အီတလီစီးရီးအေလက်ရှိချန်ပီယံ ဂျူဗင်တပ်အသင်း သည် နှစ်ပွဲကစားရန်ကျန်ရှိသေးသော်လည်း အမှတ်ပေး ဇယား ဒုတိယနေရာမှ ရိုးမားအသင်းသည် တန်းဆင်းဇုန် အတွင်း ကျရောက်နေသည့် ကာတာနီးယားအသင်း၏ အိမ်ကွင်းတွင် လေးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းကြောင့် ဂျူဗင်တပ်အသင်းက အီတလီစီးရီးအေဖလားကို ဆွတ်ခူး နိုင်ခဲ့သည်။
(ဂျူဗင်တပ်စ်အသင်းနည်းပြ-ကွန
ကစားသမားဟောင်း နဲ့ အီတလီလက်ရွေးစင်ဟောင်း)ကို
အခုလိုလေ၀ဲဂုဏ်ပြုကြ)
ဂျူဗင်တပ်အသင်းသည် ပွဲစဉ်(၃၆)မကစားမီတွင် ရမှတ် ၉၃ မှတ်ရရှိထားပြီး ရိုးမားအသင်းမှာ ရမှတ် ၈၅ မှတ်ဖြင့် ဒုတိယနေရာသို့ တက်လှမ်းလာခဲ့သော်လည်း ရိုးမားအသင်းမှာမူ ကာတာနီးယားအသင်းနှင့်ပွဲစဉ် ရှုံးနိမ့် ခဲ့ခြင်းကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဂျူဗင်တပ် အသင်းကို အမီလိုက်နိုင်မည့်အခွင့်အရေးတစ်ရပ်ဆုံးရှုံး ခဲ့ရသည်။
ရိုးမားအသင်းသည် လက်ကျန်ပွဲစဉ်နှစ်ပွဲ အနိုင် ရခဲ့လျှင်သော်မှ ဂျူဗင်တပ်၏ ပွဲစဉ်(၃၅)အပြီး ရမှတ်ကို မီနိုင်တော့မည် မဟုတ်သောကြောင့် ဂျူဗင်တပ် အသင်းက ပွဲစဉ်(၃၅)အပြီး ရမှတ်နှင့်ပင် အီတလီစီးရီးအေ ဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အီတလီ စီးရီးအေ ချန်ပီယံအသင်းအဖြစ် ဂျူဗင်တပ်တို့ ပိုင်ဆိုင်ခဲ့ပြီ ဖြစ်သည်။
+ငွေကြယ်+
(၂၀၁၂-၂၀၁၃ နဲ့ ၂၀၁၃-၂၀၁၄ ဘောလုံးရာသီ
၂နှစ်ဆက်တိုက်ချန်ပီယံ---ဂျူဗင်တပ်စ်အသင်း)
(ဂျူဗင်တပ်စ်အသင်းနည်းပြ-ကွန
ကစားသမားဟောင်း နဲ့ အီတလီလက်ရွေးစင်ဟောင်း)ကို
အခုလိုလေ၀ဲဂုဏ်ပြုကြ)
ဂျူဗင်တပ်အသင်းသည် ပွဲစဉ်(၃၆)မကစားမီတွင် ရမှတ် ၉၃ မှတ်ရရှိထားပြီး ရိုးမားအသင်းမှာ ရမှတ် ၈၅ မှတ်ဖြင့် ဒုတိယနေရာသို့ တက်လှမ်းလာခဲ့သော်လည်း ရိုးမားအသင်းမှာမူ ကာတာနီးယားအသင်းနှင့်ပွဲစဉ် ရှုံးနိမ့် ခဲ့ခြင်းကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဂျူဗင်တပ် အသင်းကို အမီလိုက်နိုင်မည့်အခွင့်အရေးတစ်ရပ်ဆုံးရှုံး ခဲ့ရသည်။
ရိုးမားအသင်းသည် လက်ကျန်ပွဲစဉ်နှစ်ပွဲ အနိုင် ရခဲ့လျှင်သော်မှ ဂျူဗင်တပ်၏ ပွဲစဉ်(၃၅)အပြီး ရမှတ်ကို မီနိုင်တော့မည် မဟုတ်သောကြောင့် ဂျူဗင်တပ် အသင်းက ပွဲစဉ်(၃၅)အပြီး ရမှတ်နှင့်ပင် အီတလီစီးရီးအေ ဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အီတလီ စီးရီးအေ ချန်ပီယံအသင်းအဖြစ် ဂျူဗင်တပ်တို့ ပိုင်ဆိုင်ခဲ့ပြီ ဖြစ်သည်။
+ငွေကြယ်+

No comments:
Post a Comment