ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, June 1, 2014

==လူထုကျန်းမာရေး(မစားသင့်သော အစာ/ဆေး စားမိသောအခါ အဆိပ်ပြေအောင် ပြုလုပ်နည်း)==

>
+Public Health+ 

**အဆိပ်ဖြေဆေး**
 အဆိပ်ဖြေဆေး ဆိုတာ မစားသင့်တဲ့ အစာကို စားမိတဲ့ အခါ အန်အောင် လုပ်ခြင်း၊ ဓာတ်ပြယ်အောင် လုပ်ခြင်း၊ ထိုး ဆေးအဆိပ် လွန်ပါက ချက်ချင်း ဖြေဆေး ထိုးသွင်းခြင်း စသည့် အဆိပ်ပြယ် ဆေးများကို ဆိုလို ပါတယ်။ တိရစ္ဆာန်၊ မြွေနဲ့ အင်းဆက်များရဲ့ အဆိပ် မဟုတ်ကြောင်း ကြိုတင် ဆိုထား ပါရစေ။

**ဆေး အဆိပ် ဖြစ်ခြင်း**

 ဆေး အဆိပ် ဖြစ်ခြင်းမှာ ဆေးပေး လွန်ခြင်း၊ မှားယွင်းခြင်းကြောင့် ဖြစ်ပါတယ်။ ဥပမာ-အစာအိမ်ရောဂါ ရှိမှန်း မသိဘဲ၊ အကိုက်အခဲပျောက်ဆေး အစားလွန်ကာ ဗိုက်အောင့်ခြင်း၊ သွေးစထွက်ခြင်း၊ အက်စစ် အချဉ်ရည် ပါခြင်း၊ ဆိုးရွား လာပါက ဝမ်းတွင်း သွေးပါခြင်း၊ သွေးအန်ခြင်းတို့ ဖြစ်နိုင်တယ်။ အဲဒီအခါ ထိရောက်တဲ့ စားဆေး ဥပမာ-အစာအိမ်ဆေး၊ အန်ဆေးများ ပေးသင့်တယ်။ အများအားဖြင့် အစာပိုက်မှ ဆားရည်ထည့် ဆေးခြင်း၊ မုန်ညင်းစေ့ အဆီ၊ ပိုတက်စီယမ် ပါမင်ဂနိတ် အရည်၊ ဓာတ်ဆားရည်တို့ ထည့်ခြင်းဖြင့် ကုသ နိုင်တယ်။

**အစာအိမ် ဆေးကြောခြင်း**

အစာအိမ် ဆေးကြောတာ နှစ်ကြိမ် ရှိရင် စင်ကြယ်သွားပြီ ဖြစ်လို့ ပုံမှန် အရည် သောက်ပေး နိုင်ပါပြီ။ ဗိုက်အောင့် သေးပါက အစာအိမ် နံရံများ သွေးကြော ထိခိုက်ခြင်း ရှိ၊ မရှိ စစ်ဆေး သင့်တယ်။ အစာအိမ် လမ်းကြောင်းရှိ မှန်ပြောင်းဖြင့် ကြည့်ပြီး ပိုးကြောင့်ဖြစ်သော အနာဖြစ်ပါက အိပ်ခ်ျပိုလိုရီ စားဆေး၊ အမောက် စလင် ၅ဝဝ မီလီဂရမ်၊ မက်ထရို၊ ရီနယ်ဘီဒင်၊ ဘစ်တယ်အောက်ဆိုဒ် သို့မဟုတ် အင်တာ ဆစ်ဖလပ် လေးမျိုး သုံးကြိမ် တစ်ပတ်ပေးပြီး ပြန် စစ်ဆေး သင့်တယ်။ ဘီယာသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း ဖြတ်ရ ပါမယ်။ ဝမ်းတွင်းသို့ သောက်ဆေး မဟုတ်တဲ့ ဆေးများကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းမှာ အရေးပေါ် ကုသမှု ရရှိဖို့ ဆေးရုံတက်နေရတဲ့ လူနာ များပြား လှပါတယ်။ သေကြောင်းကြံလိုတဲ့ ရည်ရွယ်ချက်နဲ့ သောက်သူများ အဖို့ အသက်ရှင်စဉ် မသိရဘဲ သွေးကြော ပေါက်ပြဲပြီး အသက် မရှိတော့မှ တွေ့ရတတ်သလို အချို့ သွေးထွက် လွန်ပြီး သေဆုံးရတာမျိုး တွေ့ရပါတယ်။

**အဆိပ်ဖြေဆေး**

အဆိပ် ဖြေဆေးမှာ နယ်လိုဆုမ်း (Naloxone) အင်တီနုတ် အကြောင်း မပါမဖြစ် ပါရမယ်။ အများအားဖြင့် မူးယစ်ဆေး စွဲသူများဟာ ကိုယ် သောက်သုံးသင့်တဲ့ ပမာဏထက် ပိုမို သောက်သုံးတတ်လို့ ရှော့ခ်ဖြစ်လို့ ဆေးရုံ၊ ဆေးခန်း ရောက်လာတတ်တယ်။ သူ့ရဲ့အကြောင်း သိသူတွေပါလို့ မူးယစ်ဆေးဝါး အသုံးများလျှင် နယ်လိုဆုမ်း အကြောထဲ ထည့်ပေးရင် အချိန်မီ ပြန်ကောင်း သွားတယ်။ အချို့ပါးစပ်ကနေ ဆားရေ အတင်း တိုက်တာ၊ ဂလူးကို့စ် ထိုးပေးတာတို့က အတော်အသင့် ဆေးများတဲ့ ဆေးသမားတွေ ဖြေရှင်းနေကျ ဖြစ်တယ်။ အချို့ ဆေးရောလို့ ဓာတ်မတည့်ဘဲ ပင်နယ်စလင်၊ ဘားပလက် မတည့်ဘဲ ရောက်လာ တတ်တယ်။ ဘာမီတွန်၊ အထရိုပိန်း၊ ဆူလူကော့ ထိုးဆေးများ၊ ဒရစ် ချိုငန်စသဖြင့် လူနာရဲ့ အခြေအနေကို ကြည့်ပြီး ကုသ သွားရတာ မျိုးလည်း ရှိပါတယ်။ ။

+ဒေါက်တာ လွင်သန့် (ဆေး-၂)+
 Written by ရွှေတည် Rest of your post

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)