ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, September 21, 2012

>
- ကြော် ငြာ လာနေတာ မဟုတ်ပါ -

ကျွန်တော်၏ ဇာတ်လိုက် ကိုလေးဖြူသည် unplugged ရှိုးပွဲတစ်ခု သီဆိုဖျော်ဖြေရန် ဟိုတယ်တစ်ခုရှိ ခန်းမအတွင်းသို့ ဝင်ရောက်လာလေသည်။ သို့သော် စားပွဲအသီးသီးတွင် ထိုင်နေကြသော ဂျာနယ်လစ်များ၊ ပရိတ်သတ်များနှင့် ဘာမသိညာမသိလူအများကမူ တုပ်တုပ်မျှ မလှုပ်ကြချေ။ ထူးတော့ ထူးနေလေပြီ။ မြန်မာနိုင်ငံ၏ နာမည်အကြီးဆုံး အဆိုတော်ကြီး ဝင်လာသည်ကို မြင်နေသော်လည်း တုပ်တုပ်မျှ မလှုပ်ကြသည်မှာ ထူဆန်းလေသည်။ ပရိတ်သတ်များနှင့် ဘာမသိညာမသိလူအများက မလှုပ်သည်မှာ သိပ်မထူးဆန်းသော်လည်း ဂျာနယ်လစ်ဆိုသူများ မလှုပ်သည်မှာ တော်တော်ကြီးကို ထူးဆန်းနေလေသည်။ “ ဘယ်သူမှ မမှတ်မိကြပါလား ” ထို့ကြောင့် ကိုလေးဖြူ သူ့ကိုယ်သူ ပြန်စစ်ရလေသည်။ ထိုအခါ … တွေ့ပါပြီ။ ကိုလေးဖြူသည် သူ၏မျက်နှာကို ပြန်စမ်းကြည့်သောအခါ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးများ မရိတ်တာကြာ၍ တော်တော် ရှည်နေကြောင်း တွေ့ရလေသည်။ ထို့ကြောင့် ဘယ်သူမှ သူ့ကို မမှတ်မိခြင်း ဖြစ်ကြောင်း သိသွားသော ကိုလေးဖြူသည် ထို အမွှေးများကို ရိတ်ရန် အိမ်သို့ နောက်ကြောင်းပြန်လှည့်လိုက်သည်။ သို့သော်… ဤဟိုတယ်တွင် သူ့အတွက် ပြဿနာ နည်းနည်းရှိသည်။ ဟိုတယ်တွင် အားအားယားယား ဘယ်သူကမှန်းမသိ မွေးထားသော ခွေးနှစ်ကောင်၏ ပြဿနာဖြစ်သည်။ သာမန်အားဖြင့် ခွေးနှစ်ကောင်မှာ လိမ္မာသည်ဟု ဆိုနိုင်သော်လည် ဘာကြောင့်မှန်းမသိ … ကိုလေးဖြူကိုတော့ မှတ်မိသည်။ ရိုးရိုးမှတ်မိတာမဟုတ်။ ဆံပင် ရှည်ရှည် အရပ် ကလန်ကလားနှင့် ကိုလေးဖြူ ဝင်လာတိုင်း အစဉ်အလာမပျက် ထွက်ဆွဲ တတ်လေသည်။ ကိုလေးဖြူ ဤဟိုတယ်ကိုလာတိုင်း ပြေးရတာ အမော။ အလာတုန်းကတော့ ကားပေါ်မှမဆင်းခင်ကပင် လုံခြုံရေးလေးကို ခေါ်ကာ သူ့အကာအကွယ်ဖြင့် လာခဲ့သောကြောင့် ထို ခွေးနှစ်ကောင်ကို အရိပ်ပင် မမြင်ခဲ့ရ။ ယခု ပြန်အထွက်မှာတော့ ဘာလုံခြုံရေးမှ မရှိတော့။ ထိုစဉ် … ကိုလေးဖြူ တစုံတစ်ရာကို သတိရလိုက်လေသည်။ ထို့ကြောင့် ရဲရဲဝင့်ဝင့်ပင် နောက်ကြောင်းပြန် လှည့်လိုက်သည်… ။ တစ်လှမ်း … နှစ်လှမ်း … သုံးလှမ်း ………။ ဝုတ် …. ဝုတ် ….။ ခွေးနှစ်ကောင် ထွက်ဆွဲလေပြီ။ ထုံးစံအတိုင်း ကိုလေးဖြူလည်း သူ့ကားဆီ အရောက် ပြေးရပြီ။ ဝုန်း …. ဂျိမ်း …။ ကားဆီအရောက် ကားပေါ်ပြေးတက်ကာ ကားတံခါး ဆွဲပိတ်လိုက်ပြီးသောအခါ ကိုလေးဇြူ ခွေးနှစ်ကောင်၏ အန္တရာယ်က လွတ်လေပြီ။ “ဟောဟဲ.. ဟောဟဲ … ဟဲ့ခွေး … တောက် … မင်းတို့ကတော့ ငါ့ကို မှတ်မိတယ်ပေါ့လေ … ကောင်းကွာ” စိတ်ညစ်ညစ်နှင့်ပင် အိမ်သို့ မောင်းလာခဲ့ရာ လမ်းတွင် ကားတစ်စီးက လမ်းပိတ်ကာ တားပြီး လူနှစ်ယောက်ဆင်းလာကာ … “ကိုလေးဖြူ …. ” ခေါ်သံနှင့်အတူ လွယ်အိတ်ဘေးတစောင်း လွယ်ထားကြသော ပုဂ္ဂိုလ် နှစ်ယောက်။ “ကျနော်တို့နဲ့ ခဏ လိုက်ခဲ့ပါ … မေးစရာလေး နည်းနည်း ရှိလို့ပါ …” ဘယ်လို အကြောင်းကိစ္စပဲဖြစ်ဖြစ် ကိုလေးဖြူမလိုက်ချင်ပါ။ ရှိုးပွဲက အရေးကြီးသည်။ ကတိပေးထားပြီးပြီ။ သွားကို သွားမှ ရမည်။ ဒီလူနှစ်ယောက်ကလည်း မရမက ခေါ်မည့်ပုံ ပေါက်နေသည်။ ထိုစဉ် … ကိုလေးဖြူ တစုံတစ်ရာကို သတိရလိုက်လေသည်။ ထို့ကြောင့် သူတို့ကို ပုံမှားရိုက်ရန် စဉ်းစား၍ ပြောလိုက်သည်။ “ခင်ဗျားတို့ လူမှားနေပြီထင်တယ်ဗျ … ကျနော် လေးဖြူမဟုတ်ပါဘူး …” ထိုလူနှစ်ယောက် နည်းနည်းတော့ ကြောင်သွားသည်။ ကိုလေးဖြူကို သေချာ ထပ်ကြည့်ရင်း ပြောသည်။ ဒေါသလည်း အနည်းငယ် ထွက်လာပုံ ရသည်။

“မနောက်ပါနဲ့ဗျ။ ကျနော်တို့က တာဝန်အရပါ။ ခင်ဗျား လေးဖြူဆိုတာ သေချာပါတယ်။ ကျုပ်တို့ ခင်ဗျားကို မမှတ်မိစရာ ဘာအကြောင်းမှ မရှိဘူး။ အေးအေးဆေးဆေးသာ လိုက်ခဲ့ပါ။ ကျုပ်တို့ကို ဘာကောင်တွေ မှတ်နေလဲ …” ထိုစဉ် … ကိုလေးဖြူ တစုံတစ်ရာကို သတိရလိုက်လေသည်။ ထို့ကြောင့် ကိုလေးဖြူက ခေါင်းတငြိမ့်ငြိမ့်နှင့် … “မင်းတို့ကလည်း ငါ့ကို မှတ်မိတယ်ပေါ့လေ …။ အေးပါ .. မင်းတို့ ဘာကောင်တွေလည်းဆိုတာ ငါသိသွားပါပြီ” ကြေငြာလာနေတာမဟုတ်ပါ။ ဤတွင် ကျွန်တော်၏၀တ္တု ပြီးပါပြီ။ ။ ( ဤ၀တ္တုတွင် ကိုလေးဖြူ၏ အမည်ကို အသုံးပြုထားသော်လည်း ကာယကံရှင် ကိုလေးဖြူထံမှ ခွင့်ပြုချက် မတောင်းခံနိုင်ခဲ့ပါ။ ဤ၀တ္တုကြောင့် ကိုလေးဖြူ၏ ဂုဏ်သိက္ခာ တစုံတရာကို မထိခိုက်နိုင်ဟု ယုံကြည်မိသောကြောင့် ရေးမိ တင်မိပါသည်။ ကိုလေးဖြူကို ချစ်သောစိတ်ဖြင့် ဇာတ်လိုက်တင်ရေးမိခြင်းသာ ဖြစ်ပြီး အကြောင်းအရာမှာ စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်။)

 **နွေဆူးလင်္ကာ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)