ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, May 31, 2014

===ပျော်ရွှင်မှုဆိုတာ ကိုယ်လုပ်ချင်တာ လုပ်နေရတဲ့အခါ===

>

ဘာရယ်လည်းမဟုတ်ပါဘူး။ ဒီပို့်စ်ကိုတော့ ပျင်းလို့ရေးတဲ့စာလို့သာ မှတ်လိုက်ကြပါ။ နေ့လည်က ရုံးမှာ တစ်နေ့ခင်းလုံး အစည်းအဝေး ၂ခုနဲ့တင် ညနေ ၅နာရီထိုးသွားတော့တယ်။ ပထမအစည်းအဝေးက အလုပ်နဲ့ပတ်သက်တဲ့ ထရိန်နင်ပါ။ ဟောင်ကောင် ထိုင်ဝမ် ဂျပန် ကိုရီးယား တရုတ် နဲ့ ကျွန်မတို့စကာင်္ပူရုံးခွဲတွေက စုစုပေါင်းတက်ရောက်သူ ၅၆ယောက်ရှိတဲ့ အွန်လိုင်းအစည်းအဝေးပါ။ ကိုယ့်စားပွဲမှာပဲ ကိုယ်ထိုင်ပြီး နားကြပ်တပ်၊ ကိုယ့်မော်နီတာမှာ ရှယ်လာတဲ့ စလိုက်ဒ်တွေကိုကြည့်ပြီး သူတို့ရှင်းပြတာ နားထောင်၊ မေးစရာမေးခွန်းတွေ ရှိလာရင် မက်ဆေ့ခ်ျနဲ့ပဲဖြစ်စေ၊ အော်ဒီယိုနဲ့ပဲဖြစ်စေ မေး၊ အဲသလို ဆိုပါတော့။ စိတ်ဝင်စားစရာကောင်းပေမယ့် အတော်လေး ရှုပ်ထွေးတဲ့လုပ်ငန်းသဘာဝပါပဲ။ Testing & Certification Co., ပါ။ ယူအက်စ်မှာတော့ အတော်လေး တွင်ကျယ်တယ် ဆိုပါတယ်။ ပင်မရုံးက ဆွစ်မှာပါ။ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းဖြစ်ပြီး ကျွန်မအရင်လုပ်ခဲ့တဲ့အလုပ်တွေရဲ့ လုပ်ငန်းသဘာဝနဲ့ လုံးဝခြားနား ပါတယ်။ ကျွန်မတာဝန်က ရရန်ရှိစာရင်းကိုင်ရတယ်ဆိုပေမယ့် ကပ်စတမ်မာတွေ မေးလာတဲ့အခါ ဘီလ်ဘယ်လို တောင်းခံတယ်၊ ဘာကြောင့် အဲသလို ကျသင့်တယ်ဆိုတာတွေကအစ ဘီလ်နဲ့ပတ်သက်တဲ့ သူတို့ သိချင်သမျှတွေကိုပါ အတတ်နိုင်ဆုံးရှင်းပြပေးဖို့ တာဝန်ရှိပါသတဲ့။ ဒါကြောင့် အဲ့ဒီထရိန်နင်မှာ ကျွန်မ တက်ရောက်ဖို့ လိုအပ်တယ်လို့ဆိုပါတယ်။ လိုအပ်တယ်ဆိုတော့လည်း တက်လိုက်တာပေါ့လေ။ ကျွန်မရော ကျွန်မစူပါဗိုက်ဇာ စလုံးအမျိုးသမီးရော နှစ်ယောက်လုံးက အသစ်တွေပါ။ ရှုပ်ထွေးလွန်းတဲ့ လုပ်ငန်းသဘာဝနဲ့ ငွေတောင်းခံလွှာတောင်းပုံတွေကြောင့် ကျွန်မတို့ နှစ်ယောက်လုံး ခုထိ တလည်လည်ပါပဲ။ စာရင်းနဲ့ပါတ်သက်လို့ နားလည်ကြပေမယ့် လုပ်ငန်းသဘာဝကိုတော့ ခုထိ သေချာ မလည်ပတ်နိုင်ကြသေးပါဘူး။ ကျွန်မတို့ဌာနက အရင်တုန်းကတော့ စင်္ကာပူမှာ မရှိဘူး။ ကိုရီးယား ထိုင်ဝမ် တရုတ် ဟောင်ကောင်ရုံးတွေမှာပဲ ရှိရာက ခုမှ လုပ်ငန်းတိုးချဲ့လာပြီး အာစီယံ၊ စင်္ကာပူနဲ့ အော်စတေးလျ၊ နယူးဇီလန်အကောင့်တွေကို စင်္ကာပူ ရွှေ့ယူလာတာဖြစ်တာမို့ ဌာနအသစ်၊ လူအသစ်တွေ ဖြစ်နေပါတယ်။ ကျန်တဲ့ဌာနကလူတွေကလည်း သူတို့အလုပ်နဲ့သူတို့ ကျွန်မတို့နှစ်ယောက်ကို သေချာသင်ကြား မပေးနိုင်သလို ဌာနအသစ်လည်းဖြစ်တာမို့ ကျွန်မတို့နှစ်ယောက်အဖြစ်က ရေကူးမှ သေချာမတတ်သေးခင် ဘုတ်ပြားပေါ်ကနေ ဒိုင်ဗင်ထိုးချခိုင်းတာ ခံလိုက်ရသလိုပါပဲ။ တစ်ခုကောင်းတာက ကျွန်မရော ကျွန်မစူပါဗိုက်ဇာ အမျိုးသမီးပါ နှစ်ယောက်လုံးက အသစ်အသစ်တွေကို သင်ယူဖို့ အားသန်ကြသူများဖြစ်နေလို့ပါပဲ။ ပြီးတော့ အလုပ်ထဲမှာ ကိုယ့်အချိန်ကို လိုလားစွာမြှုတ်နှံလိုသူများ ဖြစ်နေတာလည်း တူနေကြပြန်ပါတယ်။ နှစ်ယောက်လုံးကလည်း အသစ်မို့ တစ်ယောက်နဲ့တစ်ယောက် နားလည်ပြီး ဖေးဖေးမမရှိကြတယ်။ အသက်ချင်းကလည်း မတိမ်းမယိမ်းမို့ ပေါင်းလို့လည်း အင်မတန်ကောင်းတယ်။ ကျွန်မအတွက် အတော်ကံကောင်းတယ်လို့ ဆိုရပါမယ်။ စိတ်တူကိုယ်တူညှိနှိုင်းလုပ်လို့ရသူနဲ့ အတူတူအလုပ်လုပ်ရတာလောက် ပျော်စရာကောင်းတာ ဘယ်ရှိပါ့မလဲနော်။ ကျွန်မတို့တာဝန်က အရင်ကရှိနေတဲ့ကြွေးကျန်တွေ အများကြီးကို ကျွန်မတို့နှစ်ယောက်ပေါင်းပြီး ကပ်စတမ်မာတွေဆီက တောင်းခံ စာရင်းရှင်းလင်းရမှာပါ။ အဲဒီအတွက် ကျွန်မတို့နှစ်ယောက်လုံး အလုပ်ထဲမှာ စိတ်နှစ်ပြီးတတ်စွမ်းသလောက် လုပ်ကြဖို့ သဘောတူထားကြပါတယ်။ တစ်ခုခုအခက်အခဲကြုံလာရင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ရယ်မောအားတင်းကြရတယ်။ ဌာနအသစ်ဖြစ်တာမို့ တစ်ခြားဌာနက ကျွန်မတို့နဲ့မဆိုင်တဲ့အလုပ်တွေကို သွေးတိုးစမ်းပြီး ထိုးပေးတာမျိုးလည်း ကြုံရတယ်။ အဲဒီအခါ နှစ်ယောက်သား ခေါင်းချင်းဆိုင်ပြီး ဘယ်လိုကိုင်တွယ်ရမယ် ဆိုတာ တိုင်ပင်ကြရတယ်။ တကယ်ပါ၊ အလုပ်ထဲမှာက ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်နေထိုင်ရမယ် ဆိုတာလည်း သိဖို့လိုအပ်တာကိုးရှင်။ တစ်နေ့တစ်နေ့ အသစ်အသစ်သော စိတ်ဝင်စားစရာတွေနဲ့ အားစမ်းစိမ်ခေါ်မှုတွေနဲ့ အလုပ်လုပ်ရတာ ကျွန်မ တကယ်ပဲ ပျော်ပါတယ်။ အဲဒီအစည်းအဝေးမှာ စလိုက်ဒ်တွေကို ရှင်းလင်းပြောပြဆွေးနွေးတဲ့ အမျိုးသားရဲ့ အာဘော်နဲ့ ကျွန်မတို့ သဘောမတူတဲ့အခါ သူနဲ့ကျွန်မနှစ်ယောက်သား မိုက်ကရိုဖုန်းကို မျူ့ လုပ်၊ ပိတ်ချလိုက်ပြီး ရယ်ကာ မောကာ အတင်းတုတ်ကြပါတယ်။ ဒါဟာဖြင့် ဘယ်လိုမှ မဖြစ်သင့်ဘူး၊ ဒီလောက် အဆင့်ဆင့်တွေ ကပ်စတမ်မာနားလည်အောင် ဘယ်လိုရှင်းပြရပါ့မလဲ ဘာညာပေါ့လေ :) ဒီလိုနဲ့ အဲ့ဒီအစည်းအဝေးပြီးတဲ့အခါ နာရီဝက်နားပြီး နောက်အစည်းအဝေးတစ်ခု တက်ရပါတယ်။ အဲဒီအစည်းအဝေးကတော့ ထိုင်ဝမ်က ကျွန်မတို့ ရီဂျင်နယ်မန်နေဂျာအမျိုးသားနဲ့ ကျွန်မတို့ နှစ်ယောက်သာ ပါဝင်တဲ့ "ရရန်ရှိစာရင်း တစ်ပတ်စာတိုးတက်မှုအခြေအနေအကြောင်း" စည်းဝေးကြတာပါ။ လက်ပတော့ကို ယူသွားပြီး အားလပ်တဲ့အနီးဆုံး Phone booth တစ်ခုမှာ တယ်လီကွန်ဖရန့်စ်နဲ့ ပြောကြတာ ဖြစ်ပါတယ်။ ကျွန်မတို့ တာဝန်ယူထားတဲ့ ကီးအကောင့်တွေကို တစ်ယောက်စီ ရှင်းလင်းပြောပြကြရတာပေါ့။ ထိုင်ဝမ်က ရီဂျင်နယ်မန်နေဂျာအမျိုးသားက သဘောကောင်းပြီး နားလည်မှုအပြည့်ရှိတာမို့ အဲ့ဒီအစည်းအဝေးဟာ အပတ်စဉ်ဖြစ်ပေမယ့် စိတ်ထဲ အနှောင့်အယှက်မဖြစ်ရုံမက သက်တောင့်သက်သာတောင်ရှိလှပါတယ်။ အဲဒီမန်နေဂျာအမျိုးသားဟာ ကျွန်မတို့နှစ်ယောက်ကို ထိုင်ဝမ်ကနေ ဗီဒီယိုနဲ့ အင်တာဗျူးပြီး အလုပ်ခန့်ခဲ့တဲ့ အမျိုးသားပါပဲ။ အင်မတန် အလုပ်ကြိုးစားပြီး ညအတော်နက်တဲ့အထိ Lync မှာ ရှိနေတတ်သူပါ။ အလုပ်ကိစ္စနဲ့ ပြောဆိုဆွေးနွေးနေတာ....လို့ ထင်ပါတယ်။ ဒါကြောင့်လည်း လူပျိုကြီးဖြစ်တာ မဆန်းပါဘူးလို့ ကျွန်မတို့နှစ်ယောက်က သူ့ကွယ်ရာမှာ ဟားကြပါတယ်။ လူကလည်း လူပုံချော၊ အသားအရည်ကလည်း အင်မတန်လှပါတယ်။ အရပ်အမောင်း ကိုယ်လုံးကိုယ်ထည် ပြောစရာမရှိအောင် စတိုင်ကျသူလည်း ဖြစ်တယ်။ စကားပြောပုံကို ကြည့်ပြီး အင်မတန် စိတ်ရင်းရိုးသားရှင်းလင်းတဲ့သူလို့ ခန့်မှန်းမိပါတယ်။ ဘာကြောင့် ကျွန်မသိလဲဆိုတော့ စကန်းအင်တာဗျူးမှာ သူက စင်ကာပူကိုလာပြီး လူတွေ့ လာဗျူးတာမို့ပါ :) သူနဲ့ ကျွန်မတို့နှစ်ယောက် တယ်လီကွန်ဖရန့်စ်လိုက်တာ ညနေ ၅နာရီကျော်မှ ပြီးပါတော့တယ်။ မနက် ၇နာရီကျော် အိမ်ကထွက်၊ ရုံးက ၈ခွဲတက်တယ်ဆိုပေမယ့် ၇ခွဲ-၈နာရီလောက်ဆို လူတွေက ရောက်နေကြပါပြီ။ ရောက်တာနဲ့ ဖုန်းပိတ်ပြီး အလုပ်စလုပ်လိုက်ကြတာ ည ၇ခွဲ ၈လောက်အထိ အချိန်ဟာ ဘယ်လိုကုန်သွားမှန်းမသိအောင်ကို မြန်လွန်းလှတယ်။ ကျွန်မအတွက်တော့ သိပ်ကို အဆင်ပြေတာပါ။ ကိုယ့်ကိုယ်ကို အလုပ်ထဲမှာ အဲသလိုစိမ်နေချင်သူမို့ ဒီအလုပ်ကို ကျွန်မက သဘောကျလှတယ်။ အိမ်ပြန်ရောက်တော့ ည ၉နာရီကျော်နေပါပြီ။ မိုးကလေးကလည်း တဖွဲဖွဲရှိတာနဲ့ သီချင်းတစ်ပုဒ်ကောက်ဆိုပြီး ဆောင်းကလောက်မှာ တင်လိုက်သေးတယ်။ ဘာသီချင်းလဲဆိုတာတော့ ပြောပြပါဘူး။ နားထောင်ကြည့်ကြပေါ့ နော် :D ကျွန်မအလုပ်အကြောင်းချည်း ရေးနေလို့ ဖတ်ရတဲ့သူတွေလည်း ပျင်းလှရော့မယ်။ တကယ်က ကျွန်မလည်း ပျင်းတာနဲ့ ရေးလိုက်တာပါ :) ဘာပဲဖြစ်ဖြစ် ဘယ်လောက်ပဲ ပင်ပမ်းပင်ပမ်း လူဆိုတာ ကိုယ်လုပ်ချင်တာလေးများ လုပ်နေရရင် ပျော်နေတာပဲ မဟုတ်လားရှင်။ ကျွန်မမိတ်ဆွေတွေအားလုံးလည်း အလုပ်ထဲမှာ နှစ်လို ပျော်ရွှင်သူများ ဖြစ်ကြပါစေလို့....။ 

+ချစ်ကြည်အေး+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)