ပရီမီယာလိဂ်ပွဲစဉ်(၂၉) လက်ကျန်ပွဲစဉ်အဖြစ် မေ ၈ ရက်မှာ မန်စီးတီးနဲ့ ဗီလာတို့ယှဉ်ပြိုင်ကစားကြပါလိမ့်မယ်။ ဒီပွဲစဉ်က ပရီမီယာလိဂ်ချန်ပီယံ ဖလားရယူရေးအတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်နေလို့ မန်စီးတီးဟာ သေသေချာချာပြင်ဆင်ကစားပါလိမ့်မယ်။ ဒါကြောင့် ဒီပွဲဟာ မန်စီးတီးအတွက်တော့ အနိုင်ယူမှ ရမယ့်ပွဲဖြစ်နေတာမို့ စိတ်ဝင်စားစရာကောင်းတဲ့ပွဲဖြစ်နေပြန်ပါတယ်။ ရာသီကုန်ကန့်လန့်ကာ ချဖို့ အတွက် နှစ်ပွဲသာလိုတော့ပြီး လက်ရှိ အချိန်မှာ ၃၆ ပွဲစီကစားကာ အမှတ် ၈၀ စီရနေတဲ့မန်စီးတီးနဲ့လီဗာပူးတို့ ရဲ့ အနေအထားက အမှားအယွင်း လုံးဝခံလို့မရတဲ့အနေအထားဖြစ်နေ ခဲ့ပါပြီ။ ဒါကြောင့် မန်စီးတီးဟာဗီလာ ကိုဘယ်လိုမှ လျှော့ကစားလို့ရမှာ မဟုတ်လို့ မန်စီးတီးရဲ့ ပြင်းထန်တဲ့ အားထုတ်မှုကိုဗီလာတို့ ခံစားကြုံတွေ့ ရဖို့ရှိနေပါတယ်။ မန်စီးတီးဟာဒီနှစ်ပရီမီယာလိဂ် ဖလားရယူနိုင်ဖို့အတွက် တိုက်စစ် မှူး အဂူရို၊ ဒီဇီကိုစတဲ့ ကစားသမား တွေနဲ့ ရှင်သန်ခဲ့ရတာဖြစ်တာမို့ အခုပွဲမှာသူတို့နဲ့အတူ မန်စီးတီးရဲ့ အကောင်းဆုံးလူစာရင်းနဲ့ပွဲထွက်လာ မှာဖြစ်ပါတယ်။ ဒါကြောင့်အမှားလုံးဝ မခံတော့တဲ့ မန်စီးတီးဟာဒီပွဲကိုအနိုင် သုံးမှတ်ရယူရေးကိုသာ ဦးတည် ပြီး တိုက်စစ်ဖွင့်ကစားမှာဖြစ်ပါတယ်။ မန်စီးတီးဟာ အခုပွဲအိမ်ကွင်းမှာ ကစားရတာဖြစ်လို့ ဒီနှစ်ဘောလုံး ရာသီ ပရီမီယာလိဂ်အိမ်ကွင်းပွဲစဉ် ၁၇ ပွဲမှာရှုံးပွဲတစ်ပွဲသာ ရှိသေးတဲ့ မှတ်တမ်းကောင်း ရအောင်စွမ်း ဆောင်ထားတာကြောင့် အခုပွဲမှာ ဗီလာတို့ အရေးမလှနိုင်ပါဘူး၊
(မန်စီးတီးအသင်းနည်းပြ ပယ်ဂလီနီ ရဲ့ စွမ်းရည် နဲ့ ကစားသမားတွေရဲ့ မဖြစ်မနေအနိုင်ရလိုစိတ်..
ဟန်ချက်ညီညီပေါင်းစပ်မှနိုင
ဒါ့ အပြင် မန်စီးတီးတိုက်စစ်မှူးတွေဟာ အိမ်ကွင်းပွဲစဉ်တွေမှာ ပျမ်းမျှ တစ်ပွဲ သုံးဂိုးကျော်နှုန်းသွင်းယူထားနိုင်တာ ကြောင့် ဗီလာတို့အမှတ်ရဖို့ခက်ခဲ ပါလိမ့်မယ်။ ဗီလာကတော့ တန်းဆင်းဇုန်က လွတ်ကင်းနေတာမို့ ဖိအားမပြင်းထန် ပေမယ့် အမှတ်ရအောင်ယူပါလိမ့်မယ်။ ဗီလာရဲ့ အဝေးကွင်းစွမ်းဆောင်မှု တွေကို ကြည့်ရင် စုစုပေါင်း ၁၆ ပွဲမှာ လေးပွဲနိုင်၊ ငါးပွဲသရေ၊ ရှစ်ပွဲရှုံးထား ပြီး အဝေးကွင်းမှာ ဂိုးသွင်းနိုင်မှု စွမ်းရည်လည်းကျဆင်းနေပါတယ်။ ဒါပေမယ့် ဗီလာရဲ့အားသာချက်က အဝေးကွင်းမှာ ခံစစ်ကိုလုံအောင် ကစားတတ်တာပဲ ဖြစ်ပါတယ်။ ဗီလာဟာ အဝေးကွင်းမှာ ဂိုး ရရှိရေးထက် ဂိုးမပေးရရေးကိုလည်း အလေးထားကစားတတ်တာကြောင့် အခုပွဲမှာ မန်စီးတီးတိုက်စစ်မှူးတွေ ဂိုးရရှိရေး တော်ရုံကြိုးစားလို့မရနိုင်ပါ ဘူး။ ဒါပေမယ့်ဒီနှစ်ပရီမီယာလိဂ် ဖလားရယူရေးအတွက် နောက်ဆုံး ပန်း ၀င်ခါနီးအချိန်မှာ မန်စီးတီးဟာ ခြေကုန်ထုတ်ပြီး ဂိုးပြတ်သွင်းယူနိုင် ရေး ကြိုးစားမှာပါ။ ဒီနှစ်ပရီမီယာလိဂ် ဖလားဟာ နောက်ဆုံးပွဲစဉ်အထိ အကြိတ်အနယ် နွှဲရမယ့်ကိန်း ဆိုက်နေတာကြောင့် ဒီပွဲမှာမန်စီးတီး အမှတ်ပြည့်ယူပြီး ဖလားရယူရေး လှမ်းရွယ်တော့မှာဖြစ်ပါတယ်။
+မိုးမြင့်လင်းလက်+
(မန်စီးတီး က ဗီလာ ကိုအနိုင်ယူနိုင်မလား)

No comments:
Post a Comment