>
အဲဒီအချိန်က မြန်မာ့ရုပ်မြင်သံကြားဌာနအတွက်
တီဗွီအစီအစဉ်မှာ ထုတ်လွှင့်ပြသဖို့ ““ရဟန်းစားသော
ဆွမ်းတစ်နပ်””ဇာတ်လမ်းကို ဆရာကြီးစတင်ရိုက်ကူးနေစဉ်
ကာလဖြစ်ပါတယ်။
ဒါကြောင့် မြန်မာ့ရုပ်ရှင် ဟောလိဝုဒ်လို့ဆိုရမယ့်
(ရှစ်မိုင်)ရှိ အေ၀မ်းရုပ်ရှင်ခြံကြီးထဲကို ရုပ်ရှင်ခရေဇီဖြစ်တဲ့
စာရေးသူ စောစောစီးစီးပဲ ရောက်လာခဲ့တာပါ။
လာရတဲ့အကြောင်းရင်းက မိမိကို ရွှင်ပျော်ပျော်
ဗီဒီယိုကုမ်္ပဏီမှ ထုတ်လုပ်သူ ကိုထွန်းလွင်က တာဝန်
ပေးအပ်ထားလို့ အေ၀မ်းခြံထဲမှာနေတဲ့ ရွှေဂေါင်းပြောင်
ကိုတိုးညွန့်နဲ့ တွေ့ဆုံပြီး ဆရာရင်းဖြစ်သူ ကာတွန်း
ဦးအောင်ရှိန်ရဲ့ နိုင်ငံကျော် စုံထောက်ကြီး ဦးရှံစားနဲ့
ဦးဒိန်းဒေါင် ဇာတ်လမ်းရိုက်ကူးကြဖို့ ကိစ်္စပြောဆိုကြဖို့ပါ။
နောက် တစ်ခုက အေ၀မ်းခြံထဲမှာ ဆရာကြီး ဦးသုခရဲ့
““ရဟန်းစားသော ဆွမ်းတစ်နပ်”” ရိုက်ကူးနေတဲ့ သတင်း
စကားကြားသိရလို့ ဆရာကြီးနဲ့လည်း တွေ့ဆုံလိုပြီး
ဆရာကြီး ရိုက်ကွင်းမှာ ရုပ်ရှင်ပညာဆည်းပူးလေ့လာ
လိုတာကြောင့်လည်း ဖြစ်ပါတယ်။
ဒါပေမယ့် ရိုက်ကွင်းအလုပ်ကိစ်္စတွေ များနေတာ
ကြောင့် ဆရာကြီးနဲ့ ဘယ်လိုမှ ရင်းရင်းနှီးနှီးတွေ့ဆုံဖို့
အခွင့်မကြုံခဲ့ရပါဘူး။
ဒါကြောင့် ရှုတင်ထမင်းစားပြီး အခြားတစ်နေရာ
ရိုက်ကွင်းပြောင်းရွှေ့ကြမှာဖြစ်တာကြောင့် စာရေးသူဟာ
အေ၀မ်းခြံထဲက ပြန်ထွက်လာခဲ့ပြီး ဘတ်စ်ကားမှတ်တိုင်မှာ
အိမ်ပြန်ဖို့ကားစောင့်နေရတာကြာတာနဲ့ ဆောင်းရာသီ
ကာလဆိုတော့ ရှစ်မိုင်ကနေပြီး ကျိုက်ဝိုင်းဘုရားလမ်း
အတိုင်း ကုန်းကြောင်းခရီး လမ်းလျှောက်ပြန်လာခဲ့
ပါတယ်။
ဒီအချိန်က စာရေးသူဟာ မာလာမြိုင်အုတ်ကျင်း
လှိုင်မြို့နယ်မှာ နေထိုင်တာဖြစ်ပါတယ်။ ဒီလို လမ်းလျှောက်
ပြန်လာရင်းက အင်းစိန်သမိုင်းလမ်းဆုံ လမ်းဝ
ရောက်တော့ လမ်းဘေးပလက်ဖောင်းပေါ်မှာ ၀တ်္ထုစာအုပ်
အဟောင်းတွေ စုပုံခင်းကျင်းရောင်းချနေတာတွေ့ရလို့
စာသမားပီပီ စာအုပ်ပုံထဲမှာ ရှာဖွေကြည့်ရှုရာက စာရေး
ဆရာ အေးမွန် ဘာသာပြန်ဆိုရေးသားတဲ့ ကမ်္ဘာကျော်
ကာတွန်းရုပ်ရှင်ဝိဇ်္ဇာ ဝေါ့ဒစ်္စနေးရဲ့ အတ်္ထုပ်္ပတိ္တစာအုပ်
ထူကလေးတစ်အုပ်နဲ့အတူ ပူးတွဲနေတဲ့ စာအုပ်ဟောင်း
လေးက စာရေးဆရာရဲ့ နာမည်ကိုတော့ ကြာလို့ခပ်မေ့မေ့ပဲ။
ဒါပေမယ့် ““ဦးပန်းရည်””လို့ထင်ပါတယ်။ ““ကဗျာ့ဘဏ်တိုက်””
ဆိုတဲ့ ရှားရှားပါးပါး ဇာတ်အငြိမ့်သဘင်သမားပညာရှင်
များအတွက် အလွန်အသုံးဝင်အဖိုးတန်လှတဲ့ ဇာတ်စာ၊
ဇာတ်စကားများပါတဲ့ စာအုပ်လေးပါ။
ဘုရင်စာ၊ ၀န်စာတို့ကအစ မင်းသား မင်းသမီး၊
လူရွှင်တော်အခေါ် ခွန်းထောက်သဖြန်၊ တောတောင်
အကြောင်း၊ နဂါး၊ ဂဠုန်၊ ကုမ်္ဘာန်၊ ယက်္ခ စတဲ့ ဇာတ်သုံး
စကားလုံး အပြောအဆိုတွေစုံလင်အောင်ပါတဲ့ စာအုပ်
လေးပါ။ အဲဒီခေတ်ဟောင်းစာအုပ်လေးရဲ့ တန်ဖိုးက
အဖုံးပေါ်မှာ တစ်ကျပ် နှစ်ပဲ လို့ရေးထားပါတယ်။
အဲဒီနောက် ဒစ်္စနေးစာအုပ်က ငါးကျပ်၊ အဲဒီစွယ်စုံ
ကဗျာ့ဘဏ်တိုက် စာအုပ်လေးက တစ်ဆယ်ကျပ်နဲ့
စာရေးသူဝယ်ခဲ့ပြီး ငါးရတဲ့ တံငါလို ၀မ်းသာအားရ
စာဖတ်ချင်ဇောနဲ့ အိမ်ကိုသုတ်ခြေတင်ပြီး အမြန်ပြန်လာ
ခဲ့ပါတယ်။
အဲဒီအခါကာလတုန်းက စာရေးသူဟာ မြန်မာ့
ရုပ်မြင်သံကြားမှာ ပထမဆုံး ““ရိုးသားတဲ့ ဖိုးသခွား”” ဆိုတဲ့
ကာတွန်းရုပ်ရှင်ကို ရိုက်ကူးထုတ်လွှင့်ပြသပြီးတဲ့နောက်
မှာ ရုပ်သံ/တီဗွီမှာ ကုန်ပစ်္စည်းကြော်ငြာတွေစတင်
ထုတ်လွှင့်ပြသခွင့်ပြုနေတဲ့ ကြော်ငြာခေတ်ဦးကာလအစ
ကြုံကြိုက်နေတာကြောင့် အဲဒီတုန်းက မြွေနှစ်ကောင်
ပွေး၊ ၀ဲ၊ ယားနာပျောက်ဆေးကြော်ငြာရိုက်ကူးပေးခဲ့ရာက
ကြော်ငြာတွေအတော်များများလက်ခံရိုက်ကူးဖြစ်ခဲ့ပါတယ်။
ဒါကြောင့် စာရေးသူတို့ဟာ ရုပ်မြင်သံကြားကြော်ငြာ
ခေတ်ဦးစတင်ရိုက်ကူးခဲ့ကြသူများဖြစ်ကြပါတယ်။ စာရေး
သူနဲ့အတူ ကြော်ငြာနေရာဝင်ရောက်လာသူက ရုပ်ရှင်
မင်းသားကြီး ဦးမြင့်စိုးပါ။ သူက ဒီဇင်ဘာမျက်ခုံးမွေးဆွဲခဲတံ
ကြော်ငြာနဲ့စတင်ဝင်ရောက်လာပြီး သူ့ရဲ့ ထင်ရှားတဲ့
ကြော်ငြာက ကေသီပန်သွေးဆေးကြော်ငြာပါ။ အဲဒီ
ကြော်ငြာသရုပ်ဆောင်လေး မျိုးသန်္တာထွန်းဟာ အဲဒီကစပြီး
ထင်ရှားတဲ့သရုပ်ဆောင်မင်းသမီးဖြစ်လာခဲ့ရတာပါ။ ယခု
အကယ်ဒမီ မျိုးသန်္တာထွန်းဖြစ်ပါတယ်။
အဲဒီအချိန်က စာရေးသူနဲ့အတူ စတူဒီယိုထဲမှာ
ရိုက်ကူးတည်းဖြတ်ပြုလုပ်နေတဲ့ အင်ဂျင်နီယာ ကိုစန်း
အောင်ဟာ နောက်ပိုင်းမှာ သူကိုယ်တိုင်ရေးစပ်ထားတဲ့
ပန်-ပန်-ပန် ဆိုတဲ့ သီချင်းနဲ့ ထက်ထက်မိုးဦးနဲ့ ကိုယ်တိုင်
ရွှေဆိုင်ကြော်ငြာရိုက်ခဲ့ရာက ထက်ထက်မိုးဦး ထင်ရှားလာ
ခဲ့သလို သူကိုယ်တိုင်လည်း စူပါဒါရိုက်တာဖြစ်သွားပါတယ်။
နောက်မှာတော့ ရုပ်သံလွှင့်ဌာနအတွက် လူရွှင်တော်
ကိုမေတ်္တာတို့ရဲ့ အေးအေးမြင့်နဲ့ တစ်ခိုင်လုံးရွှေအငြိမ့်ခွင်
များ ရိုက်ကူးအောင်မြင်လာခဲ့ပါတယ်။
အထူးသဖြင့် ရုပ်/သံစတူဒီယိုထဲမှာ စာရေးသူနဲ့
တွေ့ဆုံတိုင်း ကိုမေတ်္တာက ကြော်ငြာကာတွန်းထဲကလို
အမယ်လေး လေးလေး-ယားလိုက်တာ ကယ်ကြပါအုံးလို့
သူ့တစ်ကိုယ်လုံးကုတ်ပြီး ရယ်စရာနောက်ပြောင်ပြလေ့ရှိ
တာကြောင့် အလွန်ပဲ ရင်းနှီးခင်မင်ကြပါတယ်။
အဲဒါကြောင့် သဘင်၊ အနုပညာ၊ စာပေ၊ အလင်္ကာ
မြောက်တဲ့ ““ကဗျာ့ဘဏ်တိုက်””စာအုပ်လေးကို သူ့အတွက်
အလွန်အသုံးဝင်တန်ဖိုးရှိမှာဖြစ်တာကြောင့် ကိုမေတ်္တာကို
ပေးဖြစ်သွားပါတယ်။
ဒီစာအုပ်ကလေး အမှတ်တရလက်ဆောင်အဖြစ်
ပေးလိုက်တာကို လူရွှင်တော် ကိုမေတ်္တာက လက်နှစ်ဖက်
နဖူးထက်တင် ဦးထိပ်ပန်ဆင်ကန်တော့ပြီး စာရေးသူ
ပေးလိုက်တဲ့ ဒီတစ်ဆယ်ကျပ်တန် စာအုပ်လေးဟာ သူ့
အတွက် သိန်းပေါင်းများစွာ တန်ဖိုးကြီးမားလှပါကြောင်း
အထူးကျေးဇူးတင်စကားပြောကြားပါတယ်။
တစ်နေ့ စာရေးသူဟာ ရုပ်မြင်သံကြားစတူဒီယို
အပေါ်ထပ်မှာရှိတဲ့ တည်းဖြတ်၊ အသံသွင်းခန်းထဲမှာ
ကြော်ငြာတစ်ခုကားဆက်နေတုန်း စာရေးသူအား ကူညီ
တည်းဖြတ်ဆောင်ရွက်ပေးနေတဲ့ အကြီးတန်းစက်မှု
အင်ဂျင်နီယာ ကိုမင်းဂေါင်ကျော်က ကာတွန်းဆရာကို
ဆရာကြီးဦးသုခက တွေ့ချင်လို့တဲ့ဗျ။ ဆရာကြီး ရုပ်/သံ
ဧည့်ခန်းမကြီးထဲမှာ ညွှန်ကြားရေးမှူးနဲ့ စကားပြောနေ
ကြတယ်။ စောင့်ပြီးတွေ့လိုက်ပါ။ တီးတိုးညင်သာတဲ့
သူ့လေသံကိုကြားရတဲ့ စာရေးသူဟာ ကိုယ့်နားကိုပင် မယုံ
ကြည်နိုင်လောက်အောင်ဖြစ်သွားပြီး ဆရာကြီးနဲ့တကယ့်
ကိုတွေ့ချင်နေတာကြာပြီ။ အခုတော့ ဆရာကြီးကိုယ်တိုင်
ကပင် တွေ့ချင်တယ်ဆိုတော့ ၀မ်းပန်းတသာ တအံ့တသြ
နဲ့ကားဆက်ခန်းက အမြန်ဆုံးဆင်းပြီး ဆရာကြီးရှိတဲ့
ရုပ်/သံ ဧည့်ခန်းမကြီးထဲ အပြေးထွက်လာခဲ့တာပေါ့။
ဒီအချိန်မှာ ရုပ်/သံ ညွှန်ကြားရေးမှူး ပြန်ထွက်လာ
တာကို ပြုံးပြီး အရိုအသေပြုနှုတ်ဆက်ရင်း အခန်းထဲ
ဝင်လိုက်တော့ ဆရာကြီးဟာ ဆိုဖာဆက်တီပေါ်မှာ
ထိုင်နေရာက ထလာပြီး စာရေးသူရဲ့လက်ကို ကိုင်စွဲ
နှုတ်ဆက်ပြီး ကျုပ် ကိုဖေစန်းရဲ့ (မြွေနှစ်ကောင်)
ဆေးကြော်ငြာကာတွန်းကို သဘောကျလွန်းလို့ တွေ့ချင်
တာပါဗျ။ ဒီလိုပဲ အနုပညာသမားပီပီ ရိုးရှင်းစွာပြောပြီး
သူ့အနီးထိုင်ခုံမှာ ထိုင်စေပါတယ်။
အဲဒီနောက် အလွန်မှတ်ဉဏ်ပါရမီကောင်းလှတဲ့
ဆရာကြီးက စာရေးသူရဲ့ ကြော်ငြာထဲက စာသားစကား
လုံးတွေနဲ့ အနီးစပ်ဆုံး တစ်လုံးတစ်ပါဒမှ အဖုအထစ်မရှိ
ရွတ်ဆိုပြောပြတာကို စာရေးသူရဲ့ စိတ်ထဲက အထူးကို
ချီးကျူးအံ့သြနေမိပါတယ်။
ပထမပဏာမ အစပျိုးပြီး ဆရာကြီးပြောပုံက ဒီလိုပါ။
အမယ်လေး လေးလေး ယားလိုက်တာ ကုတ်ရတာ
လည်း မသက်သာ ကယ်ကြပါအုံးတဲ့။
ဒီတော့ ဆေးဘူး ကာတွန်းရုပ်ဝင်လာပြီး ဒီမှာ
မိတ်ဆွေ ပွေး၊ ၀ဲ၊ နှင်းခူ၊ ယားနာထူလို့ မပူနဲ့ရော့ ..ယူ..
လိမ်းတဲ့ သိပ်ကောင်းတယ်။
ဒီတော့ ယားနေတဲ့အရုပ်လေးက ဟာ ဟုတ်ပါ့ မကုတ်
ရဘူး။ ပျောက်ပြီ အဲဒါက ဘာဆေးလဲ။ ကဲ မေးပြီပေါ့နော်။
ဒီတော့ ဆေးဘူးကာတွန်းရုပ်က အဲဒါ ဆေးတကာ့
ထိပ်ခေါင် မြွေနှစ်ကောင်ပေါ့တဲ့။ အဲဒီစာသားလေးတွေလည်း
ဆရာသဘောကျတယ်။ ဘယ်သူရေးပေးတာလဲ။ အဲဒီလို
ဆရာကြီးက ဆက်မေးတော့ စာရေးသူက ကြော်ငြာအပ်
ကတည်းက စိတ်ကူးရပြီး ကိုယ်တိုင်ကောက်ရေးလိုက်
တာပါလို့ ပြန်လည်ပြောပြတော့ ဆရာကြီးက စာရေးသူရဲ့
လက်ကို ဒုတိယအကြိမ် ထပ်ဆင့်ဆွဲကိုင်အားပေးလိုက်ရာ
က စာလည်းကောင်းတယ်။ အရုပ်လည်းကောင်းတယ်။
စိတ်ကူးလည်းကောင်းတယ်။ အဲဒါပြောချင်လို့ပါ။ ကဲကဲ
အလုပ်ရှိက ဆက်ပြီးသွားလုပ်ပါလို့ ဆရာကြီးက ခွင့်ပြု
လိုက်တာနဲ့ စာရေးသူက မတ်တတ်ရပ်ရင်း ဆရာကြီးကို
လက်အုပ်ချီကန်တော့ပြီး ဧည့်ခန်းထဲက လှည့်အပြန်
ဧည့်ခန်းမကြီးထဲ လက်အုပ်ချီပြီး ဒုတိယ၀င်ရောက်လာသူက
လူရွှင်တော် ကိုမေတ်္တာပါ။
ဒါကြောင့် စာရေးသူဟာ
ကိုမေတ်္တာနဲ့အတူ ဆက်တီကုလားထိုင်မှာ ၀င်ထိုင်လိုက်ရ
ပြန်ပါတယ်။
ကိုမေတ်္တာက သားတို့ ဒီမှာ အေးအေးမြင့်တို့နဲ့
တစ်ညလုံး အငြိမ့်ခွင်ရိုက်ကြမှာပါ။ ဆရာကြီး ရောက်နေ
တယ်ကြားသိရလို့ ဆရာကြီးကို နှုတ်ဆက်ကန်တော့
လာတာပါလို့ပြောပြီး ဇာတ်အငြိမ့်သဘင်ကိစ်္စတွေ
ဆက်ပြောဖြစ်ကြပြန်ပါတယ်။
အဲဒီလိုအခွင့်ကြုံခိုက် စာရေးသူက ရှားရှားပါးပါး
ဇာတ်စာ၊ ဇာတ်စကားအလင်္ကာတွေပါတဲ့ ““ကဗျာ့ဘဏ်
တိုက်””စာအုပ်လေး ကိုမေတ်္တာကိုပေးလိုက်တဲ့အကြောင်း
ပြောပြတော့ ဆရာကြီးက ထိုင်ရာက သူ့နဖူးပြင်ကို
လက်ဖ၀ါးနဲ့ရိုက်ပြီး ဟာ အဲဒီ ကဗျာ့ဘဏ်တိုက်စာအုပ်ကို
ဟိုငယ်စဉ်စာရေးဆရာဘ၀ကတည်းက လိုချင်လွန်းလို့
ရှာခဲ့တာ၊ ခုအသက်အရွယ်ထိ လုံးဝရှာမတွေ့မိဘူးကွာ။
ကိုမေတ်္တာကံထူးတာပဲ။
ဒါကြောင့် ကိုမေတ်္တာက ဆရာကြီးလိုအပ်ရင်
ပြန်လည်ထပ်ဆင့်မေတ်္တာလက်ဆောင်ကန်တော့ပါမယ်
လို့ ပြောပေမယ့် ဆရာကြီးက ဒီစာအုပ်ဟာ ကိုမေတ်္တာတို့လို
အနာဂတ်သဘင်အနုပညာရှင်တွေအတွက် တန်ဖိုးရှိတဲ့
စာပေဖြစ်တာကြောင့် လက်ဆင့်ကမ်းပညာအမွေထိန်းသိမ်း
ဖို့ အမှာစကားပြောကြားပြီးနောက် အားလုံးဆရာကြီးကို
ရိုရိုသေသေ ကန်တော့ပြီး ကိုမေတ်္တာက အငြိမ့်အဖွဲ့ရှိရာ
စတူဒီယို (ြ)ဘက် ထွက်သွားသလို စာရေးသူက အပေါ်
ထပ်မှာရှိတဲ့ တည်းဖြတ်ကားဆက်ခန်းပေါ် တက်လာခဲ့ပါတယ်။
ဆရာကြီးကတော့ အဲကွန်းလွှတ်ထားတဲ့ ဧည့်ခန်းမ
ကြီးထဲရှိ ဆက်တီ ကုလားထိုင်ပေါ်မှာ တစ်ကိုယ်တည်း
မျက်စိ စုံမှိတ်ပြီး တရားရှုမှတ်ကျန်ရစ်နေမည် ထင်ပါ
သတည်း။
စာကြွင်း - အဲဒဲီအချိန်ကစာရေးသနူ အတူ ကြော်ငာ
ကာတွန်း ရုပ်ရှင်ရိုက်ကူး ပေးခြဲ့ကသူ ရုပ/် သံ၀၀န်ထ မ်းးအကြီးး
တန်းအင်ဂျင်နီယာ စက်အဖွဲ့သားများမှာ ကိုမြင့်အောင်
ခေါ် ယခုအခါ မြန်မာတေးသီချင်းသံစဉ်များနဲ့ ထင်ရှား
နေတ့ဲ အဆို ကျော် တေးသံ
ရှ င်ရာဇာဝင်းတင၊့် ဦးး ပြည်သိန်းး ၊
ကိုမြသန်း၊ ကိုမောင်မောင်သန်းတို့ဖြစ်ကြပြီး အသံသွင်း
တည်းဖြတ်ကားဆက်ပေးသူက အင်ဂျင်နီယာ
ကိုမင်းဂေါင်ကျော်ဖြစ်ပါတယ်။
ဆရာကြီးဦးသုခရဲ့ ““ရဟန်းစားသော ဆွမ်းတစ်နပ်””
ဇာတ်လမ်းကို အစအဆုံးတည်းဖြတ်ကားဆက်ပေးသူဟာ
ကိုမင်းဂေါင်ကျော်ပဲဖြစ်ပါတယ်။
အဲဒီ ကိုမင်းဂေါင်ကျော်ဟာ အနုပညာအစဉ်အလာ
ကြီးမားခဲ့တဲ့ တစ်ချိန်က ခေတ်ဟောင်းရေဒီယိုဓာတ်ပြား
အဆိုကျော် ဒေါ်လီလီကြူညွန့်ရဲ့သား ဖြစ်ပါကြောင်း
ထပ်လောင်းဂုဏ်ပြုဖော်ပြအပ်ပါ၏။ ။
+ကာတွန်းဖေစန်း+

Wednesday, May 21, 2014
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment