(ဘရာဇီးနောက်တန်းကစားသမား-ဒန်နီအဲလ်ဗက်)
ကမ်္ဘာ့ဖလားကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိမှုကို အသိအမှတ်ပြုကာ အိမ်ရှင်ဘရာဇီးအသင်း ကမ်္ဘာ့ဖလားရရှိမည်ဟု အချို့အချို့သော ကျွမ်းကျင်သူ များက သုံးသပ်ထားသော်လည်း မိမိအနေဖြင့်မူ ကမ်္ဘာ့ဖလားနှင့် ဥရောပ လက်ရှိချန်ပီယံစပိန်အသင်း ကမ်္ဘာ့ဖလားရရှိမည်ဟု ယုံကြည်ထားကြောင်း ဘရာဇီးနောက်ခံလူ ဒန်နီအဲလ်ဗက်က ပြော ကြားခဲ့သည်။ ““စပိန်ဟာ လက်ရှိကမ်္ဘာ့ဖလားချန်ပီယံအသင်းပါ။ အခု ဘရာဇီးမြေမှာ ကျင်းပမယ့် ၂၀၁၄ ကမ်္ဘာ့ဖလားမှာလည်း ဖလားရမယ့်အသင်းအဖြစ် ရေပန်းစား နေတယ်။ ကျွန်တော်အနေနဲ့လည်း စပိန်အသင်းကိုကြိုက်သလို ရလဒ်ကောင်း လည်း ရလိမ့်မယ်လို့ထင်ပါတယ်””ဟု ဘာစီလိုနာအသင်းမှ ဘရာဇီးကြယ်ပွင့် ဒန်နီအဲလ်ဗက်က ဖွင့်ဟပြောကြားခဲ့သည်။ ထို့ပြင် ““ယခုနှစ် ကမ်္ဘာ့ဖလားရရှိမှုအနေအထားကိုပြန်ကြည့်ရရင် ကစား သမားကောင်းတွေ အများကြီးပိုင်ဆိုင်ထားတဲ့ ဂျာမနီအသင်းလည်း ကမ်္ဘာ့ ဖလားရရှိနိုင်သလို တိုက်စစ်ပိုင်းမှာ စွမ်းဆောင်ရည်အမြင့်မားဆုံးလို့ သတ်မှတ် နိုင်တဲ့ အာဂျင်တီးနားအသင်းအတွက်လည်း အခွင့်အရေးတစ်ရပ်ရရှိမည့် အနေ အထားမှာရှိပါတယ်။ ကျွန်တော်တို့ရဲ့ ဘရာဇီးအသင်းကတော့ အိမ်ရှင် အားသာချက်က အဓိက အားသာချက်ပါပဲ””ဟု ဒန်နီအဲလ်ဗက်က ဆိုသည်။
(စပိန်အသင်း)
ဘရာဇီးအသင်းသည် အဖွင့်ပွဲစဉ်အဖြစ် ဇွန် ၁၂ ရက်တွင် ခရိုအေးရှား အသင်းနှင့်အဖွင့်ပွဲကစားရမည်ဖြစ်ပြီး ယင်းပွဲစဉ်နှင့်ပတ်သက်၍လည်း ဒန်နီ အဲလ်ဗက်က ““ကမ်္ဘာ့ဖလားရဲ့ အဖွင့်ပွဲစဉ်ဟာ ရှုပ်ထွေးခက်ခဲပြီး အရေးပါတဲ့ ပွဲစဉ်တစ်ပွဲပါ။ ကမ်္ဘာ့ဖလားရဲ့ အဖွင့်ပွဲစဉ်ဟာ နောက်ဆုံးဗိုလ်လုပွဲနှင့်မခြား အရေးပါတဲ့ ပွဲစဉ်တစ်ပွဲလို့လည်း ထင်မိပါတယ်””ဟု ပြောကြားခဲ့သည်။
+ငွေကြယ်+

No comments:
Post a Comment