-လူထုကျန်းမာရေး(နံနက်စောစောနှင့်  ညနေပိုင်းအချိန်ကလေးငယ်များ နေရောင် ခြည်ထိတွေ့ပေးသင့်)-
**Public Health**(နယူးယောက် စက်တင်ဘာ ၁၈) ကလေးငယ်များအား နံနက်နှင့်ညနေပိုင်းတို့တွင် နေရောင်ခြည်ထိတွေ့ စေကာ ကိုယ်လက်လှုပ်ရှားကစားစေပါက အရိုးကျန်းမာခြင်းနှင့် ဦးနှောက်ဖွံ့ဖြိုးမှုကို ထိရောက်စွာ အကျိုးပြုစေကြောင်း အမေရိကန်ဆေးဘက်ဆိုင်ရာသုတေသနပညာ ရှင်များက ပြောကြားသည်။ အသက် ခုနစ်နှစ်နှင့် သုံးနှစ်အကြား ကလေးငယ်များအား နံနက်အစောပိုင်းနှင့်  ညနေ ၄ နာရီနောက်ပိုင်းတို့တွင် နေရောင်ခြည်ထိတွေ့ကာ ကိုယ်လက် လှုပ်ရှားမှုပြုလုပ်ပေးခြင်းသည် ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် အရိုးသန်မာမှုတို့ကို ဖြစ် စေသည်ဟု ၄င်းတို့က အကြံပြုထားသည်။ ထို့အပြင် အပေါင်းအဖော်များနှင့်အတူ နေရောင်ခြည်ထိတွေ့ကာ ကစား စေခြင်းသည် ဦးနှောက်နဗ်ကြောများ နိုးကြားသန်စွမ်းစေကြောင်း၊ နေရောင်ခြည် တွင်ပါဝင်သော ဗီတာမင်ဒီက ခန္ဓာကိုယ်အတွင်း အရိုးများသန်မာမှုအပြင် ဆဲလ်များပျက်စီးမှုကိုလည်း ကာကွယ်ပေးနိုင်ကြောင်း ၄င်းတို့က ပြောကြားသည်။ သို့သော်ကလေးငယ် များအား နံနက် ၁ဝ နာရီမှ ညနေ ၄ နာရီအချိန် အတွင်း ပြင်းပြသော နေရောင်ခြည်ထိတွေ့မှုမှ ရှောင်ကြဉ်သင့်ကြောင်းလည်း အကြံ ပြုထားသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မောင်ချစ်ကြည်

No comments:
Post a Comment