ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, March 1, 2014

==ယခုလအတွင်းဟိုအကြောင်းဒီအကြောင်းသူတို့ အကြောင်း===

>
**အိန်ဂျလီနာဂျိုလီအတွက်အဓိပ်္ပာယ် များစွာ ပေးစွမ်းနိုင်ခဲ့သည့်Unbrokenဇာတ်ကား** 

 ဟောလိဝုဒ်ငွေကြယ်ပွင့် အိန်ဂျ လီနာဂျိုလီက ဒုတိယကမ်္ဘာစစ် အတွင်းက အိုလံပစ်အပြေးချန်ပီယံ ဟောင်း လူးဝစ်ဇမ်ပီရီနီအကြောင်း ပုံဖော်ရိုက်ကူးထားသည့် Unbroken အမည်ရှိ ဒရာမာဇာတ်ကားကို ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်၍ သြစတြေးလျ၌ အခြေချနေထိုင်ကာ ရိုက်ကူးပုံဖော်ခဲ့ပြီး ယင်းဇာတ်ကား သည် ၎င်းဘ၀အတွက် အဓိပ်္ပာယ် များစွာ ပေးစွမ်းနိုင်ခဲ့ကြောင်း ဆိုသည်။ အဆိုပါ Unbroken ဇာတ်ကား သည် ဂျိုလီက ဒါရိုက်တာအဖြစ် ဖန်တီးပုံဖော်ခဲ့သည့် ဒုတိယမြောက် ဇာတ်ကားဖြစ်ပြီး ယင်းဇာတ်ကား ရိုက်ကူးရာမှ အတွေ့အကြုံများ အနေဖြင့် တာဝန်ယူစိတ်ရှိမှု၊ ဘ၀ အတွက် အရေးကြီးသောအရာများ နှင့် လမ်းညွှန်မှုများ၊ ဘ၀အမြင်မှန် များကို ပိုမိုသိရှိ နားလည်လာစေခဲ့ ပါကြောင်း ဆိုခဲ့သည်။
““အချို့ဇာတ်ဝင်ခန်းတွေကို ပြန် ရိုက်ချင်ပါတယ်၊ ဒါပေမယ့် ဘယ် အခန်းတွေပြန်ရိုက်မယ်ဆိုတာတော့ ဇာတ်ကားတွေထဲမှာ အခက်ဆုံးပါပဲ”” ဟု အသက်(၃၈)နှစ်အရွယ် ဟောလိ ၀ုဒ်မင်းသမီး အိန်ဂျလီနာဂျိုလီက တူဒေးရှိုးအစီအစဉ်တွင် ဖြေကြား ခဲ့သည်။ အဆိုပါဇာတ်ကားကို သြစတြေး လျနိုင်ငံ ကွင်းစလန်ပြည်နယ်ရှိ Village Roadshow စတူဒီယို တို့တွင် အခြေစိုက်ရိုက်ကူးကာ ယင်း ဇာတ်ကား၏ သုံးမိနစ်စာ အစမ်း ပြကွက်ကို အိုလံပစ်ပွဲတော်(၂၀၁၄) ပွဲတော်ကာလအတွင်းက ပြသခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ Unbrokenဇာတ်ကားတွင် မင်းသားJack O'Connellက အိုလံပစ် အပြေးချန်ပီယံဟောင်း လူးဝစ်ဇမ်ပီရီနီအဖြစ် အဓိက ပါဝင်သရုပ်ဆောင်ထားပြီး တရားဝင် ဖြန့်ချိပြသချိန်ကို ယခုနှစ် ဒီဇင်ဘာ ၂၅ ရက်ဟု သတ်မှတ်ထားကြောင်းသိရသည်။

 **ဒူဘိုင်း တင်းနစ်ချန်ပီယံရှစ်ဆီမီးဖိုင်နယ်ပွဲစဉ်တွင်ရော်ဂျာဖက်ဒဲရားနှင့်ဂျိုကိုဗစ်တွေ့ ကြပြီ**
ကမ်္ဘာ့အဆင့်(၄)နေရာတွင် ရပ်တည်လျက်ရှိသော တင်းနစ်အကျော်အမော် ရော်ဂျာဖက်ဒဲရားသည် ဒူဘိုင်း တင်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲ၏ ကွာတားဖိုင်နယ် အဆင့်တွင် လူးကက်ရိုဆိုလ်အား အနိုင်ရရှိခဲ့ပြီးနောက် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ကမ်္ဘာ့နံပါတ်(၂) နေရာတွင် ရပ်တည်လျက်ရှိသည့် ဆားဘီးယားတင်းနစ် အကျော်အမော် ဂျိုကိုဗစ်နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ တင်းနစ်အကျော်အမော် ဖက်ဒဲရားသည် ချက်တင်းနစ်ကစားသမား ရိုဆိုလ်အား ၆-၂၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဂျိုကိုဗစ်နှင့် ယှဉ်ပြိုင်ကစားခွင့် ရရှိခဲ့ခြင်းဖြစ်သည်။  

**သရုပ်ဆောင်အတတ်ပညာကိုဝါသနာထုံလွန်းသည့်က်စီကာအယ်လ်ဘာ**

 အမေရိကန်ရုပ်ရှင်မင်းသမီး ဂျက်စီကာအယ်လ် ဘာက သရုပ်ဆောင်အတတ်ပညာကို မူးယစ်ဆေးစွဲ သကဲ့သို့ စွဲလမ်းပြီး ၀ါသနာထုံကာလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ မိမိဘ၀တွင် မရရှိနိုင်သည့် အချို့သောဘ၀ အတွေ့အကြုံများကိုသရုပ်ဆောင်ခြင်းမှ ရရှိနိုင်ပါကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ““ဘ၀မှာ စိုးရိမ်ကြောင့်ကြမှုတွေ၊ ကျရှုံးမှုတွေ၊ တရား မျှတမှုမရှိတဲ့စီရင်မှုတွေ ကြုံတွေ့ခဲ့ရဖူးပါတယ်၊ အဲဒီထဲက ရုန်းထွက်ဖို့လည်း ကြိုးစားဖူးပါတယ်၊ လူတိုင်းဟာ အချိန် တိုင်းမှာတော့ အဆင်မပြေနိုင်ပါဘူး””ဟု ရုပ်ရှင်သရုပ်ဆောင် ဂျက်စီကာအယ်လ်ဘာက ဆိုသည်။ မင်းသမီး ဂျက်စီကာသည် ၂၀၀၅ ခုနှစ်က SinCity. Robert Rodrigueဇာတ်ကား၏ နောက်ဆက်တွဲ ဇာတ်ကားတွင်လည်းကောင်း၊ ရိုက်ကူးဆဲ ဇာတ်ကားများဖြစ်သည့် အက်ရှင်ဟာသဇာတ်မြူးကား Stretch နှင့်ံ How to MakeLove Like an Englishmanဇာတ်ကားတို့တွင် လည်းကောင်း ပါဝင်ထားကြောင်း သိရသည်။ 

**ဒိန်းမတ်နှင့်ယှဉ်ပြိုင်ကစားမည့်ပွဲစဉ် တွင်စတာလင်နှင့်လူကီရှောတို့ပါဝင်လာမည်**

 (Luke Shaw, Jermain Defoe and Raheem Sterling )
နည်းပြ ရွိုင်းဟော့ဂ်ဆန်၏ အင်္ဂလန်အသင်းသည် ဒိန်းမတ် အသင်းနှင့် ယှဉ်ပြိုင်ကစားမည့်ပွဲစဉ် တွင် ဂါရတ်ဘယ်ရီနှင့် အဒန်ဂျွန်ဆင် တို့သည် အင်္ဂလန်အသင်းအတွက် ပါဝင်လာခြင်း မရှိခဲ့သော်လည်း လီဗာပူးတောင်ပံကစားသမား စတာ လင်နှင့် ဆောက်သမ်တန်ဘယ် နောက်ခံကစားသမား လူကီရှောတို့ ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။ တောင်ပံကစားသမား စတာလင် သည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းက ဆွီဒင်အသင်းနှင့် ယှဉ် ပြိုင်ကစားခဲ့သည့် အင်္ဂလန်အသင်း၏ ချစ်ကြည်ရေးပွဲစဉ်တွင် ပါဝင်ကစား ပေးခဲ့ပြီး ယင်းပွဲစဉ်တွင် အင်္ဂလန် အသင်းက လေးဂိုး-နှစ်ဂိုးဖြင့် အနိုင် ရရှိခဲ့ခြင်းကြောင့် ယခုဒိန်းမတ် အသင်းနှင့် ယှဉ်ပြိုင်ကစားမည့်ပွဲစဉ် တွင် စတာလင်အနေဖြင့် အင်္ဂလန် အသင်းအတွက် ဒုတိယမြောက် နိုင်ပွဲရရှိရန်လည်း မျှော်လင့်ထား ကြောင်း သိရသည်။ နည်းပြ ရွိုင်းဟော့ဂ်ဆန်၏ အင်္ဂလန်အသင်းတွင် ဂျာမိန်းဒီဖိုး၊ ချန်ဘာလိန်၊ စတီဗင်ကော့ကာနှင့် တွန်ကလီဗာလေတို့ ပါဝင်လာမည် ဖြစ်သည့်အပြင် ဒူးဒဏ်ရာရရှိခဲ့ခြင်း ကြောင့် ဖေဖော်ဝါရီ ၁ ရက်မှ စတင် ကာ အသင်း၏ ပွဲထွက်လူစာရင်းနှင့် လွဲချော်ခဲ့ရသော မန်ယူတောင်ပံကစား သမား ဒန်နီဝဲလ်ဘက်လည်း ပါဝင် လာမည်ဖြစ်ကြောင်း သိရသည်။ ဒိန်းမတ်အသင်းနှင့် ယှဉ်ပြိုင် ကစားမည့် အင်္ဂလန်အသင်း၏ ကစား သမားစာရင်းမှာ ဂိုး-ဖရောဆာဖော် စတာ၊ ဘန်ဖော်စတာ၊ ဂျိုးဟတ်၊ ဂျွန်ရက်ဒီ၊ နောက်တန်း-လေတန် ဘိန်းစ်၊ ကာဟေးလ်၊ ကော့ကာ၊ အက်ရှ်လေကိုး၊ ဂျွန်ဆင်၊ စမောလင်း၊ ကီလီဝေါ့ကာ၊ လူကီရှော၊ ကွင်းလယ်ဘာကလီ၊ ကားရစ်၊ ကလီဗာလေ၊ ဂျာရတ်၊ ဟန်ဒါဆန်၊ လယ်လာနာ၊ လမ်းပတ်၊ ဂျိမ်းမီနာ၊ ချန်ဘာလိန်၊ စတာလင်၊ တောင်ဆန်၊ ၀ီရှိုင်းယား၊ ရှေ့တန်း-ဂျာမိန်းဒီဖိုး၊ ရစ်ကီလမ်း ဘာ့၊ ရိုဒရီဂတ်ဇ်၊ ရွန်းနီ၊ စတားရစ်၊ ၀ဲလ်ဘက် စသည့် ကစားသမားများကို ရွေးချယ်ထားကြောင်း သိရသည်။ 

*Myo Sandar Maung--ငွေကြယ်*

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)