**ဂျူဗင်တပ်စ်နှင့် ထရက်ဇွန်စပေါ**
(Photo----ဂျူဗင်တပ်စ်ကစားသမားတွေပါ)
**အက်စ်ဘတ်နှင့် ဖီအိုရင်တီးနား**
ဒဏ်ရာရနေတဲ့ ကစားသမားတွေ ပြန်လည်ကစားနိုင်ပြီမို့ ဖီအိုရင်တီး နားဟာ အောင်ပွဲခံစိတ်ဓာတ်နဲ့ အက်စ်ဘတ်ကွင်းကို ချီတက်လာပါ လိမ့်မယ်။ ဖီအိုရင်တီးနားတို့က ပုံမှန် ခြေစွမ်းရအောင် ကြိုးစားနေပြီး ဒီ ပွဲရဲ့ တိုက်စစ်ကို အပြောင်းအလဲ ပြုလုပ်မယ်လို့လည်း ဆိုနေတာမို့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အက်စ် ဘတ်နောက်ဆုံးကစားခဲ့တဲ့ သုံးပွဲမှာ တစ်ပွဲမှအနိုင်မရခဲ့တာမို့ ဖီအိုရင် တီးနားဟာ အက်စ်ဘတ်ကို သင်ခန်း စာတွေပေးပြီး အိမ်ပြန်ပါလိမ့်မယ်။
**ဒီနီပရိုနှင့် စပါး**
ဒီပွဲဟာ ထူးခြားတဲ့ယှဉ်ပြိုင်မှု ဖြစ်ပါတယ်။ ဒီနီပရိုအသင်းရဲ့ နည်းပြဟာ စပါးအသင်းကို ကိုင် တွယ်ခဲ့တဲ့ ရာမို့စ်ဖြစ်တာမို့ အသင်း နဲ့ ပြန်ဆုံရတဲ့ပွဲပါပဲ။ ယူကရိန်းကလပ် ဒီနီပရိုအသင်းဟာ ခြေမှန်တဲ့ အသင်းတော့မဟုတ်ပါဘူး၊ ဒါပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်ငါးပွဲမှာ နိုင်ပွဲအကုန်ရထားတာမို့ စပါးတို့ အခက်ကြုံနိုင်ပါတယ်။ ဒါပေမယ့် ကစားသမားကောင်းတွေနဲ့ စုဖွဲ့ထား တဲ့ စပါးတို့ကလည်း အနိုင်ဆိုတာ သူတို့အတွက်လို့ ယုံကြည်ထားတာ မို့ ဒီပွဲရလဒ်က သရေလည်း ဖြစ် သွားနိုင်တဲ့ပွဲပါပဲ။
**ဆွမ်ဆီးနှင့် နာပိုလီ**
နည်းပြလော့ဒရပ် အထုတ် ခံရလောက်အောင် ရလဒ်ပိုင်းဆိုးရွား နေတဲ့ ဆွမ်ဆီးဟာ အခုပွဲ အိမ်ကွင်း ဖြစ်ပေမယ့် ပြိုင်ဘက်က နာပိုလီဖြစ် နေတာမို့ ခက်ခဲပါဦးမယ်။ နာပိုလီ နည်းပြ ဘင်နီတက်ဇ်ဟာ ဆွမ်ဆီး ကလပ်ရဲ့ အားနည်းချက်ကို သိထား သူဖြစ်တာမို့ ဆွမ်ဆီးတို့ အားထည့် နိုင်မှ တော်ကာကျမယ့်အနေအထား ရှိပါတယ်။
(Photo---နာပိုလီကစားသမားတွေပါ)
နာပိုလီတို့က ယူရိုပါလိဂ် ဖလားကို မျှော်လင့်ထားတာမို့ အခု ပွဲမှာ အကောင်းဆုံးရလဒ်ရရှိအောင် စွမ်းဆောင်မယ့် အနေအထားရှိပါ တယ်။ နာပိုလီရဲ့နောက်ဆုံး သုံးပွဲ ရလဒ်ကိုကြည့်ရင် ရလဒ်ကောင်းခဲ့ တာများပါတယ်။ နာပိုလီဟာ ယူရို ပါလိဂ်ဖလားကို မျှော်မှန်းနေတာမို့ ဒီပွဲမှာ ခြေကုန်ထုတ်ပါလိမ့်မယ်။
**ပေါ်တိုနှင့် ဖရန့်ဖတ်**
ဒီနှစ် ချန်ပီယံလိဂ်ဖလားကို မျှော် မှန်းခဲ့ပေမယ့် မရဘဲ ပြိုင်ပွဲကထွက် လာတဲ့ ပေါ်တိုဟာ ယူရိုပါလိဂ် ဖလားကို အာရုံစိုက်နေတာမို့ ဒီပွဲစဉ် တွေမှာ အနိုင်ကစားပါလိမ့်မယ်။
(Photo----*ပေါ်တိုကလပ်အသင်းမှာသူတို့ ပါတြတယ်)
ဒါပေမယ့် ပေါ်တိုရဲ့ လက်ရှိခြေစွမ်းက အားရစရာမရှိဘဲ နောက်ဆုံးကစား ခဲ့တဲ့ သုံးပွဲမှာ နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးနဲ့ ခက်ခဲစွာနိုင်ပွဲရအောင် အားထုတ် ထားရတဲ့ အနေအထားရှိပါတယ်။ ဖရန့်ဖတ်တို့လည်း ဘွန်ဒက်စ်လီဂါမှာ ရလဒ်တွေဆိုးရွားနေတာမို့ အိမ်ရှင် ပေါ်တိုဟာ ဒီပွဲမှာ နိုင်အောင်ကစား ပြီး နောက်တစ်ဆင့်တက်နိုင်ရေး စွမ်းဆောင်ပါလိမ့်မယ်။
**ဒိုင်နမိုကိဗ်နှင့် ဗလင်စီယာ**
လက်ရှိ အချိန်မှာတော့ ခြေရည် တူနေတဲ့ အသင်းတွေဖြစ်တာမို့ အပြန်အလှန်ဖိအားပေးကစားပြပါ လိမ့်မယ်။ ဒီနှစ်သင်းဟာ ယူရိုပါလိဂ် ပွဲစဉ်တွေမှာ ဆုံတွေ့ခဲ့တဲ့ နှစ်ကြိမ်လုံး သရေပွဲတွေချည်းဖြစ်ခဲ့တာမို့ ဒီပွဲမှာ ပြတ်သားတဲ့ရလဒ်ကို ပုံဖော်နိုင်ဖို့ အပြိုင်ကြိုးစားပါလိမ့်မယ်။ အကြိုက် က ဗလင်စီယာဖြစ်ပေမယ့် အိမ်ရှင် ရဲ့ ရုန်းအားက အလေးထားစရာ ဖြစ်တာမို့ သရေရလဒ်နဲ့ အဆုံးသတ် ဖို့ များနေပါတယ်။
**မိုးမြင့်လင်းလက်**
ယူရိုပါလိဂ် (၃၂) သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေကို ဖေဖော်ဝါရီ ၂၀ ရက်မှာ ယှဉ်ပြိုင်ကြမှာဖြစ်လို့ စီးရီးအေကလပ်အသင်းတွေရဲ့ စိတ် ဓာတ်ပြင်းပြင်းနဲ့ ကြိုးစားမှုတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ စီးရီးအေ ကလပ်တွေ အခြေအနေကောင်းနိုင် ပေမယ့် အင်္ဂလန်ကလပ်တွေအတွက် တော့ ပွဲကျပ်တွေအဖြစ် မြင်တွေ့ကြရ ဦးမှာဖြစ်တာမို့ ရင်ပူစရာတော့ ကောင်းနေပြန်ပါတယ်။ ဒါပေမယ့် နောက်တစ်ဆင့်တက်ရေးဆိုတာ အခု ပွဲစဉ်တွေမှာ ပြတ်သားတဲ့ရလဒ်တွေ ပုံဖော်နိုင်မှဖြစ်တာမို့ အကြိတ်အနယ် ရှိဦးမယ့်ပွဲတွေ ဖြစ်ပါတယ်။
**ဂျူဗင်တပ်စ်နှင့် ထရက်ဇွန်စပေါ**
(Photo----ဂျူဗင်တပ်စ်ကစားသမားတွေပါ)
**အက်စ်ဘတ်နှင့် ဖီအိုရင်တီးနား**
ဒဏ်ရာရနေတဲ့ ကစားသမားတွေ ပြန်လည်ကစားနိုင်ပြီမို့ ဖီအိုရင်တီး နားဟာ အောင်ပွဲခံစိတ်ဓာတ်နဲ့ အက်စ်ဘတ်ကွင်းကို ချီတက်လာပါ လိမ့်မယ်။ ဖီအိုရင်တီးနားတို့က ပုံမှန် ခြေစွမ်းရအောင် ကြိုးစားနေပြီး ဒီ ပွဲရဲ့ တိုက်စစ်ကို အပြောင်းအလဲ ပြုလုပ်မယ်လို့လည်း ဆိုနေတာမို့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အက်စ် ဘတ်နောက်ဆုံးကစားခဲ့တဲ့ သုံးပွဲမှာ တစ်ပွဲမှအနိုင်မရခဲ့တာမို့ ဖီအိုရင် တီးနားဟာ အက်စ်ဘတ်ကို သင်ခန်း စာတွေပေးပြီး အိမ်ပြန်ပါလိမ့်မယ်။
**ဒီနီပရိုနှင့် စပါး**
ဒီပွဲဟာ ထူးခြားတဲ့ယှဉ်ပြိုင်မှု ဖြစ်ပါတယ်။ ဒီနီပရိုအသင်းရဲ့ နည်းပြဟာ စပါးအသင်းကို ကိုင် တွယ်ခဲ့တဲ့ ရာမို့စ်ဖြစ်တာမို့ အသင်း နဲ့ ပြန်ဆုံရတဲ့ပွဲပါပဲ။ ယူကရိန်းကလပ် ဒီနီပရိုအသင်းဟာ ခြေမှန်တဲ့ အသင်းတော့မဟုတ်ပါဘူး၊ ဒါပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်ငါးပွဲမှာ နိုင်ပွဲအကုန်ရထားတာမို့ စပါးတို့ အခက်ကြုံနိုင်ပါတယ်။ ဒါပေမယ့် ကစားသမားကောင်းတွေနဲ့ စုဖွဲ့ထား တဲ့ စပါးတို့ကလည်း အနိုင်ဆိုတာ သူတို့အတွက်လို့ ယုံကြည်ထားတာ မို့ ဒီပွဲရလဒ်က သရေလည်း ဖြစ် သွားနိုင်တဲ့ပွဲပါပဲ။
**ဆွမ်ဆီးနှင့် နာပိုလီ**
နည်းပြလော့ဒရပ် အထုတ် ခံရလောက်အောင် ရလဒ်ပိုင်းဆိုးရွား နေတဲ့ ဆွမ်ဆီးဟာ အခုပွဲ အိမ်ကွင်း ဖြစ်ပေမယ့် ပြိုင်ဘက်က နာပိုလီဖြစ် နေတာမို့ ခက်ခဲပါဦးမယ်။ နာပိုလီ နည်းပြ ဘင်နီတက်ဇ်ဟာ ဆွမ်ဆီး ကလပ်ရဲ့ အားနည်းချက်ကို သိထား သူဖြစ်တာမို့ ဆွမ်ဆီးတို့ အားထည့် နိုင်မှ တော်ကာကျမယ့်အနေအထား ရှိပါတယ်။
(Photo---နာပိုလီကစားသမားတွေပါ)
နာပိုလီတို့က ယူရိုပါလိဂ် ဖလားကို မျှော်လင့်ထားတာမို့ အခု ပွဲမှာ အကောင်းဆုံးရလဒ်ရရှိအောင် စွမ်းဆောင်မယ့် အနေအထားရှိပါ တယ်။ နာပိုလီရဲ့နောက်ဆုံး သုံးပွဲ ရလဒ်ကိုကြည့်ရင် ရလဒ်ကောင်းခဲ့ တာများပါတယ်။ နာပိုလီဟာ ယူရို ပါလိဂ်ဖလားကို မျှော်မှန်းနေတာမို့ ဒီပွဲမှာ ခြေကုန်ထုတ်ပါလိမ့်မယ်။
**ပေါ်တိုနှင့် ဖရန့်ဖတ်**
ဒီနှစ် ချန်ပီယံလိဂ်ဖလားကို မျှော် မှန်းခဲ့ပေမယ့် မရဘဲ ပြိုင်ပွဲကထွက် လာတဲ့ ပေါ်တိုဟာ ယူရိုပါလိဂ် ဖလားကို အာရုံစိုက်နေတာမို့ ဒီပွဲစဉ် တွေမှာ အနိုင်ကစားပါလိမ့်မယ်။
(Photo----*ပေါ်တိုကလပ်အသင်းမှာသူတို့ ပါတြတယ်)
ဒါပေမယ့် ပေါ်တိုရဲ့ လက်ရှိခြေစွမ်းက အားရစရာမရှိဘဲ နောက်ဆုံးကစား ခဲ့တဲ့ သုံးပွဲမှာ နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးနဲ့ ခက်ခဲစွာနိုင်ပွဲရအောင် အားထုတ် ထားရတဲ့ အနေအထားရှိပါတယ်။ ဖရန့်ဖတ်တို့လည်း ဘွန်ဒက်စ်လီဂါမှာ ရလဒ်တွေဆိုးရွားနေတာမို့ အိမ်ရှင် ပေါ်တိုဟာ ဒီပွဲမှာ နိုင်အောင်ကစား ပြီး နောက်တစ်ဆင့်တက်နိုင်ရေး စွမ်းဆောင်ပါလိမ့်မယ်။
**ဒိုင်နမိုကိဗ်နှင့် ဗလင်စီယာ**
လက်ရှိ အချိန်မှာတော့ ခြေရည် တူနေတဲ့ အသင်းတွေဖြစ်တာမို့ အပြန်အလှန်ဖိအားပေးကစားပြပါ လိမ့်မယ်။ ဒီနှစ်သင်းဟာ ယူရိုပါလိဂ် ပွဲစဉ်တွေမှာ ဆုံတွေ့ခဲ့တဲ့ နှစ်ကြိမ်လုံး သရေပွဲတွေချည်းဖြစ်ခဲ့တာမို့ ဒီပွဲမှာ ပြတ်သားတဲ့ရလဒ်ကို ပုံဖော်နိုင်ဖို့ အပြိုင်ကြိုးစားပါလိမ့်မယ်။ အကြိုက် က ဗလင်စီယာဖြစ်ပေမယ့် အိမ်ရှင် ရဲ့ ရုန်းအားက အလေးထားစရာ ဖြစ်တာမို့ သရေရလဒ်နဲ့ အဆုံးသတ် ဖို့ များနေပါတယ်။
**မိုးမြင့်လင်းလက်**

No comments:
Post a Comment