ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, September 26, 2012

>
-အချစ်ဟာ ကစားပွဲမဟုတ်ပါ -
Don't play with love , it is dangerous.“အချစ်နဲ့ မကစားပါနဲ့ အန္တရာယ် ရှိတယ်” လူသားတွေရဲ့ ဘဝရှင်သန်မှု မှာလိုအပ်ချက်တွေအများကြီးရှိနေမှာ ပါပဲ။ တချို့က ငွေကြေးလိုအပ် တယ်။ တချို့က ရာထူးလိုအပ် တယ်။ တချို့က အောင်မြင်မှုလို အပ်တယ် အစရှိသဖြင့်ပေါ့။ ဒါပေမဲ့ အဲဒီလို ငွေကြေး၊ ရာထူး၊ အောင်မြင်မှုတွေက အမြဲတည်တံ့ ခိုင်မြဲနေမယ့်အရာတွေမဟုတ်ကြပါ ဘူး။ ဒီကမ္ဘာမှာ အမြဲတည်တံ့ ခိုင်မြဲနေမယ့် အရာတစ်ခုပဲရှိပါ တယ်။ “ချစ်ခြင်းမေတ္တာ”ပါ။ ချစ်ခြင်းမေတ္တာဟာ အမြဲစီး ဆင်းနေမယ့်မြစ်တစ်စင်းနဲ့တူပါ တယ်။ လှိုင်းတွေနဲ့ အလားတူတဲ့ လောကဓံတရားရဲ့ ရိုက်ပုတ်မှုဒဏ် ကိုလည်း ခံနိုင်ရည်ရှိပါတယ်။ လူတွေဖန်တီးထားတဲ့ ဆောက်လုပ် ထားတဲ့ အဆောက်အဦတွေဟာ အချိန်ကြာလာတာနဲ့အမျှ လေဒဏ်၊ နေဒဏ်၊ မိုးဒဏ်ကြောင့် ပျက်စီး သွားနိုင်ပေမဲ့ ချစ်ခြင်းမေတ္တာ ကတော့ ပျက်စီးမသွားနိုင်ပါဘူး။ မိခင်စိတ်ရှိတဲ့ မိန်းမတွေရဲ့ ချစ်ခြင်းမေတ္တာကြောင့် လူသားမျိုး နွယ်တွေ ဆက်လက်တည်တံ့နေ တာလည်းဖြစ်ပါတယ်။ ချစ်ခြင်းကို သာလူသားတွေရဲ့ ဖြစ်တည်မှုထဲ ကနေ ဖယ်ထုတ်လိုက်မယ်ဆိုရင် လူ့အဖွဲ့အစည်းနဲ့ ယဉ်ကျေးမှုလည်း ရှိမှာမဟုတ်တော့ပါဘူး။ ဘယ်သူမ ဆို ဘဝမှာ တစ်စုံတစ်ယောက် အတွက် ရင်ခုန်ခဲ့ဖူးမှာကတော့ သေချာပါတယ်။ ရင်ထဲက ဖြစ်လာ တဲ့ခံစားချက်တွေကို ကဗျာအဖြစ်၊ စာတိုပေစအဖြစ် ချရေးခဲ့ဖူးမှာပဲ ပေါ့။ ဒီကနေ့ ကမ္ဘာကြီးမှာ မတည် ငြိမ်မှုတွေ၊ စစ်ပွဲတွေဖြစ်ပွားနေရ ခြင်းရဲ့ အကြောင်းရင်းဟာ အမုန်း တရားတွေဟာ၊ အာဃာတတွေ၊ အငြိုးအတေးတွေကြောင့်ပါ။ သမ္မာကျမ်းစာထဲမှာ အခုလို ဖော်ပြ ထားပါတယ်။ “မေတ္တာသည် ဖောက်ပြန်ခြင်းမှ အစဉ်ကင်းလွတ် ၏ ”တဲ့။ ယေရှုခရစ်တော်ကိုယ်တိုင် သူ့ကို လက်ဝါးကပ်တိုင်တင်ပြီး သတ်ဖြတ်ခဲ့သူတွေအပေါ် အမုန်း မပွားဘဲ မေတ္တာထားခဲ့တာက ထင်ရှားတဲ့ သာဓကတစ်ခုပါ။ လူသားတစ်ယောက်နဲ့တစ်ယောက်၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုးကြားမှာ ချစ်ခြင်းမေတ္တာ ရှေ့ထားနိုင်မယ်ဆို ရင် စစ်ပွဲတွေလည်း ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။ အချစ်ဟာ လူသားတွေရဲ့ စိတ်နှလုံးကို နူးညံ့သိမ်မွေ့စေပါ တယ်။ ဘယ်လောက်ပဲ ခက်ထန် ကြမ်းတမ်းသူဖြစ်နေပါစေ ချစ်သူရဲ့ ရှေ့မှာ သိုးငယ်လေးတစ်ကောင် ဖြစ်သွားနိုင်ပါတယ်။ အချစ်ဟာ ကိုယ်ကျိုးကို မကြည့်ပါဘူး။ ချစ်သူရဲ့ အကျိုးကိုကြည့်ပါတယ်။အချစ်ဟာ အတ္တမဆန်ပါဘူး။ ကိုယ်ချင်းစာတရားကို ရှေးရှုပါ တယ်။ ခေတ်ရဲ့ အနေအထားတွေ ပြောင်းလဲလာတာနဲ့အမျှ လူငယ် တွေရဲ့ စိတ်ထဲမှာ အချစ်နဲ့ ပတ် သက်တဲ့ခံယူချက်တွေ ကွဲပြားလာ တာတွေ့ရပါတယ်။ မိန်းကလေးကစပြီး ရည်းစား စကားပြောဖို့ ဝန်မလေးတာ၊ လူချင်းမဆုံဖူးပေမဲ့ Online ကနေ ရည်းစားစကားပြောဖို့ ဝန်မလေး တာကို ရှက်စရာလို့ မမြင်တော့ပါ ဘူး။ အဆိုးဆုံးက ကိုရီးယားဇာတ် လမ်းတွဲတွေကြည့်ပြီး အတုမခိုးသင့် တာ အတုခိုးလာခြင်းပါပဲ။ အခြား တစ်ဖက်ကနေ စဉ်းစားကြည့်ရ အောင်ပါ။ မိန်းကလေးတစ် ယောက်ကနေစပြီး ချစ်ပါတယ်လို့ ပြောလာရင် အဲဒီမိန်းကလေးကို ယောကျာ်းလေးဘက်က တန်ဖိုး ထားပါ့မလားဆိုတာ စဉ်းစားစရာ ကောင်းပါတယ်။ အပြင်မှာတစ်ခါမှ မတွေ့ဖူး တဲ့သူကို ချစ်ပါတယ်လို့ Online ကနေ အဖြေပေးတဲ့မိန်းကလေးကို ယောကျာ်းလေးဘက်က ကစား စရာလို့ပဲ သဘောထားမှာပါ။ တချို့ မိန်းကလေးတွေက သူတို့အချင်း ချင်းဆုံဖြစ်ကြရင် အခုလို ခပ်ြွကား ကြွားလေးပြောတတ်ကြပါတယ်။
“တို့ကရည်းစားတစ်ယောက်ကို ၂လထက် ပိုမတွဲဘူး။ ရည်းစားများ ပေါလွန်းလို့ပါဟာ”တဲ့။ အမှန်က တော့ ကိုယ်ဟာ အချစ်အပေါ် ပေါ့ပေါ့တန်တန် သဘောထား တတ်သူဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြောပြနေတာပါပဲ။ ယောကျာ်းလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ကိုယ်ကျင့် တရားကို စောင့်ထိန်းရမှာပါ။ ယောကျာ်းလေးတွေအနေနဲ့လည်း ကိုယ်တကယ်ချစ်တဲ့သူ၊ ကိုယ် တကယ်တန်ဖိုးထားတဲ့သူကိုပဲ ချစ်ခွင့်ပန်ရမှာဖြစ်ပါတယ်။ တစ် ယောက်နဲ့တစ်ယောက်နားလည်မှုရှိ ပြီး ချစ်သူတွေဘဝကိုရောက်သွား ရင် တတ်နိုင်သမျှ “စည်း” စောင့်ရ မှာပါ။ မမြင်ကွယ်ရာနေရာမျိုးမှာ ချိန်းတွေ့တာမျိုး မပြုလုပ်သင့်ပါ ဘူး။ မိန်းကလေးတွေဟာလည်း မိမိတို့ရဲ့ အပျိုစင်ဘဝကို လက်မ ထပ်ခင်မှာ မဆုံးရှုံးစေသင့်ပါဘူး။ နံနက်ခင်းမှာ ငှက်ကလေး တွေတေးသီသံကို နားထောင်ရတာ ကောင်းပါတယ်။ ကော်ဖီတစ်ခွက် ကို ဇိမ်ရှိရှိနဲ့ သောက်ရတာ ကောင်း ပါတယ်။ ဒါပေမဲ့ ချစ်သူနဲ့အတူတူ ငှက်ကလေးတွေရဲ့ တေးသံကို နားထောင်ရတာ၊ ကော်ဖီသောက် ရတာက ပိုကောင်းပါတယ်။ မိုးတွေ ရွာနေတဲ့အချိန်မှာ တစ်ယောက် တည်းသွားရတာထက်စာရင် ချစ်သူနဲ့ အတူတူထီးလေးဆောင်း ပြီးလမ်းလျှောက်ရတာက ပို ကောင်းပါတယ်။ ခင်မင်တဲ့ သူငယ်ချင်းတစ် ယောက်ရဲ့ ဇာတ်လမ်းကလည်းစိတ်ဝင်စားစရာကောင်းပါတယ်။ သူငယ်ချင်းကောင်မလေးက ငွေ ကြေးအသင့်အတင့်ပြည့်စုံသလို ရုပ်ရည်လည်းချောပါတယ်။ ကောင် မလေးက ပေါ့ပေါ့တန်တန်နေထိုင် တတ်သူမဟုတ်သလို နေတာထိုင် တာ ဣနြေ္ဒရပါတယ်။ အရွယ် ရောက်ပြီဆိုတော့ ပန်းကလေးနား ကို ပျား၊ ပိတုန်းတွေဝဲပျံတာ မဆန်း ဘူးပေါ့။ ခက်တာက အဲဒီ ပျား၊ ပိတုန်းတွေက အခွင့်အရေးယူချင် တဲ့ ပျား၊ ပိတုန်းတွေဖြစ်နေတာပါပဲ။ တချို့က တစ်ခုလပ်၊ တချို့က မုဆိုး ဖိုဖြစ်နေတော့ ကောင်မလေးခမျာ ဘယ်သူ့ကိုမှ အဖြေမပေးရဲပါဘူး။ တစ်ရက်ကျတော့ သူက ကျွန်မကို ဖွင့်ဟတိုင်ပင်ပါတယ်။ “ညီမလေး ရယ် . . ကိုယ်သာ အဓိကကျတာ ပါ။ အဲဒီလို အခွင့်အရေးသမားတွေ ကို အနည်းနဲ့ပဲတုံ့ပြန်ရမယ်။ ကျွန် မမှာ လက်ထပ်ရမယ့်ချစ်သူရှိပြီး သားလို့ ပြောလိုက်ပါ။ သူတို့ရှေ့မှာ တည်တည်ငြိမ်ငြိမ်ပဲ နေပြလိုက်ပါ။ အချစ်ဆိုတာ ကစားစရာမဟုတ် ဘူး။ တစ်နေ့ကျရင် ညီမလေးနဲ့ ထိုက်တန်တဲ့ ချစ်သူတွေ့မှာပါ”လို့ ကျွန်မက ပြောလိုက်ပါတယ်။ အချိန်ကာလတစ်ခုရောက် တဲ့အခါ အဖြေက ရှင်းရှင်းလင်း လင်းဖြစ်သွားပါတယ်။ သူ့ရဲ့ လှပစွာငြင်းဆိုခဲ့ခြင်းနဲ့အတူ သူနဲ့ ထိုက်တန်တဲ့ ချစ်သူတစ်ယောက် လည်းရှိလာပါပြီ။ သေချာတာက အချစ်နဲ့ ကစားတာဟာ အန္တရာယ် များပါတယ်။ စစ်မှန်တဲ့အချစ်ဟာ ကစားပွဲမဟုတ်ဘဲ နားလည်မှု၊ ကြင်နာမှုအပေါ်အခြေခံပြီး တည်ဆောက်ရမယ့်အရာပါလို့ ပြောပါရစေလား။

**ပန်းပွင့်ကဗျာ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)