ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, September 21, 2012

>
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**စီရိုနယ်ဒို၏ နောက်ကျဂိုးကြောင့် ရီးရဲမက်ဒရစ်တို့အောင်ပွဲခံ**
(လန်ဒန် စက်တင်ဘာ ၁၉) ချန်ပီယံလိဂ်အုပ်စုပြိုင်ပွဲများကို စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းကစတင်ယှဉ်ပြိုင်ကစားခဲ့ရာ အုပ်စု(D)မှ ရီးရဲမက်ဒရစ်တို့ စီရိုနယ်ဒို၏ နောက်ကျဂိုးကြောင့် မန်စီးတီးကို အနိုင်ရလိုက်သည်။ ရီးရဲမက်ဒရစ်တို့အိမ်ကွင်းတွင် မန်စီးတီးအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရလိုက်ခြင်းကြောင့် တာထွက်ကောင်းခဲ့သည်။ မန်စီးတီးတို့ အဝေးကွင်းကစားခဲ့ရသော်လည်း ရီးရဲမက်ဒရစ်ကို အပြန်အလှန်ကစားခဲ့ရာ ပွဲချိန် ၆၉ မိနစ်တွင် ဒီဇီကိုက မန်စီးတီးအတွက် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့ သည်။ ယင်းဂိုးကိုမာဆယ်လိုက ပွဲချိန် ၇၆ မိနစ်တွင် ရီးရဲမက်ဒရစ်အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့သည်။ မန်စီးတီးတို့ ဦးဆောင်ဂိုးသွင်းနိုင်ရန်ထပ်မံကြိုးစားခဲ့ပြန်သည်။ ပွဲချိန် ၈၅ မိနစ်တွင် ကိုလာရော့ဗ်က မန်စီးတီးအတွက် ဒုတိယဂိုး သွင်းယူပေးခဲ့သည်။ သို့ သော်လည်း အိမ်ရှင်ရီးရဲမက်ဒရစ်အသင်းအတွက် ဘင်ဇီမာက ပြန်လည်ချေပဂိုးသွင်းယူခဲ့သည်။ ရီးရဲမက်ဒရစ်နှင့်မန်စီးတီးတို့ တစ်ဖက်နှစ်ဂိုးစီဖြစ်နေချိန်တွင် အနိုင်ဂိုးရရှိရေးအကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲချိန် မိနစ် ၉ဝ ပြည့် ခါနီးတွင် ရီးရဲမက်ဒရစ်အတွက် အနိုင်ဂိုးကို တောင်ပံကစားသမား စီရိုနယ်ဒိုက သွင်းယူပေးခဲ့သည်။ ရီးရဲမက်ဒရစ်တို့ ယင်းပွဲအနိုင်ရလိုက်၍ အုပ်စု (ီ)တွင် ထိုက်တန်သော ရမှတ်သုံးမှတ်ကို စုဆောင်းနိုင်ခဲ့သည်။ အခြားသော အုပ်စု (D) ပြိုင်ပွဲအဖြစ် ဒေါ့မွန်က အိမ်ကွင်းတွင် အေဂျက်ဇ်ကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ အုပ်စု (C) ပြိုင်ပွဲများအဖြစ် မာလာဂါအသင်းက ဇင်းနစ်ကို အိမ်ကွင်း၌ သုံးဂိုးသွင်းယူပြီး ဂိုးပြတ်အောင်ပွဲခံခဲ့သည်။ ယင်းနှင့် တစ်အုပ်စုတည်းဖြစ်သော အေစီမီလန်နှင့် အန်ဒါလက်ခ်ျတို့ပွဲတွင် ဂိုးမရှိ သရေပွဲဖြစ်ခဲ့သည်။ (အေအက်ဖ်ပီ)

** မားကွတ်ဇ်ကိုအလဲထိုးမည်**
ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီပက်ကွိုင်အောနှင့် မက္ကဆီကို လက်ဝှေ့သမား မန်နျူရယ်မားကွတ်ဇ်တို့သည် လာမည့် ဒီဇင်ဘာ ၈ ရက်တွင် စတုတ္ထအကြိမ်မြောက်အဖြစ် စိတ်မကျေပွဲထိုးသတ်ကြမည်ဖြစ်သည်။ ယင်းတို့ နှစ်ဦးသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ နောက်ဆုံးထိုးသတ်ခဲ့ကြသည်။ ယင်းပြိုင်ပွဲတွင် ပက်ကွိုင် အောက အငြင်းပွားဖွယ်အမှတ်ဖြင့် အနိုင်ရခဲ့သည်။ ယင်းတို့ နှစ်ဦးသည် ၂ဝဝ၄ ခုနှစ်တွင် တစ်ကြိမ်၊ ၂ဝဝ၈ ခုနှစ်တွင် တစ်ကြိမ်ဆုံ တွေ့ခဲ့ကြသည်။ ယခုတစ်ဖန် ယင်းတို့နှစ်ဦး သည် ဒီဇင်ဘာ ၈ ရက်တွင် စတုတ္ထအကြိမ်မြောက်အဖြစ် လက်စ်ဗီးဂတ်မြို့၌ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။ ယင်း ပြိုင်ပွဲတွင် ဖိလစ်ပိုင် လက်ဝှေ့သမား မန်နီပက်ကွိုင်အောက အလဲထိုးအနိုင်ယူသွားမည်ဟု ပြောကြားခဲ့သည်။  

**အာဆင်နယ်နှင့်ပေါ်တို အဝေးကွင်း၌ ရလဒ်ကောင်း** 
(လန်ဒန် စက်တင်ဘာ ၁၉) ချန်ပီယံလိဂ်အုပ်စုပြိုင်ပွဲများကို စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက စတင်ကစားခဲ့ရာ အုပ်စု (B)မှ အာဆင်နယ်က ပြင်သစ်ချန်ပီယံ မောင့်ပယ်လီယာအသင်းကို အဝေးကွင်း၌ နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရလိုက်သည်။ အာဆင်နယ်အသင်း၏ ယင်းအနိုင်ရရှိမှုသည် ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်တွင် (၁၅) ကြိမ်မြောက် အနိုင်ရမှုဖြစ်သည်။ ပြင်သစ်ချန်ပီယံ မောင့်ပယ်လီယာသည်ပွဲစပြီး ကိုးမိနစ်အကြာ ဘယ်လ်ဟန်ဒါက ပယ်နယ်တီမှတစ်ဆင့် သွင်းယူခဲ့သည်။ သို့သော်လည်း အာဆင်နယ်က ပထမပိုင်းမှာပင် နှစ်ဂိုးဆက်တိုက်သွင်းယူလိုက်၍ အိမ်ရှင် မောင့်ပယ်လီယာတို့ ကစားကွက်အနေအထားပျက်သွားသည်။ အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုးကို ပိုဒေါစကီးက ပွဲချိန် ၁၆ မိနစ်တွင် သွင်းယူခဲ့သည်။ ယင်း ဂိုးသွင်းပြီး နှစ်မိနစ်အကြာ အာဆင်နယ်တိုက်စစ်မှူး ဂါဗင် ဟိုက အနီးကပ် ဂိုးသွင်းယူခဲ့သည်။ အာဆင်နယ်နှင့် တစ်အုပ် စုတည်းကျသော ဂျာမန်ကလပ် ရှော်လ်ကေးက ဂရိကလပ် အိုလံပီယာကော့စ်ကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရလိုက်သည်။ အုပ်စု (A)ပြိုင်ပွဲများအဖြစ် ပြင်သစ်ကလပ် ပီအက်စ် ဂျီအသင်းနှင့် ဒိုင်နမိုကိဗ်တို့  ယှဉ်ပြိုင်ကစားခဲ့ရာတွင် ပီအက်စ်ဂျီ က လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရလိုက်သည်။
ပီအက်စ်ဂျီအသင်းအတွက် တိုက်စစ်မှူးအေဘရာမိုဗစ်ခ်ျက အကောင်းဆုံး ခြေစွမ်းပြကစားခဲ့သည်။ပီအက်စ်ဂျီအသင်းနှင့် တစ်အုပ်စုတည်းကျသော ပေါ်တူဂီကလပ်ပေါ်တိုက ခရိုအေးရှားကလပ် ဒိုင်နမို ဇာဂရက်ဇ်အသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရလိုက်၍ ပေါ်တိုတို့ အဝေးကွင်းရလဒ်ကောင်း ရရှိသွားသည်။ (ရိုက်တာ) 

** ဘလက်ဘန်းရှုံးပွဲမရှိ** 

ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲများကို စက်တင်ဘာ ၁၈ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ ဘလက်ဘန်းက ဘန်လေ အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရလိုက်၍ ယခုနှစ်အတွင်း ဘလက်ဘန်းတို့ ရှုံးပွဲမရှိ စံချိန်တင်ထားသည်။ ဒုတိယနေရာမှ ဘလက်ပူးလ်က မစ်ဒယ်ဘရော့ အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရလိုက်သည်။ ဘရိုက် တန်က ဝက်ဖို့ဒ်ကို တစ်ဂိုး-ဂိုးမရှိ၊ ဟူးလ်စီးတီးက လိဒ်ကို သုံးဂိုး-နှစ်ဂိုးဖြင့် အသီးသီးအနိုင်ရရှိထားသည်။ (အင်တာနက်)

 စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)