ထိုင်း - မြန်မာ နယ်စပ် ၊ မဲဆောက်မြို့ ဘန့်ထုံထောင်းရပ်ကွက်ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမား ၇၀ ခန့် အလုပ်လုပ်ကိုင်နေသော ဖုအိထိုင်းအမည်ရှိ သိုးမွေး စက်ရုံ၏ (၈) ခန်းတွဲ တန်းလျားသည် ယနေ့နံနက် (၈)နာရီခန့်တွင် မီးလောင်ခဲ့ပြီး နံနက် ၉း ၄၅ နာရီ ခန့်၌ မီးညွှန့်ကျိုးသွားခဲ့ကြောင်း သတင်းရရှိသည်။ ဤ မီးလောင်မှုနှင့် ပတ်သက်၍ ဖုအိထိုင်းသိုးမွေးစက်ရုံ မှလုပ်ငန်းရှင် အမျိုးသမီးကြီး ကိုယ်တိုင် သူမ၏ မြန်မာအလုပ်သမားများကို အားပေးနှစ်သိမ့်နေသည်ကို တွေ့ရသဖြင့် မေးမြန်းကြည့်ရာ မယ့်ပရိုင် (ကိစ္စမရှိပါဘူး) ကျွန်မ အလုပ်သမားတွေကို ကျွန်မကဘဲ အစစတာဝန်ယူပါတယ် ဟု ဖြေကြားသည်။
အဆိုပါ စက်ရုံသည် မဲဆောက်မြို့ အထွေထွေ ရောဂါကု ဆေးရုံကြီး၏ ဘေးနားတွင်လည်း တည်ရှိနေသဖြင့် မဲဆောက်မြို့ မီးသတ်တပ်ဖွဲ့ မှ အချိန်မီ မီးငြိမ်းသတ်ခဲ့သကဲ့သို့ မဲဆောက်မြို့ အခြေစိုက် ထိုင်းမြန်မာ သတင်းမီဒီယာများသည်လည်း အချိန်နှင့် တပြေးညီ သတင်းရယူနေကြသည်ကို တွေ့ရသည်။ ဖုအိထိုင်းစက်ရုံမှ မီးဘေးရှောင် အလုပ်သမားတစ်ဦး ဖြစ်သူ မစန်းက “ ကျမတို့ သူဌေးမက စိတ်အားမငယ်အောင် သူထားပေးမယ် သူ့တာဝန်သူယူမည် ပြောထားပါသည်။ ကျန်တာကတော့ ကျမလည်း မပြောတတ်ဘူး” ဟုပြောဆိုသည်။ ပြီးခဲ့သည် ၂၀၁၃ စက်တင်ဘာလတွင် မဲဆောက်မြို့ ကပ်ပီပန်း ရပ်ကွက်ရှိ SPT သိုးမွှေး စက်ရုံ (အရပ်အခေါ် ပေါင်မုန့် ရုံ) သည်လည်းကောင်း ၊၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင်လည်း မဲဆောက်မြို့ အန်ထွာရပ်ကွက်ရှိ CMC သိုးမွှေးစက်ရုံ ဘေးတန်းလျားကြီး (အရပ်အခေါ်တီကေလေး) တို့သည်လည်း အထင်ကရ မီးလောင်ခဲ့သော ဖြစ်ရပ်ကြီးများ ဖြစ်ပွားခဲ့သည်။
=ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးမြန်မာအလုပ်သမားစောက်ရှောက်ရေးက်ေမတီ-မဲဆောက်ဒေသနှင့်မဲဆောက်မြို့ နယ်လုံးဆိုင်ရာလူမှုကူညီရေးအသင်းကကလေးစားစရာမုန့် မျိုးစုံလှူ=
ယခုလောလောဆယ်ဆယ်တွင်သူဌေးမနှင့်မဲဆောက်မြီု့ ရှိလူမှုကူညီရေးအဖွဲ့ ၂ဖွဲ့ ကဆေးဝါး။ စားစရာထောက်ကူထားပြီးထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးမြန်မာအလုပ်သမားစောက်ရှောက်ရေးက်ေမတီ-မဲဆောက်ဒေသနှင့်မဲဆောက်မြို့ နယ်လုံးဆိုင်ရာလူမှုကူညီရေးအသင်းကကလေးစားစရာမုန့် မျိုးစုံ ကိုပထမအကျော့လှူဒါန်းထားပြီးနောက်ရက်များတွင်အလုပ်သမားသံအရာရှိဦးကျော်ကျော်လွင်နှင့် တိုင်ပင်ကာဆက်လက်လှူဒါန်းသွားရန်ရှိသည်။ (ဇန်န၀ါရီ /၃၁/ ၂၀၁၄ - သောင်ရင်းနဂါး)
ထိုင်း - မြန်မာ နယ်စပ် ၊ မဲဆောက်မြို့ ဘန့်ထုံထောင်းရပ်ကွက်ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမား ၇၀ ခန့် အလုပ်လုပ်ကိုင်နေသော ဖုအိထိုင်းအမည်ရှိ သိုးမွေး စက်ရုံ၏ (၈) ခန်းတွဲ တန်းလျားသည် ယနေ့နံနက် (၈)နာရီခန့်တွင် မီးလောင်ခဲ့ပြီး နံနက် ၉း ၄၅ နာရီ ခန့်၌ မီးညွှန့်ကျိုးသွားခဲ့ကြောင်း သတင်းရရှိသည်။ ဤ မီးလောင်မှုနှင့် ပတ်သက်၍ ဖုအိထိုင်းသိုးမွေးစက်ရုံ မှလုပ်ငန်းရှင် အမျိုးသမီးကြီး ကိုယ်တိုင် သူမ၏ မြန်မာအလုပ်သမားများကို အားပေးနှစ်သိမ့်နေသည်ကို တွေ့ရသဖြင့် မေးမြန်းကြည့်ရာ မယ့်ပရိုင် (ကိစ္စမရှိပါဘူး) ကျွန်မ အလုပ်သမားတွေကို ကျွန်မကဘဲ အစစတာဝန်ယူပါတယ် ဟု ဖြေကြားသည်။
အဆိုပါ စက်ရုံသည် မဲဆောက်မြို့ အထွေထွေ ရောဂါကု ဆေးရုံကြီး၏ ဘေးနားတွင်လည်း တည်ရှိနေသဖြင့် မဲဆောက်မြို့ မီးသတ်တပ်ဖွဲ့ မှ အချိန်မီ မီးငြိမ်းသတ်ခဲ့သကဲ့သို့ မဲဆောက်မြို့ အခြေစိုက် ထိုင်းမြန်မာ သတင်းမီဒီယာများသည်လည်း အချိန်နှင့် တပြေးညီ သတင်းရယူနေကြသည်ကို တွေ့ရသည်။ ဖုအိထိုင်းစက်ရုံမှ မီးဘေးရှောင် အလုပ်သမားတစ်ဦး ဖြစ်သူ မစန်းက “ ကျမတို့ သူဌေးမက စိတ်အားမငယ်အောင် သူထားပေးမယ် သူ့တာဝန်သူယူမည် ပြောထားပါသည်။ ကျန်တာကတော့ ကျမလည်း မပြောတတ်ဘူး” ဟုပြောဆိုသည်။ ပြီးခဲ့သည် ၂၀၁၃ စက်တင်ဘာလတွင် မဲဆောက်မြို့ ကပ်ပီပန်း ရပ်ကွက်ရှိ SPT သိုးမွှေး စက်ရုံ (အရပ်အခေါ် ပေါင်မုန့် ရုံ) သည်လည်းကောင်း ၊၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင်လည်း မဲဆောက်မြို့ အန်ထွာရပ်ကွက်ရှိ CMC သိုးမွှေးစက်ရုံ ဘေးတန်းလျားကြီး (အရပ်အခေါ်တီကေလေး) တို့သည်လည်း အထင်ကရ မီးလောင်ခဲ့သော ဖြစ်ရပ်ကြီးများ ဖြစ်ပွားခဲ့သည်။
=ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးမြန်မာအလုပ်သမားစောက်ရှောက်ရေးက်ေမတီ-မဲဆောက်ဒေသနှင့်မဲဆောက်မြို့ နယ်လုံးဆိုင်ရာလူမှုကူညီရေးအသင်းကကလေးစားစရာမုန့် မျိုးစုံလှူ=
ယခုလောလောဆယ်ဆယ်တွင်သူဌေးမနှင့်မဲဆောက်မြီု့ ရှိလူမှုကူညီရေးအဖွဲ့ ၂ဖွဲ့ ကဆေးဝါး။ စားစရာထောက်ကူထားပြီးထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးမြန်မာအလုပ်သမားစောက်ရှောက်ရေးက်ေမတီ-မဲဆောက်ဒေသနှင့်မဲဆောက်မြို့ နယ်လုံးဆိုင်ရာလူမှုကူညီရေးအသင်းကကလေးစားစရာမုန့် မျိုးစုံ ကိုပထမအကျော့လှူဒါန်းထားပြီးနောက်ရက်များတွင်အလုပ်သမားသံအရာရှိဦးကျော်ကျော်လွင်နှင့် တိုင်ပင်ကာဆက်လက်လှူဒါန်းသွားရန်ရှိသည်။
No comments:
Post a Comment