-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**မျောက်လိုက်ပါသည့် အာကာသယာဉ် အီရန်လွှတ်တင်**
အီရန်အာကာသရေးရာ ကျွမ်းကျင် သူများက ၎င်းတို့အနေဖြင့် သက်ရှိ မျောက်တစ်ကောင်ကို အာကာသ ယာဉ်တစ်စင်းဖြင့် အာကာသအတွင်း သို့ လွှတ်တင်ခဲ့ရာအောင်မြင်မှုရရှိခဲ့ပြီး အီရန်အစ္စလာမ်မစ်သမ္မတ နိုင်ငံ အနေဖြင့် လူလိုက်ပါခြင်းမရှိသော အာကာသယာဉ် လွှတ်တင်နိုင်ရန် နီးစပ်လာပြီဖြစ်ကြောင်း ဇန်န၀ါရီ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာသည်။ အဆိုပါ အာကာသယာဉ်ကို Pishgam ဟု အမည်ပေးခဲ့ပြီး အီရန် ဘာသာစကားအရ နယ်ပယ်သစ်ကို တီထွင်သူဟု အဓိပ္ပာယ်ရသည်။ Pishgam အာကာသယာဉ် ကမ္ဘာ ပတ်လမ်းကြောင်းအတွင်းမှ ကမ္ဘာ မြေသို့ ပြန်လည်ရောက်ရှိလာသော အခါ မျောက်မှာ အသက်ရှင်လျက် ပြန်လည်လိုက်ပါလာနိုင်ခဲ့ကြောင်း အီရန်သတင်းဌာနများ၏ အဆိုအရ သိရသည်။ အီရန်အာကာသရေးရာ ကျွမ်းကျင်သူများက ၎င်းတို့အနေဖြင့် ၂၀၂၀ ခုနှစ်တွင် လူလိုက်ပါသော အာကာသယာဉ်တစ်စင်း လွှတ်တင် ရန်စီစဉ်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် လ ကမ္ဘာသို့ အာကာသယာဉ်မှူးတစ်ဦး စေလွှတ်ရန် မျှော်လင့်ထားကြောင်း ယခင်ကတည်းက ထုတ်ဖော်ပြော ကြားခဲ့ဖူးသည်။ အီရန်ကာကွယ်ရေးဝန်ကြီး အာမတ် ဗဟီဒီက ''ဒီအောင်မြင်မှုက နောက်ထပ် လှုပ်ရှားမှုများအတွက် အခြေခံကျတဲ့ အချက်ဖြစ်ပါတယ်။ အာကာသယာဉ် နဲ့ ပါသွားတဲ့မျောက် ကမ္ဘာမြေပေါ်ကို အသက်ရှင်လျက် ပြန်လည်လိုက်ပါ နိုင်တာဟာ ကျွန်တော်တို့ သိပ္ပံ ပညာရှင်တွေအတွက် ကြီးမားတဲ့ အောင်မြင်မှုခြေလှမ်းတစ်ရပ်ဖြစ်ပါ တယ်'' ဟု ပြောကြားသည်။ အီရန်နိုင်ငံသည် ၂၀၁၁ ခုနှစ်က ယခုကဲ့သို့ အာကာသယာဉ်ဖြင့် မျောက် တစ်ကောင်လွှတ်တင်ခဲ့ရာ အောင်မြင် မှု မရခဲ့ပေ။ အမေရိကန် ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စုတို့သည်လည်း ၎င်းတို့၏ အာကာသခေတ်ဦး အစော ပိုင်းကာလများတွင် တိရစ္ဆာန်များကို အသုံးပြု၍ အာကာသယာဉ်များ လွှတ်တင်ခဲ့ဖူးသည်။ ယင်းကဲ့သို့ အာကာသယာဉ်များတွင် တိရစ္ဆာန်များ အသုံးပြုခြင်းကို တိရစ္ဆာန် အခွင့်အရေးကာကွယ်စောင့်ရှောက် သူများက ကန့်ကွက်ခဲ့သကဲ့သို့ ယခု အီရန်နိုင်ငံ၏လုပ်ရပ်ကိုလည်း ပြစ်တင် ဝေဖန်လျက်ရှိကြသည်။
**အိန္ဒိယနှင့်ပါကစ္စတန်နယ်စပ်ဖြတ်ကျော်ဘတ်စ်ခရီးစဉ်နှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းပြန်လည်စတင်ပြီ**
(ဆရီနာဂါ ဇန်န၀ါရီ ၂၉)
ယခုလအစောပိုင်းက နှစ်ဖက်တပ်ဖွဲ့များ စစ်ရေးပဋိ ပက္ခ ဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံ တို့အကြား နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားခရီးစဉ်ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ဒေသဆိုင်ရာသတင်း ဌာနများက ဇန်န၀ါရီ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။ ဇန်န၀ါရီ ၂၈ ရက်က ပါကစ္စတန်နိုင်ငံမှ ထွက်ခွာလာ သော ခရီးသည် ၆၄ ဦးလိုက်ပါလာသည့် ဘတ်စ်ကား တစ်စီးသည် ကက်ရှ်မီးယားနယ်စပ်ဒေသကို ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံအတွင်းသို့ ၀င်ရောက်သွားကြောင်း၊ တစ်ချိန် မိမိတို့သုံးသပ်လေ့လာနေကြောင်း အိန္ဒိယပိုင် ကက်ရှ်မီးယား ဒေသ၏ စက်မှုလုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများအသင်း အတွင်းရေးမှူး ရှန့်မာနူးက ပြောကြားသည်။ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံအကြား ကက်ရှ်မီးယား ဒေသကို ပိုင်းခြားထားသော ထိန်းချုပ်ရေးမျဉ်းကြောင်း တစ်လျှောက်တွင် ယခုလ အစောပိုင်းက စစ်ရေးပဋိပက္ခ ဖြစ်ပွားခဲ့ရာ စုစုပေါင်း စစ်သည်ငါးဦးသေဆုံးခဲ့သည်။ ဇန်န၀ါရီ ၁၆ ရက်တွင် နှစ်ဖက်ကြည်းတပ်တပ်ဖွဲ့ များမှ တပ်မှူးကြီးများအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ်ကို ရရှိခဲ့သည်။ (ပီတီအိုင်)
**သြစတြေးလျရေကြီးမှု လူရာပေါင်းများစွာသောင်တင်နေ**
ဘားနက်မြစ်ကျိုးပေါက်သွားပြီးနောက် ရေစီးကြောင်း တွင် အိမ်များမျောပါသွားနိုင်ရာ အိမ်ခေါင်မိုးများပေါ်၌ သောင်တင်နေကြသူများအတွက် စိုးရိမ်ဖွယ်ရာဖြစ်သည်။ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသဖြင့် ကွင်းစလင်းတွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်ကာ လူ သုံးဦး သေဆုံးခဲ့သည်။ သြစတြေးလျဝန်ကြီးချုပ် ဂျူလီ ယာဂီလတ်ကသေဆုံးကြသူများ၏မိသားစုများထံသို့ ၀မ်းနည်း ကြောင်းသ၀ဏ်လွှာများ ပေးပို့ခဲ့သည်။ ၂၀၁၀ခုနှစ်နောက်ပိုင်းနှင့် ၂၀၁၁ခုနှစ် စောစောပိုင်း ကာလအတွင်း ယခုရေကြီးမှုသည် အဆိုးရွားဆုံးဖြစ်ကြောင်း ကွင်းစလင်းပြည်နယ်တစ်ခွင်လုံးတွင် သေဆုံးသူ ၃၅ဦး ရှိပြီဖြစ်ကြောင်း ဘန်ဒါဘတ်မြို့တော်ဝန် မောဖိုပင်က ပြောကြားသည်။ ဘန်ဒါဘတ်ရှိဘားနက်မြစ်ရေသည် ၇ဒသမ၉၂မီတာမှ တနင်္လာနေ့ ဒေသစံတော်ချိန် ညနေ ၃နာရီတွင် မြစ်ရေ သည် ၉ဒသမ၂မီတာအထိ ရောက်ရှိခဲ့ကြောင်း မိုးလေ ၀သဌာန၏ ကြေညာချက်တွင်ဖော်ပြထားသည်။ (ဘီဘီစီ)
**ဂျပန်ပင်လယ်၌ ရုရှားငါးဖမ်းသင်္ဘောနစ်မြုပ်
သင်္ဘောသား၂၀ ပျောက်ဆုံးနေ**
(မော်စကို ဇန်န၀ါရီ ၂၉) ဂျပန်ပင်လယ်၌ ရုရှားငါးဖမ်းသင်္ဘောတစ်စင်းတိမ်း မှောက်နစ်မြုပ်ခဲ့ရာ ရုရှားနှင့်အင်ဒိုနီးရှားသင်္ဘောသား ၂၀ ပျောက်ဆုံးလျက်ရှိကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ဇန်န၀ါရီ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။ အသက်ကယ်လှေတစ်စင်းဖြင့် မျောပါလာသော သင်္ဘောသား ၁၀ ဦးကို အနီးအနားမှဖြတ်သန်းသွားသော ကုန်တင်သင်္ဘောတစ်စင်းက တွေ့ရှိရာမှ ၎င်းတို့ကိုကယ်တင် ပေးနိုင်ခဲ့ကြောင်း အရှေ့ဖျားဒေသ အရေးပေါ်လုပ်ငန်း များဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ရှန်း-၁၀၁ ဟုအမည်ပေးထားသော ငါးဖမ်းသင်္ဘော သည် သတ်မှတ်ချက်အတိုင်း ဆိပ်ကမ်းသို့ပြန်လည်ရောက် ရှိမလာခဲ့ပေ။ အဆိုပါသင်္ဘောသည် ရုရှားနိုင်ငံ၏ ပစိဖိတ်ပင်လယ် ကမ်းရိုးတန်းဒေသ ကမ်းလွန်တွင် ဇန်န၀ါရီ ၂၇ ရက် နှောင်းပိုင်းက တိမ်းမှောက်နစ်မြုပ်ခဲ့သည်ဟု စုံစမ်းသိရှိရ ကြောင်း၊ အန်ထော်နီတိုချီနော့ဗ် အမည်ရှိ ကုန်တင်သင်္ဘော က ရုရှားခြောက်ဦးနှင့် အင်ဒိုနီးရှားလေးဦးတို့ကို ကယ်တင် ပေးခဲ့ပြီး ရုရှား ၁၃ ဦးနှင့် အင်ဒိုနီးရှားခုနစ်ဦး ပျောက်ဆုံး နေကြောင်း အရေးပေါ်လုပ်ငန်းများဌာနက ပြောကြား သည်။ (ပီတီအိုင်)
**ဆမ်ဆောင်းအီလက်ထရွန်နစ်စက်ရုံ၌ ဓာတုပစ္စည်းများယိုစိမ့်မှုကြောင့် တစ်ဦးသေဆုံး**
(ဆိုးလ် ဇန်န၀ါရီ ၂၉)
ဆမ်ဆောင်းကုမ္ပဏီ၏ လျှပ်ကူးချစ်(ပ်)ပြားများထုတ်လုပ်သည့် စက်ရုံတစ်ရုံတွင် အဆိပ်သင့် ဓာတုပစ္စည်းများယိုစိမ့်မှုဖြစ်ပွားခဲ့ရာ ယင်းစက်ရုံအလုပ်သမားတစ်ဦး သေဆုံး ခဲ့ကြောင်း ဇန်န၀ါရီ ၂၉ရက်တွင် ထုတ်ပြန်သည့် ကုမ္ပဏီ၏ကြေညာချက်တွင် ဖော်ပြထားသည်။ တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်မြို့၏ အနောက်တောင်ဘက် ၄၃ကီလိုမီတာ (၂၆မိုင်)အကွာ ဟွာဆောင်းမြို့ရှိ ဆမ်ဆောင်းကုမ္ပဏီ၏ အီလက်ထရွန်နစ်ပစ္စည်းများထုတ်လုပ်သည့်စက်ရုံမှ ပြုပြင်ထိန်းသိမ်းရေးအလုပ်သမားငါးဦးကို ယင်းစက်ရုံ၌ ဟိုက်ဒရို ဖလူအိုရစ်အက်စစ်များယိုစိမ့်နေမှုကြောင့် လုပ်ငန်းများရပ်ဆိုင်းထားရန် ဇန်န၀ါရီ ၂၇ရက်တွင်ပြောကြားခဲ့သည်ဟု ဆမ်ဆောင်းကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီ သတင်း ဌာနသို့ ပြောကြားခဲ့သည်။ ဓာတုအဆိပ်သင့်ခံရသူ အလုပ်သမားတစ်ဦးကို ဇန်န၀ါရီ ၂၈ရက်တွင် ဆေးရုံသို့တင်ပို့ပေးခဲ့ပြီး နာရီအနည်းငယ်အကြာတွင် လည်ချောင်းနှင့် ရင်ဘတ်ပိုင်း၌ အဆိပ်သင့် ဝေဒနာများခံစားရပြီး ကွယ်လွန်ခဲ့ကြောင်း၊ အခြားအဆိပ်သင့်ဒဏ်ရာရသူလေးဦးအား ကုသမှုများပေးခဲ့ပြီးနောက် ဆေးရုံမှပြန်လည်ဆင်းစေခဲ့ကြောင်း ၎င်းကပြောကြားသည်။အဆိပ်သင့်ဓာတုပစ္စည်းများယိုစိမ့်မှုပမာဏမှာ ဇန်န၀ါရီ ၂၈ရက် နံနက်စောစောပိုင်းအထိ နှစ်လီတာမှ သုံးလီတာခန့်အထိရှိသည်။ (ရိုက်တာ)
ဘာသာပြန် - အေ၀မ်းစိုး

No comments:
Post a Comment