**Public Health**
အသင့်စားသုံးနိုင်သည့် အစားအစာများကို စားသုံးခြင်းသည် သွေးအတွင်း ကိုလက်စထရောများပြားစေပြီး သွေးပေါင်ချိန်လည်း မြင့်တက်ကာ ဦးနှောက်ထိခိုက်မှုပါ ဖြစ်စေတတ်ကြောင်း ဗြိတိန်နိုင်ငံမှကျန်းမာရေးဆိုင်ရာ သုတေသနပညာရှင်များက ပြောကြားသည်။အသင့်စားသုံးနိုင်သည့် ဟမ်ဘာဂါ၊ ခေါက်ဆွဲထုပ်နှင့် အခြားအမြန်စားသုံး၍ရသောအစားအစာ များတွင်ပါသော ဓာတ်အချို့က ဦးနှောက်အတွင်းသို့ သွေးပုံမှန်လည်ပတ်မှုကို ထိခိုက်ပျက်စီးစေကြောင်း၊ ထိုသို့ဦးနှောက်အတွင်းသို့ သွေးပုံမှန်မရောက်ရှိပါကဦးနှောက် ထိခိုက်မှုဖြစ်စေကြောင်း ၄င်းတို့က ပြောကြားသည်။အသင့်စားသုံးနိုင်သော အစားအစာများတွင် သကြားဓာတ်များစွာပါဝင်သော အစားအစာများမှာ ခန္ဓာကိုယ်အတွင်းရှိ အင်ဆူလင်ထုတ်ပေးမှုကို ထိခိုက်စေသည်။
တစ်ဖန် အဝလွန်မှုကိုဖြစ်စေကာ ဆီးချိုရောဂါလည်း ဆက်စပ်ဖြစ်ပွားစေတတ်သည်ဟု ဆိုသည်။အင်ဆူလင်သည် ဦးနှောက်အတွင်းမှတ်Óဏ်နှင့် လေ့လာသင်ကြားမှုများကို ကောင်းမွန်စေရန် ဦးနှောက်ဆဲလ်များနှင့် သွေးများအကြား အထောက်အကူပြုပေးနိုင်သည်။ တစ်ဖန် အင်ဆူလင်သည် သွေးနှင့် အောက်ဆီဂျင်ကို ဦးနှောက်အတွင်းသို့ သယ်ဆောင်ပေးရာတွင်လည်း အထောက်အကူပြုသည်။ ထို့အပြင် အသင့်စား အစားအစာများသည် အယ်လ်ဇိုင်းမားရောဂါကိုလည်း ဖြစ်ပွားစေနိုင်ကြောင်း ၊၄င်းအစားအစာများတွင်ပါဝင်သော တာရှည်ခံ ဓာတုဆေးဝါးများနှင့်အချိုဓာတ်လွန်ကဲမှုများ၊ အရောင်ဆိုးဆေးများ၏ ဆိုးကျိုးအာနိသင်များကြောင့် ဦးနှောက်ဆဲလ်များနှင့် နာ့ဗ်ကြောများကို ထိခိုက်စေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ (အင်တာနက်)
-လူထုကျန်းမာရေး(အသင့်စားသုံးနိုင်သော အစားအစာများဦးနှောက်ထိခိုက်မှုကို ဖြစ်ပွားစေနိုင်)-

No comments:
Post a Comment