==မြ၀တီမြို့ ကျောက်လုံးကြီးစခန်းရှိ အဆိုပါမြန်မာအလုပ်သမား ၂၀၀ ခန့် နှင့်ရင်းရင်းနှီးနှီးတွေ့ ဆုံ==
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁၅ ရက်နေ့က မြန်မာပြည်ဘက်ခြမ်း ကရင်ပြည်နယ်မြ၀တီမြို့နယ်မှ ထိုင်းနိုင်ငံမဲဆောက်မြို့သို့ ထိုင်းနိုင်ငံအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများလုပ်ကိုင်ရန်ဟူသော အကြောင်းပြ ချက်ဖြင့် ပုလဲမိုးပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ ခေါ်ယူစုဆောင်းထားသည့် အမ်အိုယူ
မြန်မာအလုပ်သမား ၁၉၅ ဦးတို့သည် ယနေ့တွင်မူ မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာန ဆုံးဖြတ်ချက်ဖြင့် နေရပ်ပြန်လည် ထွက်ခွာသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဒီကိစ္စနှင့်ပတ်သက်၍ ပုလဲမိုး ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ ဒါရိုက်တာ ဦးဝီလျံက “ဒီနေ့ပဲ ကျနော်တို့အေဂျင်စီ အစီအစဉ်နဲ့ အိမ်တိုင်ယာရောက် ပြန်ပို့ရတာဖြစ်ပါတယ်။ လာခေါ်တုန်းက အပြင်သွားနေတဲ့ ၄ ဦးပဲကျန်ပါတယ်။ မြန်မာနိင်ငံအလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားချက်နဲ့ အာဏာပိုင်အဖွဲ့အစည်းစုံနဲ့ လက်မှတ်ရေးထိုး ဆောင်ရွက်ရတာဖြစ်ပါတယ်။” ဟုပြောပြသည်။ ကျန်ရှိနေသေးသည့် အလုပ်သမား ၄ ဦးအနက် ၁ ဦးဖြစ်သူ မောင်တိုးက “ကျနော်က အသုံးအစားပြတ်လို့ ရရာအလုပ်ကို ၀င်လုပ်ရင်း ကားမမီ ၊အဆက်အသွယ်မရလို့ ကျန်ခဲ့တာပါ။ ရွာက ထွက်လာကတည်းက ငွေချေးတာ ၁၀၀ ကျပ်ကို ၁၀ ကျပ်နှုန်း ပေးရတယ်ဗျ။ လာခေါ်တဲ့ပွဲစားကို ၄-၅ သိန်း ကျပ်ပေးပြီးတော့ ထိုင်းနိုင်ငံကိုလာရတာ၊ အလုပ်မရဘဲ မပြန်ချင်သေးပါဘူးဗျ။” ဟုရှင်းပြသည်။ ထိုင်းနိုင်ငံတွင် ၀င်ရောက်အလုပ် လုပ်ကိုင်ရမည့် MOU မြန်မာအလုပ်သမား ပို့ ဆောင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကျင့်ဝတ်ဖောက် ဖျက်ခဲ့ကြသော ဆွေဆွေစံ အေဂျင်စီ၊ People Choice၊ Dear Dragon စသည့် အေဂျင်စီ ၃ ခု အား မြန်မာနိုင်ငံအလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ လုပ်ကိုင်ခွင့်ပိတ်ပင်ခဲ့သည်။ Posted by JACBA

No comments:
Post a Comment