>
ဓာတ်ပုံ =ထိုင်းနိုင်ငံတွင် ဖြစ်ပွားနေသော လူထုလှုပ်ရှားမှု
==အာဆီယံသည် မာဖီးယားဂိုဏ်းမဟုတ်၍ လူမိုက်ကို ခေါင်းဆောင်တင်ထားခြင်းမဟုတ်ပေ===
အာဆီယံသည် မာဖီးယားဂိုဏ်းမဟုတ်၍ လူမိုက်ကို ခေါင်းဆောင်တင်ထားခြင်းမဟုတ်သောကြောင့် ၂၀၁၄ အလှည့်ကျ အာဆီယံဥက္ကဌ မြန်မာအစိုးရသည် အတွေးအခေါ်အားကောင်းသော ခေါင်းဆောင်တစ်ဦးအသွင်ဆောင်လျက် ပြည်တွင်းပြဿသနာများကို သာမက အိမ်နီးချင်း အာဆီယံ ပြည်ပပြဿနာများကို ပါ စနစ်တကျ ချဉ်းကပ်ပြီး ညှိနှိုင်း အဖြေရှာတတ်ရန် လိုအပ်ပေသည် ။
စစ်အာဏာရှင်စနစ်လက်အောက်၌ နှစ်ပေါင်းများစွာ အထီးကျန်နေထိုင်ခဲ့သော မြန်မာပြည်သည် အနာဂတ်တွင် အိမ်နီးချင်း အာဆီယံနိုင်ငံများနှင့် အတူတကွ ယှဉ်တွဲနေထိုင်ရေးနှင့် ဒေသတွင်း စီးပွားရေးဆိုင်ရာ ရင်နှီးမြုပ်နှံမှုများအပါအ၀င်ကုန်သွယ်ရေး လုပ်ငန်းများ ၊နိုင်ငံရေး ကိစ္စရပ်များအပါအ၀င် ဒေသတွင်း လုံခြုံရေး ၊ခေတ်မီကမ္ဘာကြီးတွင် နောက်ကျမကျန်ရစ်စေမည့် နည်းပညာ ဖလှယ်ရေး များဖြင့် ကြီးမားသော ကိစ္စရပ်များအား မလွဲမသွေ ရင်ဆိုင်ဖြတ်သန်းရပေမည် ။
သို့ ဖြစ်ပါ၍ တိုင်းပြည်တွင် နိုင်ငံရေးတည်ငြိမ်မှု ၊ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးသည် အထူးပင်လိုအပ်နေသည်မှာ ပြောဖွယ်ရာမရှိပေ။
တိုင်းရင်းသားများအားလုံး ၏ ဘ၀တိုးတက်မြင့်မားရေး ၊တန်းတူညီမျှရေးအတွက် အားလုံး တွေ့ ဆုံ ဆွေးနွေးအဖြေရှာမည့် နိုင်ငံရေးစားပွဲဝိုင်းမှသည် ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသည် အနာဂတ်တိုင်းပြည်တည်ဆောက်ရေးအတွက် မဖြစ်မနေလိုအပ်နေပေရာ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုတင်ပြသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဌ ဦးရွှေမန်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ လေးပွင့်ဆိုင်တွေ့ဆုံပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စကို ဆွေးနွေးယုံမက အနာဂတ်နိုင်ငံတော်အတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်နိုင်မည်ဖြစ်ပေရာ လေးပွင့်ဆိုင်တွေ့ဆုံရေးသည် လိုအပ်သော အခင်းအကျင်း ဖြစ်သည်ဟု ထင်မြင်ယူဆမိပါသည် ။
==အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများတွင်သာမက ဒီမိုကရေစီ အတိုက်အခံ အင်အားစုများအပေါ် နိုင်ငံရေး အကြွေးတင်နေသည်==
မြန်မာပြည်၏အစိုးရသည် တိုင်းရင်းသားဒေသများ၌ နှစ်ပေါင်းများစွာ လူ့ အခွင်းအရေး ချိုးဖောက်ခဲ့သော်လည်း တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးမှသည် ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို သက်ဝင် ယုံကြည်လျက် တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးအား လက်မှတ်ရေးထိုးရန် ပြင်ဆင်နေခြင်းအပေါ် လက်ရှိအစိုးရမှ ကောင်းကောင်းသဘောပေါက်လျက် မဖြစ်မနေ ပုံဖော်လည်ဆောက်ရန်တာဝန်ရှိပါသည် ။
တခြားတစ်ဖက်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများသည် မြန်မာပြည်တွင် ပြုလုပ်သော ၂၁၀၃ ဆီးဂိမ်း နှင့် ၂၀၁၄ အာဆီယံ ဥက္ကဌဖြစ်နေမှုအပေါ်ကောင်းမွန်စွာ နားလည်သဘောပေါက်လျက် မည်သည့် အဖျက်အမှောင့် ပယောဂများလုပ်ဆောင်ခြင်းမရှိသည့် အတွက် အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများတွင်သာမက ဒီမိုကရေစီ အတိုက်အခံ အင်အားစုများအပေါ် နိုင်ငံရေး အကြွေးတင်နေသည်မှာ သိသာထင်ရှားနေပါသည် ။
ဆိုလိုသည်မှာ ၂၀၁၄ ဖေဖော်ဝါရီလ ၌ ရုရှားနိုင်ငံတွင် ပြုလုပ်မည့် ဆောင်းရာသီ အိုလံပစ်ပွဲ မတိုင်မီ ဗုံးပေါက်ကွဲမှုများ ရုရှား၌ဖြစ်ပွားခဲ့ ယုံမက ဆူစိုက်ဗုံးသမားများကလည်း အိုလံပစ်ပွဲကို ဖျက်ရန်တာဆူလျက်ရှိနေပေသည် ။ ရုရှားသမ္မတ ပူတင် သည် အိုလံပစ်ပွဲ မတိုင်မီ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခဲ့သော်လည်း အကြမ်းဖက်သမားများ၏ လုပ်ရပ်ကို အပြည့်အ၀ မဟန့် တားနိုင်သေးပဲ နိုင်ငံတကာမှ ရုရှား၏ ဆောင်းရာသီ အိုလံပစ်ပွဲလာရောက်ရန် အတွက် စိုးရိမ်ပူပန်မှုများ ရှိနေစဲဖြစ်သည် ။
မြန်မာပြည်၏ ဒီမိုကရေစီ အတိုက်အခံအင်အားစုများသည် အစိုးရနှင့် ထိပ်တိုက်ရင်ဆိုင်ရေးလမ်းကြောင်းမှသည် တွေ့ ဆုံ ဆွေးနွေးအဖြေရှာရေးလမ်းကြောင်းအပေါ်ရောက်ခဲ့ပေရာ ယင်းအဖြစ် မှ ရလဒ်ကောင်းများ ထင်မြင်သလောက်မရရှိမှုအပေါ် အားမလိုအားမရဖြစ်နေသေးသည် ။ သို့ သော်တိုင်းပြည်နှင့် လူထုအကျိုးစီးပွားကို ရှေ့ ရှုလျက် ၈၈ မျိုးဆက်ကျောင်းသားများအပါအ၀င် လွှတ်တော်ပြင်ပအဖွဲ့ အစည်းများသည် လက်ရှိအစိုးရအား ထိပ်တိုက်ရင်ဆိုင်ရေးအစား ပြဿသနာတစ်ခုခြင်းအပေါ် တွေ့ ဆုံဆွေးနွေးအဖြေရှာရေးကိုသာ ဦးစားပေးလျက်ရှိနေသည်မှာ အတိုက်အခံဒီမိုကရေစီအင်အားစုများ၏ ပြောင်းလဲလာသော နည်းဗျူဟာဟု သုံးသပ်ရပေမည် ။
ပြင်သစ်သမ္မတ Francois Hollande သည် ရုပ်ရှင်မင်းသမီးJulie Gayet နှင့် အရှုပ်တော်ပုံ ဇာတ်လမ်းများ ပေါ်ပေါက်ခဲ့သဖြင့် ပြင်သစ်နိုင်ငံရေးလောကနှင့် စာနယ်ဇင်းအကြားလှုပ်လှုပ်ရှားရှား ဖြစ်နေပေသည် ။
French President Francois Hollande split with his longtime girlfriend after he was accused of having affair with Julie Gayet. အသေးစိတ်ကိုတော့ အောက်ပါဝက်ဆိုဒ်တွင်ကြည့်ပါ။
http://www.nydailynews.com/entertainment/tv-movies/french-president-alleged-mistress-receives-award-nod-article-1.1598189#ixzz2s6WQOkeh
ဒီနေရာတွင် အဓိကဆွေးနွေးလို သည်မှာ အကောင်းမြင်ဖက်ကကြည့်ပြီး မြန်မာပြည် သမ္မတကြီး ဦးသိန်းစိန်သည် ရုပ်ရှင်မင်းသမီးနှင့် အရှုပ်ထုတ်ဇာတ်လမ်းများမရှိသေးချင်းသည်ပင်လျှင် ၂၀၁၄တွင် အကောင်းမြင်စရာထဲမှ အချက်တစ်ချက်ဖြစ်နိုင် စရာ အကြောင်းရှိပေသည် ။
ကြီးမားသော အမှား သံသရာမှာ တိုင်းပြည်သည် ဒဏ်ရာဟောင်း ဒဏ်ရာသစ်များဖြင့် လူမွှေးလူတောင်မပြောင်ဖြစ်ခဲ့ရပေသည်
ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီ၏ အမတ်များ လွှမ်းမိုးမှုသာမက တပ်မတော်မှ ၂၅% အမတ်များပါ နာရာယူထားသော လွှတ်တော်တွင်း နိုင်ငံရေးသည် လှည်းကျိုးနှင့် ခရီးသွားသလို ထင်သလောက် ခရီးမတွင်ပေ ။စစ်အသုံးစားရိတ်ကို များများသုံးပြီး လူထု ၏ပညာရေး ၊ကျန်းမာရေးကို လှည့်မကြည့်ချင်သော စနစ်ဟောင်း၏ အကျင့်ဆိုးများသာ လွှတ်တော်တွင်း ထင်သာမြင်သာ ရှိနေပေသည် ။ လယ်သိမ်း ၊ ယာသိမ်း ခံလယ်သမားများအရေးသည်လည်း ဆန္ဒပြအလုပ်သမားများအရေးနည်းတူ တရားဥပဒေစိုးမိုးရေးကို မျှော်လင့်နေသော်လည်း တရားဥပဒေအထက်တွင် ခရိုနီနှင့် အစိုးရအာဏာပိုင်များသာ လည်ပင်းဖက်တည်ရှိနေသည်ဟု ပြည်သူလူထုမှ ထင်မြင်စေရန် အဖြစ်အပျက်များက တွန်းပို့ လျက်ရှိသည် ။
အစိုးရ၏ အထက်ပိုင်းမှ ဖြစ်စေ ၊ နောက်ကွယ်မှ ဖြစ်စေ ပြည်သူလူထုအပေါ် ဖိနှိပ် အုပ်ချုပ်နေပြီး အထက်မှ အောက်ခြေထိ ထင်ရာစိုင်းလုပ်ဆောင်နေမှုများအစား လူတစ်စုအကျိုးထက် လူထုအကျိုးကို ကြည့်ရမည့်အချိန်ရောက်နေသည်ကို သတိပြုရပေမည် ။ လက်ရှိအစိုးရအနေဖြင့် တိုင်းပြည်၏စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှုကို လုပ်ဆောင်ရန် လာပ်ပေးလာပ်ယူ တိုက်ဖျက်ရေးကိုလည်း လုပ်ဆောင်သင့်ပေရာ မြန်မာပြည်တွင် အစိုးရအတွင်း လာပ်ပေးလာပ်ယူမှုများဆက်လက်ရှိနေပါက ကမ္ဘာ့ဘဏ်မှ ကူညီမှုများရပ်ဆိုင်းမည်ဟု ပြောကြားခဲ့ပေသည် ။အနာသိလျှင်ဆေးရှိပေမဲ့ ကိစ္စအ၀၀ကို ပေါ့သေးသေးထားပါက လာပ်ပေးလာပ်ယူမှုများကိုလုပ်ဆောင်နေသော ထိုင်းအစိုးရအား ထိုင်းလူထု၏ဆန့် ကျင် ကန့် ကွက် ဆန္ဒပြမှုများနည်းတူ မြန်မာပြည်သည်လည်း အနာဂတ်တွင် မကြုံတွေ့ နိုင်ဘူးဟု မည်သူ အတတ်ပြော နိုင်မည်နည်း။
ခေတ်အဆက်ဆက်တွင် ဖြစ်ပွားခဲ့သော သမိုင်းဖြစ်စဉ်များသည် တိုင်းပြည်၏မျက်နှာပြင်၌ ဒဏ်ရာအဖြစ်ထင်ကျန်ခဲ့သလို ဆင်းရဲမွဲတေသော ပြည်သူလူထုတစ်ရပ်လုံး၏ ဘ၀ပုံရိပ်များကိုလည်း အကျည်းတန်ခဲ့သည်မှာ အမှန်ပင်ဖြစ်ပါသည် ။
ကမ္ဘာနှင့်ရင်ဘောင်တန်းဖို့ နေနေသာသာ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက တိုင်းပြည်၏ နိုင်ငံရေး ၊စီးပွားရေးတွင်သာမက လူထု၏ ပညာရေး ၊ကျန်းမာရေး ၊လူမှုရေးများတွင် အဖက်ဖက်၌ အောက်ကျနောက်ကျဖြစ်ကာ ဆင်းရဲမွဲတေမှုချောက်နက်ထဲမှ ရုန်းမထွက်နိုင်သေးပေ ။ရုပ်ပိုင်း ၊စိတ်ပိုင်း မှာ ပြောင်းလဲတိုးတက်နေသော ကမ္ဘာကို လစ်လျူရှုကာ အစိုးရအာဏာပိုင်ဆိုသော လက်တစ်ဆုပ်စာ လူတစ်စုသည် ကိုယ်ကျိုးစီးပွားကို တင်းပြည့်ကျပ်ပြည့်လုပ်ဆောင်ရင်း အစိုးရ၏ မှားယွင်းသောမူဝါဒများအား ဇောင်းပေးလုပ်ဆောင်ခဲ့မှုသည် ကြီးမားသော အမှား သံသရာမှာ တိုင်းပြည်သည် ဒဏ်ရာဟောင်း ဒဏ်ရာသစ်များဖြင့် လူမွှေးလူတောင်မပြောင်ဖြစ်ခဲ့ရပေသည် ။ခေတ်ဟောင်းမှ ခေတ်သစ်သို့ ပြောင်းလဲသောအခါ သမိုင်းသည်အကောင်းအဆိုး သင်ခန်းစာများကို တိုင်းပြည်အား အမွေပေးခဲ့ပေသည် ။
၁၉၄၇ ဖွဲ့ စည်းပုံအခြေခံဥပဒေ၏ အားနည်းချက် အားသာချက်များကို နိုင်ငံရေး ခေါင်းဆောင်များ ၊တိုင်းရင်းသားခေါင်းဆောင်များ ၊လူထုလူတန်းစား အသီးသီးမှတတ်သိပညာရှင်များဖြင့် တွေ့ ဆုံ ဆွေးနွေးအဖြေရှာရေးအစား ၀ါဒစွဲ ၊ပုဂ္ဂိုလ်စွဲ ၊ အုပ်စုစွဲ ၊လူမျိုးစွဲ ၊ ဂိုဏ်းဂဏစွဲ ၊ဒေသစွဲ ၊ပါတီစွဲ အစွဲအမျိုးမျိုးကို ဗဟိုပြုခဲ့သဖြင့် တိုင်းပြည်သည် အာဆီယံတွင်သာမက ကမ္ဘာ့သမိုင်းတွင်ပင် အရှည်ကြာဆုံးဖြစ်သော ရေရှည်ပြည်တွင်းစစ်ကြီးကို တိုင်းပြည်သည် အမွေဆိုးရရှိခဲ့ပေသည် ။
စီးပွားရေး၊ ပထ၀ီ နိုင်ငံရေး အရေးပါမှုအခြေအနေအရပ်ရပ်ကို အကြောင်းပြုလျက်
လက်ဝဲ လက်ယာ အင်အားကြီးနိုင်ငံများ၏ ၀ါဒရေးရာ အားပြိုင်မှုကြားတွင် ကမ္ဘာ့နိုင်ငံရေး ၀ဲဂယက်၌ တိုင်းပြည်သည် မြုပ်တစ်ခါ ပေါ်တလှည့်ဆိုသော်လည်း ခေတ်ဆိုးအတွင်းတွင် အစိုးရအာဏာပိုင်များသာ ဖောက်ပြန်ခြစားမှုများဖြင့်စီးပွားရေးအဆင်ပြေကာ ဘ၀များသည်ရေပေါ်ဆီများလို ပေါ်နေသော်လည်း လူထုဘ၀သည် ဆင်းရဲတွင်း ချောက်နက်ထဲမှာ မျိုးဆက်တစ်ခုပြီးတစ်ခု မြုပ်ခဲ့သည်ကြီးဖြစ်သည် ။
==၂၆ နှစ်အကြာမှာ သမိုင်းဘီးတစ်ပတ်လည်ပြီလား==
တိုင်းပြည်ကို ချောက်ထဲကျဖို့ လက်တစ်လုံးအလိုတွင် တိုင်းပြည်ကို ကယ်တင်လိုက်ရပါသည်ဆိုသော ဗိုလ်နေ၀င်း ဦးဆောင်သည့် စစ်အစိုးရသည် ၁၉၆၂တွင် တိုင်းပြည်၏အာဏာကိုစစ်တပ်မှသိမ်းယူခဲ့ပေသည် ။ထို့ နောက်တွင် ၁၉၇၄ ၌ ဖွဲ့ စည်းပုံကို ရေးဆွဲခဲ့ပြီး တိုင်းပြည်ကို ထင်ရာစိုင်းအုပ်ချုပ်ခဲ့သဖြင့် တိုင်းပြည်၏ အဖက်ဖက်မှ ခြွတ်ချုံကျ မှု၌ ပြည်သူလူထုသည် ဆင်းရဲမွဲတေမှုများကို မခံမရပ်နိုင်သည့်အဆုံး ၁၉၆၂မှရေတွက်သော် ၂၆နှစ် အကြာ ၁၉၈၈ တွင် မြန်မာပြည်၌ အထွေထွေသပိတ် ဒီမိုကရေစီ တောင်းဆိုသော လူထုအုံကြွမှုကြီး သမိုင်းဝင် ဖြစ်ပွားခဲ့ပေသည် ။
ယခုလည်း ၁၉၈၈ ခုတွင် အာဏာသိမ်းခဲ့စော စစ်အစိုးရသည် ၂၀၀၈ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအားရေးဆွဲခဲ့ပြီး တိုင်းပြည်ကို ၂၀၁၄ ခုနှစ်ထိ အုပ်ချုပ်နေပေရာ ၁၉၈၈ ခုနှစ်မှရေတွက်သော် ၂၀၁၄ သည် ( ၂၆) နှစ်တိုင်ခဲ့ပေပြီ ။
ခေတ်အဆက်ဆက် ၌ တိုင်းပြည်၏ နိုင်ငံရေး စီးပွားရေး အခက်အခဲ အကြပ်အတည်းများ ရင်ဆိုင် ကြုံတွေ့ ပြီး ဆင်းရဲမွဲတေမှုမှ ရုန်းထွက်ရန်ကြိုးစားအားထုတ်နေသော မြန်မာပြည်သူလူထုသည်
၂၆ နှစ်အကြာမှာ လူထုအုံကြွမှုကြီး ထပ်မံဖြစ်ခြင်း မဖြစ်ခြင်းသည် လက်ရှိအစိုးရ၏ လူထုဘ၀ကောင်းကျိုး ချမ်သာ အပေါ် လုပ်ဆောင်မှုရှိခြင်း မရှိခြင်းနှင့်တိုက်ရိုက်အချိုးကျနေပေသည် ။
သို့ ဖြစ်ပါ၍ အစိုးရ၏ အမှား သံသရာမှ သမိုင်း ဒဏ်ရာများနှင့် တိုင်းပြည်တွင်
၂၀၁၅ရွေးကောက်ပွဲအတွက် ၂၀၁၄ သည် ရေခံမြေခံကောင်းသော နှစ်ဖြစ်ရန် အဖက်ဖက်တွင် အထူး လိုအပ်နေပေသည် ။
အောင်ခိုင်မြင့်
၀၁ ဖေဖော်ဝါရီလ ၂၀၁၄

Sunday, February 2, 2014
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment