==လက်စတာနှင့် ၀က်ဖို့ဒ်==
ပြီးခဲ့တဲ့ပွဲစဉ် (၂၉)မှာ ဘုန်းမောက်နဲ့ ပွဲကျပ်ကစားခဲ့ရတဲ့ လက်စတာဟာ အခုပွဲမှာလည်း ၀က်ဖို့ဒ်နဲ့ဆုံရတာမို့ သိပ်တော့မချောင်ပါဘူး၊
==ဘန်လေနှင့် မီဝေါလ်==
ဒီနှစ်ဘောလုံးရာသီမှာ အိမ်ကွင်း ရှုံးပွဲ မရှိသေးတဲ့ ဘန်လေဟာ အခု ပွဲမှာလည်း ပြိုင်ဘက်မီဝေါလ်ကို မျက်နှာသာပေးမှာမဟုတ်ပါဘူး၊ အခု တလောမှာ ရှုံးပွဲကြုံတွေ့နေရတဲ့ မီ ဝေါလ်ဟာ အဝေးကွင်းမှာ ရလဒ် ကောင်းအောင် အားထုတ်နိုင်စွမ်း မရှိတာမို့ အခုပွဲမှာလည်း အဝေးကွင်း မှာ ရှုံးပွဲအရေအတွက် ထပ်တိုးမယ့် အနေအထားရှိနေပါတယ်။
==မစ်ဒယ်ဘရော့နှင့် ဘလက်ဘန်း==
နှစ်သင်းစလုံးခြေစွမ်းက အားရ စရာမရှိပေမယ့် ဒီပွဲကတော့အကြိတ် အနယ်နွှဲကြရမယ့်ပွဲ ဖြစ်ပါတယ်။ ပြီး ခဲ့တဲ့ပွဲစဉ်(၂၉)မှာ ဘလက်ဘန်းတို့ ဘလက်ပူးလ်ကို နှစ်ဂိုးပြတ်သွင်းထား တဲ့ ခြေစွမ်းမျိုးရရင် အိမ်ရှင်တို့အတွက် ပွဲကျပ်ပါပဲ။ ဒါပေမယ့် မစ်ဒယ်ဘရော့ ဟာ အိမ်ကွင်းမှာ ခြေစွမ်းပြနိုင်တဲ့ အသင်းဖြစ်ပြီး တိုက်စစ်မှူးတွေရဲ့ ဂိုးသွင်းစွမ်းရည်က လက်ခံနိုင်စရာ အနေအထားရှိတာမို့ အခုပွဲရလဒ် ကောင်းက အိမ်ရှင်တို့အတွက်ပဲ ဖြစ်မှာပါ။
==ဘလက်ပူးလ်နှင့် နော်တင်ဟမ်==
နော်တင်ဟမ်ရဲ့အားသာချက်က တိုက်စစ်ဖြစ်တာမို့ ဘလက်ပူးလ် ခံ စစ်မှူးတွေ အလုပ်ရှုပ်စေတော့မှာ ဖြစ်ပါတယ်။ အိမ်ကွင်းမှာ နိုင်ပွဲ ရအောင်ယူတတ်တဲ့ ဘလက်ပူးလ် ဟာ အခုပွဲမှာလည်း အဝေးကွင်း ရလဒ် မကောင်းတဲ့ နော်တင်ဟမ်ကို အမှတ်ခွဲပေးဖို့ စိတ်ကူးရှိမှာ မဟုတ် ပါဘူး။
==ဘန်စလေနှင့် အစ်ဆွစ်ခ်ျ==
အစ်ဆွစ်ခ်ျရဲ့ အဝေးကွင်းရလဒ်က မကောင်းတာမို့ ဘန်စလေတို့ တန်းစီ ဇယားအဆင့် ၂၃ နေရာက ရုန်းထွက် နိုင်မယ့် စွမ်းအားရှိမရှိကြည့်ရမှာပါ။ အိမ်ကွင်းမှာ သရေပွဲများနေတဲ့ ဘန် စလေတို့ တွန်းကန်အားကောင်း ကောင်းနဲ့ ဖိအားပေးကစားရင် အမှတ်ရနိုင်မယ့်ပွဲပါပဲ။
==ချာလ်တန်နှင့် ဘာမင်ဂမ်==
ချာလ်တန်ရဲ့ ဒီနှစ်ကြိုးစားအား ထုတ်မှုတွေက ဝေဖန်ပြစ်တင်မှုတွေ နဲ့ ကြုံတွေ့နေရပြီး အိမ်ကွင်းမှာ ရှုံး ပွဲ၊ သရေပွဲတွေများနေပါတယ်။ ချာလ်တန်ဟာ ခံစစ်ပိုင်းအားနည်း ချက်ရှိတာမို့ အဝေးကွင်းမှာ စွမ်း ဆောင်ရည်မြင့်မားတဲ့ ဘာမင်ဂမ်ကို အသာစီးရဖို့မလွယ်ပါဘူး။ ဘာမင် ဂမ် တိုက်စစ်မှူးတွေက အဝေးကွင်း မှာ ဂိုးသွင်းစွမ်းရည်မြင့်မားပြီး အနိုင် ရလဒ်ကို ပုံဖော်တတ်သူတွေဖြစ်ပါတယ်။
==မိုးမြင့်လင်းလက်== အင်္ဂလန်ချန်ပီယံရှစ်ပွဲစဉ် (၃၀)ကို ဖေဖော်ဝါရီ ၈ ရက်ညမှာ ဆက်လက် ကစားကြမှာဖြစ်တာမို့ တန်းစီဇယား ထိပ်ဆုံးက လက်စတာဟာ အိမ်ကွင်း မှာ ၀က်ဖို့ဒ်နဲ့ကစားရမှာမို့ အမှတ် ပြည့်ရဖို့ အခြေအနေရှိနေသလို ဘန်လေတို့ကလည်း ခြေပျက်နေတဲ့ မီဇရယ်နဲ့ ဆုံတွေ့ရမှာမို့ ပေါ့ပေါ့ပါးပါး ကျော်ဖြတ်နိုင်မလားဆိုတာ အကဲခတ် ရမှာဖြစ်ပါတယ်။
==လက်စတာနှင့် ၀က်ဖို့ဒ်==
ပြီးခဲ့တဲ့ပွဲစဉ် (၂၉)မှာ ဘုန်းမောက်နဲ့ ပွဲကျပ်ကစားခဲ့ရတဲ့ လက်စတာဟာ အခုပွဲမှာလည်း ၀က်ဖို့ဒ်နဲ့ဆုံရတာမို့ သိပ်တော့မချောင်ပါဘူး၊
==ဘန်လေနှင့် မီဝေါလ်==
ဒီနှစ်ဘောလုံးရာသီမှာ အိမ်ကွင်း ရှုံးပွဲ မရှိသေးတဲ့ ဘန်လေဟာ အခု ပွဲမှာလည်း ပြိုင်ဘက်မီဝေါလ်ကို မျက်နှာသာပေးမှာမဟုတ်ပါဘူး၊ အခု တလောမှာ ရှုံးပွဲကြုံတွေ့နေရတဲ့ မီ ဝေါလ်ဟာ အဝေးကွင်းမှာ ရလဒ် ကောင်းအောင် အားထုတ်နိုင်စွမ်း မရှိတာမို့ အခုပွဲမှာလည်း အဝေးကွင်း မှာ ရှုံးပွဲအရေအတွက် ထပ်တိုးမယ့် အနေအထားရှိနေပါတယ်။
==မစ်ဒယ်ဘရော့နှင့် ဘလက်ဘန်း==
နှစ်သင်းစလုံးခြေစွမ်းက အားရ စရာမရှိပေမယ့် ဒီပွဲကတော့အကြိတ် အနယ်နွှဲကြရမယ့်ပွဲ ဖြစ်ပါတယ်။ ပြီး ခဲ့တဲ့ပွဲစဉ်(၂၉)မှာ ဘလက်ဘန်းတို့ ဘလက်ပူးလ်ကို နှစ်ဂိုးပြတ်သွင်းထား တဲ့ ခြေစွမ်းမျိုးရရင် အိမ်ရှင်တို့အတွက် ပွဲကျပ်ပါပဲ။ ဒါပေမယ့် မစ်ဒယ်ဘရော့ ဟာ အိမ်ကွင်းမှာ ခြေစွမ်းပြနိုင်တဲ့ အသင်းဖြစ်ပြီး တိုက်စစ်မှူးတွေရဲ့ ဂိုးသွင်းစွမ်းရည်က လက်ခံနိုင်စရာ အနေအထားရှိတာမို့ အခုပွဲရလဒ် ကောင်းက အိမ်ရှင်တို့အတွက်ပဲ ဖြစ်မှာပါ။
==ဘလက်ပူးလ်နှင့် နော်တင်ဟမ်==
နော်တင်ဟမ်ရဲ့အားသာချက်က တိုက်စစ်ဖြစ်တာမို့ ဘလက်ပူးလ် ခံ စစ်မှူးတွေ အလုပ်ရှုပ်စေတော့မှာ ဖြစ်ပါတယ်။ အိမ်ကွင်းမှာ နိုင်ပွဲ ရအောင်ယူတတ်တဲ့ ဘလက်ပူးလ် ဟာ အခုပွဲမှာလည်း အဝေးကွင်း ရလဒ် မကောင်းတဲ့ နော်တင်ဟမ်ကို အမှတ်ခွဲပေးဖို့ စိတ်ကူးရှိမှာ မဟုတ် ပါဘူး။
==ဘန်စလေနှင့် အစ်ဆွစ်ခ်ျ==
အစ်ဆွစ်ခ်ျရဲ့ အဝေးကွင်းရလဒ်က မကောင်းတာမို့ ဘန်စလေတို့ တန်းစီ ဇယားအဆင့် ၂၃ နေရာက ရုန်းထွက် နိုင်မယ့် စွမ်းအားရှိမရှိကြည့်ရမှာပါ။ အိမ်ကွင်းမှာ သရေပွဲများနေတဲ့ ဘန် စလေတို့ တွန်းကန်အားကောင်း ကောင်းနဲ့ ဖိအားပေးကစားရင် အမှတ်ရနိုင်မယ့်ပွဲပါပဲ။
==ချာလ်တန်နှင့် ဘာမင်ဂမ်==
ချာလ်တန်ရဲ့ ဒီနှစ်ကြိုးစားအား ထုတ်မှုတွေက ဝေဖန်ပြစ်တင်မှုတွေ နဲ့ ကြုံတွေ့နေရပြီး အိမ်ကွင်းမှာ ရှုံး ပွဲ၊ သရေပွဲတွေများနေပါတယ်။ ချာလ်တန်ဟာ ခံစစ်ပိုင်းအားနည်း ချက်ရှိတာမို့ အဝေးကွင်းမှာ စွမ်း ဆောင်ရည်မြင့်မားတဲ့ ဘာမင်ဂမ်ကို အသာစီးရဖို့မလွယ်ပါဘူး။ ဘာမင် ဂမ် တိုက်စစ်မှူးတွေက အဝေးကွင်း မှာ ဂိုးသွင်းစွမ်းရည်မြင့်မားပြီး အနိုင် ရလဒ်ကို ပုံဖော်တတ်သူတွေဖြစ်ပါတယ်။
==မိုးမြင့်လင်းလက်==

No comments:
Post a Comment