ပါတယ်။ သူမဟာ၂ဝဝဝ ပြည့်နှစ်မှာတော့ Mikeflejo လို့ အမည်ပေးထားတဲ့ပထမဆုံး လက်တင်ဘာသာနဲ့ ပေါ့ပ်အယ်လ်ဘမ် ထွက်ရှိခဲ့ပါတယ်။ အဲဒီအချိန်မှာ အဆိုတော် ခရစ္စတီးနားတစ်ယောက်ကမ္ဘာကျော်တဲ့အဆိုတော်အဖြစ် လူသိများခဲ့ပါတယ်။ သူမဟာ ၂ဝဝ၂ ခုနှစ်မှာတော့ Stripped လို့အမည်ရတဲ့ စတုတ္ထမြောက် စတူဒီယိုအယ်လ်ဘမ် ထွက်ရှိခဲ့ပါတယ်။သူမရဲ့ဒုတိယမြောက် တစ်ကိုယ်တော် တေးအယ်လ်ဘမ် ကတော့ Beautiful လို့ ခေါ်ပါတယ်။ ဒီတေးအယ်လ်ဘမ်ထွက်ပြီးတဲ့ နောက် ကမ္ဘာတစ် ဝန်းလူသိများတဲ့  အဆိုတော်ဖြစ်လာခဲ့ပါတယ်။ သူမရဲ့ ကမ္ဘာတစ်ဝန်း လူသိအများဆုံး တေးအယ်လ်ဘမ်သုံးခုကတော့ Ain't No Other Man, Hutနဲ့ Candyman တို့ပဲ ဖြစ်ပါတယ်။ သူမဟာ ယခုနှစ် နိုဝင်ဘာလမှာ Lotus လို့အမည်ရတဲ့ တေးအယ်လ်ဘမ်ထွက်ဖို့ ရှိပါ တယ်။ ဒီတေးအယ်လ်ဘမ်ဟာ သူမရဲ့ သတ္တမမြောက်စတူဒီယိုအယ်လ်ဘမ်ဖြစ်ပါတယ်။ အဆိုတော်ခရစ္စတီးနားဟာ အဆိုတော်ကြီး မက်ဒေါနားပြီးလျှင် ဒုတိယမြောက် တေးအယ်လ်ဘမ် ရောင်းအားအကောင်းဆုံး အဆို တော်ဖြစ်ပါတယ် ။ သူမဟာ ၂ဝဝဝ ပြည့်နှစ်မှစပြီး ၁ဝ နှစ်တာအတွင်း ထွက်ရှိသမျှ တေးအယ်လ်ဘမ်များရောင်းချခဲ့ရာမှာ ကမ္ဘာတစ်ဝန်းရောင်းချမှု တေးအယ်လ်ဘမ်ပေါင်း သန်း ၅ဝ ခန့်ရှိတယ်လို့ ဆိုပါတယ်။ ဒီ တေးအယ်လ်ဘမ်တွေကို ကြည့်ခြင်းအားဖြင့် ခရစ္စတီးနားဟာကမ္ဘာကျော်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ (ရိုက်တာ) 

စုစည်းဘာသာပြန်-အာကာကျော်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)