(တာ့(ခ်)ပြည်နယ် ပြခန်း၊ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး (LPO) ဒုတိယညွှန်ကြားရေးမှူး-နိုင်ပရာ၊့ မဲဆောက်ခရိုင် ဦးစီးအရာရှိ-မဲ့တာ)
ထို့အပြင် မိမိတို့သည် ချင်းရိုင်ပြည်နယ် ပင်မချင်းရိုင်မြို့တွင် အချိန်ရသလောက် လမ်းလျှောက်ကြပြီးလျှင် မြန်မာရွှေ့ပြောင်း အလုပ်သမားတို့နှင့် တွေ့ဆုံစကားပြောရန် ကြိုးစားခဲ့ကြသည်။ (ဥပမာအားဖြင့် မုန့်သွားဝယ်ရင်း၊ ထမင်းထွက်စားရင်းနှင့်ပင် အိမ်အကူအလုပ်သမအချို့၊ ဆောက်လုပ်ရေးလုပ်သားအချို့နှင့် စကားပြောခဲ့ကြပါသည်။) ဤနေရာတွင် အထူးတလည် သတိပြုမိကြသည်မှာ ချင်းရိုင်ပြည်နယ်ရှိ ၁၀ ခရိုင်အတွင်းသို့ ရောက်ရှိလာကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားအများစု သည် မြန်မာပြည်ဖွားရှမ်းတိုင်းရင်းသားအနွယ်ဝင်များဖြစ်ကြကြောင်း၊ ဗမာလူမျိုးနှင့် ဗမာအစ္စလာမ် ဘသာဝင် တို့မှာလည်း ချင်းရိုင်ပြည်နယ်သို့ ရောက်လာသည်နှင့် ဘ၀ပေးအခြေအနေအရ ထိုင်းဘာသာစကားကို အတော်အတန်တီးခေါက်မိစေရန် ကြိုးစားကြကြောင်း၊ စသည်ဖြင့် ဖြစ်သည်။ ဘာသာစကား ပေါက်ရောက်မှုသည် တစ်ဦးနှင့်တစ်ဦးအကြား၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အကြားမည်မျှအထိပေါင်းကူးတံတားဖြစ်စေသည်မှာ ဆိုဘွယ်ရာမရှိပါချေ။ (ပြုံးရီစရာဖြစ်နေသည်မှာ မိမိတို့ ထိုင်း-မြန်မာ နယ်စပ် တာ့(ခ်)ခရိုင်၊ မဲဆောက်နှင့် ပတ်ဝန်းကျင်တွင်မူ ထိုင်းလူမျိုးများကသာ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့နှင့် နား လည်မှုရစေရန် မြန်မာစကားသင်လာကြခြင်းဖြစ်၏။) ချင်းရိုင်ပြည်နယ်ရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားအချို့က မိမိတို့ ကို ပြောပြကြသည်မှာ ယင်းတို့၏အလုပ်ရှင်များနှင့် အလုပ်ကြီးကြပ်သူများက သူတို့ကိုဘောင်းဘီဝတ်ဆင်ပြီး သွားလာလုပ် ကိုင်ကြရန်နှင့် လုပ်ငန်းခွင်သုံးအကာအကွယ်ပစ္စည်းများကိုလည်း ၀ယ်ယူရန်မလိုပဲ ထုတ်ပေးထားကြောင်းဟူ၍ဖြစ်ပေသည်။ (ဤနေရာ၌ မိမိတို့ မဲဆောက်အပါအ၀င် တာ့(ခ်)ပြည်နယ် ၉ ခရိုင်အတွင်း၌ နေထိုင်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်း အလုပ်သမား ၄ သိန်းခန့်၏ ဘ၀ပေးအခြေနှင့် ကွာချင်တိုင်းကွာပေစွဟု ဆင်ခြင်သတိပြုမိပါသည်။) ပေးလက်စနှင့် တလက်စတည်း မေးမြန်းမိသည်မှာ သင်တို့၏ အလုပ်သမားလုပ်မှတ်နှင့်ယာယီပတ်စ်ပို့များကိုရော အလုပ် ရှင်ကဖြစ်စေ (၀ါ) အလုပ်ကြီးကြပ်သူကဖြစ်စေ သိမ်းထားပါသလား၊ မိတ္တူပဲပေးကိုင်ပါသလား ဟူ၍ဖြစ်သည်။ ဤမေးခွန်း ကိုလည်း ယင်းတို့က ပြန်လည်ဖြေဆိုရာတွင် “မသိမ်းထားပါ၊ မိတ္တူမဟုတ်ပဲ မူရင်းကိုသာသူတို့၏ လက်ဝယ်၌ ကိုင်စေပါသည်” ဟူ၍ဖြစ်သည်။ (သြော့်…သြော်၊ ငါတို့ တာ့(ခ်)ပြည်နယ် ၉ ခရိုင်မှာတော့ မြန်မာရွှေ့ပြောင်းမှန်ရင် မိတ္တူပဲ ကိုင်စေလို့ သီးသန့်အမိန့်ချမှတ်ခံထားရတာကိုး။) (ချင်းရိုင်Night Bazar)
ဤမေးခွန်းများသည် ချင်းရိုင်ပြည်နယ် ၁၀ ခရိုင်အတွင်းမှာသာမက ချင်းမိုင်ပြည်နယ် ၁၈ ခရိုင်အတွင်းတွင်လည်း အတူတူ ပင် ဖြစ်ပင်ကြောင်းကို ယခင်ယခင်က ချင်းမိုင်ပြည်နယ်သို့ နှစ်စဉ်နှစ်တိုင်း တစ်ခေါက်ဖြစ်စေ၊ နှစ်ခေါက်ဖြစ်စေ ရောက်ခဲ့လေ တိုင်း တွေ့ဆုံမေးမြန်းခဲပြီဖြစ်ပါသည်။ မိမိသိရှိထားပြီး ဖြစ်ပါသည်။ ချင်းရိုင်ပြည်နယ်ပင်မချင်းရိုင်မြို့တွင် ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်ပြီး “ထိုင်းနိုင်ငံ လုပ်ငန်းခွင်ဘေးကင်းလုံခြုံ ရေးနေ့” ဆိုသည်ကို မိမိတို့တက်ရောက်ခဲ့ရပါသေးသည်။ တနှစ်တစ်ကြိမ် နေရာဒေသရွှေ့ပြောင်းကျင်းပဟန်ရှိသော ဤ အခမ်းအနားသည် ယခုနှစ်တွင် ပင်မချင်းရိုင်မြို့က လက်ခံကျင်းပရဟန်ရှိပါသည်။ ထိုင်းအလုပ်သမားဝန်ကြီးဌာန အပါအ၀င် ၀န်ကြီးဌာန (၄)ခု နှင့် ထိုင်းနိုင်ငံစက်မှုလုပ်ငန်းရှင်များနှင့် ကုန်သည်များအသင်း (FTI) တို့က ပူးပေါင်းကျင်းပကြကြောင်း အခမ်းအနားနဖူးစည်းလိုဂိုများက သက်သေခံနေပါသည်။ ထိုင်းအလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီးနှင့် အခြားဒုတိယ ၀န်ကြီးများ၊ ၀န်ကြီးဌာန အသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများလည်း တက်ရောက်လာကြသည်ကို တွေ့မြင်ရပါသည်။ မိမိတို့ တာ့(ခ်)ပြည်နယ်မှ ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး (LPO) ဒုတိယညွှန်ကြားရေးမှူး-နိုင်ပရာ၊့ မဲဆောက်ခရိုင် ဦးစီးအရာရှိ-မဲ့တာတို့သည်လည်း တာ့(ခ်)ပြည်နယ် ပြခန်းအတွက် လာ ရောက်ခဲ့ကြသလို ADRA Thailand ကလည်း ပြခန်းတစ်ခန်းပြသထားတာတွေ့ရပါသည်။ ပင်မချင်းရိုင်မြို့၊ Dusit Island Resort တွင် ဤအခမ်းအနားကိုခမ်းနားကြီးကြယ်စွာ ကျင်းပခဲ့ပြီး လူ ၁၀၀၀ ခန့် တက်ရောက်လာတာတွေ့ရပါသည်။ (ဤနေရာတွင် ပြုံးရီချင်သည်မှာ နောက်တစ်နေ့၌ ဤအခမ်းအနား၏ ပစ္စည်းများကို ADRA Thailand မှ သွားသိမ်းရာတွင် မိမိတို့မဲဆောက်ခရီးသည်များသည်လည်း လိုက်သွားကြပါသည်။ ဟိုရောက်ပြီးပစ္စည်းများကို ကူသိမ်းရာတွင် ဌာနဆိုင်ရာကလိုလို၊ ထိုင်းအလုပ်ရှင်လိုလိုနှင့် လူတစ်ယောက်သည် ဟိုတယ်ပိုင်ပစ္စည်းအချို့ကိုရော၊ ADRA Thailand မှ ကင်မရာတစ်လုံးကိုပါ ရောယောင်သလိုနှင့် သူ့ကားပေါ်တင်သွားပါသည်။ သူခိုးနှင့် မိတ်ဆွေဖွဲ့မိသလိုမျိုးဖြစ်ခဲ့သည်မှာ ဤစာရေးသူသည် ထိုလူပစ္စည်းသိမ်းသည်ကို ၀ိုင်းကူ၊၀ိုင်းသယ်၊သူ့ကားပေါ်ဝိုင်းတင်ပေးခဲ့ခြင်းကြောင့်သူ့ကားထွက်သွားပြီးမှ ပစ္စည်းအချို့ ပျောက်နေကြောင်း သိရရာ စာရေးသူသည် သူခိုးနှင့် အမှတ်မထင် ပေါင်းသင်းမိခဲ့ပါပေသည်။
(ဆက်လက်ဖော်ပြပါမည်)
**သောင်ရင်းနဂါး** **
-The journey to the Northern Thailand -
Form Mae Sot to Chiang Rai, Mae Sai ; Chiang Mai**
-Chapter (3)-
We all have been in Chiang Rai (Chiang Rai Province) and while walk in town, looked for our Burmese migrant workers at there. (For example we met and told together with Burmese migrants such as some of servants and some of construction workers.) We all have especially remember there we met mostly of migrants were Shan families. Some of them were Burmese and Burmese islams religions, who able to tell in Thai Language. Skill in different Language is the important matters are very very useful in communication each another. I would like to inform that the some of Thai Nations have started to learn in Burmese speech. Their objectives are easy to understand communication with Burmese migrant labours. The Burmese migrant workers told us that they had get safe materials in their occupation with free issue and the supervisor suggestion them to wear trousers. (We thought that that’s different conditions the migrant workers who work at Mae Sot regions. Nobody Burmese workers of Mae sot regions can’t get that chance. Most different between them.) Next one of important matter, for temporary passport and workpermit. We asked to them if the employer has keep the migrants passports and workpermit and they replied that their employers no need to keep the documents also they keep documents, themselves. (I surprised that case in the Tak province must notified order, the migrant workers must be keep no original documents be keep duplicates.) This questions are not only at Chiang Rai but also same with Chiang Mai. We know that case since pervious time.
(JACBA and Burmese migrants in Chiang Rai)
Then we have attended to the “ occupational safety day” at Chiang Rai. I thought that they help that day in yearly. The celebration held collaboration with four Thailand ministries and factories & Trade union. Deputy Ministers of Thailand ministry of labour and some of Director Generals, directors and managing directors of Thailand department and enterprise. Nai Prag, who is the chief officer of labour protection office (LPO) from Tak province and Mae Tar, the chief officer of Mae Sot district were participated that celebration. ADRA Thailand had help the show room there. About one thousand people were participated that celebration which hold at Dusit Island Resort in Chiang Rai. The writer of this Motto snatch seen with great thief there. The event of funny there, a person who pretended as staff (or) employer Kept the materials of ADRA Thailand and some of materials of Dusit Island Resort altogether a camera of ADRA Thailand kept way by his car. This snatch funny case means, the writer of this motto did not know nothing, but help the great thief as a friendship, Hah..Hah..Hah!
(Be continue)
Thaung Yin Nagar (The Dragon of Moe River)
-မဲဆောက်မှသည် ချင်းရိုင်၊ မယ်ဆိုင်၊ ချင်းမိုင်ဆီသို့- (အပိုင်း-၃)

No comments:
Post a Comment