မန်စီးတီးနှင့်အိုင်ဗရီကို့စ် ကွင်းလယ်ကစားသမား ယာယာတိုရေးသည် အာဖရိက ဘောလုံးအဖွဲ့ချုပ်၏အကောင်းဆုံးဘောလုံးသမားဆု ဆွတ်ခူးသွားခဲ့ သည်။ ယာယာတိုရေးသည် အဆိုပါဆုကို သုံးနှစ်ဆက်တိုက် ဆွတ်ခူးခဲ့ခြင်းဖြစ် သည်။ ၄င်းသည် ဒီဇင်ဘာလက ဘီဘီစီ၏ အကောင်းဆုံးဘောလုံးသမားဆု ဆွတ်ခူးနိုင်ခဲ့သည်။

၎င်းသည် ဂါလာတာစာရေးတိုက်စစ်မှူး ဒရော့ဘာ၊ နိုင်ဂျီးရီးယားနှင့် ချယ်လ်ဆီးကွင်းလယ်ကစားသမား ဂျွန်မီခေးလ်အိုဘီတို့ကို ကျော်ဖြတ်ကာ အကောင်းဆုံးဘောလုံးသမားဆု ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ အသက် ၃၀ရှိ ယာ ယာတိုရေးသည် အဆိုပါ အာဖရိကအကောင်းဆုံး ဘောလုံးသမားဆုကို အဘေး ဒီပီလီနှင့် အီတိုးတို့ကဲ့သို့ သုံးဆုမြောက် ဆွတ်ခူးနိုင်ခဲ့သည်။
**၀က်စ်ဘရွန်းအသင်းနည်းပြသစ်ခန့် အပ်**

ဝက်စ်ဘရွန်းအသင်းက ရီးရဲဘက်တစ်နည်းပြဟောင်း ပီပီမဲလ်အား ၁၈လ စာချုပ်ဖြင့် နည်းပြသစ်အဖြစ် ခန့်အပ်လိုက်သည်။ ၀က်စ်ဘရွန်းက ဒီဇင်ဘာ ၁၄ ရက်တွင် စတိဗ်ကလပ်အား ရာထူးမှဖြုတ်ခဲ့ ပြီးနောက် နည်းပြသစ်ရှာနေခဲ့သည်။ အသက် ၅၀ရှိ စပိန်သား မဲလ်သည် ဒီဇင်ဘာလကတည်းက ၀က်စ်ဘရွန်းနှင့်ဆွေးနွေးခဲ့သည်။ ယခုအခါ ၀က်စ် ဘရွန်းနှင့်အတူ စတင်အလုပ်လုပ်နေပြီဖြစ်သည်။ မဲလ်အား ရီးရဲဘက်တစ်က သုံးနှစ်ကြာတာဝန်ထမ်းပြီးနောက် ဒီဇင်ဘာလက အလုပ်ဖြုတ်ခဲ့သည်။ ၄င်းသည် ဇန်န၀ါရီ ၂၀ ရက်တွင် အဲဗာတန်နှင့်ပွဲမှစပြီး ကိုင်တွယ်မည်ဟု ဆိုသည်။်
**ဒီဇင်ဘာလအတွက် ပရီမီယာလိဂ် အကောင်းဆုံးနည်းပြဆု အမည်စာရင်းတင်သွင်းခံရသူများ**
မန်ယူနည်းပြ ဒေးဗစ်မိုယက်စ်သည် ဒီဇင်ဘာလအတွက် ပရီမီယာလိဂ် အကောင်းဆုံးနည်းပြဆု အမည်စာရင်းတင်သွင်းခံရသူများတွင် ပါဝင်သည်။ မန်ယူတို့ပြီးခဲ့သည့် ပြိုင်ပွဲသုံးပွဲစလုံး ရှုံးနိမ့်ခဲ့သော်လည်း ဒီဇင်ဘာလအတွင်း လေးပွဲနိုင်ခဲ့သည်။ ဒီဇင်ဘာလအတွင်း လေးပွဲနိုင် တစ်ပွဲသရေနှင့် နှစ်ပွဲ ရှုံးခဲ့သည်။ မန်စီးတီးနည်းပြ ပယ်ရီဂရင်းနီက ရှုံးပွဲမရှိသဖြင့် အကောင်းဆုံး နည်းပြဆုအတွက် စာရင်းသွင်းခံရသည်။ မော်ရင်ဟိုနှင့်အဲဗာတန်နည်းပြ မာတီနက်ဇ်တို့လည်း အကောင်းဆုံးနည်းပြဆုအတွက် လျာထားခြင်းခံရသည်။
+ကောင်းမြတ်သူ+ **ယာယာတိုရေးအာဖရိက ဘောလုံးအဖွဲ့ချုပ်၏အကောင်းဆုံးဘောလုံးသမားဆု၃နှစ်ဆက်တိုက်ဆွတ်ခူး**

+ကောင်းမြတ်သူ+

No comments:
Post a Comment