+
(နေပြည်တော် မေ ၁၂)+
ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံကူးလက်မှတ်ထုတ် ပေးရေးအဖွဲ့ သည် ပြည်ပသို့သွားရောက်လိုသူ များပြားလာသည်နှင့်အမျှ သာမန် မြန်မာနိုင်ငံကူးလက်မှတ် လျှောက် ထားသူဦးရေ ပိုမိုတိုးတက်များပြား လာခြင်းတို့ကြောင့် သာမန်မြန်မာ နိုင်ငံကူးလက်မှတ် လျှောက်ထားသူ များအနေဖြင့် အချိန်ကုန် ငွေကုန် သက်သာမှုများ ရှိစေရန်အတွက် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂ ရက်မှ စတင်ြပီး တိုင်း
ဒေသကြီး / ပြည်နယ၊် မြို့တော်များတွင် မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးများ ဖွင့် လှစ် ဆောင်ရွက်ေ ပးခြဲ့ပီး ဖြစ်သည။်
လက်ရှိအချိန်တွင် နိုင်ငံတော် အစိုးရအနေဖြင့် ပြည်ပသို့သွား ရောက်လိုသူများအတွက် ပိုမို၍ အဆင်ပြေချောမွေ့စေရန် ဆောင် ရွက်ပေးခဲ့သည့်အပြင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော ပြည်ဝင်ဗီဇာ သက်တမ်း လေးနှစ်ပြည့် မြန်မာရွှေ့ ပြောင်း အလုပ်သမားများအား ပြည်ဝင်ဗီဇာသက်တမ်း တိုးပေးနိုင် ရန်နှင့် သာမန်မြန်မာနိုင်ငံကူး လက်မှတ်များ အဆင်ပြေစွာ လျှောက်ထားနိုင်ရန် ထိုင်း-မြန်မာ နယ်စပ်ရှိ တာချီလိတ်မြို့၊ မြ၀တီမြို့ နှင့် ကော့သောင်းမြို့များတွင်လည်း သာမန်နိုင်ငံကူးလက်မှတ် ထုတ်ပေး ရေးရုံးများကို မေ ၇ ရက်မှ စတင် ဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းကဲ့သို့ ပြည်ပ နိုင်ငံအသီးသီး သို့ သွားရောက်လိုသူများအတွက် သာမန် မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားသူများအား အချိန် နှင့် ငွေသက်သာမှုများရှိစေရန် တိုင်း ဒေသကြီး/ပြည်နယ် မြို့တော်များ တွင်ရး မြန်မာနိုင်ငံကူးလက်မှတ်ထုတ် ပေးရေးရုံးများ တိုးချဲ့ဖွင့်လှစ်ဆောင် ရကွေ် ပးခြင်း ၊ ပြည်ပ နိုင်င်ငံအသီးသီးသို့ သွားရောက်လိုသူများသာမက ထိုင်း နိုင်ငံသို့ ရောက်ရှိနေသော မြန်မာ ရွေှ့ ပြောင်းအလုပ်သမားများအတွက် သာမန်ြမန်မာနိုင်ငံ ကူး လက်မှတ်များ လျှောက်ထားခြင်းနှင့်သက်တမ်းတိုး ခြင်း ကိစ္စ ရပ်များ အဆင်ေ ပြလွယ် ကူ စေရန် နယ်စပ်ြ်မို့သုးံ မြို့တွင် သာမန် မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေး ရေးရုံးများ ထပ်မံဖွင့်လှစ်ပေးခြင်း တို့ဖြင့် နိုင်ငံကူးလက်မှတ်များ အဆင်ပြေချောမွေ့စွာ ရရှိအောင် ဆောင်ရွက်ပေးလျက် ရှိကြောင်း ပြည်ထဲ ရေးဝန်ြကီး ဌာနမှ သတင်း ရရှိ သည။် (သတင်း စဥ)
+ယနေ့ ထုတ်ကြေးမုံ နဲ့ မြန်မာ့အလင်းသတင်းစာ +

No comments:
Post a Comment