**ဂျိုကိုဗစ်နှင့် ရှာရာပိုဗာသြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲကွာတားဖိုင်နယ်တက်**
သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ဂျိုကိုဗစ်နှင့် ရှာရာပိုဗာတို့သည် အသီးသီးသောပြိုင်ဘက်များကို အနိုင်ရပြီး ကွာတားဖိုင်နယ်သို့ တက်ရောက် သွားခဲ့ပြီဖြစ်သည်။ ဂျိုကိုဗစ်သည် ချက်တင်းနစ်ကစားသမား ရက်ဒစ်စတီဖာ နက်အား ၅-၄၊ ၆-၃၊ ၇-၅ ဖြင့် နိုင်ပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်လာခဲ့ ခင်းဖြစ်သည်။ ၂ဝဝ၈ ခုနှစ် မဲလ်ဘုန်းချန်ပီယံ ရှာရာပိုဗာသည် ဂရင်းဆလမ်ဖလား ခုနစ်ကြိမ်ဆွတ်ခူးခဲ့ဖူးသည့် ဗီးနပ်စ်ဝီလျံအား ၆-၁၊ ၆-၃ ဖြင့် အနိုင်ရရှိပြီး ကွာ တားတက်ရောက်သွားသည်။ ဗြိတိသျှတင်းနစ်မယ် ဟီတာဝက်ဆင်က ပိုလန်တင်းနယ်မယ် ရက်ဝမ်စကာကို ၆-၃၊ ၆-၁ ဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်သွားခဲ့ရသည်။
**တိုက်စစ်မှူး သီယိုဝေါကော့သ်အား တစ်ပတ် ပေါင် ၁ဝဝဝဝဝ ဖြင့် အာဆင် နယ်က သုံးနှစ်ခွဲ စာချုပ်သစ်ချုပ်ဆို**
တိုက်စစ်မှူး သီယိုဝေါကော့သ်အား တစ်ပတ် ပေါင် ၁ဝဝဝဝဝ ဖြင့် အာဆင် နယ်က သုံးနှစ်ခွဲ စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း ၄င်းကလပ်က ကြေညာ သည်။ အင်္ဂလန်တိုက်စစ်မှူး ဝေါကော့သ်သည် သြဂုတ်လအတွင်းက တစ်ပတ ပေါင် ၇၅ဝဝဝ ဖြင့် ငါးနှစ်သက်တမ်း စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းမှုကို ငြင်းဆ ခဲ့သည်။ အသက် ၂၃ နှစ်ရှိ တိုက်စစ်မှူး ဝေါကော့သ် သည် ၄င်းကလပ်က စာချုပ်သစ် ထပ်မံချုပ်ဆိုလိုက်နိုင်ပြီဖြစ်၍ အသင်းမှထွက်ခွာရန် ထင်ကြေးပေးမှုမျာ အဆုံးသတ်သွားပြီဖြစ်သည်။ ၄င်းသည် အာဆင်နယ်အတွက် ယခုနှစ်ရာသီတွင သွင်းဂိုး ၁၄ ဂိုးဖြင့် ဂိုးအများဆုံးသွင်းယူမှု စံချိန်တင်ထားသူဖြစ်သည်။
**ဘောလုံးလောက သတင်းတိုများ**
ျွ အင်တာမီလန်ကွင်းလယ်ကစားသမား ကူတင်ဟိုအား လီဗာပူးအသင်းက ပြောင်းရွှေ့ကြေး ပေါင် ရှစ်သန်းဖြင့် ခေါ်ယူစာချုပ်မည်ဖြစ်သည်။
ျွ ပေါ်တိုနှင့် ပေါ်တူဂီနောက်ခံလူ ရိုနယ်ဒို ၂၇ နှစ်အား ကျူပီအာအသင်းက ခေါ်ယူရန် ကြိုးစားလျက်ရှိသည်။ျွ ချယ်လ်ဆီးကွင်းလယ်ကစားသမား လမ်းပတ်အား လာမည့်ဘောလုံး ရာသီတွင် အမေရိကန်ကလပ် အယ်လ်အေဂလက်ဆီအသင်းသို့ ပြောင်းရွှေ့ ကစားရန် ဆွေးနွေးမှုများ သဘောတူမှုနီးစပ်နေပြီဖြစ်သည်။
ျွ စတုတ်အသင်းသည် အမေရိကန်တောင်ပံကစားသမား ဘရက်ရှားအား ခေါ်ယူစာချုပ်ရန် စီစဉ်လျက်ရှိသည်။
ျွ အာဆင်နယ်အသင်းသည် ပြင်သစ်ကွင်းလယ်ကစားသမား အသက် ၂ဝ အရွယ်ရှိ အမ်ဘူလာအားခေါ်ယူရေး ပြင်သစ်ဒုတိယတန်းကလပ် ရိုင်ကမ့်နှင့် ဆွေးနွေးမှုများပြုလုပ်လျက်ရှိသည်။
ျွ ဝက်စ်ဘရွန်းနောက်ခံလူ ဒေါ်ဆင် ၂၂ နှစ်အား ဝုလ်ဖာ၊ ဘော်လ်တန်နှင့် လိဒ်ယူနိုက်တက်အသင်းတို့က ခေါ်ယူရေးအပြိုင်ကြိုးစားလျက်ရှိသည်။
ျွ ဝက်ဟမ်းအသင်းသည် ဘလက်ဘန်းဝဲဘက်နောက်ခံလူ အိုလ်ဆင် ၂၄ နှစ်အား ခေါ်ယူနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသည်။
-ျွ နယူးကာဆယ်နည်းပြ အလန်ပါဒူးက ရက်ဒင်းတိုက်စစ်မှူး ပါဗယ်အား ယခုနှစ်ဘောလုံးရာသီကုန်၌ ခေါ်ယူလိုကြောင်း ထုတ်ဖော်ဟြေကြားသည်။
ျွ လီဗာပူးတိုက်စစ်မှူး ဆွာရက်ဇ်သည် ဘောလုံးကစားရာတွင် ပါရမီရှိပြီး ထူးချွန်သည့် ကွင်းလယ်တိုက်စစ်မှူးတစ်ဦးဖြစ်ကြောင်း ထုတ်ဖော်ပြော ကြားသည်။
ျွ ချယ်လ်ဆီးနည်းပြ ဘင်နီတက်ဇ်က နောက်ခံကစားသမား ဂျွန်တယ်ရီ သည် နောက်တန်းခံစစ်မှူးများတွင် အကောင်းဆုံးခြေစွမ်းပိုင်ဆိုင်ထား ဆဲဖြစ်ကြောင်း ပြောကြားသည်။
ျွ ဘိုင်ယန်မြူးနစ်တောင်ပံကစားသမား ရော်ဘင်က မိမိသည် ပရီမီယာလိဂ် တွင် ပြန်လည်ကစားလိုကြောင်း ထုတ်ဖော်ဟြေကြားသည်။
မောင် ချစ်ကြည်-စုစည်းသ ည်။
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

No comments:
Post a Comment