ဘာစီလိုနာအသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီအား ရောင်းချမည်မဟုတ်ကြောင်းနှင့် မက်ဆီအား စာချုပ်သစ်တစ်ရပ် ထပ်တိုး ချုပ်ဆိုသွားမည်ဖြစ်ကြောင်း ဘာစီလိုနာအသင်းဥက်္ကဋ္ဌ ဂျိုးဆက်မာရီယာ ဘာတိုမူက ပြောကြားခဲ့သည်။ ဖီဖာကမ်္ဘာ့အကောင်းဆုံးကစားသမားဆုကို လေးကြိမ်ဆက်တိုက် ဆွတ်ခူး ရရှိထားသည့် လီယွန်နယ်မက်ဆီသည် ပြင်သစ်ပထမတန်းကလပ် ပီအက်စ်ဂျီ အသင်းသို့ ပြောင်းရွှေ့ကစားမည်ဆိုသည့် သတင်းများထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး ဘာစီလိုနာအသင်းဥက်္ကဋ္ဌ ဘာတိုမူကမူ တိုက်စစ်မှူး မက်ဆီအား စာချုပ် သစ်တစ်ရပ် ထပ်တိုးချုပ်ဆိုရန် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တိုက်စစ်မှူး လီယွန်နယ်မက်ဆီသည် ပြီးခဲ့သည့်ဘောလုံးရာသီက ပြိုင်ပွဲ ပေါင်း ၅၀ ပါဝင်ကစားကာ သွင်းဂိုး ၆၀ အထိ သွင်းယူပေးနိုင်ခဲ့သော်လည်း ယခုနှစ်ဘောလုံးရာသီတွင်မူ သွင်းဂိုး ၁၈ ဂိုးအထိသာ သွင်းယူပေးထားနိုင်ခဲ့သည်။
= ၀က်စ်ဘရွန်းအသင်း၌ သာ ဆက်ကစားရန်အနယ်ကာ ဆုံးဖြတ်=
တိုက်စစ်မှူး အနယ်ကာသည် နာဇီ ပုံစံအောင်ပွဲခံခဲ့မှုကြောင့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်၏ တရားစွဲဆို ခြင်းခံခဲ့ရသော်လည်း တိုက်စစ်မှူး အနယ်ကာအနေဖြင့် ၀က်စ်ဘရွန်း အသင်းမှ ထွက်ခွာမည်မဟုတ် ကြောင်းနှင့် ၀က်စ်ဘရွန်းအသင်း၌ သာ ဆက်ကစားရန် ဆုံးဖြတ်လိုက် ကြောင်း သိရသည်။ တိုက်စစ်မှူး အနယ်ကာသည် အီတလီစီးရီးအေကလပ် လာဇီယို အသင်းသို့ ပြောင်းရွှေ့ကစားမည်ဆို သည့် သတင်းများပင် ထွက်ပေါ်ခဲ့သည်။ ယင်းမှာ အက်ဖ်အေ၏ တရားစွဲဆို ခံရမှုကြောင့် အနည်းဆုံးငါးပွဲပယ် ပြစ်ဒဏ်ကျခံရမည်ဖြစ်ခြင်းကြောင့် ဖြစ်သည်။ သို့ရာတွင် တိုက်စစ်မှူး အနယ်ကာအနေဖြင့် အက်ဖ်အေ၏ တရားစွဲဆိုမှုကို ငြင်းဆိုခဲ့သည့်အပြင် ပုဂ်္ဂိုလ်ရေးဆိုင်ရာ ကြားနာစစ်ကြောမှု ပြုလုပ်ပေးရန်ပင် တောင်းဆိုခဲ့ ကြောင်း သိရသည်။
=အာဆင်နယ်အသင်းနှင့်အာစင်ဝင်းဂါး ထပ်မံ စာချုပ်လိမ့်မည်=
အာဆင်နယ်နည်းပြအာစင်ဝင်းဂါးသည် အာဆင်နယ်အသင်းနှင့် ထပ်မံ စာချုပ်လိမ့်မည်ဖြစ်ကြောင်း အသင်းအမှုဆောင်ဂါဇီဒစ်က ပြောသည်။ ပရီမီယာ လိဂ်တွင် သက်တမ်းအရှည်ဆုံးနည်းပြကြီး အာစင်ဝင်းဂါး၏ လက်ရှိစာချုပ်မှာ ၁၂ လသာ ကျန်တော့သည်။ အသက် ၆၄ နှစ်ရှိ အာစင်ဝင်းဂါးသည် ၁၉၉၆ ခုနှစ်ကတည်းက အာဆင်နယ်တွင် နည်းပြလုပ်ခဲ့သည်။ အာဆင်နယ်အသင်းတွင် ၁၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သည်။ ပရီမီယာလိဂ်ဖလားသုံးလုံး၊ အက်ဖ်အေဖလားလေးလုံးနှင့် ကွန်မြူနတီဒိုင်းလေးခုဆွတ်ခူးပေးခဲ့သည်။ သို့သော် ၂၀၀၅ ခုနှစ်နောက်ပိုင်းမှစ၍ ပြည်တွင်းအဓိကဖလားတစ်လုံးမျှ မရသေးပေ။
= မြင့်မောင်စိုး=
=မက်ဆီအားရောင်းချမည်မဟုတ်ကြောင်းနှင့် မက်ဆီအား စာချုပ်သစ်တစ်ရပ်ထပ်တိုး ချုပ်ဆိုသွားမည်=

No comments:
Post a Comment