ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, May 15, 2014

===တစ္ဆေ ==

>
ဇာတ်လမ်းကို စပြောပါရစေ..။ အချိန်က ၂၀၁၀ နှစ်လည် လောက်ပေါ့.။ ကျွန်တော်က ဗထူးမှာ ခြေလျင်တပ်စုမှူးသင်တန်းကို တစ်ပွင့်(ဒုဗိုလ်)ဘဝနဲ့ တက်နေတဲ့အချိန် ပေါ့.။ မြန်မာနိုင်ငံမှာ တပ်မတော် တိုက်ခိုက်ရေးကျောင်း (၂) ခုရှိပါတယ်.။ တစ်ခုက ဗထူးတပ်မြို့(ရပ်စောက်) မှာ ရှိပြီးတော့.။ နောက်တစ်ခုက ဘုရင့်နောင်တပ်မြို့(သံတောင်ကြီး) မှာရှိပါတယ်.။ ကျွန်တော်တို့ အသုတ်က မာစတာပါတဲ့ လူအင်အား ၈၁၀ က ဗထူးတပ်မြို့(ရပ်စောက်) မှာတက်ခဲ့ရတာပါ..။ သံတောင်နဲ့ စာရင် ဗထူးက အနည်းငယ်ပျော်စရာကောင်းပါတယ်.။ သံတောင်ကြီးက နယ်မြေဒေသအားဖြင့် အညိုရောင်နယ်မြေ ထဲမှာရှိပါတယ်.။ လုံခြုံရေးအခြေအနေအရ သိပ်ပြီး လွတ်လွတ်လပ်လပ် မရှိလှတာအမှန်ပါ..။ လည်စရာပတ် စရာလည်း လောက်လောက်လားလား မရှိလို့ ပျင်းစရာကောင်းတယ်လို့ ဆိုကြပါတယ်..။ ဗထူးကတော့ သံတောင်နဲ့စာရင် ပျော်စရာကောင်းပါတယ်.။ တကယ်တော့ ရပ်စောက်ဆိုတာ မြို့ငယ်လေးပါ..။ တစ်မြို့လုံးမှာ အင်တာနက်ကဖီး (၂) ခုရှိပါတယ်.။ အဲဒီဆိုင် (၂) ဆိုင်က တစ်လှည့်စီ လိုင်းကျပါတယ်.။ လိုင်းကလည်း တစ်ရက်ကို နေ့တစ်ပိုင်းလောက် ကျပါတယ်..။ တနင်္ဂနွေ အောက်ပတ်စ်ရတဲ့အခါတိုင်း ကျွန်တော်တို့ တပ်စုမှူးသင်တန်း၊ ဗိုလ်ကြီးတွေ တက်ရတဲ့ တပ်ခွဲမှူးသင်တန်း၊ တပ်ကြပ်ကြီးတွေတက်ရဲ့ အရာခံ၊ အကြပ်ကြီး သင်တန်းက အဖွဲ့တွေက အင်တာနက်ဆိုင်မှာ နေရာလုကြရပါတယ်..။ မြို့ထဲမှာလည်း စားသောက်ဆိုင်တွေ ဘာညာနဲ့ ဆိုတော့ သံတောင်ထက် စည်ကားပါတယ်.။ ထားပါတော့ ကျွန်တော်ပြောချင်တာကို ဆက်သွားကြစို့.. ။ သင်တန်းစဖွင့်တော့ တန်းခွဲမှူးလုပ်တဲ့ အရာရှိတွေက ကျွန်တော်တို့ထဲက ကွန်ပျူတာ ကောင်းကောင်း သုံးတတ်တဲ့သူကို ရုံးအဖွဲ့မှာ ကူဖို့ခေါ်တယ်.။ အဲ ကျွန်တော်က တပ်မှာ ထောက် ကိုင်လာတဲ့သူဆိုတော့ ရုံးပိုင်းဆိုင်ရာ ကွန်ပျူတာ (DTP ပါပဲ.) ကိုတော့ Staff Duty ကျကျ သုံးတတ်ပါတယ်..။ အဲဒီတော့ တကယ့် တကယ် လူရွေးကြတဲ့အခါ ကျွန်တော်ရယ်၊ အောင်အောင်ဆိုတဲ့သူငယ်ချင်းရယ် (Facebok Name – Aung Nway Oo - သူရဲကောင်းမှတ်တမ်းဝင်ရထားတဲ့သူငယ်ချင်းပေါ့ - သူ့အကြောင်းကို ဘလော့မှာ တစ်ခါ ရေးဖူးတယ်)၊ အောင်ကျော်မင်း ဆိုတဲ့သူငယ်ချင်းရယ် (facebook name - သဲကုန်းသား) ရယ်.. သုံးယောက်က ရုံးအဖွဲ့မှာ ကူဖို့ ဖြစ်လာတာပေါ့...။ ရုံးအဖွဲ့က တကယ်တော့ ဘာမှ မဟုတ်ပါဘူး.။ မြေပုံတွေ အညွှန်းတပ်တာမျိုး၊ P.T ဆန်းစစ်တွေ လုပ်တဲ့အခါ Records တွေကူဖြည့်ပေးတာမျိုး၊ စာရင်းတွေ ကူဖြည့်ရတာမျိုးပေါ့.။ အဲဒီလိုမျိုးတွေ ကူညီရတာပါ.။ အဲ.. ကျွန်တော်တို့ သုံးယောက် အားလပ်ချိန်တိုင်း သွားကူရတာပေါ့.။ ကျန်တဲ့အချိန်ဆိုရင် ကျွန်တော်တို့လည်း သင်တန်းချိန်ပေါ့.။ အဲဒီရုံးမှာ တန်းခွဲမှူး အရာရှိတွေ ထိုင်တယ် .. ရံဖန်ရံခါ ညအိပ်လေ့ရှိတယ်.။ ဟိုးဖက်က စာရေးတွေရှိတဲ့ ရုံးခန်းတစ်ခန်းရှိတယ်.။ အဲဒီအခန်းထဲမှာ ပုံနှိပ်စာအုပ်တွေထားတယ်.။ မြေပုံတွေ၊ မြေဖြူ၊ Duster စတဲ့ စာသင်ခန်းသုံးပစ္စည်းတွေလည်း ထားတာပေါ့..။ အဲဒီ ရုံးခန်းထဲမှာ တစ်ကုတ်ကုတ်နဲ့ အမြဲနေတဲ့ ဆရာကြီး စိန်မောင်(အမည်လွှဲ) ဆိုတာ ရှိတယ်.။ အဲဒီဆရာကြီး စိန်မောင်က အမြဲတမ်း ရုံးမှာပဲနေတယ်.။ တစ်ရက်ကျတော့ အဲဒီ ဆရာကြီး စိန်မောင်က ရွှေညောင်ကို ခဏသွားရင်းနဲ့ အဲဒီ ရွှေညောင်မှာ ဆုံးသွားတယ်.။ အဲဒီအခါကျတော့ ဗမာထုံးစံအတိုင်း ဝိဥာဉ်ကို ဗထူးကို ပြန်ခေါ်တာပေါ့လေ.။ ကျွန်တော်ကတော့ အဲဒီသတင်းကြားတဲ့အချိန် လက်မခံဘူး.။ ဘဝဟောင်းက စုတိစိတ်ကျလို့ ကွယ်လွန်တာနဲ့ စက္ကန့်မခြား ဘဝသစ်မှာ ပဋိသန္ဓေယူရတယ်ဆိုတာကို သိထားတာကိုး.။ သူ့ဖာသာ မကျွတ်မလွတ်လို့ ဗထူး ပြန်ရောက် လာရင်တော့ တစ်မျိုးပေါ့လေ.။ အဲဒီညကျတော့ ကျွန်တော်တို့ တန်းခွဲ (၁)က တန်းခွဲမှူး ဗိုလ်ကြီး မင်းဇော်ဦး(အမည်လွှဲ) က အဲဒီရုံး အဆောင်မှာ ညအိပ်ရော..။ မနက်ကျတော့ ကျွန်တော်တို့တန်းစီ တဲ့အချိန်မှာ အချင်းချင်း တစ်ယောက်စကား တစ်ယောက်နားနဲ့ သတင်းတစ်ခု ကြားရတယ်.။ မနေ့ညက ဗိုလ်ကြီးမင်းဇော်ဦး ရုံးခန်းထဲမှာ ဂျာနယ်ဖတ်နေ တုန်း နောက်ကနေ လက်နဲ့ ပုတ်ခံတဲ့အခါ လှည့်ကြည့်တော့ ဘယ်သူမှ မရှိတာနဲ့ ဆိုင်ကယ်နဲ့ အိမ်ပြန်သွားတယ် ဆိုတဲ့သတင်းပေါ့..။ နောက်တော့ အချင်းချင်း နောက်ရင်း ပြောင်ရင်း ဟိုလူသည်လူက ဝင်နှောက်ရင်းနဲ့ပဲ အဲဒီသတင်းက Confirm မဖြစ်ပဲ မေ့မေ့ပျောက်ပျောက်ဖြစ်သွားတော့တယ်.။ အဲဒီညနေမှာ ကျွန်တော်တို့ PT ဆန်းစစ်ပြေးကြတယ်.။ ထုံးစံအတိုင်း ၃ မိုင်၊ ၅ မိုင်၊ ၁၀ မိုင်ပေါ့.။ (မိုင် ၃၀ ကတော့ သင်တန်းပြီးခါနီးမှာ တစ်ခါပဲ ပြေးရတယ်) . ။ အဲဒီလိုပြေးတဲ့ညမှာ ရုံးက ကျွန်တော်တို့ တန်းခွဲ(၁) တန်းခွဲမှူးက ကျွန်တော်တို့ (၃) ယောက်ကိုခေါ်တယ်.။ ဒီနေ့ည Records တွေ ကူဖြည့်ပေးဖို့ပေါ့.။ ကျွန်တော်တို့ လည်း ဟုတ်ကဲ့ ပြောပြီး အမှုမဲ့အမှတ်မဲ့ အတိုင်းပဲ ညနေစောင်းကျတော့ ရုံးကို သွားတာပေါ့..။ ရုံးကတော့ တန်းခွဲ(၁) အောက်ဖက်ကို ဆင်းလာရင် သစ်ပင်ရိပ်တွေကြားထဲက တစ်ထပ်တိုက်ပုလေးပါ။ အဲဒီရဲ့ ရှေ့အတိုင်းဆက်သွားရင် ရှေ့ ကိုက် (၁၀၀) လောက်လမ်းညာဖက်မှာ ဗိုလ်သင်တန်းကျောင်းဖက်က ဈေးဆိုင်တွေ ရှိပါတယ်.။ အဲဒီမှာ ကျွန်တော်တို့သုံးယောက်နဲ့ အင်မတန်ရင်းနှီးတဲ့ “ ယံလေး ” ဆိုတဲ့ ဆိုင်ရှိပါတယ်.။ ကျွန်တော်တို့ရဲ့ ထုံးစံက ညဖက် ရုံးအလုပ်မလုပ်ခင် အဲဒီမှာ လက်ဖက်သုတ်၊ ရေနွေးကြမ်း၊ ကော်ဖီ၊ စီးကရက်၊ ဘာညာသာရကာယူပြီး အင်နာဗွန်စီ တစ်ယောက်တစ်လုံးသောက်ပြီးမှ ရုံးလာတာ များပါတယ်။ ညဖက် ရုံးအလုပ်တွေပြီးတဲ့အခါ ရုံးကကွန်ပျူတာနဲ့ Video Edit လုပ်တာမျိုး၊ ကွန်ပျူတာနဲ့ ပတ်သတ်ပြီး အချင်းချင်း ရှင်းပြတာမျိုးတွေ လုပ်တာပေါ့..။ ရုံးအလုပ်တွေ သိပ်များတဲ့အခါ ၂ ယောက်က အိပ်ပြီး ၁ ယောက်က စာရင်းဖြည့်တာမျိုးတွေများပါတယ်.။ အလှည့်ကျပေါ့..။ အဲဒီနေ့ညက ကျွန်တော်က စာရင်းဖြည့်ဖို့ အလှည့်ကျတယ်.။ အောင်အောင်နဲ့ အောင်ကျော်မင်းက နောက်က ခုံပေါ်မှာ အိပ်နေကြတယ်.။ အင်နာဗွန်စီ သောက်ထားတော့ လူက လန်းနေတယ်.။ သီချင်းသံကို ခပ်တိုးတိုး ဖွင့်ထားသေးတယ်.။ မှတ်မှတ်ရရ အဲဒီတုန်းက ဖွင့်တဲ့ သီချင်းက ဗျာ.. ဆောင်းဦးလှိုင်ရဲ့ ဒီတစ်ခါဆောင်း ဆိုတဲ့ သီချင်း ..။ “ တောင်ပေါ်ချယ်ရီပန်း များတို့ပွင့်နေပြီ..။ မြေနီလွင်ပြင်ဖက်သို့ အချစ်ပြန်လာ တော့မည်..၊ တူနှစ်ကိုယ်ချစ်သမျှ ပုံပြင်အစက . ထူးခြားဆန်းပြား.. ရှမ်းရွာငယ်လေးမှာ..” ဆိုတဲ့ သီချင်း.။ ကျွန်တော်က ရှေ့က စာရင်းဇယားကို အာရုံစိုက်ပြီး ဖြည့်နေတယ်.။ (အဲဒီတုန်းက ကျွန်တော် မျက်မှန်မတပ်ရသေးဘူး.။) ဖြည့်နေရင်းနဲ့ အခန်းရှေ့ ကော်ရစ်ဒါက ခြေသံကြားရတယ်.။ ခြေသံက ရှပ်ရှပ် သံမဟုတ်ဘူး.။ ရော်ဘာဖိနပ် ခပ်ထူထူကို ဖိမနင်းပဲ ထွက်တဲ့ ခပ်အုပ်အုပ်အသံမျိုး ..။ ဘုတ်. ဘုတ် ဆိုတဲ့ အသံပေါ့.။ အဲဒီအသံက ဟိုးဖက် စာရေးရုံးခန်းဖက်က လာတာ..။ ကျွန်တော်က အဲဒီအထိ ဆုံးသွားတဲ့ ဆရာကြီး အကြောင်းတွေးလည်း မတွေးမိသေး.။ စဉ်းလည်း မစဉ်းစားမိသေး..။ ရုံးကိုလာတဲ့ ဆရာကြီး တစ်ဦးဦး ဒါမှ မဟုတ် တန်းခွဲမှူး တစ်ဦးဦးပဲ ဖြစ်မှာပါလို့ ထင်မိတယ်.။ အဲဒီအချိန် စောစောက ခြေသံ တစ်ဘုတ်ဘုတ် က ကျွန်တော် စာရိုက်နေတဲ့ ရုံးခန်းရှေ့ကို ရောက်လာတယ်.။ ရုံးခန်း ရှေ့မှာ သောက်ရေအိုးစင်တစ်ခုရှိတယ်.။ စောစောက ခြေသံရပ်သွားတယ်.။ ရေအိုးထဲကရေကို ခပ်တဲ့အသံကြားရတယ်…။ ပြီးတော့ ရေကို မသောက်ပဲ ရေအိုးပေါ်က အောက်ခံခွက်ပေါ်ကို ခပ်မြင့်မြင့်ကနေ ရေသွန်ချတဲ့အသံ (ခပ်ကျယ်ကျယ်) ဆိုတာ သတိထားမိ လိုက်တယ်.။ အဲဒီအချိန်မှာ ကျွန်တော့်လက်က အလိုလို ရပ်သွားပြီ..။ ရုံးမှာ အမြဲနေတဲ့ ဆရာကြီးစိန်မောင် မနေ့က ဆုံးသွားတယ် ဆိုတဲ့အသိက ဒိတ်ကနဲ ဖြစ်သွားတယ်.။ အဲဒီအချိန်မှာ လူက တစ်ခါမှ မကြုံဖူးတဲ့ ကြောက်စိတ်က ဝင်လာတယ်.။ ဒီနေရာမှာ အခန်းဖွဲ့စည်းပုံကို ပြောပြမယ်.။ အခန်းက ကော်ရစ်ဒါက ဝင်တဲ့ တံခါးတစ်ချပ် ရှိတယ်.။ အဲဒီတံခါးက ဝင်ဝင်ချင်း ကွန်ပျူတာတစ်လုံးက တံခါးရဲ့ ညာဖက်မှာ..။ အပေါက်ဝဖက်ကို မျက်နှာ မူထားတယ်.။ (မျက်နှာမူတယ်ဆိုတာ ကွန်ပျူတာ ရိုက်သူဖက်က ကြည့်ရင် တံခါးအပေါက်ဝက ညာဖက်မှာ မျက်စောင်းထိုးလောက်မှာ မြင်ရမှာပေါ့..) .။ အဲဒီအချိန်မှာ ကျွန်တော့်ခန္ဓာကိုယ်က ကြောက်စိတ်ကြောင့် လှုပ်လို့မရတော့ဘူး.။ ဇောချွေးတွေပြန်ပြီး ကွန်ပျူတာ စကရင်ထဲ မျက်နှာဝင်တော့မယ့်အလားကွန်ပျူတာကို စိုက်ကြည့်နေမိတယ်.။ ခုံကို ရှေ့တိုးဖို့ ကြံတယ်.။ ခုံရွှေ့တဲ့ အသံထွက်သွားမှာကိုတောင် ကြောက်နေမိတယ်.။ အဲ မျက်လုံးက လှန်မကြည့်ပဲ.. အကြည့်အာရုံကို အပေါက်ဝဖက်ကို ခိုးကြည့်လိုက်တယ်.။( နားရှုပ်သွားပြီလား.။ အခု ဒီစာကို ဖတ်နေရင်းနဲ့ ကွန်ပျူတာကနေ မျက်စိမခွာပဲ ကိုယ့်ရဲ့ ဘေးဘယ်ညာ ၃၀ ဒီဂရီလောက်ကို မျက်စိက မြင်နေရတယ် ဆိုတာ ကို ကြည့်ကြည့်..။ ကျွန်တော်ပြောတာက မျက်စိက ဒဲ့ မကြည့်ပေမယ့် နည်းနည်း မြင်နေရတယ်လေ…၊ သဘောပေါက်လားတော့ မသိပါဘူး..။) အဲ့လို ကြည့်လိုက်တဲ့အချိန်မှာပဲ.။ အခန်းတံခါးပေါက်ဝက ခန်းစီးက လူတစ်ယောက်ရဲ့ ခေါင်းတစ်ခေါင်းစာလေး ဟ လာတာကိုတွေ့ရတယ်.။ လေတိုက်လို့ ဟသလို ဟတာမဟုတ် ပဲ..။ ခေါင်းတစ်ခေါင်း ဝင်ရုံစာ လက်နဲ့ ဟ ထားပြီး တစ်ယောက်ယောက်က ကျွန်တော့်ဆီကို ကြည့်နေတာကို တွေ့ရ တယ်.။ အဲဒီအချိန်မှာ ကျွန်တော်ထိတ်သွားတယ်..။ နောက်မှာ အိပ်နေတဲ့ အောင်အောင်နဲ့ အောင်ကျော်မင်းကို လှမ်းခေါ်ဖို့ ကြိုးစားတယ်.။ လည်ချောင်းက အသံက ထွက်မလာဘူး.။ တစ်နေတယ်.။ ဟိုဖက်ကို အာရုံထားကြည့်တယ်.။ စောစောက ကြည့်နေတဲ့ဟာကြီး ရှိနေတုန်းပဲ..။ ကျွန်တော် နောက်မှာ အိပ်နေတဲ့ ကောင်တွေဖက်ကို ခေါင်းမလှည့်ရဲဘူး.။ ကျွန်တော် ထိုင်နေတဲ့ ခုံကို တစ်ယောက်ယောက်က လက်လာတင်ထား တယ်လို့ စိတ်ထဲက ထင်နေမိလို့..။ အဲဒီမှာ ကံကောင်းချင်တော့ အောင်ကျော်မင်းက အိပ်မက်ယောင်တာလား၊ ဘာလားမသိဘူး.။ အိပ်မက်ထဲမှာ ဘာတွေစားနေလဲတော့ မသိဘူး.။ အင်း .အင်း နဲ့ ညည်းပြီး ပါးစပ်က ပလပ်ပလပ် နဲ့ လေတွေဝါးတဲ့ အသံကို ကြားလိုက်ရတယ်..။ အဲဒီအချိန်မှာ ကျွန်တော်နည်းနည်း စိတ်ပေါ့ သွားတယ်.။ တစ်ချိန်တည်းမှာပဲ စောစောက အပေါက်ဝက ကြည့်နေတဲ့ ဟာကြီးက ပျောက်သွားတယ်.။ ခန်းဆီး စလေး လည်း ပြန် ကျသွားတယ်.။ ကဲ.. အဲဒီအခါကျတော့ ကျွန်တော့်အသံ ထွက်ပါပြီ…။ တကယ်ထွက်ပါပြီ..။ “အောင်ကျော်မင်း. အောင်အောင်.. ငအောင်.. ငအောင်.. အောင်ကျော်မင်း.. ဟရောင် ” နဲ့ အော်လိုက်တော့ ၂ ယောက်သား နိုးလာကြတယ်.။ မေးကြတော့ ဖြစ်ကြောင်းကုန်စင်ကို ပြောပြ..။ သူတို့ (၂) ကောင်ကတော့ ရယ်ကြ တယ်.။ နောက်ရက်ကျတော့ နောက်ထပ်ဆန်းစစ်တွေ ထပ်လုပ်ပါသေးတယ်.။ ည (၈) နာရီလောက် ကျတော့ လက်ဖက်သုတ်တွေ ဘာတွေ သွားယူဖို့ ရုံးကိုသော့ခဏခတ်တော့ သော့က တန်းခွဲမှူးဆီ ပါသွားပြီ..။ တစ်ယောက် တော့ အစောင့်ထားခဲ့မှပဲ ဆိုတော့ အောင်ကျော်မင်းက “ ငါနေခဲ့မယ်..။ မင်းတို့ စိတ်ချလက်ချ သွား ၊ ငါ့ကိုတော့ လာမခြောက်နဲ့ ငါနဲ့ တွေ့သွားမယ်..” တဲ့..။ ဆရာ သတ္တိကောင်းသလားတော့ မမေးပါနဲ့..။ ကျွန်တော်နဲ့ အောင်အောင် လက်ဖက်သုတ်ဝယ်ရင်း စောင့်နေတဲ့အချိန် သူ ရုံးကဖွင့်တဲ့ တရားခွေသံကြီးက ဆိုင်ကနေ ကြားရပါတယ်..။ နောက်ရက်ကျတော့ အောင်အောင့်အလှည့်ပေါ့..။ သူကတော့ ဘယ်လို ပုံစံတွေ မိလာသလဲမသိ.။ ကျွန်တော် ဆိုင်ကနေ သွားခေါ်တဲ့အချိန် ဘေးဘယ်ညာကိုတောင် မကြည့်ရဲတော့ပါ..။ ခေါင်းကို ငုံ့ချည်းသာ နေပါတော့တယ်.။ ကျွန်တော့်ကို အခန်းထဲဝင်ပြီး မီးပိတ်တာတောင် လက်ကို ဆွဲထားပါတယ်.။ အထဲက သော့ကို ငါမယူဘူး မင်းဝင်ယူပေး လို့သာ တွင်တွင် ပြောနေပါတော့တယ်.။ နောက်ရက်ကျမှ သူ့ကို နောက်ကပခုံးပုတ်ခံရတဲ့အကြောင်း ပြန်ပြောပြပါတော့တယ်.။ ကြာတော့ ကြာခဲ့ပါပြီ.။ ခုပြန်တွေးရင်တော့ ရယ်စရာပါပဲ...။ မှတ်မှတ်ရရ ကျွန်တော်တို့ ကိစ္စ ဖြစ်ပြီးနောက်ပိုင်း ရုံးမှာ ညအိပ်ညနေ ဘယ်သူမှ မသွားတော့ပါ..။ တန်းခွဲမှူးတွေလည်း ညမအိပ်တော့ပါ.။ ကျွန်တော်တို့ ကိုယ်တိုင်လည်း သုံးယောက်စလုံးထိုင်၊ သို့မဟုတ် နှစ်ယောက် ထိုင် တစ်ယောက်အိပ် စနစ်ဖြင့်သာ သွားပါတော့တယ်.။ ဘာပဲဖြစ်ဖြစ် တစ်ချိန်တုန်းက ကျွန်တော် ကြုံခဲ့ဖူးတဲ့ အမှတ်တရ အဖြစ်အပျက်လေး တစ်ခုကို ပြန်ရေးထားတာ ပါ.။ ဒါက တဂ်ပို့စ်နဲ့ မဆိုင်ပါဘူး. ၊ ကိုရန်နိုင်ရဲ့ သရဲဇာတ်လမ်းလေးတွေတွေ့လို ပြန်ရေးဖြစ်တာပါ.။ ခါတိုင်း တစ်ခုခုဆိုရင် Facebook မှာတင်ပြီးမှ ဒီမှာတင်ပါတယ်.။ ခုတော့ ဒီမှာပဲ တင်မှာပါ.။ နောက်မှပဲ Facebook ကိုပို့ပါတော့မယ်.။ အားလုံးကျန်းမာချမ်းသာကြပါစေ..

။ +မိုးသက်ဦးလွင်+

(အမည်များကို လွှဲရေးထားပါသည်..)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)