**ရုရှား မာဖီးယားဂိုဏ်းခေါင်းဆောင် မော်စကို၌ လုပ်ကြံသတ်ဖြတ်ခံရ**
(မော်စကို ဇန်နဝါရီ ၁၉) ရုရှားနိုင်ငံ၏အင်အားအကြီးဆုံး ရာဇဝတ်ဂိုဏ်းများအနက် ဂိုဏ်းတစ်ဂိုဏ်း၏ခေါင်းဆောင်တစ်ဦး လုပ်ကြံသတ်ဖြတ် ခံလိုက် ရကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ဇန်နဝါရီ ၁၉ရက် တွင် သတင်းထုတ်ပြန်သည်။ အဖိုးဟက်ဆန်ဟူ၍သိရှိကြသော ဒုစရိုက်ဂိုဏ်း၏ခေါင်း ဆောင်အက်ဆန်အူဆိုယန်သည်မြို့တော်မော်စကိုရှိ စားသောက် ဆိုင်တစ်ဆိုင်၏ပြင်ပ၌သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း ရဲတပ်ဖွဲ့ က ပြောကြားသည်။ အသက် (၇၅)နှစ်ရှိ မာဖီးယားခေါင်းဆောင် အက်ဆန်ကို ကြေးစားလူသတ်သမားတစ်ဦးက ပစ်သတ်ခဲ့သည်ဟု ယူဆရ ကြောင်း၊ ယခုဖြစ်ရပ်ကြောင့် ဒုစရိုက်ဂိုဏ်းကြီးများအကြား ဂိုဏ်းဂဏတိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ( ရိုက်တာ)
**အမေရိကန်သံအမတ်သတ်ဖြတ်ခံရမှုစုံစမ်းစစ်ဆေးရန် အက်ဖ်ဘီအိုင်ညွှန်ကြားရေးမှူး လစ်ဗျားသို့ ရောက်ရှိ**
(ထရီပိုလီ ဇန်နဝါရီ ၁၉)
လွန်ခဲ့သည့်နှစ်က အမေရိကန်သံအမတ်ကြီးအားသတ်ဖြတ်ခံခဲ့ရမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်နိုင်ရေးအတွက် ဆွေးနွေးမှုများပြုလုပ်နိုင်ရန်အမေရိကန်ဖက်ဒရယ်စုံစမ်းစစ်ဆေးရေး
ဗျူရို(အက်ဖ်ဘီအိုင်)အကြီးအကဲသည် လစ်ဗျားနိုင်ငံသို့ရောက် ရှိနေကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြားကြသည်။ အက်ဖ်ဘီအိုင်ညွှန်ကြားရေးမှူး ရောဘတ်မူလာသည် လစ်ဗျားနိုင်ငံအရှေ့ပိုင်း ဘင်ဂါဇီမြို့၌ အမေရိကန်သံအမတ်ကြီးနှင့် အမေရိကန်သုံးဦးသတ်ဖြတ်ခံခဲ့ရမှုကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနိုင်ရန် လစ်ဗျားတာဝန်ရှိသူများနှင့် ဆွေးနွေးလျက်ရှိကြောင်း၊ ¤င်းသည်လစ်ဗျားဝန်ကြီးချုပ်၊ တရားရေးဝန်ကြီးနှင့် အထက်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးကြောင်း သတင်းတွင်ဖော်ပြသည်။ ဘင်ဂါဇီမြို့၌ လွန်ခဲ့သည့် စက်တင်ဘာလက အမေရိကန်သံအမတ်ကြီး ခရစ္စစတီဗင်နှင့် အမေရိကန်သုံးဦးတို့ကို အယ်လ်ခိုင်ဒါ အဖွဲ့နှင့် ဆက်နွှယ်မှုရှိသော စစ်သွေြး<ွကများက သတ်ဖြတ်ခဲ့သည်ဟု အက်ဖ်ဘီအိုင်က သင်္ကာမကင်းဖြစ်လျက်ရှိသည်။ ယခုအချိန်အထိ စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်မှာ တိုးတက်မှုမရှိဘဲဖြစ်နေကြောင်း၊ ယင်းအမှုနှင့်ပတ်သက်၍ စုံစမ်း စစ်ဆေး နိုင်ရန် ဒေသဆိုင်ရာနိုင်ငံများ၏ အစိုးရအဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်မှုအားနည်းနေကြောင်း သတင်းတွင် ဖော်ပြသည်။ (ရိုက်တာ)
**ကမ္ဘာ့အကြီးဆုံး လေအားလျှပ်စစ်ဓာတ်အားပေး လုပ်ငန်း ဂျပန် တည်ဆောက်သွားမည်**
ဂျပန်နိုင်ငံသည် ဖူကူရှီးမားကမ်းလွန်ဒေသ၌ လေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းကို လာမည့် ဇူလိုင်လတွင် စတင်တည်ဆောက်မည်ဖြစ်သည်။ တည်ဆောက်ရေးလုပ်ငန်းအား ၂ဝ၂ဝ ပြည့်နှစ်တွင် အပြီးသတ်စေမည်ဖြစ်ပြီး ၁ ဂစ်ဂါဝပ် ထုတ်ပေးနိုင်မည့် ကမ္ဘာ့အကြီးဆုံး လေအားလျှပ်စစ်ဓာတ်အားပေး လုပ်ငန်းဖြစ်လာရန် ဂျပန်နိုင်ငံက မျှော်မှန်းထားသည်။ အဆိုပါဓာတ်အားပေးစက်ရုံကို ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံနှင့် ၁၆ ကီလိုမီတာအကွာ တွင် တည်ဆောက်မည်ဖြစ်သည်။ ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံသည် ၂ဝ၁၁ ခုနှစ်က မြေငလျင်နှင့်ဆူနာမီကြောင့် ပျက်စီးသွားခဲ့ရခြင်းဖြစ်သည်။ အမြင့်မီတာ ၂ဝဝ ရှိသော လေတာဘိုင် ၁၄၃ ခု အား ကမ်းဦးရေတိမ်ပိုင်းတစ်လျှောက်တွင် စိုက်ထူကာ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဂျပန်အမျိုးသားစီမံကိန်းဌာနက ဂျပန်နိုင်ငံ၏ ပြန်လည်ပြည်ြ့ဖိုးမြဲစွမ်းအင်အရင်းအမြစ်တိုးပွားလာစေ ရန်ရည်ရွယ်၍လုပ်ဆောင်ခြင်းဖြစ်သည်။ ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံသည် သဘာဝ ငလျင်ဘေးခံရပြီးနောက် နျူကလီးယားဓာတ်ပေါင်းဖို ၅၄ ခုအား ပိတ်ပစ်ခဲ့ရသော်လည်း ဓာတ်အားပြတ် လပ်မှုကြောင့် ဓာတ်ပေါင်းဖိုနှစ်ခု ပြန်လည်လည်ပတ်ခဲ့ရသည်။ '' ဒီစီမံကိန်းဟာအရေးကြီးပါတယ်။ ဖူကူ ရှီးမားနျူကလီးယားဓာတ်ပေါင်းဖိုမှ လျှပ်စစ်စွမ်းအင်ကို နောက်ထပ်အသုံးပြုစရာမလိုတော့ဘူးလို့ တွက်ဆမိပါတယ်'' ဟု တိုကျိုတက္ကသိုလ်မှ စီမံကိန်းမန်နေဂျာ တာကာရှီအိုဟီဟာယာက နယူးဆိုင်းရင့်တက်စ် ဂျာနယ်သို့ ပြောကြားသွားခဲ့သည်။ (ရိုက်တာ)
**အမေရိကန် ခရီးသည်တင်လေယာဉ်ကို တိုက်လေယာဉ်များက လိုက်ပါစောင့် ရှောက်ပေးခဲ့ရ** (လော့စ်အိန်ဂျလိစ် ဇန်နဝါရီ ၁၉)
အမေရိကန်နိုင်ငံ၌ အလာစကာလေကြောင်းဌာန၏ လေကြောင်းခရီးစဉ်ပျံသန်းလာသော လေယာဉ်တစ်စင်းပေါ်တွင်
လေယာဉ်ပြန်ပေးဆွဲနိုင်ဖွယ်ရှိသူ အမျိုးသားတစ်ဦးလိုက်ပါလာ သည်ဟု လူတစ်ဦးက ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို(အက်ဖ် ဘီအိုင်)ထံ တယ်လီဖုန်းဆက်ပြောကြားခဲ့ပြီးနောက် အက်ဖ်-၁၅ ဂျက်တိုက်လေယာဉ်နှစ်စင်းက ယင်းလေယာဉ်ကို အစောင့် အကြပ်အဖြစ် လိုက်ပါပေးခဲ့ကြောင်း အမေရိကန်အာဏာ ပိုင်များက ဇန်နဝါရီ ၁၈ ရက်တွင် ပြောကြားသည်။ အဆိုပါ ခရီးသည်တင်လေယာဉ်မှာ ဘိုးအင်း-၇၃၇ အမျိုး အစားဖြစ်ပြီး ဆီယက်တယ်လ်မြို့ရှိ လေဆိပ်သို့ ထူးခြား ဖြစ်စဉ်တစ်စုံတစ်ရာမရှိဘဲ ဆင်းသက်နိုင်သည်အထိ တိုက် လေယာဉ်များက နံဘေးမှလိုက်ပါကာ စောင့်ရှောက်ပေးခဲ့ကြောင်း မြောက်အမေရိကလေကြောင်းပိုင်နက် ကာကွယ်ရေးဌာန ချုပ်က ထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြသည်။ ယင်း လေယာဉ်သည် ဟာဝိုင်ယီပြည်နယ် ကိုနာမြို့မှ စတင်ထွက်ခွာ ခဲ့သည်။ ( ရိုက်တာ)
**မက္ကဆီကိုအရှေ့ တောင်ပိုင်းတွင် လေယာဉ်ပျက်ကျ၊ လူရှစ်ဦးသေဆုံး**
(မက္ကဆီကိုစီးတီး ဇန်နဝါရီ ၁၉)
မက္ကဆီကိုနိုင်ငံ အရှေ့တောင်ပိုင်းရှိ ချီယာပတ်စ်ပြည်နယ် တွင် လေယာဉ်တစ်စင်းပျက်ကျကြောင်း၊ ဇန်နဝါရီ ၁၇ ရက်က တူဇလာဂွီတီရက်ဂ်လေဆိပ်မှ ပျံတက်ပြီးမကြာမီတွင် ပျက်ကျ သွားရာ လူရှစ်ဦးထက်မနည်းသေဆုံးကြောင်း သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြားသည်။ ပုဂ္ဂလိကပိုင်လေယာဉ်တစ်စင်းသည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခန့်က မက္ကဆီကိုနိုင်ငံတောင်ပိုင်းရှိအိုဇာကာ ပြည်နယ်သို့ပျံသန်းလာစဉ် လေပြင်းတိုက်ခတ်မှုနှင့်ရင်ဆိုင်ရ
ကြောင်း ပြည်နယ်ဆိုင်ရာမြို့ပြကာကွယ်ရေးဌာနက ပြောကြား သည်။ အဆိုပါ ပီအေ-၃၁ အမျိုးအစား ပိုစ်ပါနာဗာဂျိုလေယာဉ်၏ အင်ဂျင်တစ်လုံးပေါက်ကွဲမှုကြောင့် လေယာဉ်ပျက်ကျရခြင်းဖြစ် ကြောင်း တရားဝင်မဟုတ်သော သတင်းများက ပြောကြားသည်။ မျက်မြင်တွေ့ရှိသူများက အဆိုပါလေယာဉ် ပျံတက်ပြီး နောက် တောင်ပံတစ်ခုတွင်မီးလောင်ကာ မီးခိုးများထွက်ပေါ် လာကြောင်း ပြောကြားသည်။ ကနဦးဖော်ပြချက်တွင်မူ ရာသီဥတု ဆိုးရွားနေခြင်းကြောင့်ဟု ပါရှိသည်။ လေယာဉ်ပေါ်ပါ ခရီးသည်များအနက် လေယာဉ်မှူးနှစ်ဦး၊ လူကြီးသုံးဦးနှင့် ကလေးသုံးဦးသေဆုံးခဲ့ရသည်။ (ဆင်ဟွာ)
တင်မောင်လွင် -ဟိန်းထက်- စုစည်းသ ည်။
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-

No comments:
Post a Comment