ထိုင်းအစိုးရဆန့်ကျင်ရေးအ၀ါဂိုဏ်းနှင့် ထိုင်းအစိုးရထောက်ခံရေးအနီဂိုဏ်းများ၏ အားပြိုင်မှုအမြင့်ဆုံးယနေ့၌ ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ဝှေ့ မုတ်ရွာတွင် ထိုင်းဥပဒေအတိုင်းနေ့စားခဘတ် (၃၀၀) ပေးမည်ဆိုကာလစာထုတ်ရာမှာမပေးသဖြင့် မာလီအထည်ချုပ်စက်ရုံမှ မြန်မာလုပ်သား ၁၀၀ ကျော် အလုပ်မဆင်းပဲဆန္ဒပြခဲ့ကြသည်။
(JACBAဆရာမိုးအဖွဲ့ ကဒီနေ့ ညနေကွင်းဆင်းဆွေးနွေး)
ဤသို့ အလုပ်မဆင်းပဲ ဆန္ဒပြမှုနှင့် ပတ်သက်၍ အလုပ်သမားကိုယ်စားလှယ် မင်းခန့်က “ကျနော်တို့ဒီနေ့ မနက်ပိုင်းမှာအလုပ်လုပ်နေပါတယ်။ မွန်းလွဲပိုင်းကျတော့ လုပ်အားခထုတ်ယူတဲ့ နေရာမှာမူလကြေညာထားသလိုနေ့စားခဘတ်(၃၀၀) ပေးမယ်ဆိုပြီးမပေးလို့ အလုပ်ရပ်ပြီး ဆန္ဒပြလိုက်ကြပါတယ်။ အမျိုးသမီး ၅၅ဦး၊ အမျိုးသား ၄၅ ဦးလောက်အလုပ် လုပ်နေကြပါတယ်။ အလုပ်ရှင်ကကနေဒါနိုင်ငံသားSabastein Sirols ပါ။ မန်နေဂျာတွေ၊စူပါတွေကထိုင်းတွေပါ ။အဲဒီထိုင်းတွေကပဲ မြန်မာလုပ်သားတွေကိုထိုင်းဥပဒေအတိုင်းပေးမည်ဆိုပြီးမပေးကြတာပါ။ အလုပ်ရုံဖွင့်တာ ၄ လလောက်ပဲရှိပါသေးတယ်။ အလုပ်စလုပ်ရတာက ၄ လ မပြည့်ကြသေးပါဘူး။ အခုဆရာမိုးတို့ JACBA အဖွဲ့ကအနီးကပ်ကြည့်ကြပ်ပေးပြီး၊နောက်ရက်တွေမှာ ထိုင်းအလုပ်သမား ၀န်ကြီးဌာနကိုထိုင်းဥပဒေအတိုင်းအလုပ်ဆင်းရက်နဲ့ တောင်းဆိုသွားမှာပါ။ အခုလောလောဆယ် စုပေါင်းလက်မှတ်ရေးထိုးနေကြဆဲပါပဲ”ဟုရှင်းပြသည်။
(JACBAဆရာမိုးအဖွဲ့ ကအလုပ်သမားကိုယ်စားလှယ်များကိုဒီနေ့ ကွင်းဆင်းဆွေးနွေး)
ယနေ့သည် ထိုင်းနိုင်ငံရေးအားပြိုင်ပွဲအ မြင့်ဆုံးစိန်ခေါ်နေ့ဖြစ်သောကြောင့် အဆိုပါ မာလီအထည်ချုပ်စက်ရုံမှ မြန်မာလုပ်သား ၁၀၀ ကျော်၏ ဆန္ဒပြမှုကိုအလုပ်ရှင်ကမတော်မတရားတိုင်ကြားကာထိုင်းရဲတပ်ဖွဲ့မှ အရေးယူမည်ကို ကြိုတင်ကာကွယ်သောအားဖြင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ မြန်မာအလုပ်သမားရေးရာကော်မတီအဖွဲ့အစည်းဖြစ်သော (JACBA) က ထိုင်းအလုပ်သမား ၀န်ကြီးဌာန မဲဆောက်မြို့နယ် အလုပ်သမားကာကွယ်ရေးရုံးထံသို့ အကျိုးအကြောင်းဆက်သွယ်သတင်းပို့ထားသည်။
မဲဆောက်မြို့တွင် ထိုင်းဥပဒေပါ အလုပ်သမားအခွင့်အရေးများအတိုင်းနေ့စားခဘတ် ၃၀၀ ပေးသောစက်ရုံအလုပ်ရုံဟူ၍ တီကေဖက်ရှင်စက်ရုံ၊ ဧကဖက်စက်ရုံ၊ တော့ပ်ဖောင်းစက်ရုံ၊ ဂျဂွါစတီးလ်စက်ရုံ၊ စသည်ဖြင့် ၄ ခုသာရှိပြီးအဆိုပါ ၄ ရုံတွင်လည်းလစဉ် အကြောင်းအမျိုးမျိုးပြကာလစာထဲမှဖြတ်တောက်သော ဖြတ်တောက်ကြေးများများပြားနေသဖြင့်
မြန်မာအလုပ်သမားများမကျေမနပ်ဖြစ်လျက်ရှိသည်။
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ၉ မြို့နယ်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၄ သိန်းခန့်ရှိပြီးမဲဆောက်မြို့တွင်မူအရေအတွက် အများဆုံးဖြစ်ကာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သိန်းခန့်ရှိသည်။ သို့ရာတွင် အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမား၎ သိန်းခန့်သည် ထိုင်းနိုင်ငံအလုပ်သမားကာကွယ်ရေးနှင့် လူမှုဖူလုံရေးအက်ဥပေဒ (BE-2541/1998)အတိုင်းနေ့စားခဘတ် ၃၀၀၊ အချိန်ပို ၁ နာရီလျှင် ၅၆ ဘတ် ဆိုသည့် အလုပ်သမားအခွင့်အရေးကိုမခံစားရကြောင်းထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏
မြန်မာအလုပ်သမားရေးရာကော်မတီအဖွဲ့အစည်းဖြစ်သော (JACBA) က သုံးသပ်တင်ပြထားသည်။
(Photo-JACBA)

No comments:
Post a Comment