ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, January 9, 2014

--ကြိုတင်အကြောင်းမကြားပဲစက်ရုံပိတ်သိမ်းသဖြင့် မဲဆောက်မြို့ ၀မ်းဒါးဖူးစက်ရုံမှ မြန်မာလုပ်သား ၂၀၉ ဦးအလုပ်လက်မဲ့ဖြစ်----

> (ဟန်ထိုင်း (ခေါ်) Wonderful Co,ltdစက်ရုံရှေ့ မြင်ကွင်း)
+(ဇန်န၀ါရီလ ၉ ရက် ၂၀၁၄၊ သောင်ရင်းနဂါး)+

ထိုင်းဥပဒေပါအလုပ်ပိတ်သိမ်းပါကရက်(၆၀)ကြိုတင်အကြောင်းကြားရမည်ဆိုသည်ကိုတရုတ်အလုပ်ရှင်က
မလိုက်နာပဲ ရုတ်တရက်အလုပ်ပိတ်သိမ်းခဲ့သဖြင့် ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့၊ ၀မ်းဒါးဖူးအထည်ချုပ်စက်ရုံ (အရပ်အခေါ်- ဟန်ထိုင်း) မှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၉ ဦးအလုပ်လက်မဲ့ဖြစ်ကာနေရေး၊ စားရေးအခက်အခဲကြုံတွေ့နေရကြောင်းသတင်းရရှိသည်။

ဤဖြစ်ရပ်နှင့် ပတ်သက်၍ ၀မ်းဒါးဖူးစက်ရုံအလုပ်သမားခေါင်းဆောင် မောင်နန်းဦးက “မနေ့ကပဲရုတ်တရက် အကြောင်းကြားပြီးဒီနေ့စက်ရုံထဲကထွက်ကြရမယ်လို့ မန်နေဂျာကပြောတယ်။ ပြဿသနာစဖြစ်တဲ့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတုန်းက ဆိုရင် အလုပ်သမား ၃၅၀ ကျော် အထိရှိခဲ့ပါတယ်။ အခုတတိတိနဲ့ အလုပ်ဖြုတ်ပစ်လိုက်တာ ၂၀၉ ဦးပဲကျန်ပါတော့တယ်။ ဒီ ၂၀၉ ဦးအတွက် ပုံမှန်လုပ်အားခကိုတော့ လာမယ့် ဇန်န၀ါရီလ ၁၃ ရက်နေ့မှာရှင်းပေးမယ်တဲ့။ အဲ… နစ်နာကြေးရဖို့ကိုတော့ ဆရာမိုးတို့ JACBA အဖွဲ့နဲ့ ထိုင်းရှေ့နေရုံး (LLC) က ကြိုးပမ်းပေးနေပါတယ်။ နစ်နာကြေးက ၂ မျိုးတောင်းမှာခင်ဗျ။ ပထမကလုပ်သက်အလိုက် နစ်နာကြေး၊ ဒုတိယက ကြိုတင်၂ လ အကြောင်းမကြားပဲရုတ်တရက်ပိတ်သိမ်းတဲ့အတွက်ပါ။ ကျနော်တို့ စုစုစည်းစည်းနဲ့ ရှိနေရာကနေ့စားခဘတ် ၃၀၀ လည်းမတောင်းပဲနဲ့ နေ့စားခဘတ် ၂၁၀ ဘတ်၊ အိုတီ ၁ နာရီ ၂၈ ဘတ်နဲ့ သဘောတူပြီးမှ လစဉ်ဖြတ်တောက်ကြေးဘတ် (၁၇၀၀) မဖြတ်ပါနဲ့ ပြောတာကိုအလုပ်ရှင်က လုံးဝ လက်မခံဘူးဗျ။ ဒါကြောင့် ထိုင်းနိုင်ငံရေးမငြိမ်မသက်တာကိုအခွင့်ကောင်းယူပြီးကျနော်တို့ ဆန္ဒပြဖို့ မဖြစ်နိုင်တာကိုသိလို့ ရုတ်တရက် ပိတ်လိုက်တာပါပဲ”ဟုရှင်းပြသည်။

(ထိုင်းရှေ့ နေများရုံး(LLC)မှာဆရာမိုးနဲ့ ဝမ်းဒါးဖူးစက်ရုံကိုယ်စားလှယ်များ ဆွေးနွေးနေစဉ်)
ထိုင်း- မြန်မာနယ်စပ်၊ မဲဆောက်မြို့၊ အမှတ်(၇) ရပ်ကွက်ရှိယ္ခင်ဟန်ထိုင်း (ယ္ခု- ၀မ်းဒါးဖူး အထည်ချုပ်စက်ရုံ)သည် ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်တွင်တစ်ကြိမ်၊ ၂၀၀၈ ခုနှစ်တွင် တစ်ကြိမ် မြန်မာလုပ်သား ဆန္ဒပြပွဲများပေါ်ပေါက်ခဲ့ဘူးပြီးထိုစဉ်ကထိုင်းဥပဒေပါသတ်မှတ်နေ့စားခနှင့် သတ်မှတ်အချိန်ပိုကြေးများကိုသာမကလစဉ်ဖြတ်တောက်ကြေးများ၊ များပြားလွန်းသဖြင့် ဆန္ဒပြခဲ့ဘူးသောအစဉ်အလာရှိသည့် စက်ရုံဖြစ်၏။ ယ္ခုအခါတွင်လည်း ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ကသဘောတူခဲ့သောအလုပ်ရှင်နှင့် အလုပ်သမားသဘောတူစာချုပ်ကိုအလုပ်ရှင်ဘက်ကတဖက်သတ် ဖျက်သိမ်းလိုက်ခြင်းဖြစ်ပြီးထိုင်းနိုင်ငံရေးမငြိမ်သက်မှုကာလအတွင်းမှာရွှေ့ပြောင်းအလုပ်သမားများ ဆန္ဒပြခွင့်မရှိခြင်းကိုအခွင့်ကောင်းရယူကာစနစ်တကျ ကြိုတင်ပြင်ဆင်ဆောင်ရွက်လိုက်ခြင်းဖြစ်ကြောင်း၊ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)က သုံးသပ်သည်။

(၀မ်းဒါးဖူးစက်ရုံကိုယ်စားလှယ်များထိုင်းရှေ့ နေများရုံးမှာနစ်နာကြေး၂ရပ်အတွက်၊တွက်ချက်နေကြစဉ်)
ထိုင်းနိုင်ငံအလုပ်သမားကာကွယ်ရေးအက်ဥပဒေ (BE-2541/ 1998)တွင် ပါဝင်သည့်အလုပ်သမားရပိုင်ခွင့်များအတိုင်းထိုင်းအလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားကာကွယ်ရေးရုံးထံသို့ အလုပ်ရှင်ကိုတရားစွဲဆိုလွှာတင်သွင်းရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ မြန်မာအလုပ်သမားရေးရာ ကော်မတီ အဖွဲ့ဝင်ဖြစ်သောမြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)နှင့် ထိုင်းရှေ့နေများကောင်စီဥပဒေအထောက်အကူပြုဌာန (LLC) တို့ ကစီစဉ်ဆောင်ရွ က်နေဆဲဖြစ်၏။

(ဟန်ထိုင်း (ခေါ်) Wonderful Co,ltdစက်ရုံရှေ့ မြင်ကွင်း)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)