**ကမ်္ဘာ့ဖလားပွဲ ကစားပြီးလျှင်အင်္ဂလန်အသင်းအတွက် ဆက် ကစားမကစားရေး
ဆုးံ ဖြတ် ချက်ချမည်ဟု စတီဗင်ဂျရတ်က ပြောကြား**
ကမ်္ဘာ့ဖလားပွဲ ကစားပြီးလျှင် အင်္ဂလန်အသင်းအတွက် ဆက်လက် ကစားမည၊် မကစားမည်ကို ဆုးံ ဖြတ် ချက်ချမည်ဖြစ်ကြောင်း အသင်း ခေါင်းဆောင် စတီဗင်ဂျရတ်က ပြောကြားလိုက်သည်။ အသက် ၃၃ နှစ်ရှိ ကွင်းလယ် ကစားသမား ဂျရတ်သည် ဒေးဗစ် ဘက်ခမ်း ထက် အင်္ဂလန်အသင်း တွင် အများဆုံး ပါဝင်ကစားပေးခဲ့ပြီးဖြစ် သည်။ စုစုပေါင်း ၁၁၅ ပွဲ ကစား ပေးခဲ့သည်။ ဘရာဇီး မြှပန်လာလျှင် ဂျရတ်က အင်္ဂလန်အတွက် ဆက်လက်ကစား ရေး၊ မကစားရေး နည်းပြ ရွိင်ဟော့ ဆင်နှင့် ဆွေးနွေးမည်ဟု ဆိုသည်။ အင်္ဂလန်အသင်းသည် ကမ်္ဘာ့ ဖလား အဖွင့်ပွဲအဖြစ် အုပ်စု (D ) တွင် ဇွန် ၁၄ ရက်၌ အီတလီနှင့် ကစားရမည်ဖြစ်သည်။
** ဒေးဗစ်လုဇ်နေရာတွင်အစားထိုးရန်ဗာရာနီအားမော်ရင်ဟိုပစ်မှတ်ထား**
ပရီမီယာလိဂ်ကလပ်ချယ်လ်ဆီး
အသင်းသည် နောက်တန်းကစား
သမား ဒေးဗစ်လုဇ်အား ပြင်သစ်
ကလပ်ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့
ကြေးပေါင် သန်း ၄၀ ဖြင့် ရောင်းချရန်
သဘောတူညီခဲ့ပြီးနောက် ချယ်လ်ဆီး
အသင်းနည်းပြ မော်ရင်ဟိုအနေဖြင့်
ဒေးဗစ်လုဇ်နေရာတွင် အစားထိုးရန်
အတွက် ရီးယဲလ်မက်ဒရစ်လူငယ်ကစားသမား ဗာရာနီအား ခေါ်ယူရန်
ပစ်မှတ်ထားလျက်ရှိကြောင်း သိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းသည်
၂၀၁၁ ခုနှစ်အတွင်းက နောက်တန်း
ကစားသမား ဗာရာနီအား စာချုပ်ချုပ်
ဆိုခေါ်ယူခဲ့ပြီး ယခုနှစ်အစောပိုင်းကမူ
ဗာရာနီသည် ကမ်္ဘာ့အကောင်းဆုံး
လူငယ်ကစားသမားတစ်ဦးအဖြစ်
မှတ်တမ်းဝင်ခဲ့သူဖြစ်သည်။
အသက် (၂၁)နှစ်အရွယ်ရှိ ဗာရာနီသည်
နည်းပြအန်ဆယ်လော့တီ လက်ထက်
ဖြစ်သည့် ယခုနှစ်ဘောလုံးရာသီတွင်
ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရ
ရခြင်းကြောင့် အသင်းမှ ထွက်ခွာရန်
စီစဉ်လျက်ရှိပြီး မော်ရင်ဟိုအနေဖြင့်
ဗာရာနီအား စတမ်းဖို့ဒ် ဘရစ်ခ်ျသို့
ခေါ်ယူရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။
**ကျူပီအာ ပရီမီယာလိဂ်သို့ ပြန်လည်တန်းတက်ခွင့်ရရှိ**
ဒါဘီနှင့် ကျူပီအာအသင်းတို့သည် မေ ၂၅ ရက် နံနက်ပိုင်းက
ဖိုင်နယ်ပွဲအဖြစ် ၀င်ဘလေကွင်း၌ ကျင်းပရာ ကျူပီအာအသင်းမှ
လူစားဝင်လာသူ ဘော်ဘီ ဇာမိုရာက မိနစ် ၉၀ တွင် အနိုင်ဂိုးသွင်း
ယူပေးခဲ့သ ည။်
၁၀ ဦးတည်းနှင့် ကစားခဲ့ရသည့် ကျူပီအာက ယင်းပွဲအနိုင်ရလိုက်၍
ပရီမီယာလိဂ်သို့ ပြန်လည်တန်းတက်ခွင့်ရရှိသွားပြီဖြစ်သည်။
နည်းပြရက်ပ်နက်၏် ကျူပီအာအသင်းသည် ဂယ်ရီအို နေး ကြမ်းတမ်း စွာ ကစားခဲ့၍ဲ့
အနီကတ်ဖြင့် အထုတ်ခံရပြီး ၁၀ ဦးတည်းနှင့် ကစားခဲ့ရသည်။
ကျူပီအာအသင်းသည် လွန်ခဲ့သော ၁၀ ပွဲတွင် လေးပွဲသာ အနိုင်ရခဲ့
သည်။ သို့သော် ယခုပွဲ အနိုင်ရလိုက်၍ ပရီမီယာလိဂ်သို့ တတိယမြောက်
တန်းတက်အသင်းဖြစ်လာခဲ့သည်။
+ငွေကြယ်+

No comments:
Post a Comment