ဒုတိယအကြိမ်မြောက် ကျောင်းရံပုံငွေ ကံစမ်းမဲဖွင့်ပွဲကို ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ ကျောင်းသား ၄၂၇ ဦးနှင့် ဆရာ ၁၆ ဦးရှိသော “နေ့သစ်အလကကျောင်း” ၌ ယနေ့ကျင်းပကြသည်။
(၂၁လက်မတီဗွီပေါက်မဲရှင်အားအ
ယနေ့ကံစမ်းမဲဖွင့်ပွဲ ကျင်းပခြင်းသည် ကျောင်းသက်တမ်း (၉)နှစ်ကျော် ၁၀ နှစ်မြောက် ဖြတ်သန်းမှုအထိမ်းအမှတ်လည်း ဖြစ်ပြီးဒုတိယအကြိမ်မြောက် ကံစမ်းမဲဖွင့်ခြင်းလည်းဖြစ်၏။ ယနေ့ကံစမ်းမဲဖွင့်ပွဲအခမ်းအနားနှင့် ပတ်သက်၍ မဲဆောက်မြို့ အိုမီဂါအထည်ချုပ်စက်ရုံမှ ကိုလတ်က “နေ့သစ်အလကကျောင်းရဲ့ ရံပုံငွေကံစမ်းမဲဆိုပေမယ့် ကလေးတွေအတွက်ရော၊ ဆရာတွေအတွက်ဆိုပေမယ့် မြန်မာအလုပ် သမားတွေကပါ တတပ်တအားပါဝင်ကြတာ ဖြစ်ပါတယ်။ ပေါက်ရင်ယူ၊ မပေါက်ရင်အလှူ ဆိုပြီး မဲတစ်စောင် (၁၀)ဘတ်နှုန်းနဲ့ အားပေးခဲ့ကြတာကို ဆိုလိုတာပါ။ ပျော်ပျော်ရွှင်ရွှင်ခင်ခင်မင်မင်နဲ့ ပြီးသွားတာ ကျေနပ်မိပါတယ်”ဟုပြောပြသည်။
(တတိယဆု ရွှေလက်စွပ်ပေါက်မဲရှင်အားလက်မှာဝတ်ပေးပြီး
ဆုချီးမြှင့်နေစဉ်)
နေ့သစ်အလကကျောင်း အဋ္ဌမတန်းကျောင်းသား မောင်ဝသုန်ကျော်ကလည်း “ကျောင်းက ဆရာ၊ ဆရာမတွေကိုရော၊ ကျောင်းသားတွေကိုရော၊ ဒီနေ့ကြွရောက်အားပေးကြတဲ့ အလုပ်သမားမိဘတွေကိုပါ အထူးကျေးဇူးတင်ပါတယ်။ မိဘနဲ့ မိဘအရွယ်မြန်မာအလုပ်သမားတွေက အခုလို အားပေးကြတာ ကျနော်တို့အားလုံးအတွက် စည်းလုံးညီညွှတ်ခြင်းပါပဲ” ဟု ရင်ဖွင့်ပြောကြားသည်။
(နေ့ သစ်အလကကျောင်းသားလေးများရဲ့ ခေတ်သစ်ကျန်စစ်သား ဟာသတစ်ခန်းရပ်)
ဤသို့ ကျောင်းရံပုံငွေရရှိမှု အများစုကို ဆရာလစာ တိုးမြင့်ပေးအပ်ခြင်း၊ မိဘမဲ့ကျောင်းသားများအား ထောက်ပံ့ကူညီခြင်းနှင့် အခြားသောကျောင်း၏ လိုအပ်ချက်များအတွက် ခွဲဝေသုံးစွဲမည်ဖြစ်သည်။ ယနေ့ပထမဆု ဆိုင်ကယ်ပေပေါက်မဲရှင်မှာ မြ၀တီမြို့ နေ စိုင်းထွန်းထွန်းဖြစ်ပြီး ၊ ဒုတိယဆု လက်တော့ပ် ပေါက်မဲရှင်မှာ ချန်ပီယံသိုးမွှေးစက်ရုံမှဖြစ်သည်။ တတိယဆု ရွှေလက်စွပ်ပေါက်မဲရှင်မှာ အက်စ်ဒီဖက်ရှင် (ခေါ်) ချန်ပီယံသိုးမွှေးစက်ရုံမှပင်ဖြစ်သည်။ ယနေ့ကံစမ်းမဲဖွင့်ပွဲတွင် အဆိုပါပေါက်မဲကြီးသုံးခုအပြင် ပေါက်မဲလတ်များ၊ ပေါက်မဲငယ်များ၊ အပါအ၀င် စုစုပေါင်း ပေါက်မဲ ၁၆၀ ကို စက်ရုံအလုပ်ရုံနှင့် ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ အိမ်တွင်းမှုအလုပ်သမားများကိုယ်တိုင် စင်ပေါ်တက်ကာ မဲနှိုက်ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။ > +(မတ်လ ၂၃ရက်၊ ၂၀၁၄၊ သောင်ရင်းနဂါး)+
ဒုတိယအကြိမ်မြောက် ကျောင်းရံပုံငွေ ကံစမ်းမဲဖွင့်ပွဲကို ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ ကျောင်းသား ၄၂၇ ဦးနှင့် ဆရာ ၁၆ ဦးရှိသော “နေ့သစ်အလကကျောင်း” ၌ ယနေ့ကျင်းပကြသည်။
(၂၁လက်မတီဗွီပေါက်မဲရှင်အားအ
ယနေ့ကံစမ်းမဲဖွင့်ပွဲ ကျင်းပခြင်းသည် ကျောင်းသက်တမ်း (၉)နှစ်ကျော် ၁၀ နှစ်မြောက် ဖြတ်သန်းမှုအထိမ်းအမှတ်လည်း ဖြစ်ပြီးဒုတိယအကြိမ်မြောက် ကံစမ်းမဲဖွင့်ခြင်းလည်းဖြစ်၏။ ယနေ့ကံစမ်းမဲဖွင့်ပွဲအခမ်းအနားနှင့် ပတ်သက်၍ မဲဆောက်မြို့ အိုမီဂါအထည်ချုပ်စက်ရုံမှ ကိုလတ်က “နေ့သစ်အလကကျောင်းရဲ့ ရံပုံငွေကံစမ်းမဲဆိုပေမယ့် ကလေးတွေအတွက်ရော၊ ဆရာတွေအတွက်ဆိုပေမယ့် မြန်မာအလုပ် သမားတွေကပါ တတပ်တအားပါဝင်ကြတာ ဖြစ်ပါတယ်။ ပေါက်ရင်ယူ၊ မပေါက်ရင်အလှူ ဆိုပြီး မဲတစ်စောင် (၁၀)ဘတ်နှုန်းနဲ့ အားပေးခဲ့ကြတာကို ဆိုလိုတာပါ။ ပျော်ပျော်ရွှင်ရွှင်ခင်ခင်မင်မင်နဲ့ ပြီးသွားတာ ကျေနပ်မိပါတယ်”ဟုပြောပြသည်။
(တတိယဆု ရွှေလက်စွပ်ပေါက်မဲရှင်အားလက်မှာဝတ်ပေးပြီး
ဆုချီးမြှင့်နေစဉ်)
နေ့သစ်အလကကျောင်း အဋ္ဌမတန်းကျောင်းသား မောင်ဝသုန်ကျော်ကလည်း “ကျောင်းက ဆရာ၊ ဆရာမတွေကိုရော၊ ကျောင်းသားတွေကိုရော၊ ဒီနေ့ကြွရောက်အားပေးကြတဲ့ အလုပ်သမားမိဘတွေကိုပါ အထူးကျေးဇူးတင်ပါတယ်။ မိဘနဲ့ မိဘအရွယ်မြန်မာအလုပ်သမားတွေက အခုလို အားပေးကြတာ ကျနော်တို့အားလုံးအတွက် စည်းလုံးညီညွှတ်ခြင်းပါပဲ” ဟု ရင်ဖွင့်ပြောကြားသည်။
(နေ့ သစ်အလကကျောင်းသားလေးများရဲ့ ခေတ်သစ်ကျန်စစ်သား ဟာသတစ်ခန်းရပ်)
ဤသို့ ကျောင်းရံပုံငွေရရှိမှု အများစုကို ဆရာလစာ တိုးမြင့်ပေးအပ်ခြင်း၊ မိဘမဲ့ကျောင်းသားများအား ထောက်ပံ့ကူညီခြင်းနှင့် အခြားသောကျောင်း၏ လိုအပ်ချက်များအတွက် ခွဲဝေသုံးစွဲမည်ဖြစ်သည်။ ယနေ့ပထမဆု ဆိုင်ကယ်ပေပေါက်မဲရှင်မှာ မြ၀တီမြို့ နေ စိုင်းထွန်းထွန်းဖြစ်ပြီး ၊ ဒုတိယဆု လက်တော့ပ် ပေါက်မဲရှင်မှာ ချန်ပီယံသိုးမွှေးစက်ရုံမှဖြစ်သည်။ တတိယဆု ရွှေလက်စွပ်ပေါက်မဲရှင်မှာ အက်စ်ဒီဖက်ရှင် (ခေါ်) ချန်ပီယံသိုးမွှေးစက်ရုံမှပင်ဖြစ်သည်။ ယနေ့ကံစမ်းမဲဖွင့်ပွဲတွင် အဆိုပါပေါက်မဲကြီးသုံးခုအပြင် ပေါက်မဲလတ်များ၊ ပေါက်မဲငယ်များ၊ အပါအ၀င် စုစုပေါင်း ပေါက်မဲ ၁၆၀ ကို စက်ရုံအလုပ်ရုံနှင့် ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ အိမ်တွင်းမှုအလုပ်သမားများကိုယ်တိုင် စင်ပေါ်တက်ကာ မဲနှိုက်ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment