** ရော်နယ်ဒင်ဟို ပါဝင်ကစားရန်ဘရာဇီးဘောလုံးအဖွဲ့  ချုပ် ဆန္ဒရှိနေ*
(ရီယိုဒီဂျနေးရိုး သြဂုတ် ၃ဝ) ဘရာဇီးလက်ရွေးစင်ဘောလုံးအသင်းတွင် ပါဝင်ကစားရန် ရော်နယ်ဒင်ဟို အား တံခါးဖွင့်ပေးထားဆဲဖြစ်ကြောင်း ဘရာဇီးဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဂျို့မာရီ ရာမာရင်က သြဂုတ် ၃ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ လောလောဆယ် ၂ဝ၁၄ ကမ္ဘာ့ဖလားနှင့် ခြေစမ်းပွဲများ ကစားရန် ဘရာဇီး အသင်း၌ လူရွေးမှုများ ပြုလုပ်လျက်ရှိရာ ဘရာဇီးပရိသတ်များက ရော်နယ် ဒင်ဟိုအား ပါဝင်ကစား စေလိုသည့် ဆန္ဒရှိနေသည်။ ဘရာဇီးဘောလုံးအဖွဲ့ချုပ်သို့ လည်း ရော်နယ်ဒင်ဟိုအား ထည့်သွင်းရန် ပရိသတ်များက ဆန္ဒပြုစာများ ပေးပို့လျက် ရှိသည်။အသက် ၃၂ နှစ်အရွယ်ရှိ ရော်နယ်ဒင်ဟိုသည် လောလောဆယ်တွင် အက် သလက်တီကိုအသင်း၌ ကစားနေပြီး ဘရာဇီး ဘောလုံးအဖွဲ့ချုပ်က ဘရာဇီးအသင်း၌ ပါဝင်ကစား စေလိုသည့်ဆန္ဒရှိနေသည်။ ရော်နယ်ဒင်ဟိုကလည်း ဘရာဇီးအသင်း၌ ကစားရန် ဆန္ဒရှိနေဆဲဖြစ်သည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)၏ တစ်နှစ်တာ အကောင်းဆုံးဘောလုံး သမားဆု နှစ်ကြိမ်ရရှိခဲ့ဖူးသည့် ရော်နယ်ဒင်ဟိုသည် ဘရာဇီးအမျိုးသားလက်ရွေးစင် အသင်း၌ စုစုပေါင်း ၉၉ ပွဲ ကစားပေးခဲ့ပြီး ၃၃ ဂိုး သွင်းယူပေးထားခဲ့သည့် ကွင်းလယ် တိုက်စစ်ကစားသမားတစ်ဦးဖြစ်သည်။ (အင်တာနက်)
**တရုတ်ရုပ်ရှင်မင်းသမီးချန်ဟို ဇာတ်လမ်းတွဲသစ် ရိုက်ကူးမည်**
(ပေကျင်း သြဂုတ် ၃ဝ) တရုတ်ရုပ်ရှင်မင်းသမီး ချန်ဟို(Chen Hao)၏ ရုပ်မြင်သံကြားဇာတ်လမ်းတွဲသစ်ဖြစ်သည့် Stories From The Editorial Board ဇာတ်ကားကို တရုတ်နိုင်ငံ၌ မကြာမီက ထုတ်လွှင့်ပြသခဲ့ရာ အောင်မြင်မှုရရှိခဲ့သဖြင့် ရုပ်ရှင်ကားသစ်တစ်ကားကို ထပ်မံရိုက်ကူးရန် စီစဉ်နေပြီဖြစ်သည်။အသက် ၃၂ နှစ်ရှိသည့် ရုပ်ရှင်မင်းသမီးချန်ဟိုသည် တရုတ်ရာဇဝင် ဇာတ်ကားသစ်တွင်ပါဝင်သရုပ်ဆောင်မည်ဖြစ်ရာ ယင်းဇာတ်ကားကို ၂ဝ၁၂ ခုနှစ်ကုန်၌ စတင်ရိုက်ကူးရန် စီစဉ် လျက်ရှိသည်။ နောက်ဆုံးရိုက်ကူးရုပ်ရှင်မင်းသမီးချန်ဟိုသည် Three Kingdoms Diaochan အမည်ရှိ ရာဇဝင် ရုပ်ရှင်ဇာတ်လမ်းတွဲကို နောက်ဆုံးရိုက်ကူးခဲ့ပြီးနောက် ၂ဝ၁၁ ခုနှစ်၌ Stories From The Editorial Board ဇာတ်ကားကို ရိုက်ကူးပြီး ယခုနှစ်၌ ပြသခဲ့ခြင်းဖြစ်သည်။သူမသည် ရုပ်ရှင် ကားသစ် တစ်ကားကို ၂ဝ၁၃ ခုနှစ်၌ ရိုက်ကူးရန်လည်း ရှိနေပြီးယင်းရုပ်ရှင်ကားမှာ Ting Dust, True Love ရုပ်ရှင်ကားပြီးနောက်ပိုင်း ပထမဆုံးရိုက်ကူးမည့် ဇာတ်ကားဖြစ်သည်။ (အင်တာနက်)
**၂ဝ၁၄ ခုနှစ် ကမ္ဘာ့ ဖလားခြေစစ်ပွဲများကစားရန်ပြင်သစ်အသင်း၌ အီဗရာ၊ ရစ်ဘာရီနှင့်  ဘင်ဇီမာတို့ပါဝင်**
(ပါရီ သြဂုတ် ၃ဝ) ၂ဝ၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရန်အတွက် ပြင်သစ်နည်းပြ ဒက်ချန့်စ်ကဘောလုံးသမား ၂၃ ဦးစာရင်းကို သြဂုတ် ၃ဝရက်တွင်ထုတ်ပြန်လိုက်ပြီဖြစ်သည်။ပြင်သစ်အသင်းသည်ခြေစစ်ပွဲအဖြစ်ဖင်လန်အသင်း နှင့်ဟယ်လ်ဆင်
ကီမြို့တွင် စက်တင်ဘာ၇ ရက်၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ တစ်ဖန်ဘီလာရုစ်အသင်းနှင့် စက်တင်ဘာ ၁၁ ရက်၌ဆက်လက်ယှဉ်ပြိုင်ကစားရန်ရှိသည်။ ထို့ကြောင့် နည်းပြ ဒက်ချန့်စ်က ပြင်သစ်ဘောလုံးအသင်းအတွက် ကစားသမားကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။ အဆိုပါ ကစားသမားများမှာ-ဂိုး-ဟူဂိုလောရစ်၊ မင်ဒင်ဒါ၊ လန်ဒရီအူတို့ဖြစ်ပြီး နောက်တန်းကစားသမားများအဖြစ် ဂျယ်လက်၊ မာမာဒူဆာဒို၊ ရန်ဂါအမ်ဘီဝါ၊ ကလစ်ချီ၊ အီဗရာ၊ လောရင့်၊ ရာမီ၊ ရီဗီလီရီတို့ဖြစ်သည်။ ကွင်းလယ်ကစားသမားများအဖြစ် ကာပူး၊ ဂိုနာလန်၊ ရီရိုမာဗူဘာ၊ မာတေးဒီ၊ ယိုဟန်ကာဘာရီ၊ ဒီရာဘီ၊ဗယ်ဘူနာ၊ ရစ်ဘာရီ၊ မင်နက်စ်တို့ပါဝင်သည်။ တိုက်စစ်မှူးများအဖြစ် ဘင်ဇီမာ၊ အိုလီဗာဂီရော့ဒ်နှင့် ဂိုမက်ဇ်တို့ပါဝင်သည်။ (အင်တာနက်)
**ဒဗလျူဘီစီစူပါဝိ တ်ချန်ပီယံ ခါးပတ်လုပွဲအယ် ဗာရက် ဇ်နှင့်  လိုပက်ဇ်တို့  ထိုးသတ်မည်** (ဆန်တာမိုနီကာ သြဂုတ် ၃ဝ) ဒဗလျူဘီစီစူပါဝယ်လ်တာဝိတ် ချန်ပီယံခါးပတ်လုပွဲအဖြစ် အယ်ဗာရက်ဇ်နှင့်ဂျို့စီတိုလိုပက်ဇ်တို့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာမိုနီကာမြို့၌ စက်တင်ဘာ ၁၅ ရက်တွင် ယှဉ်ပြိုင်ထိုးသတ်တော့မည်ဖြစ်သည်။ မက္ကဆီကိုလက်ဝှေ့သမား ကာနီလိုအယ်ဗာရက်ဇ်သည် လက်ဝှေ့ပွဲပေါင်း၄၁ ထိုးသတ်ခဲ့ရာ ပွဲ ၄ဝနိုင်ပြီး တစ်ပွဲသာရှုံးနိမ့်ထားသည်။ နိုင်ပွဲ ၄ဝ အနက် ၂၉ ပွဲမှာ ဒိုင်ပွဲရပ်များဖြစ်သည်။ မိမိသည် လိုပက်ဇ်နှင့် ထိုးသတ်မည့်ပွဲအတွက် သီတင်းရှစ်ပတ်အကြာ လေ့ကျင့်နေကြောင်း ကာနီလိုအယ်ဗာရက်ဇ်က ပြောကြားသည်။ပြိုင်ဘက် ဂျို့စီတိုလိုပက်ဇ်သည် လက်ဝှေ့ပွဲပေါင်း ၃၄ ပွဲ ထိုးသတ်ခဲ့ရာပွဲပေါင်း ၃ဝ နိုင်ပြီး လေးပွဲသရေကျထားသည့် မှတ်တမ်းရရှိထားသူဖြစ်သည်။ နိုင်ပွဲ ၃ဝ အနက်၁၈ပွဲမှာဒိုင်ပွဲရပ်များဖြစ်သည်။မိမိသည်ကာနီလိုအယ်ဗာရက်ဇ်နှင့်ယှဉ်ပြိုင်ထိုးသတ်ရန်အသင့်
ရှိနေပြီဖြစ်ကြောင်း ဂျို့စီတိုလိုပက်ဇ်က ပြောကြားသည်။လိုပက်ဇ်သည် ပြီးခဲ့သည့် ဇွန်လက ဗစ်တာအော်တစ်ဇ်နှင့် ယှဉ်ပြိုင်ထိုး သတ်ခဲ့ရာ ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့သူဖြစ်သည်။ ယင်းလက်ဝှေ့ပွဲ ထိုးသတ်ပြီးနောက်လက်ဝှေ့ပွဲများ ရပ်နားထားပြီး လေ့ကျင့်မှုများပြုလုပ်ကာ လာမည့်စက်တင်ဘာ၁၅ ရက်၌ ကာနီလိုအယ်ဗာရက်ဇ်နှင့် ထိုးသတ်ရန်ပြင်ဆင်နေခြင်းဖြစ်သည်။ (အင်တာနက်)
**(၆၉) ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော်စတင်ဖွင့်လှစ်**
(၆၉) ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော်ကို အီတလီနိုင်ငံ ဗင်းနစ်မြို့၌ သြဂုတ် ၂၉ ရက်က ဖွင့်လှစ် လိုက်ပြီဖြစ်သည်။ ဗင်းနစ်ရုပ်ရှင်ပွဲတော်သို့ နိုင်ငံတကာမှ နာမည်ကျော် အနုပညာရှင်များ တက်ရောက်ခဲ့ကြ သည်။ (အောက်ပုံ) ထိုသို့ နာမည်ကျော်အနုပညာရှင်များအနက် အမေရိကန်ဒါရိုက်တာ ဘရိန်းဒီပါလ်မား၊ ရုပ်ရှင်မင်းသမီး ကိတ်ဟုဒ်ဆင်၊ ရုပ်ရှင်မင်းသမီး ဆီလီနာဂိုမက်ဇ်နှင့် ရိုင်ဒါတို့လည်း တက်ရောက်ခဲ့ကြ သည်။ ထို့အပြင် အာရှမှ ဂျပန်ဒါရိုက်တာတာကီရှီကီတာနိုနှင့် တောင်ကိုရီးယား ဒါရိုက်တာကင်ကီဒက် တို့လည်း တက်ရောက်ခဲ့ကြသည်။ယခုရုပ်ရှင်ပွဲတော်၌ ဆန်ခါတင်ရွေးချယ်ထားသည့် ရုပ်ရှင်ကား ၁၈ ကားအနက်မှ ရုပ်ရှင်ရွှေခြင်္သေ့ဆုများ စိစစ်ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်သည်။ ယခု ဗင်းနစ်ရုပ်ရှင်ပွဲတော်ကို သြဂုတ် ၂၉ ရက်မှ စက်တင်ဘာ၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ နေ့စဉ်ရွေးချယ်ထားသည့် ရုပ်ရှင်ကားများကို ပြသသွားမည်ဖြစ် သည်။ ယခု ဗင်းနစ်ရုပ်ရှင်ပွဲတော်သို့ အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာများ ရိုက်ကူးထားသော ရုပ်ရှင်ကား ၂၁ ကားအပါအဝင် ရုပ်ရှင်ကားပေါင်း ၅၂ ကား ပါဝင်ဆင်နွှဲခဲ့ကြသည်။ ယင်းရုပ်ရှင်ကားများအနက်မှ ဆန်ခါတင်ရုပ်ရှင်ကား ၁၈ ကား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။(၆၉) ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော် ရုပ်ရှင်ဆုများရွေးချယ်ရာတွင် အမေရိကန်ဒါရိုက်တာနှင့်ဇာတ်ညွှန်းရေးဆရာလည်းဖြစ်ပြီး ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးလည်းဖြစ်သည့် မိုက်ကယ်မင်း၊ ပြင်သစ်နိုင်ငံမှရုပ်ရှင်မင်းသမီးနှင့် မော်ဒယ်ဖြစ်သူ ကတ်စတား၊ ဗြိတိန်နိုင်ငံမှ ရုပ်ရှင်မင်းသမီး ဆမ်မင်သာနော်တန်နှင့်ဟောင်ကောင်မှ ရုပ်ရှင်ဒါရိုက်တာ ပီတာချန်တို့က ဦးဆောင်ပါဝင်ရွေးချယ်ကြမည်ဖြစ်သည်။ယခုကျင်းပသည့် (၆၉)ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော်သို့ တူနီးရှား အမျိုးသမီးဒါရိုက်တာဟင်ဒီဘူဂျီမား ပထမဆုံးရိုက်ကူးထားသည့် '' It Was Better Tomorrow '' ပါဝင်ဆင်နွှဲသည်မှာ ထူးခြားသည်။ တူနီးရှား၏ပထမဆုံး အမျိုးသမီး ဒါရိုက်တာတစ်ဦး၏ ရုပ်ရှင်ကားအဖြစ် ပါဝင်ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။ (အင်တာနက်)
**တောင်ကိုရီးယား ရုပ် ရှ င်မင်းသားနှင့်  အဆိုတော် လီဆောင်ဂီ...စင်ကာပူ နိုင်ငံ၌ တေးဂီတဗီဒီယိုကား မိတ်ဆက်ပွဲ ပြုလုပ်**
(စင်ကာပူ သြဂုတ် ၃ဝ)
တောင်ကိုရီးယား ရုပ်ရှင်မင်းသားနှင့်အဆိုတော် လီဆောင်ဂီသည် စင်ကာပူနိုင်ငံသို့ရောက်ရှိ နေပြီး စင်ကာပူပရိသတ်များနှင့် တွေ့ဆုံပွဲများ ပြုလုပ်လျက်ရှိသည်။အသက် ၂၅ နှစ်အရွ ယ်ရှိ ရုပ်ရှင်မင်းသားနှင့် အဆိုတော်လီဆောင်ဂီ သည်စင်ကာပူ၌ သူ၏ တေးဂီတဗီဒီယိုကို ပရိသတ်များနှင့် မိတ်ဆက်ရန်အတွက် စင်ကာပူနိုင်ငံသို့
ရောက်ရှိကာ ပရိသတ်များနှင့် တွေ့ဆုံနေခြင်းဖြစ်သည်။လီဆောင်ဂီ၏ တေးဂီတဗီဒီယိုမှာ Time for Love အမည်ရှိ တေးဂီတဗီဒီယိုဖြစ်သည်။သူသည် ပြီးခဲ့သည့်နှစ်ကလည်း Aren’t We Friends အမည်ရှိ တေးဂီတဗီဒီယိုကိုလည်း ထုတ်လုပ်ဖြန့်ချိခဲ့သည်။ လီဆောင်ဂီသည် ၂ဝဝ၇ ခုနှစ်မှစတင်ကာ တေးဂီတဗီဒီယိုများကို နှစ်စဉ် ရိုက်ကူး
ထုတ်လုပ်နေခြင်း ဖြစ်သည်။ ရုပ်ရှင်မင်းသား လီဆောင်ဂီ ပါဝင်သရုပ်ဆောင်ထားသည့် The King 2 Hearts ဇာတ်ကားကိုလည်း မကြာမီက တောင်ကိုရီးယားနိုင်ငံတစ်ဝန်း အမ်ဘီစီရုပ်မြင်သံကြားလိုင်းမှ ထုတ်လွှင့်ပြသခဲ့သည်။ ယင်းရုပ်ရှင်ကားတွင် လီဂျေးဟာ၊ ဟာဂျီဝမ်၊ လီယောင်ဂျီနှင့် ချိုဂျန်ဆော့တို့ပါဝင်သရုပ်ဆောင်ထားကြသည်။ ရုပ်ရှင်မင်းသားနှင့် အဆိုတော် လီဆောင်ဂီသည် ယခုနှစ်၌ Seoul Music Awards Popularity ဆုကို ချီးမြှင့်
ခံခဲ့ရသည်။ (အင်တာနက်) **ဘရာဇီးလ်ဂိုးသမား ဂျူလီယိုဆီဇာ ကျူပီအာနှင့် စာချုပ်လိုက်ပြီ**
( လန်ဒန် သြဂုတ် ၃ဝ)
ဘရာဇီးလ်ဂိုးသမား ဂျူလီယိုဆီဇာသည် ကျူပီအာအသင်းနှင့် လေးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်အား အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ သြဂုတ် ၃ဝရက်က စာချုပ်ရန် သဘောတူလိုက်ပြီဖြစ်ကြောင်း ကျူပီအာ အသင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။အသက် (၃၂)နှစ်အရွယ်ရှိပြီဖြစ်သော ဘရာဇီးလ်ဂိုးသမား ဂျူလီယိုဆီဇာသည်
အီတလီအင်အားကြီးကလပ် အင်တာမီလန်အသင်းမှ ထွက်ခွာခဲ့ပြီးနောက်လက်ရှိတွင် ပရီမီယာလိဂ်ကလပ် ကျူပီအာအသင်းနှင့် စာချုပ်ရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ဂျူလီယိုဆီဇာသည် အင်တာမီလန်အသင်းတွင် ခုနစ်နှစ်ကြာ လက်စွမ်းပြကစားခဲ့ပြီး အင်တာမီလန်အသင်းနှင့် အတူ ချန်ပီယံလိဂ်ဖလားတစ်ကြိမ်နှင့်စီးရီးအေဖလား ငါးကြိမ်တို့ကို ရရှိရေးစွမ်းဆောင်ပေးခဲ့သည်။ပရီမီယာလိဂ်သည် ကမ္ဘာတွင် အကောင်းဆုံးပြိုင်ပွဲတစ်ခုဖြစ်ပြီး ကစားသမားတိုင်းကလည်း ပရီမီယာလိဂ်တွင် ခြေချချင်ကြ
ကြောင်း ဖွင့်ဟနေကြပြီး မိမိသည်လည်း ပရီမီယာလိဂ်ကလပ် ကျူပီအာအသင်းသို့လာရောက်ကစားခွင့်ရရှိ၍ ပျော်ရွှင်ကြောင်းဂိုးသမား ဂျူလီယိုဆီဇာက ပြောကြားခဲ့သည်။ကျူပီအာ အသင်းမန်နေဂျာ မာ့ဟုခ်ျက
လည်း ဂျူလီယိုဆီဇာကဲ့သို့သော တစ်ဦးချင်းစွမ်းဆောင်ရည် ပြည့်ဝသည့်ဂိုးသမားတစ်ဦးကို ရရှိခဲ့သည့်
အတွက် ဝမ်းမြောက်မိကြောင်းနှင့် ရာသီသစ်တွင်ကျူပီအာအသင်းအောင်မြင်မှုရရှိနိုင်ကြောင်း ပြောကြား
ခဲ့သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

No comments:
Post a Comment