-တာချီလိတ် ဇန်န၀ါရီ ၂၉-
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၌ ဇန်န၀ါရီ ၂၈ ရက် နံနက် ၁၁ နာရီက မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတား၌ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲအုပ်မင်းဇော်နှင့် ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့သည် ထိုင်းနိုင်ငံ လ၀က ဦးစီးအရာရှိ စာစီတွန်၊ မယ်ဆိုင်ခရိုင် လ၀ကမှူးးKanlayar Phommalin မယ်ဆိုင်ခရိုင် ဒုလ၀ကမှူးး adaryansukyanတို့မှ မြန်မာအလုပ်သမား အမျိုးသား ငါးဦး၊ အမျိုးသမီး နှစ်ဦး စုစုပေါင်း ခုနစ်ဦးတို့အား လာရောက် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
လွှဲပြောင်းလက်ခံခဲ့သော မြန်မာနိုင်ငံသား ခုနစ်ဦးတို့အား တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ မဟာမြတ်မုနိကျောင်းဝင်းအတွင်း အခြေပြုပြီး ပူးပေါင်း အဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်ခဲ့ပြီး နေထိုင်ခွင့်ကတ်များမရှိခြင်းနှင့် နယ်စပ်ဖြတ်သန်းခွင့် ခုနစ်ရက်ကျော်လွန်ခြင်း တို့ကြောင့် ရှောင်တခင်စစ်ဆေးချက်အရ ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၄င်းတို့မှာ လူကုန်ကူးခံရခြင်းမရှိကြောင်း၊ လွှဲပြောင်းအလုပ်သမား ခုနစ်ဦးအား မြို့နယ် အုပ်ချုပ်ရေးမှူးအစီအစဉ်ဖြင့် မွန်းလွဲ ၂ နာရီခွဲက ၄င်းတို့၏ မိဘဆွေမျိုးများထံ ခံဝန်ဖြင့် အပ်နှံပေးခဲ့ကြောင်း သိရသည်။၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၉ ရက် မှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၈ ရက်အထိ လွှဲပြောင်းပေးအပ်ခဲ့သည့် တရားမ၀င် မြန်မာအလုပ်သမားစာရင်းမှာ အမျိုးသား ၅၀၂၁ ဦး၊ အမျိုးသမီး ၁၇၃၁ ဦး စုစုပေါင်း ၆၇၅၂ ဦးရှိကြောင်း သိရသည်။
=မြင့်မိုရ်(တာချီလိတ်)=
Ref=ယနေ့ ထုတ် မြန်မာ့အလင်းသတင်းစာ
Photo-တာချီလိပ်-မယ်ဆိုင်.မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတား

No comments:
Post a Comment