ယမန်နေ့ နံနက်ပိုင်းက မီးလောင်ခဲ့ရသော မဲဆောက်မြို့ ဘန့်ထုံထောင်းရပ်ကွက် မဲဆောက်မြို့ အထွေထွေ ရောဂါကုဆေးရုံကြီး ဘေးနားရှိ ဖုအိထိုင်း အထည်ချုပ်စက်ရုံမှ မီးဘေးရှောင် မြန်မာအလုပ်သမား မိသားစု ၇၁ ဦးအတွက် အလှူငွေနှင့် စားစရာများကို ပုလဲမိုးအေဂျင်စီမှ ကွင်းဆင်းလှူဒါန်းခဲ့သည်။ ထိုသို့လှူဒါန်းနိုင်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး မြန်မာအလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင်မှ စီစဉ်ခဲ့ခြင်းဖြစ်ပြီး ပုလဲမိုးအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ ဒါရိုက်တာ ဦးဝီလျံနှင့် မြန်မာနိုင်ငံအေဂျင်စီအသင်း ချုပ်မှ အမှုဆောင် ဦးနိုင်ဦး တို့နှင့်အတူ မဲဆောက်မြို့နယ်လုံးဆိုင်ရာ လူမှုကူညီရေး အသင်းတာဝန်ခံနှင့် မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေး (မဲဆောက်ဒေသ) တာဝန်ခံလည်းဖြစ်သူ ဦးမိုးကြိုး၊ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ JACBA အလုပ်အမှုဆောင်များက ကွင်းဆင်းလှူဒါန်းခဲ့ကြသည်။
==ထိုင်းရုပ်သံ-ITVမှလာရောက်သတင်းယူတာကိုသရုပ်ပြနေစဉ်--
ကာယကံရှင်တစ်ဦးဖြစ်သူ မမျိုးက “ကျမတို့ လူကြီးတွေက တစ်ဦးကို ထိုင်းနိုင်ငံသုံးငွေ ၂၃၇ ဘတ်စီ ရကြတယ်။ ကလေးတွေကအာဟာရမှုန့်တွေရတယ်။ ဆန်၊ ဆီ၊ ကြက်ဥ စတာတွေလည်းရတယ်။” ဟုပြောပြသည်။ ဖုအိထိုင်းအထည်ချုပ်စက်ရုံ၏ မီးဘေးရှောင် မြန်မာအလုပ်သမားများအတွက် မြန်မာအလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင်မှ အလှူရှင်များအား ဆက်လက်နှိုးဆော်လျက် ရှိသကဲ့သို့ မဲဆောက်အခြေစိုက် ၁၀၂ ဒသမ ၅၀ (မက်ပ်ဖောင်ဒေးရှင်းရေဒီယို) မှ နေ၍ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ JACBA အလုပ်အမှုဆောင်များကလည်း ရေဒီယိုပရိသတ် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ခါတိုင်းကဲ့သို့ပင် အသိပေးနှိုးဆော်ထားသည်။ ==ဖုအိထိုင်း အထည်ချုပ်စက်ရုံမှ မီးဘေးရှောင် မြန်မာအလုပ်သမားများနှင့် JACBAအမှတ်တရ==
ယမန်နေ့ နံနက်ပိုင်းက မီးလောင်ခဲ့ရသော မဲဆောက်မြို့ ဘန့်ထုံထောင်းရပ်ကွက် မဲဆောက်မြို့ အထွေထွေ ရောဂါကုဆေးရုံကြီး ဘေးနားရှိ ဖုအိထိုင်း အထည်ချုပ်စက်ရုံမှ မီးဘေးရှောင် မြန်မာအလုပ်သမား မိသားစု ၇၁ ဦးအတွက် အလှူငွေနှင့် စားစရာများကို ပုလဲမိုးအေဂျင်စီမှ ကွင်းဆင်းလှူဒါန်းခဲ့သည်။ ထိုသို့လှူဒါန်းနိုင်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး မြန်မာအလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင်မှ စီစဉ်ခဲ့ခြင်းဖြစ်ပြီး ပုလဲမိုးအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ ဒါရိုက်တာ ဦးဝီလျံနှင့် မြန်မာနိုင်ငံအေဂျင်စီအသင်း ချုပ်မှ အမှုဆောင် ဦးနိုင်ဦး တို့နှင့်အတူ မဲဆောက်မြို့နယ်လုံးဆိုင်ရာ လူမှုကူညီရေး အသင်းတာဝန်ခံနှင့် မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေး (မဲဆောက်ဒေသ) တာဝန်ခံလည်းဖြစ်သူ ဦးမိုးကြိုး၊ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ JACBA အလုပ်အမှုဆောင်များက ကွင်းဆင်းလှူဒါန်းခဲ့ကြသည်။
==ထိုင်းရုပ်သံ-ITVမှလာရောက်သတင်းယူတာကိုသရုပ်ပြနေစဉ်--
ကာယကံရှင်တစ်ဦးဖြစ်သူ မမျိုးက “ကျမတို့ လူကြီးတွေက တစ်ဦးကို ထိုင်းနိုင်ငံသုံးငွေ ၂၃၇ ဘတ်စီ ရကြတယ်။ ကလေးတွေကအာဟာရမှုန့်တွေရတယ်။ ဆန်၊ ဆီ၊ ကြက်ဥ စတာတွေလည်းရတယ်။” ဟုပြောပြသည်။ ဖုအိထိုင်းအထည်ချုပ်စက်ရုံ၏ မီးဘေးရှောင် မြန်မာအလုပ်သမားများအတွက် မြန်မာအလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင်မှ အလှူရှင်များအား ဆက်လက်နှိုးဆော်လျက် ရှိသကဲ့သို့ မဲဆောက်အခြေစိုက် ၁၀၂ ဒသမ ၅၀ (မက်ပ်ဖောင်ဒေးရှင်းရေဒီယို) မှ နေ၍ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ JACBA အလုပ်အမှုဆောင်များကလည်း ရေဒီယိုပရိသတ် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ခါတိုင်းကဲ့သို့ပင် အသိပေးနှိုးဆော်ထားသည်။
No comments:
Post a Comment