+(ဇန်န၀ါရီလ ၂၈ရက်၊ ၂၀၁၄၊ သောင်ရင်းနဂါး)+
ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်ရန် ပွဲစားများမှ တဆင့်ခေါ်ယူစုဆောင်းထားသော ရန်ကုန်မြိုအခြေစိုက် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုမှ မြန်မာအလုပ်သမား ၁၉၅ ဦးတို့သည် ယခုအချိန်အထိ ဘယ်မှမသွားရသေးပဲ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌ စောင့်ဆိုင်းနေကြရကြောင်း သတင်းရရှိသည်။
ဤဖြစ်ရပ်နှင့် ပတ်သက်၍ ကာယကံရှင်အလုပ်သမားတစ်ဦးဖြစ်သူ ကိုသန်းထွန်းက “ကျနော်တို့ ၁၉၅ ယောက်ထဲမှာ အများစုက မကွေးတိုင်းဘက်က လာကြတာပါ။ ရန်ကုန်တိုင်းဘက်က အနည်းငယ်ပါဝင်ပါတယ်။ ကျနော်တို့ရပ်ရွာမှာ ကျပ် ၁၀၀ ကို ၁၀ ကျပ်အတိုးနဲ့ ငွေချေးလာကြပြီးတော့ ပွဲစား ကတဆင့် မြန်မာငွေ၎သိန်း၊၅သိန်း ပေးပြီးပုလဲမိုးအေဂျင်စီက ဒါရိုက်တာ မျိုးသူရအောင်က ထိုင်းနိုင်ငံကို ပို့ပေးမယ်ဆိုပြီး ခေါ်ထားကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၁ ရက်နေ့က အလုပ်သမားခေါ်စာ ကိုယ်စားလှယ်ဆိုင်ရာ စာရွက်စာတမ်း အတုပြုလုပ်မှုနဲ့ မျိုးသူရအောင် အဖမ်းခံရတယ်ကြားပါတယ်။ ကျနော်တို့ကို ဘာလက်မှတ်မရှိလို့ အပြင်ထွက်ရင်ထိုင်းရဲဖမ်းမယ်ပြောလို့ ဘယ်မှမထွက်ရဲကြပါဘူး။ မြန်မာပြည်ဘက် အခြမ်းမှာတော့ စာအုပ်ကြီး (နိုင်ငံကူးလက်မှတ် စာအုပ်ကြီး) လုပ်ထားပြီးတော့ အေဂျင်စီကပဲ ယူသိမ်းထားပါတယ်။ အခုဒီနေ့ ဆရာမိုးတို့လာရောက်ကူညီဖြေရှင်ပေးကြတဲ့ အခါ အေဂျင်စီကို မူလပေးငွေအတိုင်း ပြန်ယူမယ့် အုပ်စုက တစ်ခု၊ မြ၀တီဘက်ခြမ်းကို ပြန်သွားပြီး ထိုင်းနိုင်ငံထဲကို သွားဖို့ ဆက်စောင့် မယ့်အုပ်စုက တစ်ခု၊ စာအုပ်ကြီးတွေကို ယူပြီး မြန်မာပြည်အထိ ပြန်ပို့စေချင်တဲ့ အုပ်စုကတစ်ခု၊ စသဖြင့် ရှိပါတယ်ဗျာ။ ဒီလိုအုပ်စု ၃ စုခွဲပြီး မကြာမီမှာပဲ အလုပ်သမားသံမှူး ဦးကျော်ကျော်လွင်က ကြီးကြပ်ပြီးတော့ ဆရာမိုးတို့က သဘောတူစာချုပ်လုပ်ပြီး လူစုခွဲကြမှာဖြစ်ပါတယ်။ ပထမရက်ပိုင်း အဆင်မပြေတာတွေက ဒီနေ့မှာ အတော်အတန်အဆင်ပြေ သွားပါပြီ” ဟု ပြောပြသည်။
Photo-JACBA(တာဝန်ရှိသူများကွင်းဆင်းဖြေရှင်းနေစဉ်)
ဤသို့ မဲဆောက်တွင် စောင့်ဆိုင်းနေရသော MOU မြန်မာအလုပ်သမား (၁၉၅) ဦး၏ ပြဿသနာကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင်၏ ကြီးကြပ်မှုဖြင့် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုး၊ အေဂျင်စီများအဖွဲ့ချုပ်ဗဟိုအလုပ်မှုဆောင် ဦးနိုင်ဦးနှင့် ပုလဲမိုးပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီမှ ဒါရိုက်တာ ဦးဝီလျံ တို့က ကွင်းဆင်းဖြေရှင်းပေဲး့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံတွင် ၀င်ရောက်အလုပ် လုပ်ကိုင်ရမည့် MOU မြန်မာအလုပ်သမား ပို့ ဆောင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကျင့်ဝတ်ဖောက် ဖျက်ခဲ့ကြသော ဆွေဆွေစံ အေဂျင်စီ၊ People Choice၊ Dear Dragon စသည့် အေဂျင်စီ ၃ ခု အား မြန်မာနိုင်ငံအလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ လုပ်ကိုင်ခွင့်ပိတ်ပင်ခဲ့သည်။

No comments:
Post a Comment