ကမ်္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးအတွက် အိမ်ရှင် ဘရာဇီးပရိသတ်တွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင် ဖို့ တိုက်စစ်မှူးနေမာ ဖိအားပေး ခံနေရပါပြီ။ ““နေမာအခုလို ဖိအားပေး ခံနေရတဲ့အတွက် ကျွန်တော် အတော်လေး စိုးရိမ်မိပါတယ်”” လို့ ဂန်္ထ၀င်ဘောလုံးသမားကြီး ပီလီက ဟြေဆိုလိုက်ပါတယ်။ အသက် ၂၂ နှစ်သာရှိသေးတဲ့ နေမာအတွက် ဘရာဇီးအသင်းဗိုလ်စွဲရေးဟာ အလွန် ကြီးလေးတဲ့ တာဝန်ပါလို့လည်း သူကဆိုပါတယ်။
(နေမာရဲ့ ငယ်စဉ်ဘ၀အဆင့်ဆင့်)
နေမာဟာ ကမ်္ဘာ့ ဖလား ဘောလုံးပြိုင်ပွဲကို ကစားဖူး သူမဟုတ်ပါ။ သို့ပေမယ့် လက်ရှိ ဘရာဇီးအသင်းဟာ ကိုးပွဲဆက်တိုက် အနိုင်ရထားပြီး သူက ခုနစ်ဂိုး တောင်သွင်းပေးထားပါတယ်။ ““နေမာဟာ ငယ်ပါသေးတယ်။ ဘရာဇီးအသင်း အောင်နိုင်ရေးဟာ သူ့ပေါ်မှာ အဓိကကျနေပါတယ်””လို့ လည်း ပီလီက ပြောပါတယ်။ ဘရာဇီးအသင်းဟာ ကမ်္ဘာ့ ဖလားကိုငါးကြိမ်တိုင်တိုင် စံချိန်တင် ဆွတ်ခူးထားတဲ့ အသင်းဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၀၂ ခုနှစ် နောက်ပိုင်း မှာတော့ ဖလားဆွတ်ခူးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
(ဘရာဇီးအသင်းနည်းပြစကိုလာရီ နဲ့ နေမာ)
အိမ်ရှင် ဘရာဇီးအသင်း ဟာ ကြာသပတေးနေ့အဖွင့်ပွဲမှာ ဆော်ပေါလိုမြို့မှာ ကျင်းပမှာဖြစ်ပြီး ခရိုအေးရှားအသင်းနဲ့ စတင်ကစား ရမှာဖြစ်ပါတယ်။ ဘရာဇီးအသင်း ဟာ ၂၀၁၃ ခုနှစ် ကွန်ဖက်ဒရေးရှင်း ဖလားပြိုင်ပွဲမှာ ကမ်္ဘာ့ချန်ပီယံ စပိန် ကို သုံးဂိုးပြတ်နဲ့နိုင်ပြီး ဖလားရခဲ့ တာဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းမှာ ကစားနေရတဲ့ နေမာဟာ အဲဒီပွဲမှာ ဦးဆောင်ကစားခဲ့ပြီး ဒုတိယအနိုင်ဂိုးကို သွင်းယူပေးခဲ့ သူပဲ ဖြစ်ပါတယ်။ လူးဝစ်ဖီးလ်လစ်စကိုလာရီရဲ့ ဘရာဇီးအသင်းဟာ သြဂုတ်လက ဆွစ်ဇာလန်ကို နိုင်ပြီး ကတည်းကချစ်ကြည်ရေးပွဲ ကိုးပွဲ ဆက်တိုက် အနိုင်ရထားပြီး ဂိုးပေါင်း ၃၀ သွင်းယူထားတဲ့ အသင်းဖြစ်ပါ တယ်။ ဘရာဇီးအသင်းဟာ တိုက်စစ် ထက် ခံစစ်ပိုကောင်းတာကတော့ ဘရာဇီးဘောလုံးသမိုင်းမှာ ပထမဆုံး ပါပဲလို့ နိုင်ငံအတွက် ဂိုးပေါင်း ၇၇ ဂိုးသွင်းယူပေးခဲ့တဲ့ အသက် ၇၃ နှစ်ရှိတဲ့ ဂန်္ထ၀င်ဘောလုံးသမားကြီး ပီလီက ဆိုပါတယ်။
+အာကာကျော်+
(ဘရာဇီး ဂန်္ထ၀င်ဘောလုံးသမားကြီးပီလီစိုးရိမ်ကြီးစွာ မျှော်လင့်တဲ့နေမာ)

No comments:
Post a Comment