(ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၆)
ပြည်ပနိုင်ငံများတွင် အလုပ် လုပ် ကိုင်လျက်ရှိသော မြန်မာအလုပ် သမားများအနေဖြင့် အခက်အခဲ တစ် စုံတစ်ရာရှိပါက အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုရေးဝန်ကြီးဌာနအောက်ရှိ အလုပ်သမား သံအရာရှိများမှတစ် ဆင့် အကူအညီတောင်းခံနိုင်ရန် စီစဉ် ထားရှိပေးကြောင်း အလုပ်သမားညွှန် ကြားမှုဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦး က ပြောသည်။
““အလုပ်သမား သံအရာရှိတွေ လည်းရှိပြီးသားဖြစ်လို့ ပြည်ပမှာရှိတဲ့ အလုပ်သမားတွေကို ဘာပဲဖြစ်ဖြစ် လိုအပ်ခဲ့ရင် အကူညီတောင်းပါလို့လဲ ပြောပြီးသားပါ။ အခက်ခဲရှိရင် ဆက် သွယ်နိုင်ဖို့ ၀န်ကြီးဌာနက ဖုန်းတွေနဲ့ ကြေညာထားတာတွေ ရှိပါတယ်။ အထောက်အထား အတိအကျသိရ ရင် သက်ဆိုင်ရာနိုင်ငံတွေနဲ့ ဖြေရှင်း ပေးလို့ရပါတယ်”” ဟု အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမား ၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးမျိုး အောင်က ပြောသည်။
လက်ရှိ ဖြစ်ပေါ်လျက်ရှိနေသော အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ ရေး မငြိမ်သက်မှုများကြောင့် လှေဂိတ် များမှ တရားမ၀င်ပြန်လာသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများအား ထိုင်း လ-၀-က ရဲ အရာရှိများက မတရား ငွေတောင်းခံမှုများ ဖြစ်ပွားနေ သည့်သတင်းနှင့် ပတ်သက်ပြီး အလုပ် သမားသံ အရာရှိထံမှ ယခုချိန်ထိ သတင်းနှင့် တိုင်ကြားမှုများ မရရှိ သေးကြောင်းနှင့် လေးနှစ်ပြည့် အလုပ် သမားများအား ထပ်မံ အထောက် အထား ထုတ်ပေးရန် ကိစ်္စများအတွက် လည်း ထိုင်းအစိုးရ တာဝန်ရှိသူများ နှင့် ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
““ကျွန်တော်တို့ဆီက အလုပ်သမား တွေ ပြန်လာရင် ဘယ်လိုနည်းနဲ့ပဲ သွားသွား အရေးမယူဖို့ ညွှန်ကြားထား ပြီးသားပါ။ ပြန်လည် ၀င်ရောက်လာ တဲ့ မြန်မာအလုပ်သမားတွေကို ကူညီ ပေးနိုင်ဖို့ နယ်စပ်ဂိတ်တွေမှာ ခရိုင် အထွေထွေအုပ်ချုပ်ရေးတွေ ဦးစီးပြီး နယ်စပ်ကော်မတီဖွဲ့ထားပြီး ကူညီ ဆောင်ရွက်ပေးနေပါတယ်””ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံ တင် ရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးမောင်မောင်သန်းက ပြောသည်။ လက်ရှိပြည်ပတွင် အလုပ်လုပ်ကိုင် နေသော မြန်မာ အလုပ်သမားများအား တရားဝင်လုပ်ကိုင်ပေးနိုင်ရန် အလုပ် သမားဝန်ကြီးဌာနမှ ဆောင်ရွက်ပေး လျက်ရှိသောကြောင့် တရားမ၀င် အလုပ်သမားဦးရေ လျော့နည်းကျ ဆင်းသွားပြီး ယခုအချိန်ထိ အလုပ် သမား ၁ ဒသမ ၆၈ သန်းအား တရားဝင်ဖြစ်အောင် ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း သိရသည်။
*စိုးအောင်ဖေ*
Ref=ယနေ့ ထုတ်ကြေးမုံသတင်းစာ

No comments:
Post a Comment