ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, May 24, 2014

==လူထုကျန်းမာရေး (အပူ လောင်ခြင်းနှင့် အရည်ပူ လောင်ခြင်း)==

>
**Public Health** 
အပူလောင်ခြင်း သုံးမျိုးရှိရာ
 (က) မီး၊ နေနှင့် သတ္တုအပူ စသော အခြောက် အပူလောင်ခြင်း၊
(ခ) လောင်စေတတ်တဲ့ ဓာတုပစ္စည်းများ ဥပမာ- ငရဲမီး အက်စစ်များ လောင်ခြင်း၊ အရည်ပူလောင်ခြင်း၊ (ဂ) ရေနွေး၊ ရေနွေးငွေ့၊ ဆီပူ၊ ကတ္တရာပူ လောင်ခြင်းတို့ဖြစ်တယ်။ အပူလောင်ခြင်း သို့မဟုတ် အရည်ပူ လောင်ခြင်းတို့ကြောင့် ခံစားရတဲ့ ဝေဒနာတွေကတော့ အတူတူပဲ ဖြစ်တယ်။ အပူလောင်ခြင်းကြောင့် အရေပြား နီမြန်းခြင်း၊ အရေပြားနဲ့ အရေပြား အောက်မှာရှိတဲ့ ဆဲလ် ကလာပ်စည်းများ ပျက်စီးစေခြင်း တို့ ဖြစ်တတ်ပြီး ပြင်းထန်စွာ ပူလောင် နာကျင်ခြင်းလည်း ခံစားတတ်တယ်။ မခံမရပ်နိုင်အောင် နာကျင်ခြင်းနဲ့ လောင်ကျွမ်းနေတဲ့ နေရာမှာ သွေးရည်ကြည် ဆုံးရှုံးခြင်းကြောင့် ထိတ်လန့်ခြင်း ဝေဒနာပြင်းထန်စွာ ခံစားရတတ်တယ်။ အပူလောင်တဲ့ နေရာ ကို ရောဂါပိုးမွှားများ ဝင်ရောက်လာမှာ စိုးရိမ်ရ အပူလောင်ခြင်းရဲ့ အန္တရာယ်က လောင်ကျွမ်းတဲ့ နေရာရဲ့ မျက်နှာပြင် အကျယ် အဝန်းကိုလိုက်ပြီး ကြီးမားစေတယ်။ တစ်ကိုယ်လုံးမှာ ရှိတဲ့ အရေပြားရဲ့ သုံးပုံတစ်ပုံ သို့မဟုတ် ထိုထက် ပိုမို ဖြစ်ပေါ်ပါက လူနာဟာ အသက်အန္တရာယ် စိုးရိမ်ဖွယ်ကောင်းတဲ့ လူနာဖြစ်တယ်။ ကလေး သူငယ်များနှင့် နို့စို့ ကလေးတွေမှာ အပူလောင်ရင် ဒဏ်ရာမည်မျှ သေးစေကာမူ အရေးကြီးတဲ့ အတွက် ဆေးကုသမှု ခံယူရမယ်။ တစ်စုံတစ်ဦးရဲ့ အင်္ကျီစကို မီးစွဲလောင်ရင် ကြမ်းခင်း၊ စားပွဲခင်း၊ စောင် စတဲ့ ရရာ အဝတ်တစ်ခုကို ရေစွတ်ကာ အကာအကွယ်ယူပြီး မီးလောင်သူထံ ချဉ်းကပ်တာ သို့မဟုတ် အဝတ်ဖြင့် ရစ်ပတ်လှဲချပြီး မီးတောက်များကို ငြှိမ်းသတ်ရမယ်။ တစ်စုံတစ်ဦး မီးစွဲလောင်ပါက တစ်ဦးတည်း ဖြစ်နေရင် ကြမ်းပြင်ပေါ်၊ မြက်ပေါ် လှိမ့်ချပြီး အနီးဆုံး ရရာအဝတ်နဲ့ ရစ်ပတ်ကာ အကူအညီကို ခေါ်ရမယ်။ လေဟာပြင်၊ လေတိုက်ရာ အရပ်ဆီ ထွက်မပြေးကြဖို့ သတိပြုရမယ်။

+အပူလောင်ခြင်းကို ပြုစုရာမှာ လိုက်နာရမှာက +

(၁) လိုအပ်သည်ထက် ပို၍ ဒဏ်ရာရတဲ့ နေရာကို ကိုင်တွယ်ခြင်းမှ ရှောင်ရှားရမယ်။ လက်များ သန့်ရှင်းစင်ကြယ်စွာ ဆေးကြောပြီးမှ ဆောင်ရွက်ရမယ်။

 (၂) မည်သည့် ဆေးရည်မှ မလိမ်းရ။ ဆိုဖလာ(၂) ထည့်နိုင်တယ်။
 (၃) လောင်ကျွမ်းတဲ့ အဝတ်များ မဖယ်ရှားရ။ ဖောင်းကြွတဲ့ အနာဖုများ မဖောက်ရပါ။ (၄) လောင်ကျွမ်းတဲ့ နေရာများကို ပိုးမွှား ကင်းစင်အောင်၊ သန့်ရှင်း စင်ကြယ်အောင် ဂွမ်း သို့မဟုတ် ဖွပ်လျှော်ပြီး အဝတ်စဖြင့် ဖုံးအုပ်ထားရမယ်။ ဖောင်းကြွတဲ့ အဖုတွေကို ပေါက်မသွားအောင် ပတ်တီး လျော့လျော့ စည်းရမယ်။ အဖုများရှိရင် ခိုင်မြဲစွာ စည်းရမယ်။
 (၅) ဒဏ်ရာ ရရှိတဲ့နေရာကို မလှုပ်ရှား နိုင်အောင် သင့်တော်တဲ့ နည်းဖြင့် ယာယီ စည်းထားပေးရမယ်။
(၆) ထိတ်လန့်ခြင်း မဖြစ်အောင် နှစ်သိမ့် ဆွေးနွေးရမယ်။ ဒဏ်ရာကြီးပါက ဖြစ်နိုင်တဲ့ နည်းလမ်းနဲ့ ဆေးရုံ အမြန်ဆုံးပို့ရမယ်။ လူနာကို မေ့ဆေးပေးရန် လိုအပ်နိုင်လို့ မည်သည့် အစားအစာမှ မကျွေးသင့်ပါ။ အနည်းဆုံး လေးနာရီခန့် ကြာဦးမည်ဆိုရင် ဓာတ်ဆားရည် တိုက်နိုင်တယ်။ ဒဏ်ရာသေးရင် နွေးတဲ့အရေ လက်ဖက်ရည်နဲ့ ကော်ဖီ တိုက်သင့်တယ်။ မျက်နှာမှာ လောင်ကျွမ်းရင် သန့်ရှင်းတဲ့ ဂွမ်း သို့မဟုတ် ပိတ်စကို အသက်ရှူပေါက် ဖောက်၍ မျက်နှာဖုံး သဖွယ် ကပ်ရမယ်။ မေးရိုး ကျိုးတဲ့အခါ ပတ်တီးစီး သကဲ့သို့ မျက်နှာဖုံးစကို အုပ်၍ ပတ်တီး စီးရမယ်။

Written by စကားဝါ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)