ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, May 29, 2014

==အလွမ်းနှင်းဆီဖြူ ဖြူ. ဘယ်သူဆွတ်ခူးလို့ပေးပါ့မလဲ==

>
အဲဒီနေ့က ကြာသပတေးနေ့ မနက် 6:30 ... အနောက်ဖက်ဆောင်းတန်းမှာ နှင်းဆီဖြူ နှစ်စည်းဝယ်ပြီး ဘုရားပေါ်တက်ခဲ့တယ်...။ စက်လှေခါးတောင်မဖွင့်သေးလို့ ရိုးရိုးလှေခါးလေးအတိုင်း ခပ်ဖြေးဖြေး တက်ခဲ့တယ်...။ အနောက်မုဒ် မျက်စောင်းထိုးက ဘယ်ဘက်ကိုချိုးကွေ့လိုက်ပြီး အလှူ ခံမဒဏ္ဍတ်ရှေ့က အုတ်ခုံလေး ဆင်ရုပ်နဘေးမှာ ထိုင်စောင့်နေမိတယ်...။ ဒီတစ်ခါတော့ သူ နေရာမှားပြီး စောင့်မနေလောက်ဘူးလို့ မျှော်လင့်ရင်း နှင်းဆီပန်းစည်းလေးကို ခပ်တင်းတင်းပွေ့ထားမိတယ်..။ ဘုရားဖူးလာသူတွေကို လျှောက်ငေးကြည့်နေလိုက်တယ်...။ ဟုတ်တယ်... ဒီနေရာလေးမှာ ကိုယ်ထိုင်စောင့်နေမယ်ဆိုတာ ရင်ထဲအသည်းထဲကနေ သူအလွတ်ရနေပါပြီ...။ ဟိုတစ်ခါ မြောက်ဖက်မုဒ်မှာ သူမှားပြီးထိုင်စောင့်လို့ မြောက်ဖက်ကနေပတ်လာရင် ကိုယ်ထိုင်တဲ့နေရာရဲ့ ဘယ်ဖက်ကနေသူရောက်လာခဲ့တယ်...။ ဒီနေ့တော့ သူတည်းတဲ့နေရာက အရှေ့ဖက်မုဒ်နဲ့နီးတော့ အရှေ့မုဒ်ကနေ တက်လာဟန်တူပါတယ် သူရောက်လာတော့ ကိုယ့်ညာဖက်ကနေဖြစ်တယ်...။ သူအသားဖြူလာတယ် ၀လည်းမလာဘူး ပိန်လည်းမသွားပါဘူး...။ သူ့လက်ဆွဲတော် ကင်မရာကတော့ လက်ထဲပါမလာဘူး...။ သူ့လက်ထဲမှာ ဖုန်းတစ်လုံးပဲတွေ့တယ်...။ သူ့အပြုံးတွေက ပျိုမျှစ်လတ်ဆတ်ဆဲပဲ..။ ဒါပေမယ့် မျက်ဝန်းတစ်စုံမှာတော့ ရင့်ကျက်တည်ငြိမ်ရိပ်တွေ ခိုတွဲနေတာတွေ့ရတယ်...။ သူက အလိုက်တသိ ကိုယ့်လက်ထဲက နှင်းဆီပန်းစည်းတွေကိုယူပြီး ကိုယ်တို့ အရှေ့မှာရှိတဲ့... ကြာသပတေးဒေါင့်မှာ ဘုရားဝတ်ပြုဖို့ နှစ်ယောက်သားဒူးတုတ်ထိုင်လိုက်ကြတယ်...။ သူကိုယ့်ကို နှင်းဆီပန်း တစ်စည်း ကမ်းပေးတယ်...။ သူနဲ့ကိုယ် ဒီနေရာလေးမှာ နှင်းဆီပန်းဖြူ ဖြူ လေးတွေ ကပ်ဖူးတာ ဒီတစ်ခါ သုံးကြိမ်မြောက်မို့ သူလည်းအသားတကျရှိနေပြီ...။ ဘုရားကန်တော့...ဆုတောင်းပြီး ကိုယ့်လက်ထဲက ပန်းစည်းကိုသူယူပြီး ကြာသပတေးဂြိုဟ်တိုင်က ပန်းအိုးမှာထိုးစိုက်ရင်း ရေသပ္ပါယ်နေတယ်...။ ကြာသပတေးဟာ သူ့မွေးနံမို့ သူနဲ့အတူ ဘုရားကန်တော့တာပါ...။ နှင်းဆီဆိုတာ သူနဲ့ကိုယ်တို့ တွေ့ဆုံမှုရဲ့ အမှတ်တရ တင်္ကေတတစ်ခု မဟုတ်လား....။ အဖြူ ရောင်ကတော့ ကြာသပတေးမို့လို့ သူနဲ့ဆုံတိုင်း ဘုရားဖူး ဖြစ်တိုင်း နှင်းဆီဖြူ ဖြူ ကိုပဲဝယ်ကပ်ဖြစ်ခဲ့တာပါ..။ ကိုယ်တို့နှစ်ယောက်ဟာ နှင်းဆီရောင်စုံတွေနဲ့ဆက်နွယ်မှုရှိကြတယ်...။ ကိုယ့်ကိုသူစတွေ့တော့ နှင်းဆီ အနီရဲရဲကိုးပွင့်နဲ့ ကဗျာသီပေးခဲ့ဖူးတယ်...။ ကိုယ်ပထမဦးဆုံးရဖူးတဲ့ နှင်းဆီအနီရဲရဲပန်းစည်းလေးက သူဆီကပေါ့...။ ပြီးတော့ ချစ်သက်လက်ဆောင်အဖြစ် သိပ်လှတဲ့ ပန်းနုရောင် နှင်းဆီတွေနဲ့လည်း အလွမ်းကဗျာလေးတွေရေးပေးခဲ့ဖူးတယ်...။ အဖြူ ရောင်နှင်းဆီတွေကတော့ သူနဲ့ကိုယ်တို့ကြားက အဖြူ ရောင်သံယောဇဉ်တွေလို့ဆိုလို့ရပါတယ်....။ ကိုယ့်ဆံနွယ်မှာလည်း သူစိတ်ကူးနဲ့ နှင်းဆီပွင့်ဖြူ ဖြူ လေးတွေ ဘယ်နှစ်ပွင့်တောင်ပန်ပေးခဲ့ပြီးပြီလဲ...။ ဘုရားဖူးပြီး ဘုရားနဲ့သိပ်မဝေးတဲ့ မြန်မာမုန့်တွေအစုံရတဲ့ မနက်စာဆိုင်လေးဆီကိုဆက်သွားကြတယ်...။ ဆိုင်အတွင်းဖက် နံရံနားက စားပွဲလေးမှာ ကိုယ်တို့နေရာယူလိုက်တယ်...။ ကိုယ်က မုန့်နဲ့ နွားနို့နဲ့ဖျော်တဲ့ မေမြို့လက်ဖက်ရည်တစ်ခွက်မှာတယ်...။သူက ကော်ဖီတစ်ခွက်နဲ့ ရွှေတောင်ခေါက်ဆွဲ။ ကိုယ်ခွက်ထဲအခါးရည်ထည့်တော့ သူကိုယ့်မျက်နှာကို ခပ်ငေးငေးလေးကြည့်နေတယ်...။ ဘာလို့လဲ...။ သူ့အကြည့်တွေမှာ အလွမ်းငွေ့တွေဆွတ်ပျံ့နေတာကို မြင်လိုက်မိတယ်...။ ဆုံနေရက်နဲ့လွမ်းလေခြင်းကွယ်....။
ကိုယ့်နားကို သုံးနှစ်အရွယ်ကလေးလေး ပြေးဆော့နေတယ် သူ့အဖေဖြစ်ဟန်တူတဲ့လူက “သားလေး ပန်းတွေမကိုင်ရဘူးနော်”လို့လှမ်းပြောတော့မှ... ဆင်ရုပ်လေးဘေးမှာ မှီထားတဲ့ နှင်းဆီဖြူ ဖြူ ပန်းစည်းလေးကို သတိရသွားခဲ့တယ်...။ ကိုယ်အတွေးများသွားပြီကွယ်...။ ပန်းစည်းလေးကို ကိုင်ပြီး ကိုယ်ပြုံးလိုက်မိတယ်...။ သြော်...ခုတော့လဲ အလွမ်းနှင်းဆီဖြူ ဖြူ တွေကို ဘယ်သူ ဆွတ်ခူးလို့ပေးပါ့မလဲ...။ 

+မိုးငွေ့+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)