ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, September 18, 2012

>
-အဖြူရောင်စိန်နားကပ်လေးတစ်ဖက်-

ဒီနေ့ရာသီဥတုက နေလည်းအရမ်းမပူပဲ အုံ့အုံ့ဆိုင်းဆိုင်းလေးနဲ့ သာသာယာယာလေးဖြစ်နေပါတယ်။ မနက်ခင်းမှာ ရုံးသွားဖို့ဘက်စ်ကားမှတ်တိုင်မှာကားစောင့်ရင်း စီးနေကျကားလိုင်းက ဘက်စ်ကားရောက်လာတာမို့ ကားပေါ်အပြေးအလွှားတက်ပြီး လွတ်တဲ့ခုံလေးမှာ ၀င်ထိုင်လိုက်ပါတယ်။ ကားပေါ်ရောက်ပြီး ခဏကြာတော့ စပယ်ယာရဲ့အသံနဲ့အတူ ဟိုအသံ ဒီအသံတွေ ညံလွန်းနေတဲ့ကြားထဲ ရှေ့ထိုင်ခုံက ချာတိတ်မလေးနှစ်ယောက်ရဲ့ ခေတ်သမီးပျိုတို့ထုံးစံအတိုင်း တွတ်ထိုးသံက ဇရပ်သံလေးတွေလို တစီစီနဲ့ ကျွန်မနားထဲ ရောက်ရောက်လာတယ်။ သူတို့ပြောသမျှကြားနေရတဲ့ကျွန်မအဖို့ သူတို့ပြောတဲ့ကပေါက်တိကပေါက်ချာတွေထဲမှာ တခါတခါလိုက်ပြုံးမိလို့။ ဟိုအကြောင်းဒီအကြောင်းပြောနေကြရင်းကနေ အဲဒီကောင်မလေးနှစ်ယောက်ထဲကတစ်ယောက်က ဘေးကသူ့သူငယ်ချင်းမလေးကို “ဟဲ့ ငါ့နားကိုကြည့်” ဆိုပြီး သူ့ဘယ်ဘက်နားရွက်လေးကိုလက်ညှိုးလေးနဲ့ထိုးပြရင်း ပြောလိုက်ပါတယ်။ ကျွန်မကိုပြောတာမဟုတ်ပေမယ့် ကျွန်မမျက်လုံးကလည်း အလိုလိုသူမရဲ့ဘယ်ဘက်နားရွက်လေးဆီ ရောက်သွားပါတယ်။ သူမလက်ညှိုးလေးက သူမနားပေါ်က အဖြူရောင်ကျောက်တစ်လုံးနားကပ်သေးသေးလေး ဆီညွှန်ပြလို့။ အဲဒီနားကပ်ကလေးကို သူမဘယ်ဘက်နားရွက်မှာရှိတဲ့ နားပေါက်နှစ်ပေါက်ထဲက အပေါ်ပေါက်ကလေးမှာ ၀တ်ဆင်ထားပါတယ်။ ပြီးတော့ တစ်ဆက်တည်းမှာပဲ အဲဒီကောင်မလေးပြောလိုက်တာက “သူလက်ဆောင်ပေးထားတာလေ” တဲ့ ~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~
 လေနုအေးလေးတွေတိုက်ခတ်နေတဲ့ ကြည်ကြည်လင်လင်ညနေခင်းလေး ... ကန်ရေပြင်ဘေးကမြတ်ခင်းပေါ်မှာ ချစ်သူကောင်မလေးက ချစ်သူကောင်လေးရဲ့ပုခုံးလေးပေါ် ခေါင်းလေးမှီရင်းထိုင်နေကြတဲ့ စုံတွဲလေးတစ်တွဲ “မောင်” “ပြောလေ သဲ” “မောင့်ကိုခွင့်တောင်းစရာရှိလို့” “ကဲ-ပြော ဘာတွေခွင့်တောင်းမလို့တုန်း” ဆိုတဲ့ကောင်လေးရဲ့ရယ်သံတစ်ဝက်စွက်တဲ့မေးသံအဆုံးမှာ “ဟိုလေ သိပ်တော့အရေးမကြီးပါဘူးမောင်ရယ်.. သဲ နားပေါက်ဖောက်ချင်လို့ပါ“ “ဟင် သဲကလည်း သဲမှာနားပေါက်မရှိလို့လား ပြပါအုံး မောင်တွေ့မိပါတယ်” “အာ - မောင်ကလည်းးးးး အဲဒါကိုပြောတာမဟုတ်ဘူးလေ.. ဘယ်ဘက်နားပေါက်ရဲ့အပေါ်နားမှာ နောက်တစ်ပေါက်ထပ်ဖောက်ချင်တာ... အဲလိုဖောက်ပြီးရင် အဖြူရောင်ကျောက်တစ်လုံးနားကပ်သေးသေးလေး ၀တ်ချင်လို့” “သြော် မသိဘူးလေ သဲရယ် .. သဲကအဲလိုဝတ်ရတာ သဘောကျလို့လား” “အင်း အရမ်းသဘောကျတယ်.. ဟိုအရင်ကတည်းက အဲလိုဝတ်ချင်ခဲ့တာ” “နားလည်၏.. မောင်လည်းအရင်က အဲဒါမျိုးတွေကို crazy ဖြစ်ခဲ့ဖူးပါတယ်” “ဟုတ် နားကပ်လုပ်ဖို့ပိုက်ဆံလည်းစုထားတယ်.. အခုပြည့်ဖို့သိပ်မလိုတော့ဘူးလေ.. အဲဒါမောင့်ကိုကြိုပြောပြထားတာ” “အင်းး.. ဒါဆို ဒီလိုလုပ်.. သဲအရမ်းဝတ်ချင်တဲ့အဲဒီနားကပ်လေးကိုဝတ်.. ဒါပေမယ့် အခုတော့မ၀တ်နဲ့အုံး.. အဲဒီနားကပ်လေးကို မောင်လက်ဆောင်ပေးမယ်.. သဲစုထားတဲ့ပိုက်ဆံကို လိုတဲ့အခါသုံးဖို့ထားလိုက်တော့.. အဲဒီနားကပ်လေးကို အဖြူရောင်ရိုးရိုးကျောက်နဲ့မဟုတ်ပဲ စိန်ပွင့်လေးနဲ့လုပ်ပေးမယ်.. လောလောဆယ် မောင့်မှာပိုက်ဆံလုံလုံလောက်လောက်မရှိသေးလို့ စုလိုက်အုံးမယ်ကွာ.. အဲဒီအတွက် သဲကလည်းခဏစောင့်ပေး” “အာ- မောင်ကလည်း သဲမှာရှိပါတယ်” “သဲမှာရှိတာမောင်သိတယ်လေ.. ဒါပေမယ့် သဲနှစ်သက်တဲ့နားကပ်လေးကို မောင်ကလက်ဆောင်ပေးတယ်.. သဲက မောင်လက်ဆောင်ပေးတဲ့နားကပ်လေးကို အမြဲတမ်းဝတ်ထားမယ်.. အမှတ်တရပေါ့သဲရယ် .. ငြင်းမနေပါနဲ့တော့.. ဟုတ်ပြီနော် မောင့်အရူးမလေး” စကားအဆုံးမှာချစ်သူ့မျက်နှာကိုကြည့်ပြီး ချစ်စဖွယ်အပြုံးလေးနဲ့ခေါင်းငြိမ့်လိုက်တဲ့ ကောင်မလေးးးးး ~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~~~~ ။ ~~~~~~~~~~~~~~ 
“ကျွီ” 
ဘရိတ်နင်းသံနဲ့အတူ 
ကျွန်မဟန်ချက်ပျက်သွားပါတယ်။
 ရှေ့ခုံကိုကြည့်လိုက်တော့ ခုနချာတိတ်မလေးနှစ်ယောက်တောင် မရှိတော့ဘူး။ အခုရပ်ထားတာက မီးပွိုင့်တစ်ခုမှာ။ ဘယ်နားကမီးပွိုင့်ပါလိမ့်? “ ................... မှတ်တိုင်ပါတယ် ဆရာရေ့” ဆိုပြီး အော်လိုက်တဲ့စပယ်ယာရဲ့အသံအဆုံးမှာ ကျွန်မအလန့်တကြားနဲ့ဘေးဘီကြည့်လိုက်တော့... အောင်မလေး စိုင်းစိုင်းသီချင်းလိုပဲ သေပြီဆရာ ကျွန်မဆင်းရမယ့်မှတ်တိုင်တောင် ကျော်လာပါပေါ့လား။ အတွေးရေယာဉ်ကြောမှာမျောမိတဲ့ကျွန်မ ကမန်းကတန်းထိုင်ခုံကထရင်း ရပ်တဲ့မှတ်တိုင်မှာဆင်းလိုက်ပါတယ်။ စောစောစီးစီး တစ်မှတ်တိုင်စာကျော်ကျော် နောက်ပြန်လျှောက်ရတော့မှာပါလားတွေးရင်း လက်ကနာရီကိုကြည့်ပြီး ရုံးချိန်မှီအောင်သုတ်ခြေတင်ရပါတော့တယ်... လမ်းလျှောက်နေရင်းကနေ ကျွန်မရဲ့ဘယ်ဘက်လက်က ကျွန်မရဲ့ဘယ်ဘက်နားရွက်လေးပေါ်မှာ ဘယ်တုန်းကမှမပန်ဆင်ဖြစ်ခဲ့တဲ့ “အဖြူရောင်စိန်နားကပ်လေးတစ်ဖက်” ဆီသို့ .................. “ချစ်သူတွေကြားမှာ ကတိ တွေမလိုပါဘူးလေ အဲဒီအစား ပြောခဲ့တဲ့စကားတွေကို တန်ဖိုးထားအမှတ်ရနေဖို့ပဲလိုပါတယ် မောင်” .............................................................................
 **မာယာဖြူ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)