** နိုင်ငံတကာသို့ တတိယမြောက်ထိုးဖောက်လိုသူပရီရန်ကာချိုပရာ**
ဘောလိဝုဒ်မှ ဟောလိဝုဒ်အနုပညာလောက သို့ ထိုးဖောက်နိုင်ခဲ့သူ မင်းသမီး ပရီရန်ကာချို ပရာက In My City နှင့် Exoticတို့ ထွက်ရှိ အပြီးတွင် နောက်ထပ်နိုင်ငံတကာသို့ ထိုးဖောက်မည့် တတိယမြောက်သီချင်းကို ယခုလကုန်နှင့် ဧပြီလဆန်းတကာသို့စတင်ဖြန့်ချိသွားရန် စီစဉ်ထား ကြောင်း အတည်ပြုပြောကြားခဲ့သည်။ ““ဘယ်လိုပဲဖြစ်ဖြစ် သီချင်းဟာ နိုင်ငံတကာကို အောင်မြင်စွာ ထိုးဖောက်နိုင်မယ်လို့ ကျွန်မယတယ်””ဟု ပရီရန်ကာက ပြောကြားမင်းသမီး ပရီရန်ကာ၏ In My Cityသီချင်းတွင် တေးသံရှင် ၀ီလ်အိုင်အမ်နှင့်တွဲဖက် သီဆိုထားပြီး ကြည့်ရှုသူ ပရိသတ်ပေါင်း ၁၀ သန်းကျော်ရှိခဲ့ကာExotic
သီချင်းတွင်ရပ်အဆိုတော် ပစ်ဘူးလ်နှင့် တွဲဖက်သီဆို ထားကာ ကြည့်ရှုသူပရိသတ်ပေါင်း သန်းကျော်ရရှိခဲ့သဖြင့် ယထွက်ရှိမည့်သီချင်းသစ်တွင် သူပရိသတ် ပေါင်း သန်း ၅၀ ကျော် ရရှိရန် မျှော်လင့်ထားကြောင်း ပရီရန်ကာက ဆိုသည်။
**မန်စီးတီးအသင်းတွင် နောက်တန်းကစားသမားကောင်းများ ခေါ်ယူအားဖြည့်ရန်လိုအပ်မည်ဟု
ဒန်နီမီးလ် ပြောကြား**
ပရီမီယာလိဂ်ကလပ်မန်စီးတီးအသင်းသည် ထိပ်ဆုံး အသင်းတစ်သင်းအဖြစ် ရပ်တည်မည်ဆိုပါက နောက်တန်း ကစားသမားကောင်းများ ခေါ်ယူအားဖြည့်ရန်လိုအပ်မည် ဟု ယုံကြည်ပါကြောင်း မန်စီးတီးနောက်ခံကစားသမား ဟောင်း ဒန်နီမီးလ်က ပြောကြားခဲ့သည်။
ထို့ပြင် မန်စီးတီးအသင်းသည် ကမ်္ဘာ့ကလပ်အသင်း
များထဲတွင် ငွေကြေးမြောက်မြားစွာရှိနေလင့်ကစား
နောက်တန်းကစားသမားကောင်းများကို ရွေးချယ်မခေါ်
ယူနိုင်ခဲ့ကြောင်းလည်း ဒန်နီမီးလ်က ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ဒီမီချီလစ်ကို ပေါင် ၄ ဒသမ ၂
သန်း၊ လက်စကော့ကို ပေါင် ၂၂ သန်းပေးကာခေါ်ယူခဲ့
သော်လည်း အကောင်းဆုံးပုံစံမရရှိခဲ့ဘဲ ဒီမီချီလစ်ကြောင့်
ဘာစီလိုနာနှင့်
ကစားခဲ့သည့် ချန်ပီယံလိဂ်(၁၆)သင်း
အဆင့်ပထမအကျော့တွင် ဂိုးပေးလိုက်ရသည့်အပြင်
အနီကတ်ပြထုတ်ပယ်ခံခဲ့ရပြီး ချန်ပီယံရှစ်ကလပ် ၀ီဂန်အသင်း
နှင့် ယှဉ်ပြိုင်ကစားခဲ့ရသည့် အက်ဖ်အေဖလားပွဲစဉ်တွင်
လည်း ဒီမီချီလစ်နှင့် ဂျိမ်းစ်ပက်ခ်ျတို့၏ အမှားများကြောင့်
ဝီဂန်ကိုရှုံးကာ အက်ဖ်အေဖလားမှ ထွက်ခဲ့ရသည်။
**ပရိသတ်ဆီသို့ပြန်လည်ရောက်ရှိလာမည့်စီဝမ်**
တောင်ကိုရီးယားရုပ်ရှင်နှင့်ဂီတ
ကြယ်ပွင့်တစ်ဦးဖြစ်သူ စီဝမ်က အမ်ဘီစီ
ရုပ်သံလိုင်း၏ ဒရာမာဇာတ်ကားသစ်
Triangle-Dramaတွင် ပါဝင်သရုပ်ဆောင်ကာ ပရိသတ်ဆီသို့ပြန်လည်ရောက်
ရှိလာမည်ဖြစ်ကြောင်း သိရသည်။
မင်းသားစီဝမ်သည် ယင်းဇာတ်ကားတွင် မိခင်ဆုံးပါးပြီးနောက်ပိုင်း
ညီအစ်ကိုသုံးယောက်လည်း တစ်ယောက်တစ်နေရာစီဖြစ်ကာ ပြန်တွေ့နေချိန်
မှာတောင် ညီအစ်ကိုအရင်းမှန်းမသိကြသည့်ဖြစ်ရပ်ကို အခြေခံရိုက်ကူးထား
ခြင်းဖြစ်သည်။ ယင်းဇာတ်ကားတွင် စီဝမ်က အငယ်ဆုံးသား ဂျန်ဒေါင်ဂျွန်း
အဖြစ် ပါဝင်ထားသည်။
ZE:A အမျိုးသားဂီတ အဖွဲ့မှေ
တးသံရှင်တစ်ဦးဖြစ်သည့် သရုပ်ဆောင်
စီဝမ်သည် ၂၀၁၂ ခုနှစ်က The Sun and the Moon နှင့် Night Study
ဇာတ်ကားတို့တွင် နောက်ဆုံး ပါဝင်ခဲ့ခြင်းဖြစ်ပြီး ယခုမှ ပရိသတ်ရှေ့သို့ တစ်ဖန်
ပြန်လည်ထွက်ပေါ်လာခြင်းဖြစ်သည်။
*Myo Sandar Maung---ငွေကြယ်*

No comments:
Post a Comment