>
=သည်းထိတ်ရင်ဖိုဇာတ်ကားသစ်တွင်
ထပ်မံမြင်တွေ့ ရမည့်ဂျနီဖာလိုပက်ဇ်==
တေးသံရှင်နှင့် ရုပ်ရှင်မင်းသမီး ဂျနီဖာလိုပက်ဇ်
က Lila And Eveအမည်ရှိ သည်းထိတ်ရင်ဖို
ဇာတ်ကားသစ်တွင် ဟောလိဝုဒ်မင်းသမီး ဗိုင်အို
လာဒေ့ဗ်နှင့်အတူ ပူးတွဲပါဝင်သွားမည်ဖြစ်ပြီး
ယင်းဇာတ်ကားကို ၂၀၁၅ ခုနှစ် နှစ်ဦးပိုင်းတွင်
ဖြန့်ချိထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဇာတ်ကားကို ကုန်ကျငွေ အမေ
ရိကန်ဒေါ်လာ သုံးသန်းနှင့် လေးသန်းကြားသာ
အကုန်အကျခံ သုံးစွဲသွားမည်ဖြစ်ကြောင်းနှင့်
ယင်းဇာတ်ကားတွင် ဂျေလိုနှင့် မင်းသားRyan
Guzman တို့ အားပြိုင်သရုပ်ဆောင်မှုများကို
မြင်တွေ့ရမည် ဖြစ်သည်။
အသက်(၄၄)နှစ်အရွယ် ဟောလိဝုဒ်ကြယ်ပွင့်
ဂျေလိုသည် American Idolသူ သီချင်းဆိုပြိုင်ပွဲ
တွင် အကဲဖြတ်ဒိုင်အဖြစ် တာဝန်ယူထားသည့်
အပြင် ဂျေလိုသည် လာမည့်ကမ်္ဘာ့ဖလားဘောလုံး
ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ဘရာဇီးအဆိုတော်
Claudia Leitte ရက်ပ်အဆိုတော် Pitbull
တို့နှင့်အတူ အဖွင့်သီချင်း သီဆိုဖျော်ဖြေသွား
မည်ဖြစ်ကာ ၎င်း၏ အဋ္ဌမမြောက်အယ်လ်ဘမ်
ကို ယခုနှစ်အတွင်း ထုတ်လုပ်သွားနိုင်ရန် စီစဉ်
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
==မာတာ၊ ၊ဗန်ပါစီနှင့်ရွန်းနီတို့အတွဲဖြင့် လက်ကျန်ပွဲစဉ်များတွင်
ရလဒ်ကောင်းများ ဆောင်ကြဉ်းနိုင်လိမ့်မည်ဖြစ်ကြောင်း
ဒေးဗစ်မိုယက်ဖွင့်ဟပြောကြား==
ဇန်န၀ါရီ ၂၉ ရက် နံနက်ပိုင်းက မန်ယူအသင်း၏
အိမ်ကွင်း အိုးထရက်ဖို့ဒ်၌ ယှဉ်ပြိုင်ကစားခဲ့သည့် မန်ယူ
အသင်းနှင့်ကာဒစ်ဖ်အသင်းတို့၏ ပရီမီယာလိဂ်ပွဲစဉ်(၂၃)
တွင် ကာဒစ်ဖ်အသင်းအား မန်ယူအသင်းက နှစ်ဂိုးပြတ်ဖြင့်
အနိုင်ရရှိခဲ့ပြီး မန်ယူအသင်းနည်းပြ ဒေးဗစ်မိုယက်က
ယခုဇန်န၀ါရီအပြောင်းအရွှေ့တွင် ခေါ်ယူလိုက်သည့်
ကွင်းလယ် ကစားသမား မာတာ၊ တိုက်စစ်မှူးရော်ဘင်ဗန်ပါစီ
နှင့် တိုက်စစ်မှူး ရွန်းနီတို့အတွဲဖြင့် လက်ကျန်ပွဲစဉ်များတွင်
ရလဒ်ကောင်းများ ဆောင်ကြဉ်းနိုင်လိမ့်မည်ဖြစ်ကြောင်း
ဖွင့်ဟပြောကြားခဲ့သည်။
မန်ယူအသင်းနှင့်ကာဒစ်ဖ်အသင်းတို့၏ ပရီမီယာ
လိဂ်ပွဲစဉ်(၂၃)တွင် မန်ယူအသင်းသည် ဒဏ်ရာပြဿနာမှ
ပြန်လည်သက်သာလာသော တိုက်စစ်မှူးဗန်ပါစီ၊ ကွင်း
လယ်ပိုင်းတွင် မာတာ၊ ဖီးဂျုံးစ်၊ အက်ရှ်လေယန်း၊ ဗလင်
စီယာ၊ ဂစ်ဂ်စသည့် ကစားသမားများကို အသုံးပြုကာ
နောက်တန်းတွင် ကီဗရာ၊ စမောလင်း၊ အီဗန်၊ ရာဖေးလ်
တို့ကိုထည့်သွင်းခဲ့ ပြီး မန်ယူအသင်းနည်းပြ ဒေးဗစ်မိုယက်
အနေဖြင့် အိမ်ကွင်းအိုးထရက်ဖို့ဒ်တွင် ၄-၂-၃-၁ ကစား
ကွက်ကို အားပြုပွဲထွက်လာခဲ့သည်။
ယင်းပွဲစဉ်တွင် ပွဲကစားချိန် ခြောက်မိနစ်တွင် တိုက်
စစ်မှူးရော်ဘင်ဗန်ပါစီက တစ်ကိုယ်တော်အစွမ်းဖြင့် မန်ယူ
အသင်းအတွက် အဖွင့်ဂိုးစတင်သွင်းယူပေးခဲ့ပြီး ဒုတိယ
ပိုင်း ၅၉ မိနစ်တွင် ကွင်းလယ်ကစားသမား မာတာ၏
ဖန်တီးပေးပို့မှုမှတစ်ဆင့် အက်ရှ်လေယန်းက ဒုတိယမြောက်
ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သည်။
ထို့ကြောင့် မန်ယူအသင်းသည် ဗန်ပါစီနှင့် အက်ရှ်
လေယန်းတို့၏ သွင်းဂိုးများနှင့်အတူ ကာဒစ်ဖ်အသင်းကို
နှစ်ဂိုးပြတ်ဦးဆောင်နိုင်သည့်အချိန်တွင် ဗန်ပါစီနေရာတွင်
ရွန်းနီကိုလည်းကောင်း၊ ရိုင်ယန်ဂစ်နေရာတွင် တွမ်ကလီဗာ
လေကိုလည်းကောင်း၊ ကွင်းလယ်ကစားသမား မာတာနေရာ
တွင် ဂျာနျူဇာကိုလည်းကောင်း လူစားလဲမှုများပြုလုပ်ကာ
နောက်ထပ်ဂိုးရရှိရေးနှင့် ရလဒ်ကိုဆက်ထိန်းထားနိုင်ရေး
ကြိုးပမ်းပြီး ပွဲကစားချိန် မိနစ် ၉၀ ပြည့်သည်အထိ နှစ်သင်း
စလုံး ဂိုးရယူနိုင်ခြင်းမရှိခဲ့ဘဲ မန်ယူအသင်းက ကာဒစ်ဖ်
အသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
ဆောက်သမ်တန်အသင်းနှင့် အာဆင်နယ်အသင်း
တို့၏ပွဲစဉ်တွင် နည်းပြအာစင်ဝင်းဂါးအနေဖြင့် တိုက်စစ်
မှူး ဂီရောက်၊ ဖလာမီနီ၊ ကာဇိုလာ၊ အိုဇေးလ်၊ အာတီတာ
စသည့် ကစားသမားများကို ပွဲထွက်ကစားစေခဲ့ပြီး ပွဲကစား
ချိန် မိနစ် ၈၀ တွင် ဖလာမီနီတိုက်ရိုက်အနီကတ်ပြခံခဲ့ရခြင်း
ကြောင့် ပြိုင်ပွဲ၏ ရလဒ်သည် တစ်ဖက် နှစ်ဂိုးစီသရေရလဒ်
ဖြင့်သာ ကျေနပ်ခဲ့ရသည်။
ယင်းပွဲစဉ်တွင် အာဆင်နယ်
အတွက် သွင်းဂိုးများကို ဂီရောက်နှင့် ကာဇိုလာတို့က
သွင်းယူပေးခဲ့ပြီး ဆောက်သမ်တန်အတွက် သွင်းဂိုးများကို
ဖွန်တီနှင့် လယ်လာနာတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
လီဗာပူးအသင်းနှင့် အဲဗာတန်အသင်းတို့၏ ပွဲစဉ်တွင်
လီဗာပူးအသင်းက အဲဗာတန်အသင်းကို လေးဂိုးပြတ်ဖြင့်
အနိုင်ရရှိခဲ့ပြီး လီဗာပူးအသင်းအတွက် သွင်းဂိုးများကို
စတီဗင်ဂျာရက်က တစ်ဂိုး၊ စတားရစ်ကနှစ်ဂိုးနှင့် လူးဝစ်
ဆွာရတ်ဇ်က တစ်ဂိုးသွင်းယူပေးခဲ့ခြင်းဖြစ်သည်။ အခြား
ပွဲစဉ်များဖြစ်သည့် နော့ဝှစ်ခ်ျနှင့် နယူးကာဆယ်တို့ပွဲစဉ်တွင်
ဂိုးမရှိသရေ၊ ဆွမ်ဆီးနှင့် ဖူလ်ဟမ်ပွဲစဉ်တွင် ဆွမ်ဆီးက
နှစ်ဂိုးပြတ်ဖြင့်လည်းကောင်းအနိုင်ရရှိပြီး ခရစ်္စတယ်ပဲလေ့
နှင့် ဟားစီးတီးတို့ပွဲစဉ်တွင် ခရစ်္စတယ်ပဲလေ့က တစ်ဂိုး-
ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
===ဖခင်ဂျက်ကီချန်း၏ အသက်(၆၀)ပြည့် မွေးနေ့အခမ်းအနားကို
အထူးအစီအစဉ်များဖြင့်ကျင်းပရန် ဂျေစီချန်းစီစဉ်===
နာမည်ကျော် ဖက်ရှင်ဒီဇီုင်နာ၊
ဟောင်ကောင် ရုပ်ရှင်သရုပ်ဆောင်နှင့်
အဆိုတော်တစ်ဦးဖြစ်သူ ဂျေစီချန်းက ဖခင်ဖြစ်သူ
ဟောင်ကောင်အက်ရှင် မင်းသားကြီး ဂျက်ကီချန်း
၏ အသက်(၆၀)ပြည့် မွေးနေ့အခမ်းအနားကို
လာမည့်ဧပြီလတွင် ပေကျင်းနှင့် ရှန်ဟိုင်းမြို့တို့
တွင် အထူးအစီအစဉ်များဖြင့် ကျင်းပသွားနိုင်ရန်
စီစဉ်လျက်ရှိကြောင်း သိရသည်။
တေးသံရှင် ဂျေစီချန်းက ဧပြီ ၇ ရက်တွင်
ကျရောက်မည့် ဖခင်ဖြစ်သူ၏ အသက်(၆၀)ပြည့်
မွေးနေ့အတွက် ဧပြီလ ၆ ရက်မှ ၁၀ ရက်အထိ
ပေကျင်းနှင့် ရှန်ဟိုင်းမြို့တို့သို့ သွားရောက်ကာ
ဖျော်ဖြေပွဲနှင့် ပရိသတ်တွေ့ဆုံပွဲများပါဝင်သည့်
အခမ်းအနားများကို ကျင်းပသွားမည်ဖြစ်ပြီး ရှန်ဟိုင်း
ရှိ ဂျက်ကီချန်းရုပ်ရှင်ပြတိုက်ကိုလည်း ပရိသတ်များ
အား မိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
သားဖြစ်သူ၏ လုပ်ဆောင်ချက်များနှင့်ပတ်
သက်ပြီး ဂျက်ကီချန်းက ““အရမ်းအံ့သြရပါတယ်၊
မိဘစေတနာတွေကို နားလည်တဲ့သားတစ်ယောက်
ရထားတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်””ဟု
ပြောကြားခဲ့သည်။
ဆက်လက်ပြီး ““ဧပြီ ၆ ရက်မှာ ပေကျင်းနဲ့
ရှန်ဟိုင်းကို သွားပြီးတော့ ကမ်္ဘာအနှံ့က ပရိသတ်
တွေကို လိုက်လံတွေ့ဆုံသွားမှာပါ””ဟု ဂျေစီချန်း
က ဆိုသည်။
==၂၀၁၅ ခုနှစ်တွင်ထွက်ရှိမည့်Pitch Perfect2===
၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့သည့်
လူငယ်ကြိုက်ဟာသဇာတ်မြူးတစ်ကား
ဖြစ်သည့် Pitch Perfect ၏ နောက်
ဆက်တွဲဇာတ်ကား Pitch Perfect 2
တွင် ပထမဇာတ်ကားမှ မင်းသမီး အဲလိ
ဇဘက်ဘန့်ခ်က ဒါရိုက်တာနှင့် သရုပ်
ဆောင်အဖြစ် ပါဝင်ပုံဖော်သွားမည်ဖြစ်
ကြောင်း သိရသည်။
မင်းသမီး အဲလိဇဘက်က ““ပထမ
ဇာတ်ကားဟာ အရမ်းအောင်မြင်ခဲ့တဲ့
ဇာတ်ကားဖြစ်သလို အတွေ့အကြုံ
ကောင်းတွေလဲ အများကြီးရခဲ့ပါတယ်၊
Pitch Perfect 2 ကို ဒါရိုက်တာအဖြစ်
ရိုက်ကူးရမှာ ကျွန်မရဲ့ ပထမဆုံး
အတွေ့အကြုံပါ””ဟု ဆိုခဲ့သည်။
အဲလိဇဘက်သည် ၂၀၁၂ ခုနှစ်မှ
၂၀၁၅ ခုနှစ်အတွင်း ထွက်ရှိမည့်
Hunger Gamesံဇာတ်လမ်းတွဲများ
တွင် လည်းကောင်း၊ ယခုနှစ်တွင် The
Lego Movie? Every Secret Thing
နှင့်Little Accidents ဇာတ်ကားတို့
တွင်လည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင်
Pitch Perfect 2ဇာတ်ကားတို့တွင်
လည်းကောင်း ပါဝင်သွားမည်ဖြစ်
ကြောင်း သိရသည်။
Pitch Perfectဟာသဇာတ်ကား
သည် ၂၀၁၂ ခုနှစ်အတွင်းက တစ်ကမ်္ဘာ
လုံးအတိုင်းအတာဖြင့် ၀င်ငွေ အမေ
ရိကန် ဒေါ်လာ ၁၁၃ သန်းရရှိခဲ့ပြီး
တစ်နှစ်တာလုံးအတွက် ဒုတိယ၀င်ငွေ
အကောင်းဆုံးဟာသဇာတ်ကားဖြစ်
ခဲ့သည်။
==Myo Sandar Maung-ငွေကြယ်===

Thursday, January 30, 2014
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment