-လူထုကျန်းမာရေး(အရွယ်တင်နုပျိုနည်း ၅ နည်း)-
**Public Health**
**လေ့ကျင့်ခန်းလုပ်ပါ **ေ
လ့ကျင့်ခန်းသည် အရွယ်တင်နုပျိုခြင်း၏ လျို့ဝှက်ချက် ဖြစ်ပါတယ်။ အမျိုးသမီးများအတွက် ဆေးနည်းတစ်လက်ပြောပြမည်။ အ၀တ်အစားနှင့် ဖက်ရှင် catalog များ မဂ္ဂဇင်းများတွင် လှပပြီး ကိုယ်လုံပြေပြစ်သည့် အမျိုးသမီးများ၏ ဓာတ်ပုံများ ပါတတ်ပါသည်။ သူတို့ ကိုယ်လုံးတွေဟာ လေ့ကျင့်ထားလို့ရတာ။ ငါလည်း လေ့ကျင့်ရင်ရမှာပဲလို့ စိတ်သွင်းကာ လေ့ကျင့်ခန်း လုပ်သင့်သည်။
** ရေများများသောက်ပါ**
ရေသည် ကိုယ်ခန္ဓာမှာ အဆိပ်အတောက်များကို စွန့်ပစ်ပေးသည်။
**အိပ်ခြင်း**
အိပ်ခြင်းအတွက် အခကြေးငွေ ပေးစရာမလိုပေ။ ထိုအရာကို အကျိုးရှိရှိ အသုံးချသင့်သည်။ ကိုယ်ခန္ဓာသည် အိပ်ပျော်နေပါက ကျွန်မတို့ကို နုပျိုစေသော ဟော်မုန်းများ ထုတ်လွှတ်ပါသည်။ ဟော်မုန်းတွေကို အလကားရနေမှတော့ ပိုက်ဆံပေးပြီး သွေးဆေးတွေ ဟော်မုန်းဆေးတွေ ဘာလို့ ၀ယ်နေတော့မှာလဲ။
**များများရယ်ပါ**
ပျော်ရွှင်ပြီး ရယ်မောတတ်သူများသည် အရယ်နည်းသူများထက် နှလုံးရောဂါ အဖြစ်နည်းသည်ကို တွေ့ရပါသည်။
**တရားထိုင်ပါ**
သတိကပ်ပြီး တရားထိုင်ခြင်းသည် ကိုယ်ခန္ဓာကို သွေးလည်ပတ်မှုကောင်းစေပြီး သက်ရှည်ကျန်းမာစေသည်။
အားလုံးပျော်ရွင်ပါစေ --
**မာမာ**

No comments:
Post a Comment