ပညာရှိတို့မည်သည် “သစ်္စ၊ ဓမ်္မ၊ ပိယ၊ သုဘာသိတ” ဟူသည့် စကားအရာ အင်္ဂါလေး တန်နှင့်အညီ ပြောဆိုဆက်ဆံ တတ်ကြသည်။ “မှန်သောစကား၊ အကျိုးရှိသောစကား၊ နားဝင် ချိုသောစကား” သုံးပါးညီညွတ်သောစကားကို အမြဲ မပြတ် ပြောတတ်ကြသည်။ နားဝင်ချိုလည်း မှန်ပြီး အကျိုးရှိမည့်စကားကို ကရုဏာရှေ့ထား အခါအား လျော်စွာ ပြောတတ်ကြသည်။ အထူးသဖြင့် ဆရာ နှင့်တပည့်၊ မိဘနှင့်သားသမီးများကြားမှာ ဤစကား မျိုး သုံးရသည့်အခါများ ရှိတတ်ပါသည်။ ဆင်ခြင်တုံတရားမဲ့သူများအဖို့ကား နှုတ်ထွက် စကားများသည် ဗရမ်းပတာနှင့် ကြမ်းတမ်းခက်ထန် ရှိတတ်သည်။ သူ၏ပြောစကားက သူ၏ဗီဇကို လှစ်ဟသိသာစေသည်။ “စကားစကား ပြောပါများ၊ စကားထဲက ဇာတိပြ” အမြဲဖြစ်ပါသည်။ နောက်ဆုံး မှာ “စကားကျွံ နုတ်မရ” ဖြစ်သွားရပြီး၊ “၀စီဗေဒ ထိတိုင်းရှ” သည့် ဒဏ်ကို ခံကြရသည်။ ဤသို့ဖြင့် “စိတ်ကြောင့်ကြေ၊ နှုတ်ကြောင့်သေ” ကြရသည်။
ဤသို့ မကျင့်ကြံတတ်လျှင် ရခဲပေစွ လူ့ဘ၀ကို ကောင်းစွာတန်ဖိုးရှိစွာ အသုံး မချနိုင်ဘဲ လူဖြစ်ရှုံးသွားနိုင်ပါသည်။ ဤသို့ပြုမူ ကျင့်ကြံနေထိုင်တတ်ဖို့ သွန်သင်ဆုံးမရန် ဆရာ ကောင်းလိုအပ်ပါသည်။ “ဆရာမပြ ငါးပိဖုတ် လည်း နည်းမကျ” ဆိုရိုးစကားရှိသည်။ အထူးသဖြင့် အနာဂတ်ကို ပိုင်ဆိုင်ကြမည့် မျိုးဆက်သစ်လေး များဘ၀ ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် လိုက်လျော ညီစွာ အများနှင့်ရင်ပေါင်တန်း ပြောစွမ်း၊ ဆိုစွမ်း နှုတ်မှုစွမ်းရည် ထက်မြက်နေဖို့လည်း မရှိမဖြစ် လိုအပ်ပါသည်။
MRTV-4 မှ သတင်းတစ်ပုဒ်မှာ “အရှင်ဆေကိန်္ဒ” ၏ စကားပြောသင်တန်း ပို့ချပေးမည်။ MRTV-4 မှာ လျှောက်လွှာလာတင်၍ရသည်ဟု နားထောင် လိုက်ရသည်။ မျိုးဆက်သစ်လေးများအတွက် မင်္ဂလာသတင်းစကား ဖြစ်သည်။ ရဟန်းပုဂ်္ဂိုလ်တစ် ပါး၏ ကရုဏာရှေ့ထား ပို့ချသင်ကြားပေးသွားမည့် နှုတ်မှုရေးရာ လိမ်္မာရေးခြား အသိပွားစေမည့် သင်တန်းဖြစ်ပါသည်။ အနာဂတ်ကိုပိုင်စိုးကြမည့် လူငယ်တိုင်း လက်မလွှတ်တမ်း တက်ထားသင့်သည့် သင်တန်း ဖြစ်သည်။ အချိန်ယူပြီး တက်ဖြစ်အောင် တက်ရောက်သင်ကြားကြပါဟု တိုက်တွန်းလိုပါသည်။
+အောင်ကျော်ညို(ဆင်ချဆိပ်)+
“စ” လျှင် “ကား” တတ်သည့် သဘောလက်္ခဏာရှိ၍ စကားဟု ဖြစ်လာသလား။ ကရားရေလွှတ် တတွတ် တွတ်နှင့် စကား၏အမျှင်မပြတ် လက်္ခဏာရပ်။ လူသည် မွေးဖွားချိန်မှ သေဆုံးသည်အထိ စကားကို တရစပ်မရပ်မနား ပြောတတ်ကြသည်။ အမိဝမ်းမှ ကျွတ်လွတ်ခါစ “အူဝဲ” ဟူသောစကားသံနှင့် လောက ကြီးကို မိတ်ဆက်ဝင်ရောက်လာပြီး နောက်ဆုံး သေခါနီး မချိမဆံ့ဝေဒနာခံစား ညည်းညူသံနှင့် နိဂုံးချုပ်သွားခဲ့ကြသည်။ လူတစ်ယောက်အတွက် နေ့တစ်နေ့တွင်ပြော သောစကားစုများအား သတိထားရေတွက်ထား မည်ဆိုပါက အကြောင်းအရာ စုံစုံလင်လင်နှင့် စကား ရာထောင်သောင်းမက ရှိနေလိမ့်မည်။ ထိုစကားစု များတွင် ကောင်းသော၊ အကျိုးများသောစကား မည်ရွေ့မည်မျှ ပါရှိခဲ့၍ အတင်းအဖျင်းမှအပ သမ်္ဖပ်္ပလာပ အကျိုးယုတ်သော နှုတ်ထွက်စကား မည်ရွေ့မည်မျှ ကွဲသွားသည်ကို နေ့တစ်နေ့၏ အကုန် ညအိပ်ရာဝင် နှဖူးပေါ်လက်တင်၍ ပြန်လည် သုံးသပ်ကြည့်သင့်သည်။ များသောအားဖြင့် လူ့ဗာလများအဖို့ အကျိုးယုတ် စေသော၊ ကြမ်းတမ်းခက်ထန်သောစကား ပိုများ နေလိမ့်မည်။ စဉ်းစားဆင်ခြင်ဉဏ်ဖြင့် သင့်တင့် မျှတ နှလုံးသွင်းကာ “ယောနိသော မနဿိကာရ” ကျင့်ကြံလိုက်နာ နေထိုင်တတ်သူများမှအပ လူသား အားလုံးသည် “ပုထုဇ်္ဇနော ဥမ်္မတ်္တကော” ပီပီ စကားများ အမှားပါတတ်ကြမြဲ ဖြစ်သည်။ အရာရာတွင် ဉဏ်နှင့်ယှဉ်လျက် စကားပြောဆို တတ်ကြသူများအဖို့ “နှုတ်ချို သျှိုတစ်ပါး” လူအများ၏ ချစ်ခင်မှုကို လက်ခံရယူနိုင်ကြပြီး “နှုတ်ကောင်း ပြည်စိုး” အများစုအပေါ် လွှမ်းခြုံ သြဇာညောင်း သူဖြစ်တတ်သည်။
ပညာရှိတို့မည်သည် “သစ်္စ၊ ဓမ်္မ၊ ပိယ၊ သုဘာသိတ” ဟူသည့် စကားအရာ အင်္ဂါလေး တန်နှင့်အညီ ပြောဆိုဆက်ဆံ တတ်ကြသည်။ “မှန်သောစကား၊ အကျိုးရှိသောစကား၊ နားဝင် ချိုသောစကား” သုံးပါးညီညွတ်သောစကားကို အမြဲ မပြတ် ပြောတတ်ကြသည်။ နားဝင်ချိုလည်း မှန်ပြီး အကျိုးရှိမည့်စကားကို ကရုဏာရှေ့ထား အခါအား လျော်စွာ ပြောတတ်ကြသည်။ အထူးသဖြင့် ဆရာ နှင့်တပည့်၊ မိဘနှင့်သားသမီးများကြားမှာ ဤစကား မျိုး သုံးရသည့်အခါများ ရှိတတ်ပါသည်။ ဆင်ခြင်တုံတရားမဲ့သူများအဖို့ကား နှုတ်ထွက် စကားများသည် ဗရမ်းပတာနှင့် ကြမ်းတမ်းခက်ထန် ရှိတတ်သည်။ သူ၏ပြောစကားက သူ၏ဗီဇကို လှစ်ဟသိသာစေသည်။ “စကားစကား ပြောပါများ၊ စကားထဲက ဇာတိပြ” အမြဲဖြစ်ပါသည်။ နောက်ဆုံး မှာ “စကားကျွံ နုတ်မရ” ဖြစ်သွားရပြီး၊ “၀စီဗေဒ ထိတိုင်းရှ” သည့် ဒဏ်ကို ခံကြရသည်။ ဤသို့ဖြင့် “စိတ်ကြောင့်ကြေ၊ နှုတ်ကြောင့်သေ” ကြရသည်။
ဤသို့ မကျင့်ကြံတတ်လျှင် ရခဲပေစွ လူ့ဘ၀ကို ကောင်းစွာတန်ဖိုးရှိစွာ အသုံး မချနိုင်ဘဲ လူဖြစ်ရှုံးသွားနိုင်ပါသည်။ ဤသို့ပြုမူ ကျင့်ကြံနေထိုင်တတ်ဖို့ သွန်သင်ဆုံးမရန် ဆရာ ကောင်းလိုအပ်ပါသည်။ “ဆရာမပြ ငါးပိဖုတ် လည်း နည်းမကျ” ဆိုရိုးစကားရှိသည်။ အထူးသဖြင့် အနာဂတ်ကို ပိုင်ဆိုင်ကြမည့် မျိုးဆက်သစ်လေး များဘ၀ ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် လိုက်လျော ညီစွာ အများနှင့်ရင်ပေါင်တန်း ပြောစွမ်း၊ ဆိုစွမ်း နှုတ်မှုစွမ်းရည် ထက်မြက်နေဖို့လည်း မရှိမဖြစ် လိုအပ်ပါသည်။
MRTV-4 မှ သတင်းတစ်ပုဒ်မှာ “အရှင်ဆေကိန်္ဒ” ၏ စကားပြောသင်တန်း ပို့ချပေးမည်။ MRTV-4 မှာ လျှောက်လွှာလာတင်၍ရသည်ဟု နားထောင် လိုက်ရသည်။ မျိုးဆက်သစ်လေးများအတွက် မင်္ဂလာသတင်းစကား ဖြစ်သည်။ ရဟန်းပုဂ်္ဂိုလ်တစ် ပါး၏ ကရုဏာရှေ့ထား ပို့ချသင်ကြားပေးသွားမည့် နှုတ်မှုရေးရာ လိမ်္မာရေးခြား အသိပွားစေမည့် သင်တန်းဖြစ်ပါသည်။ အနာဂတ်ကိုပိုင်စိုးကြမည့် လူငယ်တိုင်း လက်မလွှတ်တမ်း တက်ထားသင့်သည့် သင်တန်း ဖြစ်သည်။ အချိန်ယူပြီး တက်ဖြစ်အောင် တက်ရောက်သင်ကြားကြပါဟု တိုက်တွန်းလိုပါသည်။
+အောင်ကျော်ညို(ဆင်ချဆိပ်)+

No comments:
Post a Comment